ချစ်သူများနေ ့အမှတ်တရ

phone_kyawFebruary 14, 20121min19215

လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က ကျနော်နဲ ့ကျနော့်ဇနီး ဒီလိုအချိန်မှာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကိုယ်ချစ်တဲ့ ချစ်သူဆီက အဖြေတောင်းလာခဲ့တာ ကြာပြီ။ သူကလည်း ဒီလိုနေ ့ကြမှ အဖြေပေးမယ်လို ့ပြောထားတော့ ရင်ခုန်စွာနဲ ့ချစ်သူများနေ ့ကို တန်ဖိုထားမိပါတယ်။

သမီးရည်းစားမဖြစ်ခင် ချစ်သူအတွက် ချစ်သူများနေ ့အမှတ်တရအဖြစ် နှင်းဆီပန်းလေး တစ်ပွင့်ပေးရင်ကောင်းမလား။ ဘာများလက်ဆောင်ပေးရင်ကောင်းမလား။ စဉ်းစားရင်းနဲ ့ရင်တွေခုန်၊ ကြည်နူးရတာကိုက အရသာတစ်ခုပဲ။

ချိန်းထားတဲ့နေ ့ရောက်တော့ ဝယ်စရာ ပိုက်ဆံမရှိလို ့အိမ်ဘေးက နှင်းဆီပန်းလေးကို ချိုးပြီး အမှတ်တရလက်ဆောင်ပေးလိုက်တယ်။ ချစ်သူလည်းပျော်၊ ကိုယ်လည်း ကြည်နှုးပေါ့ဗျာ။ ပန်းတပွင့်ကို အရင်းတည်ပြီး ချစ်လားဆိုတဲ့ အဖြေကို တောင်းပါလေတော့တယ်။

“ချစ်လားဟင်”

အင်းလဲမလုပ် အဲလည်းမလုပ်နဲ ့။ ခေါင်းတော့ငြိမ်ြ့ပတယ်။ ဒါဆိုရင် သူမ ငါ့ကိုယ်ချစ်ပြီဆိုတာ တပ်အပ်သိပြီ။ ဒီလိုသိဖို ့အတွက် တက္ကသိုလ်တွေမှာသွားပြီး ဘက်ချလာဘွဲယူစရာလည်းမလိုဘူး။ သူများတွေကို Capacity Building လုပ်ပြီး အရည်အချင်းမြှင့်တင်တဲ့သင်တန်းတွေ တက်စရာလည်း မလိုပါဘူး။ လူကဲခတ်တက်ရင် ရတာပဲ။

ဒါနဲ ့ချစ်သူများနေ ့မှာ ကျနော်တို ့လင်မယားတွေ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

အလကားရတဲ့ ပန်းလေးကို ချစ်သူကနမ်းပြီး၊ ချစ်စကားတွေပြောရတာကိုယ်က အတော်လေးကို ပျော်ရွှင်စရာကောင်းတယ်။ ယနေ ့ကာလလို ဝန်ကြီး ဦးအောင်မင်းနဲ ့ချစ်စကားတွေပြောတာထက်ပိုပြီး ပျော်ရွှင်စရာကောင်းတယ်လို ့ပြောချင်ပါတယ်။

ပန်းလေးတပွင့်ဟာ အတော်လေးကို တန်ဖိုးရှိပါလား။

ဒါ့ကြောင့် ကျနော်တို ့လင်မယားတွေ ချစ်သူများနေ ့ကို အင်မတန်တန်ဖိုးထားပါတယ်။ နှစ်တိုင်းနီးပါး ချစ်သူများနေ ့မှာ တစ်ယောက်အတွက် တစ်ယောက် အမှတ်တရပစ္စည်းတခုခုဝယ်ပေးနေကြပါ။

သားကြီးကိုမွေးတုန်းက မိန်းမကို နောက်ဆုံးပေါ်တီဗွီတစ်လုံးနဲ ့ဈေးအပေါစား စိန်လက်စွပ်တစ်ကွင်းဝယ်ပေးပါတယ်။ ကျနော့်ချစ်သူခင်ဗျာ အရမ်းကိုပျော်ရွှင်နေရှာတယ်။ ဒါကို ကြည့်ပြီး ကျနော်ပီတိတွေဖြစ်လိုက်ရတာ။ အရမ်းပျော်လိုက်ရတာ မမေးပါနဲ ့။ ဘယ်လောက်ပျော်လည်းဆိုရင် သမ္မတကြီး ဦးသိန်းစိန် မြစ်ဆုံဆည်ကို ဆက်ပြီးမလုပ်တော့ပါဘူးလို ့ပြောတဲ့နေ ့ထက်ပိုပြီး ပျော်ပါတယ်။

ဒီလိုနဲ ့သုံးလေးနှစ်ကြာတော့ သမီးလေး နောက်တစ်ယောက် ရလာပါတယ်။ ချစ်သူများနေ ့ရောက်တိုင်း သမီးလေးကော ချစ်ဇနီးအတွက်ကော အမှတ်တရ ပစ္စည်းလေးဝယ်ပေးဖြစ်တယ်။ ဒီနှစ်တော့ နောက်ဆုံးပေါ်တယ်လီဖုန်းလေးတစ်လုံးပေါ့။ အိုင်ဖုန်းလို ့ခေါ်ပါတယ်။

“မောင့်ကို…မ..ချစ်လိုက်တာ အရမ်းပဲ”

“မောင်တို ့ချစ်သူများနေ ့မှာ အချစ်တွေရခဲ့ကြတာပဲဆိုတော့ ဒီနေ ့ကို ဘယ်လို မေ့နိုင်မှာလဲ…မ…ရယ်”

နောက်ဆုံးသမီးလေးတစ်ယောက်မွေးပြီး ယနေ ့လို ၂၀၁၂-လည်းရောက်ရော ကျနော်တို ့လင်မယားဖြစ်တဲ့သက်တမ်း ၁၀-နှစ်နီးပါးရှိနေပါပြီ။

ဒီနှစ်ချစ်သူများနေ ့မှာတော့ မိန်းမက မိုးမလင်းခင်ကတည်းက ကျနော့်ကိုမေးပါတယ်။

“ဒီနေ ့….နင်…ငါ့ကို ဘာပေးမှာလဲ”

ကျနော်က-

“နင့်လင်က သူဌေးမို ့လို နင် ဒီလိုစကားပြောနေတာလား”

 

15 comments

  • kai

    February 14, 2012 at 3:59 pm

    ဝယ်ပေးလိုက်ပါဗျ..

    အင်း… သူများသာပြောရတာ…
    ကျုပ်လေဒီကတော့.. မေးတောင်မမေးဘူး…။
    ကံကောင်းလေစွ…။ 🙂

  • စိန်ပေါက်ပေါက်

    February 14, 2012 at 4:12 pm

    မှတ်သားလောက်ပါပေ့

  • aungnng87

    February 14, 2012 at 4:19 pm

    ခုချိန်ကျတော့မှ ဖျာလိုနင်းပြီး ခင်းအိပ်ချင်နေပြီမို့လားကိုဘုန်းကျော်….

  • kyeemite

    February 14, 2012 at 4:21 pm

    စာရေးကောင်းသားဘဲဗျ..
    ဒီနှစ်ချစ်သူများနေ ့မှာတော့ မိန်းမက မိုးမလင်းခင်ကတည်းက ကျနော့်ကိုမေးပါတယ်။

    “ဒီနေ ့….နင်…ငါ့ကို ဘာပေးမှာလဲ”

    ကျနော်က-

    “နင့်လင်က သူဌေးမို ့လို နင် ဒီလိုစကားပြောနေတာလား”

    အဲဒီအဆုံးသတ်ကလေး ကတော့ ထိတယ်ဗျာ…ဘဝဆန်သွားတာကိုပြတာပေါ့..ပြုံးလဲပြုံးမိပါရဲ့..
    စိတ်ကူးယဉ်ရမဲ့အရွယ်တွေ လွန်ကြပီဘဲလေ…
    အားပေးသွားပါတယ်..

  • blackchaw

    February 14, 2012 at 4:25 pm

    အေးလေ။
    ခင်ဗျားမိန်းမ ခင်ဗျားမကြင်နာတာ
    ကျွန်တော်တို့က စိ်တ်မကောင်းဖြစ်ရုံအပြင်
    ဘာတတ်နိုင်မှာလဲ….။ 😆

  • E.T

    February 14, 2012 at 4:33 pm

    မှတ်သားကြ ဂေးဂိုဏ်းသားအပေါင်းတို ့ သက်တမ်း ၁ဝ နှစ်ဆို အဲဒီလိုဖြစ်တတ်ကြတယ် 😛

  • amatmin

    February 14, 2012 at 4:34 pm

    စည်ပင်မှာအမှိူက်ကောက်တဲ့ ကျုပ်ရည်းစား ကိုလည်း အိုင်ဖုန်းလက်ဆောင်ပေးဖို့ပြောရမယ်..
    နောက်ဆုံးပေါ် အိုင်ဖုန်းနဲ့ အခုထုတ်မဲ့ နောက်ဆုံးအော် ၅၀၀ဝ တန်ဆင်းကဒ်..Yoh! ကွက်တိ 😛

  • koyinmaung

    February 14, 2012 at 5:41 pm

    ဒီနှစ်ချစ်သူများနေ ့မှာတော့ မိန်းမက မိုးမလင်းခင်ကတည်းက ကျနော့်ကိုမေးပါတယ်။
    “ဒီနေ ့….နင်…ငါ့ကို ဘာပေးမှာလဲ”
    ကျနော်က-
    “နင့်လင်က သူဌေးမို ့လို နင် ဒီလိုစကားပြောနေတာလား”

    ထိုသို့ ကိုဘုန်းကျော်ကပြောလိုက်သောအခါ
    ကိုဘုန်းကျော်ဇနီးကအသင့်ယူလာသောငရုတ်ကျည်ပွေ့ကြီးဖြင့်
    ငယ်ထိပ်ကိုအနမ်းများစွာပေးလိုက်လေသတည်း…the end

  • windtalker

    February 14, 2012 at 8:15 pm

    နင့် လင် က အခု လက်ကြောတင်းနေပြီ လို ့
    မပြောလိုက်ဘူးလား

    • htoosan

      February 15, 2012 at 9:35 am

      ကိုုပေ မှားပြီ. နင့်လင်က လက်ကြောမတင်းတော့တာလေ … သူလည်း စာရေးနေတယ်လေ…. 😀 😀

  • ဓားမကြီးပဲ့ပဲ့ အချိန်ကို ကျော်သွားလို့ …… ခီများ ဒီလိုကြောတာ မီဟုတ်လား … 😀 😀
    “နင့်လင်က သူဌေးမို ့လို နင် ဒီလိုစကားပြောနေတာလား”

  • Khin Latt

    February 14, 2012 at 8:50 pm

    လက်မ ထောင်သွားပါတယ် ကိုဘုန်းကျော်ရေ။
    ခလေး ၃ယောက် နဲ့ ဆိုတာ တော်ရုံသတ္တိ မဟုတ်ဘူး။
    မညည်းမညူ စောင့်ရှောက် နိုင် တဲ့ ခလေးတို့ အမေ ကို လေးစားချီးကျူးပါရဲ့။
    ဒါဟာ သူ့ အတွက် Valentine’s Day စကား လက်ဆောင်ပါ။
    မိသားစုလေး ဒါထက် ပိုမို ရွှင်လန်း ပါစေ။ တိုးတက်အောင်မြင်ပါစေ။
    Happy Valentine’s Day !!!

  • Shwe Tike Soe

    February 15, 2012 at 10:12 am

    အလကားရတဲ့ အနမ်းတွေပေးပလိုက်ပေါ့ ကိုဘုန်းကျော်ရယ် ကဲဟာ ကဲဟာ ကဲဟာ နဲ… ဟဟဟ 😀

  • shwe pont

    February 15, 2012 at 1:16 pm

    ကိုရွှေတိုက်စိုးတို ့ကတော့ ပိုက်ဆံမကုန်တဲ့နည်းချည်းဘဲသုံးပြီး အုပ်ထိန်းသူဆီက အမှတ်တွေယူလာတာ ထင်တယ်။ 😛 ။ အမှန်ကတော့ မိန်းမတွေဟာကိုယ့်ချစ်သူဆီက လက်ဆောင်ပစ္စည်းထက် ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းဆီက စိတ်ရင်းမှန်နဲ ့ကြင်နာယုယမှုကိုရတာကို အမျှော်လင့်ဆုံးနဲ ့၊ အပျော်ဆုံးဖြစ်မယ်ထင်တယ် (မိန်းမချစ်ဆေးပေးတယ်သဘောထားပေါ့)

  • cobra

    February 15, 2012 at 1:48 pm

    ဟာသပဲဗျာ………
    ကျွန်တော်ကကိုတောမေးမယ့်သူလည်းမရှိဘူး။
    အပြင်သွားစရာ အတွဲလည်းမရှိဘူး။
    တွဲချင်ရင်တော့ ကြိုးခုန်မှပဲရတော့မယ်။

Leave a Reply