ရှူခင်းလေးများပုံ (၃) (လှပသော ဆိပ်ကမ်းပုံ)

koaungFebruary 14, 20123min25715

ဒီတခါတော့ ထိုင်ဝမ်နိုင်ငံရဲ့ ထိုင်ပေမြို့အနီးမှာရှိတဲ့ ဆိပ်ကမ်းအလှကိုမိတ်ဆက်ပေးချင်ပါတယ်ခင်ဗျား ထိုင်ပေမြို့မှကီလို၆ဝခန့်ဝေးပြီး
တန့်ဆွေ ဆိုတဲ့မြို့အနိးမှာရှိပါတယ် တိုးရစ်များရောက်အောင်သွားကြတဲ့နေရာဖြစ်ပါကြောင်း ထိုင်ပေမြို့ရဲ့အလှပဆုံးနေရာတခုဖြစ်ပါကြောင်း

ဒါကတော့အဝင်ဝဖြစ်ပါတယ် မြင်ရတဲ့တိုင်ကြီးကအမြင့်ကိုတက်နိုင်ပြီး ပင်လယ်အလှကိုအမြင့်တနေရာကနေခံစားနိုင်ပါတယ်(တယောက်ကို $ငါး ဒေါ်လှဖြစ်ပါတယ်ခင်ဗျာ

 

ဒါကတော့ ပင်လယ်နဲ့အနီဆုံး၅စတားဟော်တယ်ပါဗျာ  ဝါသနာပါရင်ညအိပ်လို့ရပါတယ်ဗျာ

 

ဟော်တယ်ကိုအဝေးကနေရိုက်ထားတာပါ

 

အဝင်ဝကိုပြန်ရိုက်ထားတာပါ မြင်မိတဲ့ရှူ့ခင်းလေးကလှလို့မျှဝေပါ၏(နတ်လူသာဓုခေါ်စေသော်) နောက်တာပါဗျိုး

 

အစားအသောက်ရောင်းသောဈေးတမ်းကလေး(အပေါ်ထပ်ကပင်လယ်ရှူခင်းကြည့်လို့ရပြီး အောက်ထပ်ကဈေးတန်းလေးလုဎ်ထားတာ)

 

တံတားလေးရဲ့ဟိုတဖက်ကိုကြည့်မိခြင်း

 

လာခဲ့သောလမ်းအတိုင်း ပြန်လှည့်ကြည့်မိသောအခါ ဒီလိုမြင်ရပါတယ်

 

တံတားလေးပေါ်ကနေပြန်ရိုက်ထားတာပါ

 

ကျနော်နှစ်သက်မိသော မြင်ကွင်းလေးတခုပါ

 

ဟော်တယ်အရှေ့ကရေပန်းရုပ်ထုကလေးပါ

 

ဒါကတော့ဘေးတိုက်မြင်နေရတဲ့ကျွန်းကလေးပါ ဘာလီမြို့ကလေးတည်ရှိတဲ့ကျွန်းကလေးပါ

 

ဒီရက်ပိုင်းမှာ တလကျော်ကျော်မိုးအဆက်မပြတ်ရွာတာဖြစ်လို့ မြင်ကွင်းများပြတ်သားမှုမရှိတာကိုခွင့်လွှတ်နားလည်ပေးကြပါ
ဆရာနိုဇိုမိရေ  ဆရာ့လိုပိုစ ကိုသပ်သပ်ရပ်ရပ်တင်နိုင်အောင်ကြိုးစားနေပါကြောင်း ရွာသူရွာသားများအားအစဉ်လေးစားလျှက်
သည်းခံအားပေးကြပါ    မောင်အောင်

15 comments

  • windtalker

    February 14, 2012 at 7:46 pm

    နတ်လူ သာဓု ခေါ်တာ မခေါ်တာ နောက်ထားလို ့
    ကျုပ် ကတော့ “ကောင်းလေစွ” လို ့ ပြောသွားတယ်နော ။

  • blackchaw

    February 15, 2012 at 9:48 am

    ကိုအောင်ရေ။
    ရှုခင်းလေးတွေက လှလိုက်တာဗျာ။
    ရောက်ဖူးချင်တယ်ဗျို့။
    လက်မလေးတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်။

  • kanjosan

    February 15, 2012 at 10:11 am

    ထိုင်ဝမ်ကလည်း တော်တော်ကျယ်တာဘဲ… မြို့ပေါင်းဘယ်နှစ်မြို့ရှိလဲ… အရင်ကထင်တာက စင်ကာပူလိုမျိုး မြို့လေးတစ်ခုလောက်သာ ရှိတဲ့နိုင်ငံလို့ထင်တာ.. ဘယ်နေရာတွေ လည်စရာရှိသေးလဲ…

  • စိန်ပေါက်ပေါက်

    February 15, 2012 at 10:14 am

    နတ်လူ သာဓု ခေါ်တာ မခေါ်တာ နောက်ထားလို ့
    ကျုပ်ကတော့ အဲလေ…..သများကတော့ “ဗဲဒီးဂွတ်” လို ့ပြောသွားတယ်နော။
    (အပေါ်ဆုံးက အဒေါ်ကြီးပြောသလိုပဲ ပြောလိုက်တယ်)

  • K@oru

    February 15, 2012 at 10:28 am

    ဟော်တယ်အရှေ့ကရေပန်းရုပ်ထုကလေးပါ

    အဲ့ဒါလေးကို အလွန်ကြိုက်ပါကြောင်း…

    ခင်တဲ့
    ဂီ

  • koaung

    February 15, 2012 at 12:46 pm

    ကိုပေရေ့ မန်းသူမန်းသားများရဲ့ သဘာဝရှူခင်းများနဲ့စိတ်နေစိတ်ထားများကို နှစ်သက်သလိုလေးစားတန်ဘိုးထားပါကြောင်း (ကိုပေ့ဓတ်ပုံများကိုလဲအားပေးကြည့်ရှူရန်စောင့်ဆိုင်းနေပါကြောင်း)
    ကိုကိုချော ရေ သည်းခံအားပေးတာကျေးဇူးပါ ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာလေးတွေတွေ့ရင်မြင်ရင် ရွာသူရွာသားတွေကိုသတိတရဖြစ်နေတတ်ပါတယ် (အခုမှအားလို့ကင်မရာကိုင်နိုင်တာပါဗျာ)
    kanjosan ခင်ဗျား ထိုင်ဝမ်ဟာ တော်တော်လေးကိုသေးပေမဲ့ မြို့တည်ဆောက်ပုံနဲ့ နိုင်ငံတိုးတက်မှု သူ့အဆင့်နဲ့သူရှိပါတယ်ဗျာ သူတို့ကတိုးရစ်တွေအတွက်အဓိကထားစဉ်းစားလုဎ်ဆောင်ထားလို့ မြို့တိုင်းမှာလည်ချင်စရာတွေချည်းပါပဲ မြင်သင့်၊လေ့လာသင့်တဲ့နေရာများကို အလျှင်းသင့်သလိုတင်ပေးပါ့မယ် ခင်ဗျား
    စိန်ပေါက်ပေါက် များရေနင်ကဒေါ့ခုကားစီးဘို့ခက်ပြီပေါ့(ခင်လို့နောက်တာနော်)\
    K@oru ညီလေးဂီရေကျေးဇူးပါ ရွာသူရွာသားများအားအစဉ်လေးစားလျှက် (ဆရာချောရေ ပြုတဲ့ဒါနကိုသာဓူခေါ်သလို မင်ဂလာအခန်းအနား ၁၃နှစ်မှနောက်နှစ်ပေါင်း၁၀ဝကျော်ပါစေဗျား) ခင်မင်လျှက်
    မောင်အောင်

  • manawphyulay

    February 15, 2012 at 1:28 pm

    ကြည့်နေရင်းနဲ့ကို ဝန်းကျင်တစ်ခုကို ရောက်ရှိသွားသလို ခံစားရမိပါတယ်။ ခရီးစရိတ်လမ်းစရိတ်မကုန်ပဲနဲ့ ရှုခင်းနေရာဝန်းကျင်အသစ်ကို ရောက်ရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  • jujuma

    February 15, 2012 at 3:10 pm

    ရှုခင်းလေးတွေက အရမ်းကို လှတယ်နော်…
    ရှှဲရှဲ..

  • koaung

    February 17, 2012 at 3:47 am

    manawphyulay ၊jujuma၊kyeemite
    ကျေးဇူးပါဗျာ အခုလိုသည်းခံအားပေးတာကို 😀

  • Khin Latt

    February 17, 2012 at 5:00 am

    ကိုအောင်ရေ –
    ပုံလေးတွေ ကြည့်ရတာ မနောပြောသလိုဘဲ ကိုယ်လဲအလည်ရောက်သလို ခံစားရပါတယ်။
    အပေါ်က တိုင်ထိပ် ကြီးပေါ်ကို မတက်ခဲ့ဘူးလား။
    အောက်ဆုံးက ဘာလီကျွန်း ဆိုတာ အင်ဒိုနီးရှားက ဘာလီကျွန်းနဲ့ မဆိုင်ဘူး ထင်ပါရဲ့။
    ပထဝီ ဒီလောက်ကျွမ်းတာ။ 😀

  • koaung

    February 17, 2012 at 2:29 pm

    Khin Latt အစ်မလတ်ရေ အင်ဒိုနီးရှားနိုင်ငံ ကဘာလီကျွန်းနဲ့ပထဝီအနေအထား မတူပါဘူးဗျာ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့အနီးကကျွန်းကလေးပါ သည်းခံအားပေးခြင်းအားကျေးဇူးတင်ရှိပါကြောင်း ;D
    but i know u just only kidding me 😀

  • koaung

    February 17, 2012 at 7:23 pm

    အစ်မလတ်ရေ ရာသီဥတုကမကောင်းပြတ်သားစွာဘာမှမမြင်ရလို့ အပေါ်အထိမသွားတာပါ(ကျန်ခဲ့လို့)

  • ထိုင်ဝမ်ဟာ တော်တော်လေးကိုသေးပေမဲ့ မြို့တည်ဆောက်ပုံနဲ့ နိုင်ငံတိုးတက်မှု သူ့အဆင့်နဲ့သူရှိပါတယ်ဗျာ သူတို့ကတိုးရစ်တွေအတွက်အဓိကထားစဉ်းစားလုဎ်ဆောင်ထားလို့ မြို့တိုင်းမှာလည်ချင်စရာတွေချည်းပါပဲ
    မြင်သင့်၊လေ့လာသင့်တဲ့နေရာများကို အလျှင်းသင့်သလိုတင်ပေးပါ့မယ် ခင်ဗျား။
    ကိုအောင်ပြောသလိုပါဘဲ မြင်ရရုံနဲ ့တင်အားကျမိတယ်။အမိနိုင်ငံတော်မှာလဲ ဖြစ်သင့်ရဲ့နဲ ့ကြာခဲ့ပီ။
    တော်တော်လေးနောက်ကျနေခဲ့ပီဘဲဗျာ။

  • ရောင်နီ ဦး

    February 18, 2012 at 10:47 am

    ကိုအောင်ရေ….အရမ်းမိုက်တယ်ဗျာ။အားပေးနေပါ့မယ်။ကိုယ်ကိုတိုင်ရောက်သွားသလိုပဲ။ကျေးဇူးနော်

Leave a Reply