ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်မံအပိတ်ခံရ

ကိုပါႀကီးFebruary 14, 20121min756
နိုင်ငံတော် သံဃာ့မဟာနာယကမှ ဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်။
(http://www.thithtoolwin.com/2012/02/blog-post_3631.html)
ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ်သွားခဲ့ရသည်။

ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများအတွင် ထည့်သွင်းဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင်ခံရပြီးဖြစ်သည်။

ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ‘ဆိုဆုံးမ၍ မရသူ’အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း ရွှေညဝါ ဆရာတော်က မဇ္ဈိမကို ဆက်လက်မိန့်ကြားသည်။

ဆရာတော်သည် ပထမတနှစ် တရားပွဲ ပိတ်ပင်ခံနေရစဉ် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်း မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲကာ သံဃာ့ဆိုဆုံးမှုမကို မနာခံသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန်လည်း မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် ဆရာတော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် သာဓုကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးရန် လက်မှတ်ထိုးထားရပြီး ‘ဆိုဆုံးမ၍ မရသူ’ဟု သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ “ဝန်ခံကတိ လက်မှတ် လည်း ထိုးခဲ့တယ်။ အဲဒီအတိုင်းအတာအထိ လုပ်ပေးခဲ့ပြီးပြီ။ နောက်ထပ်ဘာများ လုပ်ပေးရဦးမှာလဲ။ နောက်ထပ် ဘာလုပ်ပေးမှ အဲဒီ စကားလုံး အသုံးအနှုန်းက ပျက်ပြယ်မှာလဲ။ စဉ်းစားလို့မရအောင် ဖြစ်နေပါတယ်။ ” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဖေဖေါ်ဝါရီလ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ဒါယိကာ၊ ဒါယကာမများကို နှုတ်ဆက်သည့်အနေဖြင့် ဆွမ်းခံထွက်မည်ဟုလည်း သိရသည်။

သာဓု ကျောင်းတိုက်မှ ထွက်ရမည်နှင့် ပတ်သက်၍ ဆရာတော်က “၁၉ ရက်နေ့ကျတော့ အချိန်တန်ရင် ကျုပ်ထွက်သွားမှာပါ။ လွမ်းစရာမရှိပါဘူးဗျာ။ လောကကြီးမှာ ပြီးရင် အားလုံးက ထားခဲ့ရမှာပါ” ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။
ချင်းမိုင် (မဇ္ဈိမ) ။        ။

6 comments

  • maungpeace

    February 14, 2012 at 5:09 pm

    ရွှေညဝါဆရာတော်ကို “ဆိုဆုံးမ၍ မရသူ” အဖြစ် သတ်မှတ်မည်ဆိုလျှင်
    သတ်မှတ်သူ မဟနဘုန်းကြီးများကို ” အာဏာရှင် ဘုန်းကြီးများ “ဟု သတ်မှတ်ရမလိုဖြစ်နေသည်။
    ဒီမိုကရေစီသို့ ဦးတည်နေတဲ့ခေတ်မှာ အာဏာရှင်တွေဆိုတာ သမိုင်းမှာ ကျန်ခဲ့ပါပြီ။
    ဒါပေမယ့် ဗမာပြည်မှာတော့ သမိုင်းလက်ကျန် ဘာသာရေးအာဏာရှင်တွေ ရှိနေသေးတယ်ဆိုတော့ အာဏာရှင်စံနစ်ကို ရွံမုန်းတဲ့ ပြည်သူတွေရဲ့ တာဝန်ပဲကျန်ပါတော့တယ်။
    အာဏာရှင်တွေ ဆိတ်သုဉ်းမှ လောကငြိမ်းချမ်းမှာပါ။

  • “ဘီလူးကြီး”ogre

    February 14, 2012 at 8:09 pm

    ဆုံးမတယ်ဆိုတာ
    ဆုံမနိုင်လောက်တဲ့ ဂုဏ်ဝါသမာသမတ်ရှိပါမှ
    အဆုံးမခံရသူက နာခံမှာပေါ့
    ဆုံးမတာ မနာခံဘူးဆိုတော့ မဟနက ဆရာတော်များမှာ
    ဆုံးမနိုင်လောက်တဲ့ သမာသမတ်မရှိတာကြောင်ြ့ဖစ်မယ်

  • abc mgmg

    February 14, 2012 at 9:28 pm

    Actually , Should ban forever.

  • abc mgmg

    February 14, 2012 at 9:32 pm

    At first , I also thinking that MAHANA is not fair. But, I became understand why after listening what this monk says to public. Actually , should ban forever.

  • abc mgmg

    February 14, 2012 at 9:38 pm

    Why why why why ???? Just showing comments what u need?

  • Foreign Resident

    February 14, 2012 at 9:47 pm

    ” ဆုံးမတာ မနာခံဘူးဆိုတော့ မဟန က ဆရာတော်များမှာ
    ဆုံးမနိုင်လောက်တဲ့ သမာသမတ်မရှိတာကြောင့်ဖြစ်မယ် ”

    Agree.
    အသက်ထက်ဆုံး
    နိုင်ငံတော် သံဃာ့မဟာနာယက မှ ဆရာတော် တွေကို
    မကိုးကွယ် မဆည်းကပ်တော့ပါဘူး ။

    တိုင်းပြည် နှင့် ပြည်သူကကျွေးတဲ့ ဆွမ်းတော့စားနေပြီး ။
    တိုင်းပြည် နှင့် ပြည်သူ ကောင်းအောင်တော့ ကိုယ်တိုင်လည်း လုပ်မပေး ။
    တိုင်းပြည် နှင့် ပြည်သူ ကောင်းအောင် လုပ်ပေးနေတဲ့
    ဆရာတော်တွေကိုကျတော့ လိုက်နှောက်ယှက်နေတယ် ။
    တော်တော် ကျေးဇူးကန်းတဲ့ မဟန တွေ ။

    နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို ဖျက်သိမ်းသင့်နေပြီ ။

Leave a Reply