ပန်းတမော့ ဆိုတာ ကျွန်တော်တို.မြန်မာနိုင်ငံရဲ. အဓိက ပန်းဆယ်မျိုးထဲမှာတစ်ခုအပါအဝင်ပါ။ အရင်တုန်းကဆိုရင် ကျောက်ဆင်းတု ဘုရားတွေထုရတာ ရက်အကြာကြီးပေးရတာပေါ့.. ကျွန်တော် ငယ်ငယ်တုန်းက ဆိုရင် ကျွန်တော် တို.အိမ်က ဘုရားထုတဲ့သူ၊ ကျောက်ချောတိုက်တဲ့သူ အဲဒီလူတွေကို အချိန်အကြာကြီးအလုပ်လုပ်ပြီးမှ သေသေချာချာ စစ်ဆေးပြီးမှ ကျောက်သားကောင်းကောင်းနဲ. ကြည်ညိုဖွယ်ရာ ကျောက်ဆင်းတုဘုရားတစ်ဆူ ထုဆစ်ပြီးတာပါ… အနည်းဆုံး ၁၅လက်မ၊တစ်တောင်၊ တစ်တောင့်တစ်မိုက်၊နှစ်တောင် ကနေ အရွယ်အစားအမျိုးမျိုးရှိပါတယ်.. တစ်တောင်အရွယ်ကို အရင်ကဆို စကျင်ကျောက်တောင်ကနေ သယ်လာပြီး ရုပ်လုံးပေါ်တဲ့အထိ ၇-ရက်တစ်ပတ်လောက်ကြာတယ်….

ခေါင်းတော်ပုံစံထုဆစ်တဲ့သူက တစ်ယောက်၊ ထုပြီးလို. ရုပ်လုံးပေါ်လာရင် အကြမ်းထည့်ကိုချောသွားအောင် တံစဉ်းနဲ. အချောတိုက်တဲ့သူကတစ်ယောက်၊ ပြီးရင် ချောပြီးအရောင်ထွက်လာအောင် ကျောက်ချောတဲ့ မိန်းမလေးတွေက အရွယ်အစားကြီးရင် ကြီးသလို တစ်ယောက်၊နှစ်ယောက် လုပ်ရတယ်…

အဲကျောက်ချောတဲ့နေရာမှာ ပထမဆုံး တံစဉ်းတိုက်ပြီးသား ဆင်းတုကို သံကျောက်ဆိုတာနဲ. အဆင်းတွေပျောက်သွားအောင် အရင်တိုက်ရတယ်၊ ပြီးရင် အဆင်းပျောက်သွားတဲ့ဟာကို ချောအောင် သဲကျောက်တဲ့ ထပ်တိုက်၊ နဲနဲချောလာတယ် အဲဒါပြီး ရင် အညိုဆိုတဲ့ကျောက်နဲ. အချောသပ်တိုက်ကြရတယ်… ပြီးမှ အရောင်တင်မှုန်.ဆိုတဲ့ အမှုန်.လေးတွေနဲ. ကျောက်ဆင်းတု အရောင်ထွက်လာအောင် အဝတ်စအပိုင်းလေးနဲ. တစ်နာရီလောက် တိုက်ရတယ်လေ.. အဲလို တိုက်တဲ့နေရာမှာ အဝါရောင်အမှုန်.နဲ. အရင်တိုက် ပြီးရင် ရေစင်အောင်ဆေးပြီး အဖြူမှုန်.နဲ. တိုက်တာ နှစ်ဆင်ရှိတယ်….

အဲလို အရောင်ထွက်လာပြီး အခြောက်ခံပြီးရင် မျက်လုံးတော်၊ပါးစပ်တော် ပုံဖော်တဲ့သူ (မျက်လုံး၊ပါးစပ်ကောက်သူလို.ခေါ်တယ်) အဲဒီလူက ဘုရားဆင်းတု ကို မျက်နှာပုံပေါ်အောင်ဆေးရေး ပြီးတော့ ကိုယ်လုံးတော်မှာ ရွှေသင်္ကန်းရေးရတယ်… အဲလို ရွှေသင်္ကန်းရေး တဲ့အခါ သဖန်းစေး လို.ခေါ်တဲ့ ကပ်စီးစီး အရည်လေးတွေကို စုတ်တံ အသေးလေးနဲ. သင်္ကန်းပုံစုံဖော်ပြီးရေးရတယ်… ပြီးမှ အဲဒီ သဖန်းစေး ခပ်ဖန်.ဖန်. ပေါ်မှာ အာငွေ.လေးပေးပြီး ဒစ်စကို ရွှေရွက်ကလေးတွေနဲ. ကပ်လိုက်ပြန်ခွာလိုက် လုပ်ပြီး ရွှေသင်္ကန်း ကပ်ရတယ်ဗျ…

အဲအဲ အဲဒီလို ရွှေရေး၊မျက်လုံး၊ပါးစပ် မကောက်ခင်မှာ ကြားမှ တခုရှိသေးတယ်.. အဲဒါကတော့ ကျောက်သားမှာ အပြစ်အနာအစာ ပါရင် ကျောက်သားကိုရောပြီး ဆေးရိုက်တာလဲရှိသေးတယ်.. အဲဒါကတော့ တော်တော်လက်ဝင်တယ်.. ကျောက်သားပေါ်ကို ဆေးနဲ. အနာအစာကို ပျောက်သွားအောင် ရောရိုက်ရတာ ဆင်းတုတစ်ခုလုံးမဟုတ်ဘူးနော်… ကွက်ရိုက်ရတာ ပြီးတော့ အဲလိုရိုက်တဲ့သူက မိန်းကလေး လက်နုနုလေးတွေနဲ.မှရတာ ဗျာ.. ပညာနော်… ဘာလို.လဲဆိုတော့ လက်ကြမ်းရင် လက်ဗွေရာတွေထင်းကျန်နေမှာဆိုလို.လေ…… ကျောက်သားအရောင်အတိုင်းဖြစ်အောင် ဆေးစပ်ရတာကိုက ၁၅မိနစ် လောက်ကြာတယ်…

အဲလိုပြီးတော့ ရွှေရေး၊မျက်လုံးပါးစပ်ကောက် ပြီးရင် အောက်က ပုလင်ပေါ်မှာ ကြာပုံစံ ဆေးရေး ပြီးသွားရင် ဦင်္းခေါင်းတော်က ဆံကို ဆံလုံးပုံလေးတွေ ဖော် ပြီးရင် ဆေးအနက်သုတ် ၊မသုတ်ပဲ ထားတာလဲရှိတယ်…

အဲဒါပြီင်္းရင်တော့ ဆိုင်ပေါ်ကို တင်ပြီး အလှူရှင်ကို စောင့်ရတော့တာပေါ့.. အလှူရှင်လာလို. ဆင်းတုကို ဝယ်ပြီး လှူတော့မယ်ဆိုရင် ဘုရားဆင်းတု ပုလင်ပေါ်မှာ အလှူရှင်နံမည်ကို ကမ္ဗည်းထိုးပေးရတာပေါ့။ အဲလို ထိုးရင် ခဲတံနဲ. စာလေးကို အကြမ်းရေးပြီး လက်ရိုက်နဲ.ဆောက်ပြားလေးနဲ. တောက်တောက်တောက်နဲ. စာလုံးထုရတာ ပြီးရင် အဲဒီစာလုံးအချိုင့်လေးတွေမှာ ဆေးအနက်နဲ. စုတ်တံ နဲ. စာရေးပြီး အလှူရှင် ကိုရောင်းရတာပေါ့ဗျာ..

အခုတော့ အဲလိုမဟုတ်တော့ဘူး တရုပ်ကလာတဲ့ ဂန်းတွေနဲ. ခေါင်းလေးတွေပြောင်းတပ်ပြီး ဘုရားဆင်းတုပုံဖော်တာက အစ၊ တံစဉ်းတိုက်တာအဆုံး၊ စာထုတာကလည်း စက်နဲ.ပဲဖြစ်သွားပြီး ဗျ တိုးတက်လာတာလေ…. အချိန်ကုန်လဲ သက်သာတယ် လူလဲသက်သာတယ်နော်… အခုဆို ကျွန်တော်တို. ရပ်ကွက်ထဲသွားလိုက်ရင် ဂန်းသံတဂျီးဂျီးနဲ. ဆူညံနေတော့တာပါပဲဗျာ…..

အောက်မှာပုံလေးတွေ တင်ပေးထားပါတယ်.. နောက်ကြုံရင် ဘုရားဆင်းတု ထုလုပ်ပုံ ကို ကျောက်တုံးကနေ ဆင်းတု အချောဖြစ်လာတဲ့အထိ ထုဆစ်ပုံကို တင်ပေးပါအုံးမယ်ဗျာ

 

About ေရႊတိုက္စိုး

has written 79 post in this Website..