ကိုချိုကြီးရဲ ့လဘက်ရည်ဆိုင်မဟုတ်ဘူး

မောင် ပေFebruary 14, 20121min51226

ကျွန်တော် ဒီအကြောင်းအရာအတွက်

ကြို မစီစဉ်ခဲ့ဘူး

မစီစဉ်ခဲ့ဘူး ဆိုလို ့၊ စီစဉ်ခဲ့ဘူးလားလို ့လဲ စောဒက မတက်ပါနဲ ့

ကျွန်တော် ဘာကိုမှ မရည်ရွယ်ခဲ့ဖူးဘူး

ရည်ရွယ် ဆိုလို ့ သူ ့အနောက်မှာ ဦး ဆိုတဲ့ နာမည် သုံးလုံးနဲ ့ကောင်မလေး နဲ ့တော့

ကျွန်တော် တွေ ့ခဲ့ဖူးတယ် ။(စကားချပ်)

ကာရံ ညီမှ ဆိုတာ ကျွန်တော့်မှာ မရှိဘူး

ဒါလုပ်မှ ထမင်းစားရမယ် ဆိုရင် ၊ ငတ်လို ့သေတဲ့ မသာစာရင်းမှာ ကျွန်တော့်နာမည် ကို ထည့်ရေးပါ

ကျွန်တော် အခုမှ မက်မောတပ်မက်တဲ့ လွတ်လပ်ခြင်း အတွက်

ကျွန်တော် လုပ်ယူခဲ့တာမဟုတ်ဘူး

ကျွန်တော် ဖတ်ပြီး မကြိုက်ခဲ့တဲ့ စာတွေ အတွက်

ကျွန်တော် ဘယ်သူ ့ဆီကမှ အလျော်မတောင်းခဲ့ဘူး

ခင်ဗျား အခု ဖတ်နေတဲ့ စာကတော့

ကျွန်တော် ကြောင်သွားပြီ ဆိုတဲ့ သက်သေပြချက်တစ်ခု ဖြစ်ရင်ဖြစ်နိုင်တယ်

ရသိန်းကျော်နေပြီ ဆိုတဲ့ ရွှေဈေးဆိုတာ ကြားဖူးရုံဘဲ ရှိတဲ့ကောင်

ကျေးဇူးပြုပြီး မလေးစားလိုက်ပါနဲ ့၊ တပည့်လို ့မထင်ရင် ကျေနပ်ပါပြီ

သားများတော့ အဖေသေ ဆိုတာ ကျွန်တော် မထွင်ခဲ့ဘဲ သုံးနေကြ စကား

စကားမစပ် လမ်းတွေကောင်းလာတာတော့ ကြည့်ရင်မြင်မှာပါ

လမ်းလျှောက်ရင် ဖိနပ်စီးသွားတာ ပိုကောင်းမှာပါ

ကျွန်တော် က ကျွန်တော်နေထိုင်တဲ့ ရေအိုင်ကို သမုဒ္ဒရာလို ့မပြောဘူး

ဒါပေမယ့် ဒီရပ်ကွက်ကလူတွေ အထာကျတာကိုတော့ သတိထားမိတယ်

ပေးဆပ်ခြင်း ဆုံးရှုံးခြင်း ရယူခြင်း အောင်မြင်ခြင်း ဆိုတာ

ပါရီမီ ဘက်စ်ကားပေါ်က ဖြစ်ရပ်တွေနဲ ့တော့ အကုန်မတူဘူး

ကြီးကျယ်စွာပြောရရင် ဆိုမာလီ မှာ လဲ အဲ့အတိုင်းဘဲ

ဟိုဘက်ရပ်ကွက် မှာ လဲ ဒီလေရှူရတာပါဘဲ မလား

ဘေးနား ပိုက်ဆံလာတောင်းတဲ့ ခလေး ကို ကြည့်တော့

သူ ့ခွက် က စတိန်းလက်စတီး ဆိုတာ တွေးမိသွားသေးတယ်

လမ်းတကာ လည်နေတဲ့ အလှူခံတွေ လည်း ခြေမညောင်းဘူးလား တွေးမိသေးတယ်

ထူးအိမ်သင်ကတော့ လမ်းဘေးကဖေးကလေး မှာ သူထိုင်ငေးသွားကြောင်း ဆိုခဲ့တယ်

ကျွန်တော် လဲ ပြန်ဖို ့၊ နံရံက နာရီ ကို လှမ်းကြည့်လိုက်မှ

ဒါဟာ ကိုချိုကြီးရဲ ့လဘက်ရည်ဆိုင်မဟုတ်ဘူး ။

……………………………………………………….

ကျေးဇူးတင်ပါသည် ။

26 comments

  • blackchaw

    February 14, 2012 at 12:16 pm

    မိုက်တယ်ဗျာ။

    ပေးဆပ်ခြင်း ဆုံးရှုံးခြင်း ရယူခြင်း အောင်မြင်ခြင်း ဆိုတာ

    ပါရီမီ ဘက်စ်ကားပေါ်က ဖြစ်ရပ်တွေနဲ ့တော့ အကုန်မတူဘူး

    ဆိုတာလေး ကြိုက်တယ်ဗျို့။

    • windtalker

      February 14, 2012 at 12:23 pm

      ကြိုက်ရင် ရောင်းမယ်ဗျာ
      ဘိုင် လပြတ် နေလို ့ဘာ
      ဟဲဟဲ

  • စိန်ပေါက်ပေါက်

    February 14, 2012 at 12:22 pm

    ကျနော်လဲ ပြန်ဖို ့ ကားတံခါးဖွင့်လိုက်တော့
    ဟာ..
    ဒေါ်ပေရဲ့ ဘီအီးဆိုင်လဲ မဟုတ်ဘူး

    မော်ဒန်ပေကွ..အဟက်ဟက်.
    ဘယာကြော်..အဲလေ ဗရာဗို
    ဘောအကြောင်းအပြင် တခြားအကြောင်းလေးတွေလဲ လုပ်ပါဦး ဒေါ်ဘောပေရဲ့

    • windtalker

      February 14, 2012 at 12:23 pm

      ကိုကျော့် ကား တော့ မဟုတ်ပါဘူးနော်
      စိတ်ပူလိုက်တာ ၊ မိတ်ကောင်းများအတွက်

  • Moe Z

    February 14, 2012 at 12:57 pm

    ကိုချိုကြီးရဲ့ လဘက်ရည်ဆိုင်မဟုတ်ဘူး
    ဒေါ်စိန်ပေါက်ရဲ့အပေါင်ဆိုင်မဟုတ်ဘူး
    ကိုပေရဲ့ ဘီအီးဆိုင်လည်းမဟုတ်ဘူး 😀 😀

    ကိုပေ ပိုက်ဆံလာတောင်းတဲ့ကလေးရဲ့ စတီးခွက်ကို ပြန်ပေးလိုက်ပါ
    ကလေးသနားပါတယ် 😛

    • စိန်ပေါက်ပေါက်

      February 14, 2012 at 1:24 pm

      ဖျဲသီးရေ
      နင့်ခွက်ပြန်တောင်းဦးဟ..
      မောင်ပေက ပြောလို ့ရတာမဟုတ်ဘူး
      စတီးခွက်ရောင်းပြီး ဘောပွဲလောင်းမဲ့လူ

      • water-melon

        February 14, 2012 at 2:04 pm

        နာ့ခွက်မဟုတ်ဘူးဟဲ့
        အဲဒီခွက်က နင်ဘီအီးထည့်သောက်တဲ့ခွက်
        နာ့ခွက်က ရွှေခွက်ဟဲ့ 😀
        ဒါနဲ့ နင်ဒီနေ့တောင်းတာ ဘယ်လောက်ရပြီလဲ စံမိပြီလား :mrgreen:
        မောင်ပေက အခုတစ်လောပျောက်ချက်ကောင်းနေတာ
        တရုတ်ပြည်သွားပြီ ဘောပွဲလောင်းနေတာထင်တယ် 😆

  • K@oru

    February 14, 2012 at 1:56 pm

    Yoh yoh… thet mon myint
    😀

  • pooch

    February 14, 2012 at 2:34 pm

    မောင်ပေရေ ဒေါင်မကြိုင်ခင် ပဲပြုတ်အကြွေးလေးတော့ ဆပ်သွားပါအုန်းတဲ့ ပဲပြုတ်သယ် အဒေါ်ကြီးက ။
    ကိုချိုကြီးရဲ့ လက်ဖက်ရည်ဆိုင်ကလည်း အခုဆို နင်လာရင် အကြွေးမပေးရတော့ဘူးလို့ သူ့ဆိုင်က ကောင်လေးတွေကို မှာနေသံကြားတယ်။ :mrgreen:

    ဒါနဲ့ နင့် မိန်းမက မီးဖွားနေလို့ ရွာထဲဝင်မလည်နိုင်တာဆို ဟိုနေ့က မိစိန်ပေါက်ရယ် ရွာထဲလိုက်အော်နေတာကြားတာပဲ။ ကလေးရော လူကြီးရော ကျန်းမာပါရဲ့လား ။ 😆

    • စိန်ပေါက်ပေါက်

      February 14, 2012 at 2:49 pm

      ဟုတ် ကိုပွတ်ချ်
      ကြုံရင် ဝင်ပြီး မေးပေးခဲ့ပါ့မယ်..

  • amatmin

    February 14, 2012 at 3:20 pm

    ဘောပွဲတွေ အနုတ်ပြနေတာနဲ့ ဘီယာမဂွတ်နိုင်ဘဲ လက်ဖက်ရည်ဆိုင်ပြောင်းထိုင်ပီပေါ့. ဟလား 😛
    ဒါနဲ့ တကယ်ကလေးအဖေဖြစ်သွားတာဆိုရင်… သားလေး လား သမီးလေးလား ဗျ

    • စိန်ပေါက်ပေါက်

      February 14, 2012 at 3:25 pm

      သုံးမွှာပူးဗျ
      မိန်းခလေးတွေချည်းပဲ

    • pooch

      February 14, 2012 at 3:27 pm

      သားလေးရော သမီးလေးရော အမွှာလေးပါတဲ့ ။ ရှာထားမောင်ပေရေ ရှာထား 😆

      • amatmin

        February 14, 2012 at 4:12 pm

        အမ်..ဦးလေးပုချ် နဲ့ ဒေါ်လေးပေါက်က တော့..
        ကိုပေကြီး လုံချည်မနိုင် ဖြစ်နေမှာကို အတော်ပျော်နေကြပုံပဲ. 😀

  • water-melon

    February 14, 2012 at 5:14 pm

    တကယ်မွေးတာလား ကိုပေ
    နောက်နေ့လာခဲ့မယ်။
    ကြိုးစားအုန်း ကလေးနှစ်ယောက် ပေပေ 😀

    • စိန်ပေါက်ပေါက်

      February 14, 2012 at 5:26 pm

      သူများလျှောက်ပြောမနေပါနဲ ့
      ညည်းပါသာ အော်ဒါမှန်အောင် ကြိုးစားပါဦး

      • water-melon

        February 14, 2012 at 6:02 pm

        ဟဲ့ ငါက သန့်တယ်အေ့
        ညည်းသာ အရက်သမား ဆိုက်ကားသမားမကျန်
        အော်ဒါဆွဲနေတာ
        ကောင်မ Aကိုက်ပြီးတေမှာ

  • alinsett

    February 14, 2012 at 5:59 pm

    ကိုပေ.ရေ..။
    ဆန်းသစ် သွက်လက်တဲ ့ အရေးနဲ ့ အတွေး ကို တွေ ့ရတယ် ။

    ကျွန်တော် အရမ်း သဘောကျပါတယ် ။

    စကားလုံးတွေ ကို ..အသုံးပြု.ပြိး…ကျွန်တော့်စိတ်ကို တစ်ခုခု ခံစားရအောင် …..ပြုလုပ် ခဲ့တဲ ့ ပို ့စ်ပါ ။

    ကိုပေ…. ဆက်ရေးပါဦး။
    င်္ိဒီလို ထိ မိတဲ ့ပို ့စ်လေးတွေ…။ ရသ ပါတဲ ့ ပို့စ်လေးတွေ…ဆက်လက် မျှော်နေပါ့မယ် ။
    ခင်မင်စွာ…

    • စိန်ပေါက်ပေါက်

      February 14, 2012 at 6:42 pm

      ဒေါ်လေးကလဲ
      ဟာဗျဲ..ဟာဗျဲ

  • ဟုတ်တယ် ကိုချိုကြီးရဲ့လက်ဖက်ရည်ဆိုင်မဟုတ်ဘူးမောင်ပေ။
    ကိုချိုကြိးကရောင်းသွားတော့ တီးတီးလက်ဖက်ရည်ဆိုင်ဖြစ်သွားတာ ကြာလှပေါ့။
    ကိုချိုကြီးက မြို့သစ်ပြောင်းသွားပြီ.

  • ကိုပေရေ .. အရမ်းလန်းတယ်ဗျာ ..
    ဘာကို ဆိုလိုတယ်ဆိုတာ မသိပေမယ့် ဒီစာသားလေးတွေကိုတော့ ကြိုက်တယ် ..

    ” ဘေးနား ပိုက်ဆံလာတောင်းတဲ့ ခလေး ကို ကြည့်တော့
    သူ ့ခွက် က စတိန်းလက်စတီး ဆိုတာ တွေးမိသွားသေးတယ်
    လမ်းတကာ လည်နေတဲ့ အလှူခံတွေ လည်း ခြေမညောင်းဘူးလား တွေးမိသေးတယ် … “

  • MaMa

    February 14, 2012 at 9:05 pm

    မောင်ပေ- မရေးမရေးနဲ့ ရေးမယ့်ရေးတော့လည်း အတွေးသွက်သွက် အရေးသွက်သွက်နဲ့ စာဖတ်သူကို အဆုံးထိရောက်အောင် ဆွဲခေါ်သွားနိုင်ပါပေတယ်။
    ဒါ့ထက် လူဦးရေတိုးနေတာဆိုရင်လည်း သဂျီးဆီမှာ သန်းခေါင်စာရင်းသွင်းဦးလေ 😆

  • surmi

    February 14, 2012 at 11:38 pm

    အနာဂတ် အင်အားများအတွက် ဂုဏ်ပြုပါ၏။
    ထိမိသောစကားလုံးများသည် ကလေးနှစ်ယောက်အတွက်ရည်ညွှန်းလေသလား—။

  • marblecommet

    February 15, 2012 at 6:39 am

    လုပ်ချလိုက်ပြန်ပြီ
    ရဲဘော်ကြီးတို့ကတော့ စွယ်စုံရပါပဲဗျား
    ဒါပေမဲ့ ခင်ဗျားအရေးအသားအသစ်ကို
    အခုမှပဲ ဖတ်ဖူးတယ်
    အရသာရှိလိုက်တာဗျာ
    အဲဂလိုမျိုးတွေ များများရေးစမ်းဘာ…
    ကျနော့်ဆီလည်း ဆက်သွယ်ပါဦးဗျာ ……..

  • ကြောင်ကြီး

    February 15, 2012 at 11:00 am

    ကိုချိုကြီး
    ဟိုအပျိုဂျီး
    ဆိုနှစ်ကိုယ်ငြီး
    အပိုမလိုအပြီး
    အိုကိုသတည်း..။

Leave a Reply