အနုပညာသမားအရေခြုံ….

နွေဦးFebruary 14, 20121min44419

သူ့ရဲ့ ခံယူချက်ကို ဖတ်မိတော့ ကြက်သီး ထသွားမိတယ်
ရွာသူရွာသား တို့ကော…..

Popular Journal
‎”ဂီတထက်စီးပွားရေဘက်ကိုပဲ ပိုလုပ်ဖြစ်သွားတော့မယ့် သားစိုး”

သားစိုးက နောက်ပိုင်းမှာ ဂီတဘက်ထက်စာရင် စီးပွားရေး ဘက်ကိုပဲ ပိုလုပ်ဖြစ် သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဂီတက ကျွန်တော် ၆နှစ်၊ရနှစ်လောက်ရှိပြီ၊ အချိန် တွေ ဖြုန်းနေသလိုပဲ။ ကျွန်တော်တို့အတွက် ဘာအကျိုးအမြတ်မှလည်း မရှိဘူး။ ဂီတသ မားတွေက ပိုက်ဆံစကားပြောတာ မဟုတ် ဘူး။ ဒါပေမဲ့ ပိုက်ဆံရှိမှ ကျွန်တော်တို့က ထမင်းစားလို့ရတာလေ။ ဂီတသမားဆိုပြီး ဘယ်သူမှ အလကားမပေးဖူးဘူး။ ကျွန်တော် တို့ရဲ့ တီထွင်မှုကိုတော့ အကုန် လုံးခိုးကြတယ်။ ဒါကြောင့်ပိုက်ဆံမရဘူး။ ပိုက်ဆံမရတော့ ကျွန်တော် တို့ဘာမှ ဆက်လုပ်လို့မရဘူး။ ဒါကြောင့် ကိုယ်လုပ်မှ ကိုယ်ရတဲ့ စီပွားရေး လောကကိုပဲ ဝင်ဖို့ စိတ်ကူးရှိတော့တယ်။ ဂီတလောကက ကိုယ် လုပ်ရင် ကိုယ်မရဘူး။ ဝိုင်းပြီးတော့ ခိုးနေကြတာ။ ဒါကြောင့် ဂီတလောကကို နားရင်လည်း နားမယ်။ ပြောလို့ မရသေးဘူး။ ၆နှစ် လောက်ရှိနေပြီ။ ဘာမှမတိုးတက် သွား ဘူး။ ထွက်သမျှအခွေတိုင်း လည်း ပေါကတယ်။ မပေါက်တဲ့အခွေလည်း မရှိဘူး။ ဒါပေမဲ့ ဘာမှမဖြစ်လာဘူး”လို့ ပြောပါတယ်။ နောက်ပိုင်းဂီတလောကမှာ ရေရှည် ရပ်တည်နိုင်ဖို့ အတွက် ဂီတသမား တစ်ယောက်အနေနဲ့ လွယ်ကူမှုရှိမရှိဆိုတဲ့ အမေးကိုတော့ သားစိုးက.. ”ရေရှည်ရပ်တည်ဖို့က ရှိုးပွဲတွေလိုက်ဆိုပေါ့။ မဖြစ် စလောက် ပိုက်ဆံလေးနဲ့ ရှိုးပွဲတွေလိုက် ဆိုရတယ်။ အဲဒီတော့လူကပင် ပန်းမယ်။ အေးအေးဆေးဆေး ဖန်တီးမှုဆိုတာ မရှိတော့ ဘူး။ ပေါ့ပေါ့ပါးပါးပဲ ဖန်တီးလိုက်တဲ့ သီချင်းတွေပဲ ဖြစ်လာတယ်။ တကယ်ကို အချိန်ယူ ပြီး တော့ ခံစားပြီးရေးတဲ့ သီချင်းတွေက နည်းသထက်နည်းလာမယ်။ အဆင့်အတန်းမြင့်တဲ့ ဂီတတွေက တဖြည်း ဖြည်းကျဆုံး လာမယ်”လို့ ပြောပါတယ်။ တစ်ကိုယ်တော် အခွေက လည်း ဗီစီဒီပါလုပ်လက်စကြီး ဖြစ်နေတဲ့အတွက်ထွက်မှာဖြစ်ပြီးဘာမှမလုပ်ရသေးဘူး ဆိုရင် တော့ အင်တာနက်ကပဲ ဖြန့်ဖြစ်ရင် ဖြန့်ဖြစ်လိုက်မှာ ဖြစ်ကြောင်း သားစိုး က ပြောပါတယ်။” ‘အောင်ပါစေ’အခွေထွက်ပြီးတဲ့ နောက်ပိုင်းမှာ ထပ်လုပ်တဲ့ သီချင်းတွေကို ပရိသတ်တွေက အင်တာနက် ကနေ နားထောင် ရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲရှိရင် ရှိသလိုတော့ လုပ်သွား တယ်။ သင်္ကြန်နီးရင် အခွေထွက်မယ်ဆိုတာမျိုးကတော့ ရှိတော့ မှာမဟုတ်ဘူး။ သီချင်းဖန်တီးမှုတွေလည်း လျော့နည်းသွားမှာ ကျိန်းသေတယ်။ အခွေတော်တော်ကျဲသွားမယ်။ အခွေထွက်ကျဲသွား လို့ ကျွန်တော်နာမည် ကို နောက် ကလေးတွေ သိတာ၊မသိတာကို သိပ်အလေးမထားဘူး။ နာမည်ကျန်တာ၊မကျန်တာတွေ သိပ်ဂရု မစိုက်ဘူး။ ဒီလောကကြီးက ဘာမှတည်မြဲတာမှ မဟုတ်တာလေ”လို့ ပြောပါတယ်။

အနုပညာသမားလား
အနုပညာသမားလား

19 comments

  • Harumoto

    February 14, 2012 at 12:20 pm

    ” ၆နှစ် လောက်ရှိနေပြီ။ ဘာမှမတိုးတက် သွား ဘူး။
    ထွက်သမျှအခွေတိုင်း လည်း ပေါက်တယ်။
    မပေါက်တဲ့အခွေလည်း မရှိဘူး”
    အသုံးမကျလို့ မတိုးတက်တာလေ…
    သူများတကာသီချင်းကိုဖျက်ဆီးပြီး ဘယ်လိုအောင်မြင်နိုင်မလဲ..။

    • မဟာ သူရိယ

      February 18, 2012 at 2:47 pm

      နွားဆိုး အဲလေ သားစိုးကိုအပြစ်မပြောကြပါနဲ့
      ဒီကောင်ကအရေချုံ အနုပညာသမားလေ
      သူ့မှာအစစ်ဘာမှမရှိဘူး၊ အနုပညာ ဖျက်စီးရေးသမားလေ
      ဂန္တဝင်မှန်သမျှဖျက်စီးတဲ့ကောင် ဒီလောက ကနေအမြန်ထွက်သွားလေကောင်းလေပဲ

  • thureinmaung

    February 14, 2012 at 1:43 pm

    အလကား၊ ဘာဖန်တီးတာလဲ၊ဖန်တီးတယ်ဆိုယင် သူများသံစဉ်မယူနဲ့လေ။
    စကားမပြောတတ်ယင်၊media တွေနဲ့အင်တာဗျူးမလုပ်ပါနဲ့၊
    အေးအေးနေယင်ကောင်းမယ်၊ ဒီလိုသောက်ရေးမပါတဲ့အပြောအဆိုတွေနဲ့
    လူအမြင်ကပ်ခံရတာဘဲအဖတ်တင်မယ်။

  • kyeemite

    February 14, 2012 at 1:44 pm

    အခွေထွက်ကျဲသွား လို့ ကျွန်တော်နာမည် ကို နောက် ကလေးတွေ သိတာ၊မသိတာကို သိပ်အလေးမထားဘူး။ နာမည်ကျန်တာ၊မကျန်တာတွေ သိပ်ဂရု မစိုက်ဘူး။ ဒီလောကကြီးက ဘာမှတည်မြဲတာမှ မဟုတ်တာလေ”လို့ ပြောပါတယ်။

    ငွေကသာမတည်မြဲတာလို့နားလည်ထားပါတယ်…လူသာသေရင်သေမယ် နာမည်မသေတဲ့လူတွေ ကမ္ဘာ
    မှာဒုနဲ့ဒေးပါ..နာမည်ကိုတောင် ကရုမစိုက်တော့ဘူးဆိုရင်တော့..အနုပညာသမားမဟုတ်ပါဘူး..

  • စိန်ပေါက်ပေါက်

    February 14, 2012 at 2:24 pm

    အဲဒိ နတ်ကတော်က တစ်မှောင့်
    အနုပညာလောကထဲဝင်တာ ပိုက်ဆံမျက်နှာကြည့်ပြီး ဝင်ခဲ့တာဖြစ်လို ့.
    သူ ့အနုပညာ အထင်မကြီးတော့ပါဂျောင်း

  • K@oru

    February 14, 2012 at 3:16 pm

    အသာ လုပ်ကြပါ ဆြာ တို့
    သူပြောတာ ဘာလွန်လို့လဲဗျာ …။

    ကျနော် အလက်ထရို မြူးဇစ် ကို မနှစ်သက်ပါ… သို့သော် …
    သူမမှားပါ လို့ ပြောချင်ပါသည် …. ဂယ်တော့

    အနုပညာရှင် ဆိုတာလည်း လူပဲလေ မန်မန် စားရတာပါပဲ မဟုတ်လားဗျာ..။

    အိမ်ထောင်သည် တယောက် ၊ ကလေး အဖေ တစ်ယောက်က
    ဘဝလုံခြုံမှု အတွက် မိမိ မိသားစု အနာဂါတ်အတွက် ငွေကြေး လိုအပ်ပါတယ်ဗျာ….။

    ဖန်တီးမှုအတွက် လေ့လာ ဆည်းပူးရတာ အချိန်ပေးရတာတွေ ခနထားလိုက်ဦး…
    PC တလုံးဘယ်ဈေ။ ဂစ်တာတလက် MD_Keyboard တစ်ခု ဘယ်ဈေး
    ဆိုတာ ကိုကြည့်ရင်ပဲ သူမလွန်ပါဘူးဗျာ ….။

    ကျနော်ဖတ်ဖူးတဲ့ မှတ်တမ်းတခုပါ …ကတ်ဆက်ခွေခေတ် ကပေါ့ ၂၀၀၁ လို့ထင်ရဲ့
    ကိုဇော်ပိုင်-မြို့ အဝင်ည -အခွေ ၁သိန်း ရောင်းရတယ်.. ACID- စတင်ခြင်း ရသောင်း
    ကုန်တယ် ….. ။ ခုဘက်ခေတ်မှာ အခွေ (စီဒီခေတ်)မှာ ထောင်ဂဏန်းပဲ ရောင်းကုန်တယ်ဗျာ
    ၁သောင်း၂သောင်း ကျော်ဖို့ မနည်း ….။

    စစ်တာ တုတာ ခနထားလိုက်ဦး …။ ကောင်းတာ ညံ့တာ ခနထား …။ သေချာတာ သန်း၅ဝမှာ
    လူအတော်များများ သူ့သီချင်းတွေ ကြားဖူး နေတယ်..(နားထောင်တယ်မပြောဘူးနော…ဟိုကသည်က
    ဖွင့်လို့ ကြားဖူးနေကြတယ်..) ပြောရရင် ပေါက်တယ် ပေါ့ဗျာ ….။ ရောင်းအားကြည့်တော့ ထောင်ဂဏန်း…
    ခိုးကူး နှိပ်စက်ချက်များပြောပါတယ် ….။

    သူဆို အောင်မြင်တယ်ပြောလို့ရတဲ့ တေးဆို၊ အတီးသမား ၊ ထုတ်လုပ်သူပါ …
    သူတောင် မကိုက်လို့ မလုပ်နိုင်တော့ပါဘူး … တာ့တာ ပါ ဆိုရင် …
    ရေးတဲ့ အသံဖမ်းတဲ့ တီးတဲ့ နောက်ကွယ်က လူတွေ ဘယ်လောက် မကိုက် ဖြစ်မလဲ တွက်ကြည့်လို့ရပါတယ်..
    မအောင်မြင်သေးတဲ့သူတွေ လူငယ်တွေ ပိုဆိုးတာပေါ့ဗျာ ….။

    ခိုးကူး မကင်းစင်ရင် ကျနော်တို့ အနုပညာရှင်တွေ ထပ်၍ထပ်၍ ဆုံးရှုံးနေဦးမှာပါ…

    ခင်တဲ့

    • kai

      February 14, 2012 at 3:46 pm

      Steve Jobs Wins Grammy For ‘Significant Contribution To The Field …
      http://www.huffingtonpost.com/…/steve-jobs-grammy-award_n_1273115...
      16 hours ago – Late Apple co-founder Steve Jobs posthumously won a Grammy award during a Special Merit Awards ceremony held over the weekend

      ဂီဂီရေ..
      မြန်မာသီချင်းခွေလောကကို..iTunes လိုလုပ်ရင်ဖြစ်နိုင်မယ်ထင်သလား… ?

      • K@oru

        February 14, 2012 at 10:15 pm

        ထိပ်ဆုံး အကျင့်လေးတွေပြောင်းရမယ်ဗျာ ….အလကား လိုချင်တဲ့အကျင့်လေးတွေ ….
        ကျုပ်တို့ ဘွန်ဂျိုဘီ သီချင်းခိုးလို့ ဘွန်ဂျိုဘီ မမွဲသွားဘူး ….
        ကိုယ့်လူမျိုးအဆိုတော် တယောက် ရဲ့ သီချင်း ခိုးကူး နားထောင်ခြင်းဟာ ….
        အဆိုတော် (သူအထိ အနည်းဆုံးပါ ….) အတီး အရေး အဖမ်း …(သူတို့အမွဲဆုံးမို့ ထိပ်ဆုံးထားရေးတာ)
        ဂယ်က ပရိုဂျူဆာ အထိဆုံး ….။ ပရိုဂျူဆာ ထိမှတော့ (ငွေရှိလို့ ခွေ ထုတ်စားတဲ့လူ ထိမှတော့
        သူ့လောက်မှ မချမ်းသာတဲ့ အထက်ပါလူတွေ အကုန်ထိရော….)

        ပြန်ကောက်ရရင် …. ကိုယ့်လူမျိုးကိုယ် အားပေးကြပါဗျာ ….
        (ရော့ခ် တွေ ပေါ့ပ်တွေ ရပ်ပ်တွေ ကိုယ်တတ်နိုင်သလောက် ကိုယ့် စိတ်ကြိုက်ပေါ့ ….)
        ကိုယ်မှ အားမပေးရင် ဘယ်သူအားပေးမတုန်း ….။
        (ရှေးက ရေကန်ထဲနွားနို့ ဖြည့်ခိုင်းတဲ့ ပုံပြင်လို ငါတယောက် ခိုတာ ဘယ်သူမှ မသိပါဘူးလေ…ဆိုတဲ့
        ၆၃မကျတဲ့ ၆ကျင့်တွေ ပြင်ရမှာဗျို့…)
        ဆြာသစ် ပြောတဲ့ အဝဲယားနက်စ်….

        ကိုယ်တိုင်က ဒါကိုပြင်နိုင်တော့မှ မီဒီယာ အားကိုယူပြီး ….အနုပညာရှင်တွေရဲ့
        စစ်တာ-တုတာ-ကောင်းတာ-ညံ့တာ-ချာတာ-ပိန်းတာ ကို ဝေဖန်လို့ သင့်တော်ပေတော့မပေါ့….။
        အမ်ပီသရီးပေါင်းချုပ် စီဒီ တခွေ ၃၀ဝကျပ် ..အထဲမှာပါတာ .. ၁ဝအယ်လ်ဘမ်
        အဲ့ဒါ ဝယ်နားထောင်ပြီး …. ကော်ပီကြီးပါကွာ အုန်းကျူး ကြီးကွ(ကိုလေး စာသား) ပြောနေလို့ကတော့
        ပြောင်းဖူးကိုဆဲတဲ့ ဖိုးသူတော်ပဲဖြစ်မှာပါပဲ …။

        တော်သေးပီ ..ဒုတိယအချက်သွားကြစို့ရဲ့….
        အဲ့ဒါက ကော်ပီရွိုက်ကိစ္စ …..
        ကတ်ဆက် ခေတ်တုန်းက … ထပ်ခါ ..ကူးလေ ကွာလတီကျလေ ဖြစ်တယ် …
        (ဒါကြောင့်ပဲ မူရင်း ရောင်းရလား မဆိုနိုင်)
        စီဒီဖြစ်လာတော့ …အံမယ် ..မူရင်း သုံးထားတဲ့ မီဒီယာဖြစ်တဲ့ စီဒီထက် အရည်အသွေးကောင်းတဲ့
        စီဒီနဲ့ ကူးမိတဲ့အခါ …ကော်ပီကမူရင်းထက်တောင် ပိုခံသေး …အဟေးဟေး…..။

        အဲ့ …ရီစရာတော့ မဟုတ်ဘူး …သည်တော့ …ကူးလေသတည်း ပွားလေသတည်းပေါ့….။
        ဒါကို အရေးယူမယ့် ဥပဒေ အိပ်ပျော်နေတုန်း …ခိုးကူးက မီလျှံဘစ်ဇနက် ဖြစ်သွားပြီးပြီ ….။
        ခေတ်ပြောင်းလာတယ် စနစ်ကောင်းလာတယ် …ကွာလတီ ဆားဗစ် ကွာလတီ ပရောဒတ် ဖြစ်လာတယ်…
        (ခိုးကူးရလည်းလွယ်လာတယ်…) …. ခေတ် စနစ် က ရှိပ်ပ်လုပ်လိုက်တဲ့ ကိုယ်ကျင့်တရားနဲ့ …
        ငွေကြေးပိုလျှံမှုကလည်း … ချွတ်ခြုံကျတယ်……။ကောင်းရော ဘာနဲ့ သွားတားမလဲ …။

        နောက်တချက် ဆက်ပြောစို့ရဲ့ …….။
        အဲ့ဒါကတော့ TREND အပိုင်း …. အရင်က ရှေးသီချင်း၊ ကာလပေါ် ၊ ခေတ်ဆန်း(လမ်းသူရဲ …
        အိုရှုပ်ပါတယ် ROCK ခေတ်ဦးပေါ့ဗျာ …) ဒါပဲရှိတာ ..
        ခုခေတ် …. ROCK ထဲမှာပဲ …. classic rock, hard rock, alternative, punk, metal, retro, ….so on..
        Rapper တွေကြားမှာပဲ …old skool, new skool ခွဲတာ တင်မက ..east coast က ဘာကွ …west coast က
        ဘယ်လို …. ပြောချင်တာက diversified ဖြစ်လာတဲ့ သဘော….

        အရင်ခေတ်ကလို အခွေတခွေဝယ်ရင်… တမိသားစုလုံး အိမ်ရဲ့ ၁လုံးထဲသော ကတ်ဆက်ကနေ
        အတူတူ နားထောင်ခြင်းမရှိတော့တဲ့သဘော …။
        အရွယ်ရောက်ပြီး သား ၊ သမီး တယောက်စီ ရှိတဲ့ …အသက် ၄ဝကျော် ၅ဝတန်း မိဘ၂ပါး…
        (လူလတ်တမ်းစား …ပညာ တတ် ဆိုပါစို့ရဲ့စုစုပေါင်း လူ၄ယောက် ရှိတဲ့ မိသားစု ပုံစံ ဆင်နာရီယိုလေး
        ရွမ်းကြည့်မယ်ဗျာ …)

        အဖေက hard-rock band တွေ ညိမယ် ….အမေက စလင်းဒီယွန် ပရိတ်သတ်…
        သားက မော်ဒန်ရော့ခ် မှာ မှ သမီးက hip-hop…. (ပြည်တွင်းအဆိုတော်တွေကို
        ဘိုင်နိမ်းမ် တပ်မရေးရဲတာ ခွင့်လွှတ်ပါ…)

        သည်တော့ အဲ့သည့် diversified ကိစ္စ ကို ဘယ်လိုရှင်းမလဲ ….

        နောက်ဆုံးအချက် …(နည်းနည်း technical ဆန်မယ်…ဗျာ ကျနော် အဆဲခံထိဖူးတဲ့ …ကိစ္စ…)
        ပန်းသီး ကလောက်ကိစ္စလေ …..။ DRM (digital management rights) ကိစ္စ…
        အနှီချာတိတ်လေး ဖတ်ဖြစ်ရင်လည်း ဗဟုသုတ ရပါစေတော့ပေါ့ဗျာ ….
        ဘယ်သော့ခလောက်မှ မလုံခြုံဘူး …. သော့တု သော့တူ မာစတာ ကီး ဆိုတာရှိတယ်….
        သည်တော့ ….ပိတ်တာ ဆို့တာ ဆိုတာ တခုတည်းနဲ့ မဖြစ်နိုင်ဘူး ….။
        ခိုးနိုင်တာပဲ ခိုးနေတာပဲ ….အဲ့ ..ပိတ်တဲ့ဘက်က အဆုံးစွန်ထိ ပိတ်နိုင်တယ်ထားဦး …..။
        သည်ခေတ်ကိုကြည့်ပါ ….ထားတော့ဗျာ ..ကျနော် Steve Jobs အကြောင်း ရေးထားတဲ့ စာအုပ်ဝယ်တယ်
        eBookနော …. ရောင်းတဲ့ဘက်က ကျနော့်အနေနဲ့ အဆိုပါ စာအုပ် ကို ..မတူညီတဲ့ ၅နေရာကနေ Access လုပ်ဖို့
        ဖွင့်ပေးထားရတယ်…(ဟုတ်တယ်လေဗျာ ..ကျနော် ကိုယ်ပိုင် ပီစီကနေ ဖတ်မယ်. …ဖုန်းနဲ့ဖတ်မယ်…
        တက်ဘလက်နဲ့ဖတ်မယ် …အလုပ်ထဲမှာ အလုပ်က ပေးတဲ့ …လက်ပကျွတ် တက္ကဘလွတ်နဲ့ဖတ်မယ်..)
        ဥပမာပြောတာပါ ….အနည်းဆုံး ၅ခု ဖွင့်ပေးထားရတယ်. ….ဝယ်တဲ့အကောင့်က ဂူဂဲလ် မေးလ်
        ဆိုတော့ သည်စနစ်မှာ မဖွင့်ပေးပြန်ရင်လည်း အပြစ် …(ကလောက်ဆားဗစ်ကိစ္စ
        အဲပဲလ်ကို စေတနာရှင်လို့ မှတ်ထားတဲ့ ငတုံးလေးတွေ မှတ်ပါနော်….)
        ဖွင့်ပေးထားပြန်တော့လည်း .. ပေါက်ကရမေးလ်တခုဖွင့်ပြီး အများဆုံးဘော်ဒါ၅ယောက် စုပြီး ခိုးသုံးလို့
        ရသလိုဖြစ်နေတာ ……

        သည်တော့ အချုပ်ပြောရရင်ဗျာ ….
        အက်သစ် ကောင်းမှ ကောင်းမယ် ….
        အဝဲယားနက်စ်လိုတယ်…
        တက္ကနစ်ကယ်လ်ပိုင်းမှာ လုပ်ချင်တိုင်းလုပ်လို့ရတိုင်း
        လုပ်လို့အဆင်မပြေတာတွေရှိလို့…(လုပ်လို့ မရတာ မဟုတ်ပေမယ့်)
        တရားဥပဒေ အမျိုးသားရေး အသိ ..ဒါတွေနဲ့ ဝိုင်းကြ ဝန်းကြရင်ဖြင့် ….ဆိုတာမျိုးပါ. …

        မြန်မာလူမျိုး အနုပညာရှင် မရှိရင် …ဘယ်က မှ အင်ပိုထ့် လုပ်လို့ မရဝူးနော့် …..

        ခင်တဲ့ …

  • etone

    February 14, 2012 at 3:20 pm

    တကယ်ခံယူချက်၊ ဝါသနာနဲ့ … စိတ်ဓါတ်ကြံ့ခိုင်မှု မရှိတဲ့ လူလို့ မြင်မိပါတယ် … ။
    ခြောက်နှစ် ခုနှစ်မပြောနဲ့ …. သူ့ထက် အနုပညာ ဝါရင့်သူတွေတောင် … မအောင်မြင်သော်လည်း ..ဝါသနာအရ စားလောက်ရုံလေး လုပ်နေတာမျိုးတွေရှိတယ် … ။

    အောင်မြင်တယ် .. မအောင်မြင်ဘူးဆိုတာကတော့ ….. ကိုယ့်ရဲ့ ရောင့်ရဲတင်းတိမ်မှုပေါ် မူတယ်တယ်လို့ ထင်ပါတယ် … ။ တကယ်ဆို သားစိုးဆိုတာလည်း နာမည်ကြီးပဲလေ … ဟေ့ဖိုးချစ်ရေ .. ဟေ့သားစိုးလား ဆိုတဲ့ သီချင်းစာသားလေး … ဘယ်လောက်တောင် အောင်မြင်လိုက်သလဲ … ။ အတုခိုးတာကတော့ … ဒီတစ်နေရာမဟုတ်ဘူး .. နေရာအတော်များများမှာရှိတယ် … ကိုယ်တိုင်ကလည်း အတုခိုးဖို့ ခက်ခဲတဲ့ဟာမျိုး ဖန်တီး မှ … သူများလွယ်လွယ်နဲ့ အတုမခိုးနိုင်မှာလေ … ။ 🙄

    • စိန်ပေါက်ပေါက်

      February 14, 2012 at 3:22 pm

      ဘယာကြော်ကွ..အဲလေ..မမတုံကွ..ပြောလိုက်စမ်းဘာ..ပြောလိုက်စမ်းဘာ
      ဗရာဗို
      😀

  • jujuma

    February 14, 2012 at 3:43 pm

    အော် ဖြစ်ရလေ…
    အနုပညာသမား တဲ့လားး
    စိတ်ဓါတ်ကလည်း ကြမ်းလိုက်တာ..

  • windtalker

    February 14, 2012 at 8:22 pm

    သူ ့အတွက်
    ပိုက်ဆံလဲရ
    နာမည်လဲ ကြီး စေမယ့်
    အလုပ်တစ်ခုလောက်
    ဝိုင်းစဉ်းစားပေးလိုက်ကြပါကွယ်

  • the best

    February 15, 2012 at 1:38 am

    အနုပညာလောကအဖွဲ့အစည်းကို ဝိုင်းပြီးတော့ ခိုးနေကြတာ။ဘယ်လိုအောင်မြင်နိုင်မလဲ..။
    ထုတ်လုပ်သူက မကိုက်လို့ မလုပ်နိုင်တော့ပါဘူး.။
    တေးဆိုက မအောင်မြင်သော်လည်း ..ဝါသနာအရ ကိုယ်တိုင် အခွေထုတ်ပါတယ် ….။
    အဆိုတော် ပရိုဂျူဆာ ကသာ အထိဆုံး ပါ…. .။
    အနုပညာရှင်တွေ ဘယ်လောက် မကိုက် ဖြစ်မလဲ တွက်ကြည့်လို့ရပါတယ်. . .။
    မအောင်မြင်သေးတဲ့သူတွေ.. အောင်မြင်တယ်ပြောလို့ရတဲ့သူတွေ အတွက် ဝမ်းနည်း စိတ်မကောင်း ပါဘူး.။
    သီချင်းအခွေတွေ နဲ့ မြန်မာ ဗီဒီယိုအခွေတွေ ခိုးကူး မကင်းစင်ရင် အနုပညာရှင်တွေ ထပ်၍ထပ်၍ ဆုံးရှုံးနေဦးမှာပါ… ။
    Distributor တွေ တကယ်ကောင်း တာ ရှိ ပါတယ်. . .။
    ဖြန့် ခ ယူ ပြီး နောက်ကျောက ခိုးကူးပြီး ခိုးကူးအခွေ ဖြန့်တဲ့ Distributor တွေ လည်း ဒုနဲ့ဒေးပါ.. . .။
    ပိုက်ဆံမျက်နှာကြည့်ပြီး အကျင့်ပျက်လာကြတယ်။ စာရိတ္တတွေ ပျက်လာကြတယ်။
    ကိုယ့် အနုပညာရှင်တွေ ကို ကိုယ်တိုင် ခိုးကူး နှိပ်စက် နေလို့ကတော့ ပိုဆိုးတာပေါ့ဗျာ ….။
    Distributor တွေ လည်း တာဝန်ရှိတယ်လို့ ခံယူရ မှာဖြစ်ပါတယ်။
    အနုပညာသမား တွေ ဝိုင်းစဉ်းစားပေးလိုက်ကြပါဗျာ ….။

  • kai

    February 15, 2012 at 2:47 am

    ခိုးကူးခွေကိစ္စက..
    စိတ်ဓါတ်ရေးရာပိုင်း ပြင်ကြရမယ်ထင်လို့.. အောက်ကလင်ခ့်မှာတော့ တော်တော်လေးရေးထားဖူးတယ်..။
    http://myanmargazette.net/71238/

  • Foreign Resident

    February 15, 2012 at 6:26 am

    ကို Harumoto ရေ
    အဘ ” စဉ်းစားကြစေလိုပါတယ် ( ၁၁ ) ” Post မှာ
    နဲနဲ တို့ထိထားပါတယ်ကွယ် ။
    အားပေးပါဦး ။

  • luu noutlay

    February 15, 2012 at 11:41 pm

    သူတို့ တွေက ခိုးကူးတွေကိုလုပ်ကျွေးနေတာလေ ငတ်တာနည်းတောင်နည်းသေးတယ်
    ဂျောက်ဂျက်တို့ဆို ဘယ်သူအားပေးလဲ ရှိးဆိုလို့ရတဲ့ ပိုက်ဆံလေးပဲသုံးရတာ
    ဝတ်လိုက်တာလဲ မင်းသား ထက်ဆယ်ဆသာတယ် ဈေးလလည်းကြီးလိုက်တာလွန်ပါရော
    သူတို့တွေညည်းတာတွေဖူးလား သီချင်မဆိုဘူးလို့ ပြောလား
    ကြောင်တောင်တောင်နတ်ကတော် အဝတ်အစားတေါနဲ့ ရုးသလိုလို့နဲ့ ထမင်းငတ်မှာကြောက်နေတယ်………….ရယ်ချင်စရာကြီး

  • wityee mg

    February 16, 2012 at 4:36 pm

    သူပြောတာလဲမှန်ပါတယ်….ပိုက်ဆံရှိမှစားလို့ရမှာပဲကို

  • နေဝန်းနီ

    February 16, 2012 at 10:21 pm

    သူ့ရှေ့က အဆိုတော်တွေအများကြီးပါ…။ သူတို့ ဘာမှပြောသံမကြားခဲ့ရပါလား…။ အဆိုတော် ခိုင်ထူးတို့ စိုင်းထီဆိုင်တို့ ဘိုတောက်တို့…။ ဂျေညီညီတို့ ပြောကြစတမ်းဆိုအများကြီးရယ်………။ သူရို့ ဘီလျှှံနာဖြစ်ခဲ့ကြသလားမသိဘူးနော်…။ ရိုးရိုးလေးတွေးလို့ ပြောသွားသည်…။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 2:56 pm

    အလကားပေးလဲ နားမထောင်ဘူးကွာ
    သောက်ကြီးသောက်ကျယ်အသံကြားရတာ နားခါးတယ်
    ဘောပဲ

Leave a Reply