ကျွန်ုပ်နှင့် IT နည်းပညာ

ကြောင်ဝတုတ်February 14, 20124min28239

ဒီတစ်ခါ ကျွန်တော် နည်းပညာနဲ့ ပတ်သက်တဲ့ဆောင်းပါးတစ်ခုကိုရေးပါမယ်…

အမြဲတမ်းလိုလို ရယ်စရာဟာသလေးတွေနှောတဲ့ ကျွန်တော့စာတွေနဲ့ ခွဲထွက်ပြီး…နည်းပညာဆန်တဲ့ စာမျိုးရေးတဲ့အခါ စိတ်ထဲမှာ အားပေးမှုရပါ့မလားဆိုတဲ့အတွေးကို မဝံ့မရဲခံစားရပါတယ်…

တကယ်တော့ စာတစ်ပုဒ်ရေးတိုင်း သူကြီးပေးတဲ့ပိုက်ဆံတွေထက်…စာဖတ်သူတွေပေးတဲ့ ကော်မန့်တွေက ကျွန်တော်တို့ကို ပိုပြီးအားတက်စေတယ်ဆိုတာ ကျွန်တော်မငြင်းပါဘူး….

အခုတော့ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ နည်းပညာအခက်အခဲအကြောင်းကိုရေးပါမယ်…

ရွာထဲမှာ ကျွန်တော့လို တတ်ရာပညာလေးတွေနဲ့ ကြုံရာကျဘန်းလုပ်စားနေကြတဲ့သူတွေရှိသလို…

ကျွန်တော့်ထက်ပိုပြီး အသိပညာ အတတ်ပညာတွေရင့်သန်တဲ့သူတွေရှိကြပါတယ်…

သူတို့ဆီကလဲ အကြံညဏ်တွေနဲ့ အတွေ့အကြုံလေးတွေဖလှယ်မှုလေးတွေကိုလဲ မျှော်လင့်ပါတယ်…

နောက်ထပ်ရည်ရွယ်မှုတစ်ခုက ကျွန်တော်တို့နိုင်ငံကြီးတိုးတက်ဖို့ လမ်းစမြင်နေရပြီပဲဆိုကြပါစို့…

အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝင်ဆန့်ဖို့ ကျွန်တော်တို့လဲ ပြင်စရာရှိတာ ကြိုတင်ပြင်ဆင်ရတော့မယ်..

အဲဒီလို ပြင်ဆင်တဲ့အခါမှာ ကျွန်တော်တို့တွေက Copy Right ဆိုတာကြီးကို ရင်ဆိုင်တွေ့ရတော့မယ်..

အဲဒီအခါမှာ ကျွန်တော်တို့ IT တွေ အားလုံး ချက်ချင်း Open Source ကို ပြောင်းလဲဖို့မဖြစ်နိုင်သလို User တွေဘက်ကပြန်ကြည့်ရင်လဲ ပိုမိုခက်ခဲမှုတွေ တွေ့ကြုံရနိုင်ပါတယ်…

အဲဒီတော့ ဈေးအသက်သာဆုံးနဲ့ အဆင်ပြေမယ့် Plan လေးတစ်ခုကို ကျွန်တော်ရေးပြချင်ပါတယ်…

နည်းပညာအကြောင်းများဖြစ်နေလို့ စာဖတ်သူအများအပြားရဲ့အားပေးမှုကို တိတ်တခိုးပဲ မျှော်လင့်ရပါတော့မယ်..

 

အဖြစ်အပျက်က ဒီလိုဗျ…

မြန်မာပြည်မှာမွေးပြီး၊ မြန်မာပြည်မှာကြီးပျင်းခဲ့တဲ့ ကျွန်တော်တို့လို နည်းပညာကိုလိုက်စားမိတဲ့ လူတွေအဖို့

Software ဆိုတာ ဘယ်လောက်ဈေးကြီးကြီး မြန်မာငွေ ၅၀၀၊ ၁၀၀ဝ နဲ့ရတဲ့ဘဝဆိုတော့ အမျိုးစုံတင်ပြီးစမ်း

ကြိုက်တဲ့ Software ကို Crack လုပ်ပြီးသုံးခဲ့ကြတယ်။

အင်တာနက်တွေ ပေါပေါများများသုံးလာရတော့ Crack ဆိုဒ်တွေမှာ Download လုပ်ပြီး သုံးခဲ့ကြရတာဆိုတော့

ကျွန်တော်တို့အတွက် အခက်အခဲတွေမရှိသလောက်ပေါ့….

လွန်ခဲ့တဲ့ (၃)နှစ်ကျော်လောက်က ကျွန်တော် လက်ရှိအလုပ်ကိုပြောင်းလာတော့ International Rules & Regulationကို လက်ခံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေတဲ့အတွက်  Software တွေအတွက် ခေါင်းခဲစရာစပြီး ကြုံရတော့တာပေါ့…

အလုပ်လက်ခံပြီးပြီးခြင်း လက်ထဲကိုရောက်လာခဲ့တာက WindowsXP Professional , Microsoft Office Suit 2003 နဲ့ Kaspersky Antivirus Workstation Edition အဲဒီ (၃)မျိုးပဲ License Version လက်ထဲအပ်ပြီးတော့ ကျန်တာကို ကိုယ်ပိုင်ဖန်တီးပါတဲ့…

အဲဒီမှာ ကျွန်တော်ပြသနာစတက်တာပဲ…ကျွန်တော်ကိုယ်တိုင် IT Development ကို လုပ်ရတော့မယ်ပေါ့…

Crack သုံးမရဘူး၊ Pirate သုံးမရဘူး၊ အကုန်လုံ License ပဲသုံးရမယ်…

ကျွန်တော့်ခေါင်းထဲမှာရှိတဲ့ ကျွန်တော်ခိုက်တဲ့ Software အားလုံးကို ဝယ်သုံးရမယ်…ဖြစ်နိုင်ပါ့မလား…သုံးခွင့်ပေးမှာလား…

ကျွန်ပျူတာအလုံးအရေအတွက် (၂၀၀)ကျော်လောက်ရှိတဲ့ Enviroment မှာ Software အတွက် Euro သောင်းချီပြီး

သုံးခွင့် Budget မကျတာသေချာတယ်…

ကျွန်တော် Software ရော Hardware ပါ Standardize လုပ်ဖို့အတွက်ရှိတဲ့ Budget က Euro ၅၀၀ဝ မပြည့်တစ်ပြည့်… တစ်နှစ်လုံးသုံးရမယ့်ပိုက်ဆံ…

အဲဒီလိုနဲ့…ကြံရာမရတဲ့အဆုံး Freeware တွေကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…

အရင်ဆုံး ကျွန်တော်ချတဲ့ Plan က Office တစ်ခုမှာ Standard အနေနဲ့ ဘာတွေလုပ်သလဲ ဘာတွေလိုသလဲ…

(၁) OS တစ်ခုလိုတယ် ( Ms Windows XP Professional ရှိနေပြီးသား)

(၂) ရုံးသုံး Office Suit (Ms Office 2003 Professional Edition လက်ထဲရှိနေတယ်)

(၃) Antivirus (Kaspersky Workstation Edition ရှိနေပြီးသား)

(၄) DVD or CD Burner (စမ်းသပ်ရှာဖွေရန်)

(၅) PDF Reader & Creater (စမ်းသပ်ရှာဖွေရန်)

(၆) Archiver, Compressor & Uncompressor (စမ်းသပ်ရှာဖွေရန်)

(၇) Myanmar-English Dictionary (စမ်းသပ်ရှာဖွေရန်)

(၈) Web Brower (စမ်းသပ်ရှာဖွေရန်)

(၉) Photo Edition Software (စမ်းသပ်ရှာဖွေရန်)

(၁၀) Music & Movie Entertainment (စမ်းသပ်ရှာဖွေရန်)

ကျွန်တော် အရင်ဆုံး ဒီ (၁၀)ခုကို Standard အနေနဲ့သတ်မှတ်လိုက်တယ်…

ရုံးမှာသုံးတဲ့ကွန်ပျူတာတစ်လုံးအနေနဲ့ အဲဒီ (၁၀)ခုပြည့်စုံရင် ခြေလက်အင်္ဂါအားလုံးစုံပြီလို့ ထင်လိုက်တယ်…

အဲဒီတော့ အရင်ဆုံး မရှိသေးတဲ့ Software တွေကို ရှာဖို့စဉ်းစားခဲ့ရတယ်…

အဲဒီလိုစဉ်းစားတဲ့အချိန်မှာ အချက် (၄)ချက်ကို ဦးစားပေးရတော့တယ်…

(၁) အချက်က အရင်တုန်းက User တွေသုံးနေကျ Software တွေနဲ့ Interface ချင်းတူတဲ့ဟာမျိုးကို ဦးစားပေးရမယ်…

(၂) အသစ်အဆန်းဖြစ်ရင်တောင် အသုံးရလွယ်တဲ့ User Friendly ဖြစ်တဲ့ Software တွေကို ရွေးရမယ်…

(၃) Update တွေထွက်ပြီး Stable ဖြစ်တဲ့ Software ဖြစ်ရမယ်…

(၄) Performance နိမ့်တဲ့ စက်တွေအပေါ်မှာက ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ရမယ်…စက်တိုင်းအသစ်တွေမှမဟုတ်တာ…

အပေါ် (၂)ချက်က User အတွက်ပါ…အောက်ဆုံး(၂)ချက်ကတော့ ကိုယ့်အတွက်ပေါ့နော်…

 

အရင်ဆုံး DVD or CD Burning အတွက်စဉ်းစားရပါတယ်…

ကျွန်တော်တို့ မြန်မာပြည်မှာ တစ်သက်လုံး Nero Bunning ROM ဆိုတဲ့ Software ကိုသုံးခဲ့ကြတယ်..

အဲဒီတော့ သူနဲ့ User တွေရင်းနီးမှုကို ဖျက်ဖို့အတွက် သူ့လောက်နီးနီးကောင်းတဲ့ Freeware တစ်ခုကို အစားထိုးဖို့လိုအပ်တော့တာပေါ့…

အဲဒီမှာ Free ရသမျှ Burner တွေကို စမ်းလိုက်တော့ တော်တော်များများက Basic Function တွေကိုပဲပေးပြီး

နဲနဲပိုလိုချင်လာရင် ပိုက်ဆံတောင်းတော့တာပဲ၊ Nero ရဲ့ Free Edition လိုမျိုးပေါ့…

နောက်ဆုံး Ashampoo ရဲ့ Burning Studio 6 FREE က Function အားလုံးနီးပါးသုံးနိုင်ပြီးတော့

အလကားရတဲ့ Software ဖြစ်နေတယ်… အဲဒါနဲ့ ကျွန်တော် တစ်လလောက် သေချာစမ်းသုံးကြည့်ပြီး

ကျွန်တော့ရဲ့ Standard Software List ထဲကို ထည့်လိုက်ပါတယ်…

အောက်ကလင့်မှာ Download လုပ်ချင်ရင်လုပ်နိုင်ပါတယ်… အခုဆို နောက်ဆုံး Version 6.8 တောင်ရနေပြီ..

http://www.ashampoo.com/en/usd/pin/0710/Offline/Ashampoo-Burning-Studio-6

16MB လောက်နဲ့ အသုံးတည့်တဲ့ Software ပါ… Nero Burning ROM ကို 16MB နဲ့ဒေါင်းလို့မရနိုင်ဘူးနော်..

 

ဒုတိယအနေနဲ့ PDF က အရေးအကြီးဆုံးအခန်းကဏ္ဍမှာပါနေတော့ သူ့အတွက်ကို စဉ်းစားရပါတယ်…

PDF ဖတ်ဖို့ရယ်…PDF ဖြစ်အောင်လုပ်ဖို့ရယ်…

PDF ဖတ်ဖို့အတွက် Adobe Reader Free Version ရှိပေမယ့်…Performance ပိုကောင်းပြီး ပေါ့ပါးတဲ့ Foxit Reader ကိုပဲ ကျွန်တော်ရွေးချယ်လိုက်ပါတယ်…

Link: http://www.foxitsoftware.com/downloads/

PDF လုပ်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်တဲ့ PDF အဖြစ် Print ထုတ်ခြင်းကို ရွေးချယ်လိုက်တယ်…

ပုံမှန် Print ထုတ်သလို Print လုပ်ပြီး Printer နေရာမှာ PDF Generator Engine ကိုရွေးပေးခြင်းအားဖြင့်

PDF အဖြစ်ပြောင်းလဲနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းကိုသုံးတဲ့နေရာမှာ

Performance ကိုအဓိကထားပြီးတော့ သေးငယ်တဲ့ 4MB လောက်ပဲရှိတဲ့ “doPDF” ဆိုတဲ့ Software လေးကိုရွေးချယ်လိုက်တယ်…

ကျွန်တော့အပြင်တော့ အဲဒီ Software (၂)ခုက

Adobe ရဲ့နာမည်ကျော် Acrobat ကို ၇၅% လောက်အထိ လိုက်ပြီးအံတုနိုင်တယ်လို့ မြင်ပါတယ်…

Link: http://www.dopdf.com/quick-download.php

 

နောက်ထပ် တတိယမြောက်အဖြစ် Compressor နဲ့ Uncompressor ကိုရွေးတဲ့အခါ

စိတ်တိုင်းကျ Freeware တွေမရတဲ့အပြင် WinRAR ရဲ့အံ့မခမ်းလုပ်ဆောင်နိုင်မှုကိုမယှဉ်နိုင်လို့

WinRAR 4.0 Version ကို ဝယ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်…

လူသိများတဲ့ WinZip ကို ဘာလို့မရွေးချယ်သလဲလို့ပြောရရင်..

WinZip အားသာချက်တွေက WinRAR ထက်ပိုပြီး File Size သေးအောင် ချုံနိုင်တယ်။

Zip Format ကို WinZip Software မပါပဲ Windows OS နဲ့တင် ပြန်ဖျည်ချလို့ရတယ်…

ဒါပေမယ့် WinRAR က Zip Format နဲ့ဖိုင်ထုတ်ပေးနိုင်ပေမယ့် WinZip က RAR Format ကိုထုတ်မပေးနိုင်ဘူး

နောက်တခုက WinRAR က WinZip ထက်ပိုများတဲ့ File အမျိုးအစားတွေကို Support လုပ်နိုင်တယ်..

အဲဒါနဲ့ User တစ်ယောက်ကို 8$ နှုန်းနဲ့ အယောက် (၂၀၀)စာ WinRAR ကိုရွေးချယ်လိုက်တယ်…

Link: http://www.rarlab.com/download.htm

 

စတုတ္ထမြောက်အဖြစ်တော့ Web Browser ရွေးချယ်ပွဲမှာတော့ Windows က Built-in ပါပြီးသား IE အပြင်

သတင်းကြီးနေပြီးသား Firefox ကိုတွဲထည့်လိုက်ခြင်းအားဖြင့် ကျွန်တော့်အတွက်လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်…

Firefox နောက်ဆုံး Version 10 အထိ ကျွန်တော် Update လုပ်ခဲ့ပြီးပါပြီ…

Link: http://www.mozilla.org/en-US/firefox/features/

 

ပဉ္စမမြောက်ဖြစ်တဲ့

Photo Edition Software စမ်းသပ်တဲ့နေရာမှာ အဓိကအသုံးအများဆုံးအလုပ်တွေက

ဓာတ်ပုံတွေကို Size & Resolution လျော့ချမယ်…

ဓာတ်ပုံတွေကို Crop လုပ်မယ်ဆိုတာထက်မပိုတဲ့အတွက် အလွယ်ကူဆုံးနဲ့ သာမာန် User အဆင့်နဲ့ အဆင်ပြေတဲ့

Google Product ဖြစ်သော “Picasa” ကိုကျွန်တော်ရွေးချယ်ခဲ့တယ်… နောက်ဆုံး Version 3.9 ပါ..

Link: http://picasa.google.com/

 

အဌမရဲ့ Multimedia မှာတော့ ကျွန်တော့ကို တော်တော်ခေါင်းစားစေတဲ့ပြသနာပါ…

Windows မှာ Build-in ပါတဲ့ Mediaplayer ကိုသာအသုံးပြုစေဖို့အတွက်အဆင်မပြေပါဘူး…

Mediaplayer မှာ Codes တွေမရှိရင် တချို့ Format တွေကို မသိနိုင်ပါဘူး…

အဲဒီတော့ VLC Mediaplayer ကိုရွေးလိုက်ပါတယ်…

File Format တော်တော်များများကို နားလည်သလို၊ Performance အပါ Windows Mediaplayer ထက်သာလွန်လို့ ရွေးလိုက်တာပါ…

DVD Movies တွေအတွက်လဲ အဆင်ပြေတာပါတာပေါ့…User တွေကိုအလုပ်ချည်းဖိခိုင်းလို့မရဘူးလေ…

သူတို့ပျော်အောင်လဲစဉ်းစားရသေးတယ်..

Link: http://www.videolan.org/vlc/

 

နောက်ဆုံးကျွန်တော့်ကို တစ်နှစ်နီးနီးပြသနာပေးတဲ့ Software ကတော့ မြန်မာ-အင်္ဂလိပ် Dictionary ပါ…

ကျွန်တော်တို့ OS Standard မှာ User တွေက User Right တွေပဲရပါတယ်…

သူတို့မှာ Software Install လုပ်ခွင့် Admin ပိုင်းဆိုင်ရာ Configuration တွေအပေါ်မှာ ပြင်ဆင်ခွင့်မရှိပါဘူး…

အဲဒါအားလုံးကို IT တွေကပဲ ကိုင်ဆောင်ထားပြီး သူတို့အားလုံး User သက်သက်ပါ…

အဲဒီလို Plan ဆွဲထားတဲ့အတွက် ကျွန်တော့ကို အပြစ်တင်ချင်တင်နိုင်ပါတယ်…

ဒါပေမယ့် အဲဒီအပေါ်မှာ အကျိုးအပြစ်အများကြီးကွာခြားပါတယ်….

အပြစ်ကတော့ အဲဒီလို Admin Right ကို IT တွေကိုင်ထားတာဖြစ်တဲ့အတွက် ခွင့်ရက်တွေ အလွယ်တကူမရပါဘူး..

User တွေရဲ့ ငြိုငြင်မှုကို ခံရပါတယ်… Admin Right နဲ့ငြိတိုင်း ခေါ်နေတဲ့အတွက် ပြေးလွှားနေရပါတယ်…

တချို့အရာရှိတွေရဲ့ မယုံကြည်မှုကိုခံရပါတယ်…

အဲဒီမှာ IT တွေမှာလဲ ဆရာဝန်များလို့ Privacy နဲ့ ပတ်သက်တဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေရှိပါတယ်…

ကျွန်တော် တစ်ရုံးလုံးက Password တွေကို မသိပါ…သိလဲမသိချင်ပါ…

လိုအပ်လျှင် အချိန်မရွေးဖြုတ်ပစ်နိုင်ပါသည်…သို့သော် ကျွန်တော်ဖြုတ်ပစ်လျှင် User သိပါမည်…မသိပဲလုပ်မရပါ…

အဲဒီအတွက် IT တွေအပေါ်မှာ ယုံကြည်မှု (Trust Building) ဆောက်တည်မှု ကျွန်တော်အမြဲလုပ်ပါသည်…

အဲဒါခဏတာပင်ပန်းမှုပါ…နောက်ပိုင်း အလုပ်မရှိလောက်အောင် အားသွားတတ်ပါတယ်…

အားသာချက်တွေက ဘာလဲဆိုရင်…

Admin Right ကိုလူတိုင်းလက်ထဲမထည့်ထားတဲ့အတွက် Virus Infect ဖြစ်တဲ့ ရာခိုင်နှုန်း လျော့ကျသွားပါတယ်…

မလိုလားအပ်တဲ့ Computer Crash ဖြစ်ခြင်းကနေကာကွယ်ပြီးသားဖြစ်သွားပါတယ်…

Software Installation လုပ်ခွင့်မပေးတဲ့အတွက် ကွန်ပျူတာတွေအစမ်းသပ်ခံရတဲ့ဘေးကလဲ လွဲသွားပါတယ်…

နောက်တစ်ခုက အားလုံး Standard ဖြစ်နေတဲ့အတွက် ဟိုစက်မှာဒါမရှိလို့၊ ဒီစက်မှာဒါမရှိလို့ဆိုတာမျိုး ကင်းဝေးသွားပါတယ်…

ဟို User ကို မျက်နှာလိုက်တယ်…ဒီ User ကိုမျက်နှာလိုက်တယ်ဆိုတဲ့ အပြောအဆိုမျိုး လျော့ကျသွားပါတယ်…

နောက်တစ်ခုက အရာအားလုံး IT တွေရဲ့လက်ထဲမှာပဲရှိနေလို့ ဓားသွားပေါ် လမ်းလျှောက်ရတဲဘဝကို အလိုလိုရောက်သွားပါတယ်…

အဲဒီတော့ User တွေက သူတို့အသုံးပြုဖို့လိုတဲ့ Software တွေကို IT တွေဆီမှာ Request လုပ်လာကြရတော့ တာပါပဲ…

သူတို့ Request လုပ်တဲ့ Software တွေဟာ ကိုယ့် Enviroment နဲ့ကိုက်ညီမှုရှိမရှိကို IT တွေက သေချာ တိုင်ပင်ပြီး Activate လုပ်ရပါတော့တယ်…

ကျွန်တော် ပထမဆုံးတွေ့ရတဲ့ ပြသနာက မြန်မာ-အင်္ဂလိပ် Dictionary ပါ…

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Software Development မှာအားနည်းချက်တွေအများကြီးရှိပါတယ်…

Copy Right မရှိတာရယ်… Software ရောင်းချမှုက ထင်သလောက်အကျိုးမဖြစ်ထွန်းတာတွေရယ်ကြောင့်…

ကွန်ပျူတာဘဝအစမှာ ထုတ်လုပ်ခဲ့တဲ့ မြန်မာ-အင်္ဂလိပ် Dictionary လိုဟာမျိုးမှာ အခက်အခဲအများကြီး တွေ့ရပါတယ်…

ဥပမာ…Windows 98 လက်ထက်လောက်က ရေးထားတဲ့ Dictionary တွေဟာ Windows XP မှာ Compatible မဖြစ်တော့တာမျိုးအပြင်၊ Corporate အသုံးပြုဖို့ထက် Single User တွေအပေါ်မှာ Target ထားခဲ့တဲ့ Software မျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်

Admin Right ရှိမှ အလုပ်လုပ်တာမျိုးတွေနဲ့

မူရင်း (သို့) ခိုးကူးထားတဲ့ CD ကို Drive ထဲထည့်ထားမှ အလုပ်လုပ်တာမျိုးတွေ ကြုံရပါတော့တယ်…

အဲဒီအချိန်မှာ ကျွန်တော့အဖြစ်က Admin Right ကို လူတိုင်းပေးဖို့မဖြစ်နိုင်သလို…User (၂၀၀)ကျော်လောက်ကိုလဲ

CD တစ်ချပ်စီကူးပေးထားဖို့ရန်မဖြစ်နိုင်တာနဲ့ ခေါင်းခြောက်ရပါတော့တယ်…

Virtual CD တစ်ခုစီ Create လုပ်ပေးဖို့ရန်လဲ User တွေက အဲဒီလောက်နားမလည်နိုင်တဲ့အနေအထားမျိုးတွေရှိနေပြန်တော့

Myanmar-English Dictionary ကို User တွေကိုချပေးဖို့ အချိန် (၆)လလောက် CD ပေါင်းများစွာ၊

Download ပေါင်းများစွာနဲ့ အသည်းအသန် စမ်းသပ်ပြီး

Myanmar-English Dictionary နဲ့ English-Myanmar Dictionary ဆိုပြီးတော့ Installer (၂)ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျွန်တော့် Environment အပြင် Microsoft ရဲ့ Windows7 OS မှာပါ အသုံးပြုလို့ရတဲ့ Dictionary လေးတွေကိုရှာတွေ့ခဲ့ပါတယ်…

အင်္ဂလိပ်-မြန်မာ အဘိဓာန်

Link: http://www.datafilehost.com/download-5a9cb23c.html

မြန်မာ-အင်္ဂလိပ် အဘိဓာန်

Link: လင့်ကတော့ လောလောဆယ် တင်လို့မရသေးလို့ နောက်မှ ကော်မန့်ထဲမှာလိုက်ခဲ့မယ်ဗျာ…(30MB) လောက်ဖြစ်နေလို့

မေ့နေရင်လဲ သတိပေးကြဗျာ…

ဒါပေမယ့် အဲဒီ Dictionary (၂)ခုလုံးက .NET Framework 2.0 အနဲဆုံးရှိနေရမှာဖြစ်လို့..

.NET Framework ကိုလဲ မမေ့ကြဖို့ သတိပေးလိုက်ပါတယ်…

ကျွန်တော် Upload လုပ်ထားပေးတဲ့ .NET Framework All in One Silent Installer လေးကိုတော့ Link မှာဆွဲနိုင်ပါတယ်ဗျာ…

Link: http://www.datafilehost.com/download-c496ff4c.html

 

နောက်ဆုံး အဲဒီ Software တွေနဲ့ အသက်ဆက်လာတာ (၂)နှစ်လောက်ကြာတဲ့အချိန်ကျမှ မထင်မှတ်တဲ့ ပြသနာ တစ်ခုထပ်တွေ့ပါတယ်…

အဲဒါကတော့ အလကားရတိုင်း Update လုပ်လေ့လုပ်ထရှိတဲ့ ကျွန်တော်တို့ IT တွေပါပဲ…

တခြား Copy Right နဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ သူတို့တွေက Ms Word နဲ့ Excel Files တွေကို

Email နဲ့ပို့ကြတယ်ဗျာ…

အဲဒီမှာ Office 2010 Format တွေနဲ့ ပို့ကြတော့ ကျွန်တော့်တို့ Office 2003 ဝယ်ထားတဲ့သူတွေအဖို့ ဖွင့်ဖတ်လို့မရတဲ့ပြသနာပါ…

ပို့သူကို Office 2003 Format နဲ့ Downgrade လုပ်ပို့ဖို့ ပြောရတာ အဆင်ပြေတာရှိသလို မပြေတာလဲရှိတတ်တော့

နောက်ပိုင်းမှာ IT တွေဆီပဲ ခြေဦးလှည့်လာကြပြန်ရော…

အဲဒါနဲ့ နောက်ဆုံး Microsoft က ထုတ်ပေးတဲ့ Microsoft Office Compatible Pack ဆိုတာလေး တင်ပေးပြီး ပြသနာအရပ်ရပ်ကို ဖြေရှင်းခဲ့ရပါတော့တယ်…

Link: http://www.microsoft.com/download/en/details.aspx?displaylang=en&id=3

နောက်ပိုင်းမှာ Apple Product တွေကြောင့် iTune ကိုတောင် Standard List ထဲထည့်ရတော့မလိုဖြစ်နေတယ်ဗျာ…

 

နောက်ဆုံး ကျွန်တော်ပြောခဲ့ချင်တာကတော့…

အခု ကျွန်တော် Develop လုပ်ခဲ့တဲ့ Software အားလုံးဟာ အခုလက်ရှိ Windows 7 အထိ Support လုပ်တဲ့ Software ချည်းဖြစ်တယ်ဆိုတာတစ်ချက်ပါ…

လူတွေအမြင်မှာ အမြဲတမ်း အင်တာနက်ပေါ်တက်ပြီး အားနေတတ်တဲ့ IT တွေမှာလဲ သူ့ကိုယ်ပိုင်ပြသနာတွေ ဝေလို့ပါပဲဆိုတာကို သိစေချင်ပါတယ်…

အိုင်တီတော်တော်များများက အချင်းချင်းသာ ရေပက်မဝင်စကားတွေပြောကြပေမယ့် IT မဟုတ်တဲ့သူတွေမပေါ်မှာ

အလွယ်တကူနားလည်အောင် ရှင်းမပြတတ်တာက ကျွန်တော်တို့အားလုံးရဲ့ အားနည်းချက်လို့ ထင်မိပါတယ်…

နောက်တစ်ခုက အိုင်တီတွေအလုပ်မလုပ်ဘူးလို့ အားနေတယ်လို့ သူဌေးတွေ၊ အလုပ်ရှင်တွေက မြင်တတ်ပါ တယ်..

အိုင်တီတွေအလုပ်မရှိတာ သူတို့ Performance ပါ…

အားနေတဲ့ IT နဲ့ အမြဲပြသနာတက်နေတဲ့ IT ကွာခြားချက်က သူတို့ Manage လုပ်တဲ့ Network ဘယ်လောက်တည်ငြိမ်လဲနဲ့

သူတို့ Troubleshoot Skill ဘယ်လောက်ကောင်းလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်…

ကိုယ်ရုံးက အိုင်တီတွေအားနေတာမြင်တိုင်း မျက်စိဆံပင်းမွှေးဆူးမနေပဲ တကယ်တော်တဲ့ အိုင်တီတစ်ယောက်ရထားတယ်လို့  မြင်ကြည့်ပေးလိုက်ပါ….

တကယ်တော့ အားနေတဲ့အိုင်တီဆိုတာ တကယ်အလုပ်လုပ်တဲ့ Performance ကောင်းတဲ့ IT တွေပါပဲခင်ဗျာ…

 

ခင်တဲ့-

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂

39 comments

  • blackchaw

    February 14, 2012 at 2:00 pm

    ဖက်တီးကက် ရေ။
    လက်မလေးတစ်ချောင်းထောင်ပြီး ဖတ်သွားပါတယ်။

  • Shwe Tike Soe

    February 14, 2012 at 2:11 pm

    မှန်တယ်ဗျို. ကိုကြောင်ဖက်ကြီးကို ဒီတစ်ခါတော့ တအားကို ချစ်သွားပြီး ဟိဟိ အဲလို အိုင်တီသမားတွေဘက်က တွေးပေးရေးပေးတော့ သိပ်ကောင်းတာပေါ့ အိုင်တီသမားတွေကို အင်တာနက်ပေါ်အဲဗားရှိနေတာ အားလို.မဟုတ်ဘူးလို. ပြောစမ်းပါဗျာ.. ဟုတ်တယ်.. ဒီကကောင်တွေက သူတို.သုံးစွဲအဆင်ပြေအောင် လုပ်ပြီး Update ဖြစ်တာတွေလဲ အင်တာနက်မှာ ခေါင်းစိုက်ရှာရသေးတယ်… User Right ကလဲ ကိုကတ်ဖက်ပြောသလိုပဲ ကျွန်တော်တို.ဆီမှာလဲလုပ်တယ်.. Install လုပ်တိုင်း error မြင်တိုင်း ခေါ်နေတော့တာပါပဲဗျာ… ပြောသေးတယ် ခင်ဗျားတို.ပိတ်ထားတာပဲလေတဲ့… ဟဟဟ

    တကယ်တော့ အားနေတဲ့အိုင်တီဆိုတာ တကယ်အလုပ်လုပ်တဲ့ Performance ကောင်းတဲ့ IT တွေပါပဲခင်ဗျာ…

    အဲဒီ စာကြောင်းတော့ အကြိုက်ဆုံးပဲ ဟဲဟဲဟဲ 😀

  • စိန်ပေါက်ပေါက်

    February 14, 2012 at 2:17 pm

    ဘဲဒီးဂွတ်ပဲ မကြောင်တုတ်ရေ
    တစ်ဂယ်တော့ ဖရီးရတဲ့ Application တွေ များကြီးဗျ
    ရှာတတ်ဖို ့ပဲလိုတာပေါ့နော်..
    ခုတော့ ပြည့်ပြည့်စုံစုံရှင်းပြီး ဒေါင်းလုဒ် လင့်ခ်လေးတွေပါ မ.စ ပေးထားတဲ့အတွက်
    ရှဲရှဲပါ
    ကဲ..ဘာလိုသေးလဲဗျာ

  • water-melon

    February 14, 2012 at 2:26 pm

    ဘာမှတော့မလိုတော့ဘူး ဒေါ်ကြီးစိန်ပေါက်
    လိုနေတာ ဘီအီးနည်းနည်းလောက် ဝက်သားစားကောင်းအောင်ထည့်ချင်လို့။
    free versino software လေးတွေရှာအုန်းမှဘဲ 😀

  • FattyCat

    February 14, 2012 at 2:26 pm

    ဒီမယ် ပေါက်ဖော်မ….
    ကြောင်က အထီးစစ်စစ်…သင်းတောင်ကွပ်မထားဘူး….
    ကြောက်ကုန်းကုန်းလဲမဟုတ်ဘူး….
    ချစ်စရာကောင်းအောင် ဝနေတာ…သင်းကွပ်ထားလို့ဝနေတာမဟုတ်ဘူး….
    ကြောင်ကိုလေးစားပါ….ကြောင်ဝတုတ်ဟာ…ကြောင်ဝတုတ်ပါ….ဟီး

  • Khaing Khaing

    February 14, 2012 at 2:27 pm

    ှုIT ကိုကြောင်ဖက်ရေး ကျေးဇူးပါ IT အကြောင်းတွေ ပုံပြောပြလို့…

  • K@oru

    February 14, 2012 at 2:59 pm

    အလွန်ကောင်းတဲ့ ပိုစ့်ပါဗျို့ …..
    အားပေးသွားတယ်ဗျို့ …..

    အောက်ဆုံးက အချက်ကလေးကိုတော့ နည်းနည်း ငြင်းချင်တယ်ဗျို့ ….
    ရှင်တို့တွေ အားနေရင် သများတို့ မားကတ္တင်းဒွေပဲ ထောင်းခံထိတာပါဗျို့ ….
    သများတဲ့ အနှီကာလမျိုး အတော် အလုပ်ရှုပ် ..တဲ့အပြင်ကို ….
    ၁ဝတန်းစာမေးပွဲကျတဲ့ ရုပ်မျိုး နဲ့ နေနေရတာပါ ဗျို့ …..

    ရှင်တို့ ဖူးလ်ဟောက်စ် တိုင်ပတ်နေမှ သများတို့ နားရတာပါဗျို့ …။
    သများတို့ အားယားနေရင် …အနှီဖမ်းမ် ရေလည်မြတ်နေဘီ လို့သာ မှတ်ပါတော့ဗျို့….။
    (အလဂါးနောက်တာ အားယားနေရင် ရှင်တို့ကို ကူရတယ် … …ဟင့် ….
    စိတ်ထိခယက်တွားဘီ)

  • FattyCat

    February 14, 2012 at 3:28 pm

    ကူရမှာပေါ့ ဂီဂီရယ်….
    ငါတို့ IT Department ဆိုတာ အများဆုံးရှိလှ (၁၀)ယောက်ပေါ့…
    မြန်မာနိုင်ငံမှာ လူအများဆုံး IT Department ဆိုတာ (၅)ယောက်ပေါ့ကွယ်…
    ငါတို့ Department မှာဆို (၂)ယောက်ပဲရှိတာ….
    အဲဒီတော့ အင်အားများတဲ့ နင်တို့ မာကက်တင်းတွေပဲ ကူစေလေသတည်းဗျာ

    • K@oru

      February 14, 2012 at 3:37 pm

      ကျုပ်တို့က အပျော့ထည် ရေး ပီး ရောင်းစားတဲ့ ဖန်းမ် ဗျ..
      လူဦးရေအချိုးအစား က လုံးဝ ဇောက်ထိုးပဲ …

      သည်မှာ ..ကုန်းနေရေးနေတဲ့ လူတွေက ၁ရာ ၂ရာ ..မစိန်ဂီ က တယောက်ထဲ …
      ရှင်တို့ ကို ကူရတာသများလည်း ဘတ်လဘိုင်လိုက်နေပါပီကွယ်…..

      😛

  • သင်းကွပ်လို့ ဝတာပဲဖြစ်ဖြစ်
    ချစ်စရာကောင်းအောင် ဝတာပဲဖြစ်ဖြစ်
    ဘယ်လိုပဲ ဖြစ်ဖြစ်
    ဘာပဲဖြစ်ဖြစ် သိပ်ဂရုမပြုမိဘူး
    ဂရုပြုမိတာက
    Link ကလေးတွေပါ တင်ပေးထားလို့
    谢谢大猫 ……
    大型の猫科動物でお願いします

  • kaunglay

    February 14, 2012 at 3:33 pm

    ကိုယ်ရုံးက အိုင်တီတွေအားနေတာမြင်တိုင်း မျက်စိဆံပင်းမွှေးဆူးမနေပဲ တကယ်တော်တဲ့ အိုင်တီတစ်ယောက်ရထားတယ်လို့ မြင်ကြည့်ပေးလိုက်ပါ….
    “တကယ်တော့ အားနေတဲ့အိုင်တီဆိုတာ တကယ်အလုပ်လုပ်တဲ့ Performance ကောင်းတဲ့ IT တွေပါပဲခင်ဗျာ” အဲဒီစာသားကိုအကြိုက်ဆုံးပဲ…သူဌေးတွေက အလုပ်မရှိရင်ကြံဖန် ခိုင်းချင်ကြတယ်… ဘယ်လောက် stable ဖြစ်အောင် လုပ်ထားသလဲဆိုတာတော့ မတွေးပေးဘူး
    http://www.filehippo.com အဲဒီဆိုက်လေး ဝင်ကြည့်ကြည့်လိုက်ကြပါ…။

  • kai

    February 14, 2012 at 3:55 pm

    Compressor မှာ.. ဆိုရင်..ကျုပ်ကတော့… 7zip ဗျ..
    စကားမစပ်…
    အိုင်တီသမား.. စာတွေအားရပါးရရေးတင်လာလို့.. ဝမ်းသာကြောင်းပါလို့နော… 🙂

  • amatmin

    February 14, 2012 at 4:07 pm

    ကိုကြောင်ဝတုတ်ရေ..

    ရေလည်ခိုက်သွားပြီဗျို့..ဘဲထီးဂွတ် ဘဲမဂွတ်ပဲ
    ဘာနဲ့မှမငြိဘဲ နှိုက်လို့ရနိုင်တာလေးတွေကို ရှယ်ပေးတဲ့အတွက် ကျေးဇူးကြီးပါ..
    Office compatible pack ကိုအသေမှတ်သွားပါသည်…
    ပြီးတော့ လက်ကလေးတချောင်းကတော့ မပါမဖြစ်ပေါ့.. 🙂

  • nozomi

    February 14, 2012 at 4:37 pm

    ကိုဖက်တီး ကောင်းတယ်ဗျို့
    ကျွန်တော်တို့လဲ အခု အလကားရလို့သာ အကောင်းဆုံးတွေ အလွယ်သုံးနေတာ
    သိပ်မဝေးတော့တဲ့ တချိန် ဒီပြသာနာမျိုး နဖူးတွေ့ဒူးတွေ့ ကြုံရတော့မှာ
    ဒါတွေက အကောင်းဆုံးဖြေရှင်းနည်းတွေထဲက တစ်ခုပဲ

    • nozomi

      February 14, 2012 at 6:21 pm

      ဆောဒီး ဆရာရေ ကိုကြောင်ဝတုတ်ကြီး ရေးတာ ကိုဖက်တီးဖြစ်သွားလို့ ပါ ခင်ဗျ
      ဘာမှ သင်းကွပ်မထားတဲ့ ကြောင်ဝတုတ်ကြီးမှန်း သိပါတယ်

  • ရွာစားကျော်

    February 14, 2012 at 5:16 pm

    ရုံးမှာ ကိုယ်တင်ချင်တာလေး မတင်ရလို့ IT သမားကိုတင်းနေတာ
    ဖက်တီးကတ်ပြောမှ သူတို့ကိုနားလည်သွားပါတယ်
    လင့်လေးတွေကလည်း ဒေါင်းသွားပါတယ်
    သင့်ခယူပါဗျာ..

  • TTCG

    February 14, 2012 at 5:24 pm

    Bro, the following softwares might be useful for u. These r all free.

    NotePad++ is very good text editor and can open the big csv files as well.
    KLiteCodec is good for opening various format of DVDs, VCDs, etc. It is not a software but the libraries for opening media files.
    PAINT.Net is the very powerful image/photo editor.
    7Zip for compressing and uncompressing files.

  • ကောင်းမြတ်သူ

    February 14, 2012 at 6:47 pm

    မာမီပေါက်ဆီမှာ Tuneup ကလေးတွေ့မိလားလို့။ Crack နဲ့ Link လေးအလှူခံပါရစေ…. ရှိသေးရင်နည်းနည်းပေးပါ။

    • စိန်ပေါက်ပေါက်

      February 14, 2012 at 6:57 pm

      လောလောဆယ် Portable တော့ သုံးနေတယ်

      သများက Portable crazy မိုလို ့ပါ 😀

      လိုချင်ရင်

      http://baltagy.blogspot.com/2012/02/tuneup-utilities-2012-v12030105.html မှာ သွားယူလိုက်ဗျာ
      အောက်ဆုံးမှာ Mirror Download Button လေးရှိတယ်
      Ifile.it,mediafire,etc… ကြိုက်တဲ့ဆီကဒေါင်းပေတော့

      လောလောဆယ်
      http://baltagy.blogspot.com/ မှာလိုချင်တာလေးတွေ ရှာသွားနိုင်ပါကြောင်း

      • ဆြာပေါက် ညွှန်းတဲ့လင့်ကို သွားကြည့်ပြီးပြီ ။
        တစ်ကယ်မိုက်တယ် … ။ Portable တွေချည်းပဲ ..။
        Portable တွေ ခိုက်တဲ့ ဆြာပေါက်ကို သများကလည်း သိထားတဲ့ Portable ဆိုက်လေး ပြန်ရှဲလိုက်ပါတယ်။
        http://portableappz.blogspot.com/

      • ကောင်းမြတ်သူ

        February 14, 2012 at 7:33 pm

        တစ်ခုခုလိုချင်ရင်အမှိုက်ပုံထဲ လိုက်ရှာတာ တမော အခုလို ပြောပေးတဲ့အတွက် ကျေးကျေးတစ်တုံးပဲ ကောင်မရယ်။ နင့်ဆီက အကြောင်းပြန်တော့ ငါဖြင့် ဝမ်းသွားလိုက်တာကောင်းမရယ်။ ဗိုင့် ……….ဗိုင်။။။။။။။။

  • ကိုကြောင်ဝတုတ်ရေ … တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပါပဲဗျာ ..။
    နောက်ထပ်လည်း တင်ပါဦး။ ကျွန်တော်လည်း အိုင်တီကို စိတ်ဝင်စားတယ် ခင်ဗျ။
    ဒါနဲ့ မြန်မာ – အင်္ဂလိပ် Dictionary နေရာမှာ WXPY Dictionary ကိုတော့ ကျွန်တော် ကြိုက်တယ်ဗျို့။

    • ရွာစားကျော်

      February 16, 2012 at 12:20 pm

      ကိုအံစာတုံး
      ကြိုက်တယ်ဆို တယောက်တည်း မသုံးနဲ့ ဒေါင်းရမယ့်လင့်ခ်လေး ပေးဦးမှပေါ့
      အလကားရမယ်ဆိုလို့စောင့်နေတာ
      ကြောင်ဝတုတ်ကလည်း သူ့လင့်က် ကို ခုထိမတင်သေးဘူး

  • MTY

    February 14, 2012 at 8:33 pm

    ကျေးဇူးတင်ပါတယ်လို့ဘဲပြောပါရစေ။

  • MaMa

    February 14, 2012 at 10:25 pm

    ကြောင်ဝတုတ်ရေ-
    ကူညီပါရစေလို့ မတွေ့ပေမယ့်……
    ITအကူအညီပေးရေးအဖွဲ့ထဲမှာ စာရင်းတို့ထားလိုက်ပြီ 😀

  • padonmar

    February 14, 2012 at 11:57 pm

    ကြောင်ဝတုတ်ကလေးရေ
    နည်းပညာဆန်တဲ့ဆောင်းပါရေးလို့ မဖတ်ဘူးမထင်ပါနဲ့။
    ဒီစာလေးက လက်တို့ပြီးတော့ ပြောရအုံးမယ့် post လေးပါ။
    တစ်ချိန်လုံး pirate software တွေ သုံးလာတော့ လိပ်ပြာလည်း မလုံချင်တဲ့အပြင် pirate ရဲ့ ဒုက္ခတွေလည်း ခံစားလာရပါတယ်။
    ဒီလိုအချိန်မှာ ဖက်ဖက်ကက်ရဲ့ စာလေးက အံဝင်ခွင်ကျပဲ။
    သုံးရမယ့် software ရွေးပုံလေးလည်း ကြိုက်တယ်။
    နည်းပညာကို မငြီးအောင်ရေးပြနိုင်တာလည်း ဖက်ဖက်ကက်ရဲ့ အနုပညာပဲ။
    အဲဒီတော့ အန်တီကို ထိုင်မကန်တော့ချင်နေပါ ကွန်ပျူတာ ဝလုံးတန်းအဖွားကြီးတွေကို ကူညီဖို့သာပြင်ထားပေတော့။
    မကူပေးဘူးဆိုရင်တော့ ပြိုင်ကားကို ဝင်တိုက်ပစ်လိုက်မှာပဲ။

    စကားအတင်းစပ်
    doPDF သုံးတာ zawgyi က “အ” တွေ PDF ဖြစ်ရင်“ A” တွေဖြစ်ဖြစ်နေတယ်။ ဘာလိုနေလို့ပါလိမ့်။

  • kai

    February 15, 2012 at 1:12 am

    ဇော်ဂျီဖေါင့်ကို ရိုက်လို့ရတဲ့.. M$ notepad မဟုတ်တာလေးများ သိသလားလို့..။ search/replace လည်းလုပ်လို့ရတာပေါ့..

    Notepad++, Editplus အဲဒါတွေကမရဘူး..

    • Khin Latt

      February 15, 2012 at 3:52 am

      http://www.hongkiat.com/blog/free-code-editors-reviewed/

      စကားအတင်းစပ် – pdf server down တယ် လို့ Post တစ်ခု ရဲ့ မှတ်ချက်မှာ တွေ့ခဲ့လို့။
      သများ ပယောဂ အပါဘူးနော်။ 😉 jk

      • kai

        February 15, 2012 at 4:22 am

        မပါပါဘူးအရီးလတ်ရေ..
        ငှားထားတဲ့.. ဆာဗာက.. ၂လုံး..
        ဒီအန်အက်စ်အတွက်က တခု..
        ပီဒီအက်ဖ်တင်တာက.. ရုံးကကွန်ပြူတာမှာ.. ubuntu တင်ထားတာ.. ဆာဗာတလုံးလုံးပဲ..
        အဲဒါ… ဗီဒီယိုတင်တာ.. မရလို့.. ကလိရင်းကလိရင်း.. ကွိသွားတာ…။
        mandalaytube.com လေ.. 🙂

        • Khin Latt

          February 15, 2012 at 4:44 am

          စော်လေးဒါပေါ့။
          အခုရော ပြန်လည်ရှင်သန် သွားပြီလား။ 🙂

        • kai

          February 15, 2012 at 5:13 am

          ostube ထည့်ထားတာ… အခုမြင်တဲ့အတိုင်းပဲ..
          Blank page နဲ့ ရပ်တော်မူနေလေရဲ့…

          အဲဒါက.. Youtube လိုမျိုးလေ..။

  • Khin Latt

    February 15, 2012 at 3:38 am

    အတော်လေးကို စနစ်တကျ ရေးသားပြီး ဝေမျှ ထားတဲ့ ( ပေါချောင်ကောင်း) တောင်မဟုတ်ဘဲ အလကားမှာကိုကောင်းတဲ့ နည်းပညာ လေးတွေပါဘဲ ကြောင်ဝ လေးရေ။

    သိသလောက်လေးကို ထပ်ပြီး အားလေးဖြည့်ခွင့်ပြုပါ။
    Microsoft Office နဲ့ မကွာဘဲ သုံးနိုင်တဲ့ ရုံးသုံး Application Software Package လေးပါ။
    “Open Office” (OOo) လို့ခေါ်ပါတယ်။
    လုံးဝ Free ပါ။
    လက်ရှိမှာ Oracle Corporation က Support လုပ်ပါတယ်။

    (၁) OpenOffice.org Writer က MS Word လိုသုံးနိုင်ပါတယ်။
    Word File တွေကိုလဲ ဖွင့်နိုင်ပါတယ်။
    (၂) OpenOffice.org Calc က MS Excel လိုသုံးနိုင်ပါတယ်။
    Excel File တွေကိုလဲ ဖွင့်နိုင်ပါတယ်။
    (၃) OpenOffice.org Base က MS Access လိုသုံးနိုင်ပါတယ်။
    Access File တွေကိုလဲ ဖွင့်နိုင်ပါတယ်။
    (၄) OpenOffice.org Draw က MS PowerPoint လိုသုံးနိုင်ပါတယ်။
    PowerPoint File တွေကိုလဲ ဖွင့်နိုင်ပါတယ်။
    အဲဒီ ၄မျိုး အပြင် ဂရပ်တွေ ဆွဲနိုင် တဲ့ OpenOffice.org Draw နဲ့ သချင်္ာပုံသေနည်း တွေ ထည့်တွက် လို့ ရတဲ့ OpenOffice.org Math ဆိုတာ လဲ ပါပါသေးတယ်။
    MS Office ရဲ့ File Type တွေအတိုင်း လဲ ပြောင်းသိမ်းနိုင်ပါတယ်။
    Adobe .pdf File Type ကိုလည်း ပြောင်း သိမ်း နိုင်ပါတယ်။
    အတော်လေးကို သေသပ် လှပတဲ့ Office Application လေးဖြစ်ပါတယ်။

    သိပြီးကြ ရင်လဲ ဝင်လျှာရှည် မိတာ စောဒီး ပါ။ 😀

    Down Load Link
    http://www.openoffice.org/download/

    Wiki Link
    http://en.wikipedia.org/wiki/OpenOffice.org

    PS – “အားနေတဲ့အိုင်တီဆိုတာ တကယ်အလုပ်လုပ်တဲ့ Performance ကောင်းတဲ့ IT တွေပါပဲခင်ဗျာ” ဆိုတဲ့ အရေးလေး ကတော့ အတော်လေး မိုက်သမို့ ခိုက်သဟေ့။ 😉

    ခင်မင်စွာဖြင့်
    အရီးလတ်

  • K@oru

    February 15, 2012 at 8:29 am

    အော် … ရယ်. ….
    ဆြာတွေချည်းပါပဲလား… ဟရို့ …..

    အနှီ ကန်ပနီဒွေ …ဘာကြောင့်ရယ်များ
    အလဂါး ပေးသုံးနေကြသလဲ
    နောက်ကွယ်က အန်ဒါလိုင်းယင်း ကော့စ် လေးများ
    သိချင်သားဗျာ ….

    (ခုတလော အဆဲအဆိုလေးတွေ မခံရတာ ကြာလို့ ခိခိ…)

    ဒက်ဂလောက် ဒက်ဂလောက် ….

  • FattyCat

    February 15, 2012 at 10:15 am

    အရင်ဆုံး အန်တီပဒုမ္မာမေးခွန်းလေးကို ဖြေပါ့မယ်…
    doPDF မှာ ဇော်ဂျီနဲ့ ပြသနာကျွန်တော်မဖြစ်ဖူးပါဘူး…
    များသောအားဖြင့် ကျွန်တော် Office2010 နဲ့ Windows 7 Professional SP1 ကို Licensed စတင် စမ်းသပ်အသုံးပြုနေပါပြီ…
    နောက်ဆုံး Version ကို Update လုပ်ပြီးသုံးကြည့်ပါ…ကျွန်တော့အတွက်ပြသနာမဖြစ်လို့ပါ…
    နောက်တစ်ခုက ZawGyi Unicode ပြသနာဖြစ်နိုင်ပါတယ်…Alpha Zawgyi မသုံးပဲနဲ့ ZawGyi Official Site က Font နဲ့ Keyboard Driver ကို Download လုပ်ပြီး စမ်းသုံးကြည့်ပါ…
    Alpha Zawgyi ကိုသုံးတဲ့အခါ OS ရဲ့ Resolution ပျက်သွားတာကို Windows XP ကတည်းက စိတ်တိုင်း မကျဖြစ်လို့ ကျွန်တော်မသုံးတော့တာပါ… Setting ချိန်စရာမလိုပဲနဲ့ အလွယ်တကူသုံးရအောင်လုပ်ထားပေမယ်…. Bug တွေရှိနေဦးမယ်လို့ ယူဆလို့ပါ…
    ကျွန်တော်သုံးနေတဲ့ Zawgyi Unicode Pack လေးကို တင်ပေးလိုက်ပါတယ်…
    Link: http://www.datafilehost.com/download-3f0f5153.html
    သုံးလက်စ Zawgyi ရော၊ doPDF ရော (၂)ခုစလုံးကို Complete Uninstall လုပ်ပြီး Update Version နဲ့ Zawgyi Offical ကို တင်ပြီးပြန်သုံးကြည့်ပါ အန်တီ…မရရင်တော့ ကိုယ်တိုင်ပြိုင်ကားမောင်းပြီး လာစမ်းကြည့်ပေးပါ့မယ်…

    နောက်တစ်ယောက်…မဟာအံစာတုန်းရဲ့ Dictionary ကိစ္စပါ…
    ပထမ ကျွန်တော့် wxPyDict ကိုသုံးဖို့စဉ်းစားပါသေးတယ်…
    သေချာစမ်းသပ်ကြည့်တော့ စိတ်တိုင်းကျ Dictionary တစ်ခုမဖြစ်ဘူးဗျ…
    ဥပမာ Ornagai လိုမျိုး စာလုံးတွေသိပ်မစုံတဲ့ Dictionary ဖြစ်နေတယ်…
    ကျွန်တော်လိုချင်တဲ့ Dictionary က Oxford လိုဟာမျိုးကို လိုချင်တာ ကျွန်တော်တင်ပေးထားတဲ့ (၂)ခုကို စမ်းကြည့်ပါ…အကြိုက်တွေ့မယ်လို့မျှော်လင်ပါ့မယ်…
    ကော်နတ်ချင်တွေမကောင်းလို့ နောက်ထပ် Dictionary တစ်ခုကို Upload လုပ်နေတာ မနေ့ကတည်းက အဆင်မပြေသေးပါဘူး…ရတာနဲ့ ထပ်တင်ပေးပါ့မယ်…

    နောက်တစ်ယောက်က ကျွန်တော်တို့ရဲ့ သဂျီး…
    Notepad+++မှာ Unicode သုံးဖို့ Plug-in လိုတယ်လို့ သိရပါတယ်…
    Ms Notepad မှာတော Unicode သုံးလို့ရတာကိုး…
    အဲဒီတော့ Link ပေးပါတယ်…သဂျီးကြည့်သာလုပ်လိုက်ဗျာ…
    ကျွန်တော်က Notepad+++ User မဟုတ်တော့ မစမ်းကြည့်မိသေးဘူး…
    ကျွန်တော် စမ်းကြည့်ပေးပါမယ်…
    http://sourceforge.net/apps/mediawiki/notepad-plus/index.php?title=Plugin_Central

    နောက်ဂီဂီရဲ့ အတွေးများ….
    မာကက်တင်းဆန်ဆန်…Backdoor ကို ဖောက်မြင်ဖို့ စဉ်းစားနေမှန်းနားလည်ပါတယ်…
    အခု လက်ရှိအနေအထားမှာ ကျွန်တော့်အနေနဲ့ WindowsXP နဲ့ Office2003 ကနေပြီးတော့
    Windows7 နဲ့ Office2010 ကို Migrate လုပ်ဖို့ Plan တွေဆွဲပြီး ပြင်ဆင်မှုတွေ… စမ်းသပ်လေ့လာမှုတွေ
    လုပ်နေတာ (၄)လကျော်သွားပါပြီ…
    Windows7 နဲ့ Office2010 ကို Corporate License လက်ထဲရောက်ဖို့စောင့်နေရင်းနဲ့ တချို့စက်အသစ်တွေနဲ့ Advance ဖြစ်တဲ့ User တချို့ကို စမ်းသပ်သုံးစွဲတဲ့အဆင့်ရောက်နေပါပြီ…
    အဲဒီတော့ ဂီဂီရယ်…
    လုပ်ငန်းတစ်ခုအနေနဲ့ Windows8 ကို ပြောင်းဖို့ မစဉ်းစားသေးသလို…
    Software တွေအနေနဲ့လဲ Windows7 မှာ အလုံးစုံအဆင်ပြေနေသေးတော့ ကျွန်တော်ကိုယ်တိုင်လဲ မစဉ်းစားမိဘူးဗျ…
    နင့်ကို မဆဲပါဘူး…ဒါပေမယ့် တစ်ခါတစ်လေ…အရမ်းတွေးလွန်းတယ်…ဟီးဟီး

    ကြောင်ဝတုတ်
    Mandalaygazette Helpdesk
    ရန်ကုန်၊ ၂၀၁၂

  • thureinmaung

    February 15, 2012 at 10:46 am

    ကျွန်တော်တို့ရုံးက IT staff တွေရဲ့မျက်နှာကြောက တင်းသလားမမေးနဲ့
    ကိုကြောင်ဝတုတ်လိုတော့ မဖေါ်ရွေဘူးထင်တယ်၊
    တစ်ခုခုပြသနာဖြစ်လို့သူတို့ကိုအကူညီသွားတောင်းယင်လဲစကားပြောချင်သလိုလို
    မပြောချင်သလိုလိုတော်တော်အသဲယားဘို့ကောင်းတယ်။
    ဒါနဲ့မေးပါရစေ၊ IT ဆရာဝန်ဆိုတော့ user တွေမဟုတ်ကဟုတ်က link တွေကို
    IT ကအကုန်လိုက်စစ်တာဘဲလား၊ password နဲ့ဝင်ရတဲ့ site တွေ၊ ကျော်ခွကြည့်ထားတဲ့
    site တွေ password နဲ့ဝင်ရတဲ့Gmail account တွေအားလုံးကို ၊ ကိုကြောင်ဝတုတ်တို့IT ဆရာတွေက
    အကုန်ပြန်ကြည့်နိုင်သလား၊

  • FattyCat

    February 15, 2012 at 11:05 am

    သူရိန်ရေ-
    IT တွေက ကြောက်အောင်ခြောက်တတ်ပါတယ်…ကြောက်အောင်ခြောက်တာနော်…
    တခြားလိုခြောက်တာမဟုတ်ဘူး…ကိုရွှေတိုက်ဆိုးတို့ပဲ တခြားလိုမျိုးခြောက်တာ…
    Server ကနေပြီးတော့ User တွေရဲ့ Usage ကို သိနိုင်ပေမယ့်
    Password ကိုတော့ မသိနိုင်ပါဘူး…စိတ်မပူပါနဲ့ ရဲရဲသုံးပါ…
    ကော်မန့်တွေရေးမရလို့ စိတ်ညစ်နေတယ်ဗျို့…

    အန်တီပဒုမ္မာတို့၊ သဂျီးတို့ အမေးတွေကို ပြန်ဖြေပေးပါ့မယ်…

    ကြောင်ဝတုတ်

    • K@oru

      February 15, 2012 at 11:15 am

      အော် … ရယ်. ..
      မန့်မရလို့တဲ့ မန့်မယ့်မန့်တော့လည်း …
      ပလိန်းဂျီး ဖရီးကစ်တယ် တော့ …..

      😀

  • manawphyulay

    February 15, 2012 at 1:40 pm

    IT ဆိုတာ ငအရယ်လို့ သိထားခဲ့တာ ကြာပေမယ့် ဘားကမ့်ပွဲမှာ ဒီလိုငအတွေ အများကြီး ထွက်ပေါ်လာတာ အံ့မခန်းပါပဲ။ ပညာတွေ ဆက်လက်ဖြန့်ဝေသွားစေဖို့ မျှော်လင့်နေမိတယ်။

  • Rose Minn

    February 15, 2012 at 2:17 pm

    ိုကြောင်ဖက်ရေ ဗဟုသုတ အများကြီးရသွားပါကြောင်း။ စာဖတ်ပြီးမူးသွားတယ်။ ရွာက လာတာဆိုတော့အင်္ဂလိပ်စာ သိပ်နားမလည်ဘူး။ အိုင်တီတွေ ကိုတော့ကိုချင်းစာတက်သွားပါတယ်။

Leave a Reply