ဘဏ်တစ်ခု ရဲ့ Customer သစ်တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခု

Diamond KeyFebruary 14, 20121min23821

ဘဏ်တစ်ခု ရဲ့ Customer သစ်တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခု

မန္တလေးမြို့မှာ ဒီရက်ပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ဘဏ်တစ်ခုဟာ ဘဏ်ငွေစုငွေ ရရှိစေရန် ဘဏ် ဝန်ထမ်းများကို အသုံးပြုကာ အပြောနှင့်မညီသည့် လုပ်ဆောင်မှုတစ်ခု ပြူလုပ်သွားကြောင်း လက်တွေ့ကြုံခဲ့ရသူများ၏ ပြောပြချက် အရ သိရှိရပါတယ်။

ထိုဘဏ်က ဝန်ထမ်းမိန်းကလေးတွေက ၎င်းဘဏ်ဖွင် ့ပွဲနေ ့နဲ့ အကြိုနေ့တွေမှာ account  ဖွင့် လိုသူများ ရှိပါက အိမ်တိုင်ယာရောက် (သို ့) ရုံးတိုင်ယာရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း၊ Account ဖွင့်မည် ့ Customers များအား T-Shirt တစ်ထည် ။ note book တစ်အုပ် နှင့် note pad တစ်ခုစီ လက်ဆောင်ပေးမည်ဖြစ်ပြီး ကျပ်ငွေ 10000 နှင့် စတင်၍ Account စဖွင့်ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ဘဏ်ဖွင့်ပွဲ မလုပ်မှီ တစ်ရက်အလိုကပင် ပြင်ပသို့ ငွေစုစာအုပ်များ လိုက်လံ ပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ်။

ထိုသို့ တစ်ရက်အလိုကပင် ပြင်ပသို့ ငွေစုစာအုပ်များ လိုက်လံ ပြုလုပ်ပေးစဉ်တွင်လည်း ငွေစုစာအုပ်ပြုလုပ်သူများကို ထိုသို့ပင် ပြောဆိုစည်းရုံးခဲ့သည်ဟု ငွေစုသူများက ဆိုပါတယ်။

သို့သော် အမှန်တကယ် ငွေစုသူ Customer များကို ပြောထားသကဲ့သို့ လက်ဆောင်ပစ္စည်းများ ပေးခြင်းမရှိပဲ လက်ဆောင်ပစ္စည်းများကုန်သွားပြီဟုသာ ပြောဆိုကြောင်း၊ ဖွင့်ပွဲအထိမ်းအမှတ် ငွေစုစာအုပ် ဖွင့်ခဲ့ကြသူများထံမှ သိရှိရပါတယ်။

“ကျွန်မတို့ ရုံးကမန်နေဂျာ တစ်ဦးဆီကို သူတို့ ဘဏ်ဝန်ထမ်းတွေက ဖုန်းဆက်လို့ ရုံးအနေနဲ့ ရုံးတွင်းမှာ ကြေညာပေးပြီး ဖွင့်ပွဲမလုပ်ခင်နေ့ကတည်းက ဘဏ်ဝန်ထမ်း မိန်းကလေးနှစ်ဦး ရုံးအထိလာပြီး စုငွေတွေလာယူပါတယ်။  ဖွင့်ပွဲနေ့မှာ စာအုပ်တွေ လာယူရင်း လက်ဆောင်တွေ လာယူဖို့ ပြောသွားပါတယ်။ ဒီနေ့ ဖွင့်ပွဲပြီးတဲ့ အချိန်လောက် သွားယူတော့ အခမ်းအနားမှာပဲ ကုန်သွားလို့ မပေးနိုင်တော့ ဘူးလို့ ဆိုပါတယ်” လို့ ဝန်ထမ်း ၃ဝ လောက် ငွေစု စာရင်းဖွင့်ခဲ့တဲ့ ရုံးတစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုတယ်။

“ ဘဏ်ဖွင့်ပွဲ အမှီ ငွေစုစာအုပ်လုပ်ရင် လက်ဆောင်တွေ ပေးမယ်လို့ မိတ်ဆွေ တစ်ယောက်ဆီကနေ တစ်ဆင့် သိရလို့ ဖွင့်ပွဲ မလုပ်ခင် ရှေ့ကနေ့က ငွေစုစာအုပ် သွားလုပ်ပါတယ်။ လုပ်တဲ့နေ့က ဘဏ်ဝန်ထမ်း မိန်းကလေးက မနက်ဖြန်မှာ စာအုပ်နဲ့ လက်ဆောင်လာယူပါလို့ ဆိုပါတယ်။ ဒီနေ့ ဖွင့်ပွဲပြီးတဲ့ အချိန်လောက်မှန်းပြီး ၁ဝနာရီလောက် သွားယူတော့ လက်ဆောင်က ကုန်သွားပြီလို့ပြောတယ်ဗျာ။ ဒါဆိုလဲ မနေ့ကတည်းက ကျွန်တော်စာအုပ်လုပ်ကတည်းက အရေအတွက်နဲ့ မှတ်ပြီး မရနိုင်ရင် မရနိုင်ကြောင်း ပြောပေ့ါ။ အခုလုပ်တဲ့ပုံက ကိုယ့်ကို ယုံကြည်လို့ ငွေလာအပ်သူတွေကို မယုံအောင် လုပ်ပြနေတာ” လို့ စေတနာ့ ဝန်ထမ်း လူမှုအဖွဲ့ အစည်းတစ်ခုတွင် လုပ်နေသူ ငွေစုစာရင်း ဖွင့်ခဲ့သူ တစ်ဦးက ဆိုပါတယ်။

အော် …………… ဖွင့်ပွဲနေ့မှာပဲ သူတို့တွေ သိလိုက်ရတဲ့ အဖြေက T-Shirt တစ်ထည် လောက်ကိုတောင်မှ ဒီလိုဆိုရင်တော့ …………………………။      ။

21 comments

  • blackchaw

    February 14, 2012 at 11:29 am

    ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ် ကိုသော့ရေ။

  • nozomi

    February 14, 2012 at 11:40 am

    သူတို့လို လုပ်ငန်းမျိုးအနေနဲ့
    စားသုံးသူရဲ့ အယုံအကြည်ပျက်စေမဲ့
    ကိုယ်မတည်နိုင်တဲ့ ကတိ မျိုး မပေးသင့်တာတော့ အမှန်ပဲ

  • Shwe Ei

    February 14, 2012 at 11:45 am

    နာမည်ထည့်ပြောလေ ဆရာသော့ရဲ့။ သများ လဲ သိချင်တာပေါ့။

    • laypai

      February 14, 2012 at 3:41 pm

      ရေးရင် လဲ ဘဏ်နာမည်ပါရေးရောပေါ့။
      ရှောင့်လို့ ရအောင်ပါ။

  • windtalker

    February 14, 2012 at 11:53 am

    စပို ့ရှပ် ပြောင်းပေးဖို ့အစီအစဉ်များ ရှိနေလို ့များလား လို ့
    ဟီဟိ

  • etone

    February 14, 2012 at 11:54 am

    အဲ့ဒီလို လေလုံးထွားပြီး ကာစတန်မာကို နားလှည့် ပါးရိုက်လုပ်တဲ့ အဖြစ်တွေ … ပျောက်ဆုံးသွားစေချင်တယ် .. ။ ကြားရတိုင်းလည်း ခံပြင်းစရာကောင်းပါတယ် … ။ ကိုယ် မပေးနိုင်ပဲနဲ့ မကြော်ငြာနဲ့ပေါ့နော် .. ဒါမှမဟုတ်လျှင်လည်း .. ကုန်ပစ္စည်း လက်ကျန်ရှိသရွှေ့သာ ဆိုတဲ့ စကားမျိုး ကြားညှပ်ပြောထားသင့်တာပေါ့ … အကောင့်ဖွင့်တဲ့ လူတိုင်းပေးမလိုလိုပြောပြီး .. အဖျားရှုးသွားတာကတော့ … မဖြစ်သင့်ပါဘူး ..

    အဲ့ဒီလိုများ အပြောနဲ့အလုပ်မညီလို့ .. ကွန်ပလိန်းလေးတက်ကြည့် … white lie ဆိုပြီး ပြောဦးမယ် … (ပြောခံရဘူးဒယ်) 👿

    note book ဆိုတာ … ဗလာစာအုပ်လိုဟာပဲ ထင်ပါတယ် … ဟို လက်တော့ပ်အသေးလေးလိုတော့ ဟုတ်ဘူးမို့လား … ။

    • Diamond Key

      February 14, 2012 at 12:00 pm

      အိတုန်ရေ ………….. နားလှည့် xx လုပ်တဲ့ အဖြစ်က
      တရားဝင် မကြေညာဘူးလေ….. အထက်မှာ ပြောခဲ့သလို ….
      ဘဏ်က မိန်းကလေးတွေ သုံးပြီး … သူတို့ အသိမိတ်ဆွေတွေ လိုက်ပြောခိုင်းတာ။
      သူတို့ ပြောလို့ သိရတဲ့ သူတွေက ပြန်ပြောကြတာနဲ့ …အခုတော့ သူတို့တွေ လည်း မျက်နှာပူေနေကြပေါ့ဗျာ၊ :mrgreen:

  • Diamond Key

    February 14, 2012 at 11:54 am

    အဲဒီ ဘဏ်ဖွင့်ပွဲနေ့ကတော့ ကွန်ပလိန်းတွေ သောသောညံနေသဗျာ ……… ဘဏ်မှာ စာအုပ်လာယူကြသူတွေ။ ဘဏ်ကကောင်မလေးတွေကလည်း နောက်ကျလို့ ကုန်သွား သတဲ့ဗျာ။ ဘယ်နှစ်အုပ်ပဲပေးနိုင်တယ် .. ပြည့်သွားပြီ ဆိုတာလေးတောင် Manage မလုပ်နိုင်တာလေ။ ဒါတောင် တစ်ရက် ကြိုကောက်ထားတာ…………. မနေ့က ကောက်ထားတဲ့ စာအုပ်တွေလောက်တော့ ချန်ထားရမှာပေ့ါ။ ဘယ့်နှယ် … နောက်ကျလို့ ဆိုပြီး။ ဘဏ်က ဦးသိန်း ❓ ဆိုတဲ့ တစ်ဦးကတော့ မကြာတဲ့ ရက်ပိုင်းမှာ တစ်ခုခု လုပ်ပေးမယ်လို့ ပြောထားသဗျ။ အခုထိတော့ ……………………..?

  • jujuma

    February 14, 2012 at 12:25 pm

    ဘဏ်တစ်ခုအနေနဲ့ လုပ်ငန်းကြီးတစ်ခုလုပ်တော့မယ်ဆို ဒီလို အပြုအမူတွေနဲ့ စတင်တယ်ဆိုမှတော့
    အောင်မြင်နိုင်ဖို့ ခက်ခဲသွားပါပီ..
    ပြည်သူတွေအနေနဲ့ ကတော့ သူများစီက တစ်ခု ရဖို့ ကိုယ်က တစ်ခုပေးဆပ်ရတော့မယ်ဆိုတာ သိထားသင့်ပါတယ်..ခု ငွေစုစာအုပ်လုပ်တဲ့သူတွေက တကယ်ရောငွေတွေကိုစုချင်လို့လား ….. ဒါမမဟုတ် လက်ဆောင်ပေးမယ့် ပစ္စည်းတစ်ခုကို မက်မောပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ချင်တာလားဆို တာ ကိုယ်ကိုယ်တိုင် သုံးသပ်ကြည့်သင့်ပါတယ်..များသောအားဖြင့် တို့ မြန်မာတွေမှာ အဲဒီ့ အားနည်းချက်လေး တွေရှိနေကြပါတယ်၊ လွန်ခဲတဲ့ ၁၉ ရာစု ကုန်လောက် လောက်တုန်းကလဲ ရန်ကုန်မြို့ က ဘဏ်တစ်ခု မှာ အတိုး များများပေးတယ်ဆိုတော့ ငွေတွေကို စုလိုက်ကြတာ ကြိတ်ကြိတ်တိုးလို့ပါပဲ ၊ အဲ ပြီးတော့ တစ်နှစ် လောက် ကြာမယ်မထင်ပါဘူး အဲဒီ့ဘဏ်ဒေဝါလီခံတော့ အတိုးမက်ကြတဲ့သူတွေ တတ်တတ်ပြောင်ပါလေရော..
    ခု လဲ ချဲ တို့ နှစ်လုံးတို့ ထိုးနေကြတဲ့သူတွေလိုပေါ့…ကိုယ်က ပိုက်ဆံလေး ၁၀ဝ –၂၀ဝ ရင်းပြီး သူများ ပိုက်ဆံ အလကားယူချင်ကြတာ ..ကိုယ့်အိတ်ထဲ က ဘယ်လောက်တောင် ပါသွားမလဲ ဆိုတာကို မကြည့်ကြတော့ဘူး….
    အဲတော့ သူများပစ္စည်းဥစ္စာလဲ အလကားမယူတတ်ဖို့နဲ့ ကိုယ် ကိုယ်တိုင်ကလည်း အလကား ရတော့မယ်ဆိုရင် စဉ်းစားချင့်ချိန်နိုင်ဖို့ လို်ပါတယ်နော်…
    အမှားပါရင် ခွင့်လွှတ်ပါရှင်…

  • water-melon

    February 14, 2012 at 1:33 pm

    မန်းလေးမှာ ဒီရက်ပိုင်းတွင်းဖွင့်ပွဲဆိုတော့
    Diamond ပလာတာအောက်က ဘဏ်ဘဲရှိတာ
    ဆိုင်းဘုတ်ကတော့ အစိမ်းလေးဘဲ ပြောတော့ဘူး
    သူစိတ်ဆိုးလိမ့်မယ် ( စိတ်ဆိုးလည်း ဂရုမစိုက်ပါဘူး ) :mrgreen:

  • aungnng87

    February 14, 2012 at 1:42 pm

    ဘယ်ဘဏ်လဲ။ ပြောပေါ့။ ကိုယ်တောင်အလိမ်ခံရသေးတာ။ ပြောဘို့မျက်နာနာစရာမလိုပါဘူး။ ခုတော့ဖတ်ရတာခိုးလို့ခုလုနဲ့။

  • YE YINT THU

    February 14, 2012 at 2:02 pm

    သယ်ရင်းတို ့ရေ ,
    အဲဒီဘဏ်က United Amara Bank တဲ့, ကိုယ်သိသလောက်ပြောပြရရင် ဘဏ်ရဲ့ အသက်ဆိုတာ “Trust” ပဲ။ ဒီလောက်ငွေပမာဏလောက်နဲ ့တင် ကိုယ် ့customer , ရဲ ့ယုံကြည်မှုကိုချိုးဖောက်ရဲတယ်ဆိုရင် သူတို ့ရဲ့ဇာတိရုပ်ကိုစောစောစီးစီးသိလိုက်ရတာအမြတ်ဘဲ။ ဒီတော ့မိမိတို ့နဲ ့နီးစပ်ပတ်သက်ရာ ဆွေတော်ရှစ်သောင်းမျိုးအပေါင်းတို ့အား ဒီသတင်းလေးဖြန် ့ဝေပြီးကုသိုလ်ယူကြရစို ့။
    ဆိုရိုးစကားတစ်ခုတော ့ကြားဖူးတာရှိတယ်။ ” When character is lost, everything is lost ” တဲ့။ 😀

  • FattyCat

    February 14, 2012 at 2:46 pm

    ကြောင်လုပ်ငန်းစုဘဏ်မှ ငွေတစ်သိန်းနှင့်အထက် စုသူများကို
    Apple တံဆိပ် Notebook များ လက်ဆောင်ပေးမည်ဖြစ်ပါသဖြင့် ယနေညနေ (၅)နာရီမတိုင်ခင်
    လာရောက် ငွေစုကြပါရန်….
    Apple တံဆိပ် Notebook များအား အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှ ဒီဇိုင်းရေးဆွဲ၍
    တရုတ်နိုင်ငံတွင် တပ်ဆင်သည်….

    (ဗလာစာအုပ်ပါးပါးလေးကို အဖုံးဖြူဖြူလေးနဲ့ ပန်းသီးတံဆိပ်ကပ်ပြီးပေးလိုက်မယ်…လာလေ့)

    • K@oru

      February 14, 2012 at 2:51 pm

      အဲ့လိုမီလုပ်ကောင်းဝူးလေကွယ် ….
      😀

      သူတို့အဲ့လို လုပ်ကြတာ အရေးမကြီးဝူးနော…
      ပီးရင် လူတွေက သများတို့ ဒီပါ့မန့်ပဲ ခေါင်းစဉ်တပ်ပီး
      သိမ်းကျုံးဆဲတာ ….
      အသည်းနာလွန်းလို့ဘာာာာာ…….

    • Diamond Key

      February 14, 2012 at 2:52 pm

      ဟေးဟေး 😆
      မရတော့ ဘူး ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် သွားပြီ :mrgreen:

  • the best

    February 14, 2012 at 6:54 pm

    ဘယ်ဘဏ်ဘဲ ဖြစ် ဖြစ် ဂုဏ်သိက္ခာမဲ့ မလုပ်သင့်ကြောင်း အကြံပြုပါတယ်။
    ဒီအခြေအနေများကို ဝမ်းနည်းစိတ်မကောင်း စွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါ ။
    အကောင်းဆုံး က ငွေစုစာအုပ်လုပ်တဲ့သူတွေ အားလုံး ငွေတွေ ပြန်ထုတ်ပြီး ACCOUNT ပိတ်ပစ်ရမယ်။
    မှန်တာကိုလုပ်ဖို့ မကြောက်ပါနဲ့။
    ဘဏ်များကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်များအသင်း အမှုဆောင် အဖွဲ့ မှာ တာဝန်ရှိ ပါတယ်။
    ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါပြီ။။

  • ကောင်းမြတ်သူ

    February 14, 2012 at 7:59 pm

    အော် ဘဏ်ဆိုတာ နံမည်နဲ့လုပ်စားရတာမသိလေသရောလားကွယ်… ဒီလောက် ပမာဏလေးအပေါ်မှာ လုပ်ရက်လေသလားကွယ်။ အကောင်းဆုံးအကြံပေးမယ် မီဒီယာတွေရှေ့ကိုထွက်ပြီး ရိုးရိုးသား ဦးညွှတ် ဒူးထောက်လော့။ ရိုးသားချင်းနဲ့ ဒီအမှားကို တစ်သက်လုံး ဆပ်ပေတော့…. ခုချိန်မှာ အမှားကို ရိုးသားချင်းနဲ့ဖျက်ကြရပေလိမ့်မယ်။ သင်နောက်မကျစေနဲ့

  • unclegyi1974

    February 14, 2012 at 11:39 pm

    ငယ်ငယ်တုန်းကကိုယ်ပြောလို့သူများကယုံသွားရင်
    ကလေးတွေအချင်းချင်းပြောကြတာလေးသတိရမိပါတယ်
    သူများပြောတိုင်းယုံယုံ…
    နောက်စကားတော့မေ့နေတယ်ကွယ်သိတဲ့သူများဆက်ရေးပေးပါအုန်း

  • ဦးဦးပါလေရာ

    February 14, 2012 at 11:45 pm

    စဖွင့်ခါစဆိုတော့ စာရင်းဖွင့်သူများအောင်လျှောက်လုပ်တာပါ။
    တကယ်တော့ ဘဏ်တခုနဲ့ဆက်ဆံသူတိုးပွားစေချင်ရင် ဝန်ဆောင်မှု့နဲ့သာ ယှဉ်ပြိုင်သင့်ပါတယ်။
    အဲဒါကသာ ထိရောက်ပါတယ်။
    ငွေစာရင်းအတိုအစလေးတွေအများကြီးရပြီး အတိုးထိုင်ပေးနေရုံနဲ့တော့ အဲဒီဘဏ်မအောင်မြင်နိုင်ပါဘူး။

  • padonmar

    February 15, 2012 at 12:43 am

    ကိုစိန်သော့ Bravo/
    ခဲလေးတွေပစ်နေကြပါတယ်။

  • kai

    February 15, 2012 at 4:30 am

    ယူအက်စ်မှာတော့.. Chase ဆိုတဲ့ဘဏ်က…အကောင့်အသစ်တခုဖွင့်.. ဒေါ်လှ၂၀ဝပေးမယ်ဆိုလို့ ဖွင့်တယ်..
    အဲဒါ.. ပြီးတော့.. တလ ၁ဝဖြတ်နေတယ်ဗျ…
    ၄နှစ်လောက်ရှိနေပြီ..

    အခုလည်းပရိုမိုးရှင်းလုပ်နေတုံးပဲ.. အခုတော့ ၁၂၅ဒေါ်လှပေးမယ်တဲ့…
    https://www.chase.com/ccp/index.jsp?pg_name=ccpmapp/shared/marketing/page/190925_get125&ID=0000013623&MSC=IQ12299280&jp_cmp=rb/BrandedNationalExact/sea/na/ChaseAccount

Leave a Reply