တတိယ ဝင်ရိုးစွန်းကိုရောက်ခဲ့သောတတိယမျက်လုံးများ၏…………….

                                                                   ကျနော့်ဆီရောက်လာတဲ့ဖိတ်စာလေးပါ
1 စာအုပ်လက်မှတ်ထိုးပေးနေတာပါ
2ရောင်းသူဝယ်သူ မှတ်တမ်းတင်သူ
3 ဝယ်တဲ့စာအုပ်ကို လက်မှတ်ထိုးအပေး
4 လက်မှတ်ထိုးပေးနေတာက တော့ ကျကျနန
5ပျော်ရွှင်တက်ကြွ
6 တတိယဝင်ရိုးစွန်းသို့ သွားခဲ့တဲ့ တတိယမျက်ဝန်းလေးစုံ
7ပွဲကျင်းပတဲ့ 34လမ်း 80-81 ကြားက ရာပြည့်

 

8 စာအုပ်အကြောင်း(1)
9 စာအုပ်အကြောင်း နှစ်

“တတိယ ဝင်ရိုးစွန်းသို့ ရောက်ခဲ့သော တတိယမျက်ဝန်းပိုင်ရှင်များ၏”

 

 

တစ်ရက်ဖိတ်စာလေးတစ်စောင်ရောက်လာပါတယ်။

ကြည့်လိုက်တော့ ရွာထဲက မိတ်ဆွေ။

မနှစ်သင်္ကြန်မတိုင်ခင်က သူ ဧဝရက်တောင်တက်မယ်ပြောထား။

ရင်ထဲမှာအားကျစိတ်တွေနဲ့ပေါ့။

သူတစ်ကယ်သွားဖြစ်လို့ပြန်လာတဲ့အခါမှာတော့ သူ့အတွေ့အကြုံတွေကြားရတာ

ဓါတ်ပုံပိုးရှိတဲ့ကျနော်မှာ စိတ်တွေယား။

အားကျလို့ပေါ့.။

ဂျာနယ်တွေထဲမှာလဲ သူတို့ လေးယောက် ဧဝရက်တောင်ရောက်တာကို

ဝေဝေဆာဆာ။

 

နောက်တော့လဲမေ့မေ့ပျောက်ပျောက်။

ဟိုတစ်လောကတော့ စာအုပ်လေးလက်ဆောင်ပေး။

တနေ့နည်းနည်းခြင်းဖတ်လို့မှာ အားမရ မပြီးသေးခင်

ဖိတ်စာလေးရောက်လာ။

အဲတော့ မိတ်ဆွေတစ်ဦးရဲ့မှတ်တိုင်လေးကို မုဒိတာပွားများလို့

မျှဝေပေး။

ကျန်တာတွေတော့ စာစောင်တွေထဲပါလာမှာကိုစော င့်ဖတ်နော်။

တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကလဲ လူပြောများလွန်းတဲ့

ဗယ်လင်တိုင်းနေ့………………………………..

ကိုပေါက်လက်ဆောင်  မုဒိတာ

(14-2-2012)

17 comments

  • blackchaw

    February 15, 2012 at 9:30 am

    ကိုပေါက်ရေ။
    လက်မှတ်ထိုးပေးနေတဲ့အထဲမှာ
    ရွှေမင်းသားကိုလည်း ခန့်ခန့်ညားညား တွေ့မိသလားလို့။
    ရွှေမင်းသား နဲ့ ဘယ်လိုများ ပတ်သက်သလည်း စိတ်ဝင်စားမိတယ်ဗျ။

  • K@oru

    February 15, 2012 at 10:01 am

    ဖြိုးဝေအောင် ဆိုတာ ကိုရွှေမင်းသား မဟုတ်လားဗျ….
    😀
    အားပေးမယ်ဗျို့ ….

    ခင်တဲ့
    ဂီ

  • etone

    February 15, 2012 at 10:10 am

    ဖြိုးဝေအောင်ဆိုတာ .. ရွှေမင်းသားထင်တယ် …. ။သူ့ ဖေ့စ်ဘွခ်က နာမည်မို့လို့ … 😀
    ဟိုးထိပ်ဆုံးက ကင်မရာကြီးတွေ ကိုင်ပြီး ရိုက်ထားတဲ့ ပုံတွေ အရမ်း မိုက်တယ် …. ။ ဘာအန္တရာယ် တစုံတရာမှ မရှိပဲ .. အလုပ်ပြီးအောင် လုပ်နိုင်တာ .. လေးစားပါတယ် .. ။ infomation ပေးတာ ကျေးဇူးတင်ပါတယ် လေးပေါက်ရေ … ။

    လှို့ဝှက်သောနှင်းရိုက်တုန်းက ရေခဲတောင်ကြီးတွေပေါ်က ရာသီဥတုက ကြောက်စရာကြီး …
    ရွှေမင်းသားရေ …. အေးခဲနေတဲ့ ဝင်ရိုးစွန်းအတွေ့ကြုံလေးလည်း .. ရေးပါဦးလို့ .. ပွဲတောင်းလိုက်ပါတယ် … 🙂

  • Shwe Tike Soe

    February 15, 2012 at 11:24 am

    သူငယ်ချင်းက တယ်ဟုတ်ပါလားဗျာ… လေးပေါက် အဲဒီစာအုပ်လေး ကျွန်တော့်အတွက်ချန်ထားပါအုံးလို. တွေ.ရင်ပြောပေးပါအုံးနော်…

  • ကြောင်ကြီး

    February 15, 2012 at 11:45 am

    တတိယတောင်ဝင်ရိုးစွန်း
    ဗျတ္တမောင်ရင်ဘိုးကွန်း
    လာဘ်ရအောင် ဖိုဝင်တောယွန်း
    ဓာတ်ကျဆောင် လိုချင်ဇောတွန်း
    ရှက်သဗျလှောင် ဆိုချင်မောလွန်း
    ချက်သမျပြောင် ဟိုအရှင်ဒေါကျွမ်း
    မသတ်ရရှောင် မျိုနင်ငှက်ပျောဆွမ်း
    ဇာတ်သမရှောင် အပျိုလင်စောထွန်း..။

  • Diamond Key

    February 15, 2012 at 11:52 am

    ရွှေမင်းသား လေးစင်ပေါ်ရောက် (အဲ) တောင်ပေါ်ရောက်မှတ်တမ်း အတွက် ဂုဏ်ယူပါတယ်ဗျာ။ နောက်ထပ် ဒီထက်မြင့်တဲ့ တောင်တွေပေါ်မှာလည်း ရိုက်နိုင်ပါစေလို့ 😀

  • စိန်ပေါက်ပေါက်

    February 15, 2012 at 12:03 pm

    မိုက်ဒယ်.ရွှေမင်းသားရေ
    ကြိတ်ထား…
    😀

  • water-melon

    February 15, 2012 at 1:21 pm

    အင်္ဂါနေ့ကထင်တယ်
    မနက်သင်တန်းသွားတုန်း ရာပြည့်ရှေ့မှာ လူတွေအုံနေပါတယ်လို့

    အားကျလိုက်တာ
    ပေါက်ဖော်ရေ ငါတို့လည်း တက်ရအောင် 😀

    • စိန်ပေါက်ပေါက်

      February 15, 2012 at 1:53 pm

      နင်တက်ရင် ငါမနှိပ်တက်ဘူးနော်
      ကြိုပြောထားတာ

  • Khaing Khaing

    February 15, 2012 at 1:28 pm

    ရိုက်ချက်က မိုက်တယ်ကွာ….

    • windtalker

      February 15, 2012 at 7:09 pm

      ဘီယာတိုက်ရင် ပိုကောင်းမယ်လို ့
      ကျုပ် က ပြောကြောင်း ပြောပေးပါ။

  • TTNU

    February 15, 2012 at 9:41 pm

    ရွှေသားရေ..
    မလာမှန်းသိလို့ မဖိတ်တာ ကျေးဇူးတင်ပါတယ်ကွယ်။
    ငါ့မှာဖြင့် လျှပ်တစ်ပြက်ထဲကပုံလေးတွေပဲ ဖြတ်ညှပ်ကပ်ထားလိုက်ရတာ။

    တီချာ

  • Rose Minn

    February 16, 2012 at 9:42 am

    ရန်ကုန်မှာရောင်းသလား ဗျို့။ စာအုပ်ဆိုင်တွေ လိုက်မေးအုံးမယ်။ ဧဝရတ်တောင်အကြောင်းဆိုတော့ဒေသံသရ ဗဟုသုတ အနေနဲ့ဖတ်သင့်တဲ့စာအုပ်လေးပါ။ ခက်ခက်ခဲခဲ သွားပြီးမှတ်တမ်းတင်ခဲ့တဲ့ စာရေးသူတွေ၊ သတင်းပေးတဲ့ လေးပေါက် ကိုလဲကျေးဇူးနော်။

  • Mလုလင်

    February 20, 2012 at 11:28 am

    ဟဲဟဲ .. တစ်ယောက် တော့ ပေါ်လာပြီ ..မဟုတ်ရင် နာ့ ပုံ ကြီး ပဲ နံမည် ကြီး နဲ့ တက်နေတာ. . ခုတော့ အဖော် ရပြီ ..လို့ ..

Leave a Reply