အစရှာမရသောစက်ဝိုင်း

yu thaw let : ကျုပ်တို့က လျှပ်လဲပြက်မပြဘူး၊
ထစ်ချုန်းသံလဲမပေးဘူး၊
မိုးအလိုလို ရွာမှသာ ရေပုံးလေး ချပေးထားတာပါ။
pay thaw let: မိုးကတော့ဘယ်အလိုလိုရွာမလဲ၊
ကျွန်တော်မှာသာ မိုးရွာတယ်ထင်ရအောင်၊
ဖားတွေကို အစာကြွေး အသံတွေပေးလို့၊
မိုးရွာအောင်လုပ်ပေးနေရတာပါဗျာ။
yu thaw let : ကျုပ်တို့က အပင်ပေါ်ကအသီး
တုတ်နဲ့ထိုးချပြီး မစားဘူး။
သူ့အလိုလိုမြေခ
ကြွေကျမှစားတာပါ၊
pay thaw let: သစ်ပင်ပေါ်ကိုတက်ခွ၊
ကြွေတယ်ထင်ရအောင်
ခြွေချပေးနေရတာပါဗျာ၊
ကျနော်တို့မှာလည်းစုတ်ပြတ်သတ်နေပါပြီ။
yu thaw let : အသာလုပ်ပါ
ရသင့်တာထက်ပိုတဲ့အခွင့်အရေး
လိုချင်ကြလို့ ကျုပ်ကိုပေးတာပါ။
သမက်လိုချင်လို့သမီးပေးဒီသဘောလေးတွေပါ၊
pay thaw let: မကြွေ မရွာ လို့ကတော့၊
မျှော်သာမျှော်ပေါ်မလာ၊
သေပြီဆရာအခါခါအော်ရုံပါဘဲ။
“အခွန့် အယေး”ဆိုတာဝေလာဝေး၊
ရသင့်တာလေးတောင် ချမပေးလို့ပါဗျာ။
“အခွန့် အယေး”နဲ့ဝေးတာကြာလို့၊
စာလုံးပေါင်းလေးများမှားရင်
ကျွန်နော်ကိုခွင့်လွှတ်ကြပါဗျာ။

အဲဒါကျနော်မေးလ်ထဲကိုရောက်လာတဲ့
စာလေးပါ။
ဘာတွေပြောနေတယ်ဆိုတာကျနော်တကယ်မသိလို့
နားလည်တယ်ဆိုရင် ကျနော်ပေါက်အောင်
ပြောပေးစေချင်ပါတယ်ဗျာ။
သူပေးထားတဲ့ခေါင်းစဉ်ကတော့
………………………………………….

6 comments

  • ဦးကြောင်ကြီး

    December 1, 2012 at 10:44 pm

    စကမရှိ
    နောက်တော့ရှိ
    ခုလည်းရှိ
    နောင်လည်းရှိ
    မရှိတရှိ
    တတိတိ
    အဟိတပည့်
    ပလိစိ…။

  • ပလိစိ ချောက်ချက်
    မောင်ကြောင်ကြီး ဖွချက်
    အယောင်ဆောင်ပြီးတော့
    ဒန်………………ဒန်……………..ဒန်

  • uncle gyi

    December 1, 2012 at 11:14 pm

    စာထဲရစောင်ကူးရယောက်ဝေမပါဖူးလား
    အပါရင်အခုကစဝေလိုက်တော့ကိုပေါက်

  • အီးကယ်ဂျန်ရေ
    ယူသောလက်နဲ့ပေးသောလက်
    လာဘ်ယူ လာဘ်ပေးကိစ္စလေးကို 2010ခုနှစ်က ရေးထားခဲ့တာလေးပါ။
    7စောင်မဟုတ်ဘူး ဒီစာက တပြည်လုံးသိအောင်ဝေရမှာ။

  • Mr. MarGa

    December 2, 2012 at 4:43 pm

    ဝေရန်အတွက် ကူးယူသွားပါကြောင်း

Leave a Reply