“ဟူး–ချစ်သူများနေ့မှာ ငါတစ်ယောက်ထဲအထီးကျန်စွာဖြတ်သန်းရတော့မှာလား” ဒါက ချစ်သူများနေ့မတိုင်ခင်ဖေ့ဘွတ်ထဲမှာ တွေ့မြင်ရတဲ့ စာသားလေးပါ အခုလိုစာသားလေးတွေကို စာဖတ်သူတော်တော်များများလည်း အခုတလောတွေ့ဖူးမှာတော့

သေချာပါတယ် ဘယ်သူတွေအများဆုံးတင်ကြသလဲ ကျနော်တို့လို လူငယ်လေးတွေပါပဲ အထူးသဖြင့် မြို့ပြလူငယ်တွေပါ မြို့ပြပေါ်ကလူငယ်တွေပဲ ဒီအနောက်တိုင်းယဉ်ကျေးမှုနဲ့ ယဉ်ပါးနေတာပါ ကျနော်တို့ တောနယ်ကလူငယ်တွေကတော့

သိတောင်မသိကြပါဘူး သိရင်တောင် ၁၀ ယောက်မှာ ၁ယောက်လောက်ပဲသိမှာပါ အဲဒီသိတဲ့သူတောင် မြို့ပြကိုရောက်ဖူး

လို့ပဲဖြစ်မှာပါ ကျနော်ကိုယ်တိုင်လည်း ၉တန်းနှစ်၇ွာမှာကျောင်းတက်နေတုန်းကတောင် ဒီဖေဖော်ဝါရီ ၁၄ ရက်ချစ်သူများနေ့ကိုမသိသေးပါဘူး ၁၀တန်းနှစ်ရန်ကုန်ပြောင်းလာမှ သိရတာပါ  ကျနော်တို့နယ်ဘက်မှာတော့ ချစ်သူများနေ့မပြောနဲ့ လတွေနှစ်တွေကိုတောင် မြန်မာခုနှစ်မြန်မာလတွေနဲ့တွေပဲ သုံးကြတာပါ။ခေတ်မမှီဘူးလို့ပြောလည်းရပါတယ် ကျနော့်ကိုယ်တွေ့ ပြီးခဲ့တဲ့လက ကျနော့်ညီလေး ၇ တန်းကျောင်းသားလေးကို ကျနော်ဖုန်းဆက်တော့ ဘောင်ဘီရှည်ဝယ်ပေးဖို့ လှမ်းမှာပါတယ် အစ်ကိုတောင်လမကုန်သေးလို့ ချွေတာသုံးနေရတာ ခဏစောင့်ဝယ်ပေးလိုက်မယ်ဆိုတော့ အခုတောင် တပိုတွဲလဆန်း 3 ရက်ရောက်နေပါပြီအစ်ကိုရာ ဆိုပြီးပြန်ပြောတာ  ကျနော်ဘာမှဆက်မပြောပဲ ဖုန်းထဲကနေ ပြုံးနေမိပါတယ် အဲဒီညနေမှာပဲ ကျနော်အင်တာနက်ဆိုင်ရောက်သွားပါသေးတယ် တိုက်ဆိုင်မှုလို့ပြောရမလားပဲ

ကျနော့်ညီအရွယ် ညီငယ်လေးနဲ့သူမိခင်လို့ထင်ရတဲ့ အန်တီဟာ နိုင်ငံခြားဖုန်းပြောနေပါတယ် ကောင်လေးက ဖုန်းထဲကနေ အစ်ကိုငါ့အတွက်  iphone ၀ယ်ပေးလိုက်အုံးဆိုပြီးမှာနေတဲ့ အသုံးကြားတော့ ကျနော့်စိတ်ထဲမှာ တောနဲ့မြို့ရဲ့ ကွာခြားချက်ကိုမြင်ယောင်ရင် နည်းပညာနဲ့ပတ်သတ်ရင် ဗဟုသုတနဲ့ပတ်သတ်ရင် နောက်ကျနေတဲ့ ကျနော်တို့လို တောကလူငယ်တွေနဲ့ ကျနော့်ညီလေးအတွက် စိတ်မကောင်းဖြစ်မိသွားတာတော့အမှန်ပါပဲ အဲဒီစိတ်မကောင်း ဖြစ်မိတာလေးကို အခုဖေ့ဘွတ်ပေါ်မှာ တွေ့ရတဲ့ ချစ်သူများနေ့ စာသားလေးကို ပြန်ပြီး ဖြေသိမ့်စေပါတယ် ဘာကြောင့်လည်းဆိုတော့ မြို့ပြလူငယ်တော်တော်များများဟာ ချစ်သူများနေ့အတွက် ဖေဖော်ဝါရီ လဆန်းကတဲက ကြိုတင်စီစဉ်စိတ်ကူးယဉ်နေချိန်မှာ ကျနော်တို့ ကျေးရွာခုနှစ်ရွာအုပ်ကမှာတော့ တပေါင်းလပြည့် ဘုရားပွဲဖြစ်မြောက်ရေးအတွက် တစ်ရွာဝင်တစ်ရွာထွက် ညနေနေ၀င်ချိန်မှာ ဘုရားပွဲရန်ပုံငွေအတွက် အလှူခံနေကြမှာကိုမြင်ယောင်မိလို့ပါ တိုင်းတပါးယဉ်ကျေးမှုအတွက် မြို့ပြလူငယ်တော်တော်များများအချိန်တွေကုန်နေချိန်မှာ ကျနော်တို့တောကလူငယ်တွေကတော့ ရိုးရာဘုရားပွဲတော်အတွက် အကျိုးဆောင်နေတာကိုဂုဏ်ယူမဆုံးဖြစ်မိပါတယ်

 

နောက်တစ်ခု ကျနော်ကြားသိခဲ့ရတဲ့ ဖေဖော်ဝါရီ ၁၄ ရဲ့ဖြစ်ပျက်တာလေးတွေကိုပြောချင်ပါသေးတယ် ကျနော့်သူငယ်ချင်း

တက္ကစီမောင်းတဲ့ သူနဲ့တွေ့လို့မေးကြည့်ဖြစ်တာပါ အခါတိုင်း ညလုံးပေါက် ကားဆွဲတဲ့ သူငယ်ချင်းက အစောကြီး အိမ်ပြန်လာတာတွေ့မိလို့ စပ်စုကြည့်တာပါ မင်းအစောကြီးပါလား ကားမဆွဲဘူးလားကွဆိုတော့ ဒီနေ့ အုံနာကြေးရလို့ ပြန်လာတာကွာ ထပ်မရှာတော့ဘူးလားဆိုတော့မှ မလိုတော့ဘူးကွ မနက်ဖြန်ဆို ငါကားဆွဲတဲ့ ၂ ရက်စာလောက်အသာလေးရမှာမို့တဲ့ မနက်ဖြန်မင်းကဘယ်လိုဂွင်ရထားလို့လည်း ငါ့လည်းလက်တို့ပါအုံးဆိုမှ မနက်ဖြန်ချစ်သူများနေ့လေကွာ မင်းမသိဘူးလားအညာသားရဆိုတော့ မင်းကလည်း လူကိုနှိပ်ကွက်ဖို့ပဲတတ်တယ် မနက်ဖြန်ချစ်သူများနေ့တော့ငါသိတာပေါ့ကွ မင်းပွလာတာနဲ့ချစ်သူများနေ့ဘာဆိုလို့လည်းဆိုမှ ဒီလိုကွ တောသားရ ငါအရင်နေ့တွေက တည်းခိုခန်း တွေကို ၄၀၀၀ ၀န်းကျင်နဲ့ ၁၀ခန်းလောက် ချစ်သူများနေ့အတွက် ဘွတ်ကင်လုပ်ထားတာ ချစ်သူများနေ့ရောက်ရင် ထက်ဝက်ပြန်တင်ပြီးပြန်ငှားတာ အေးအေးဆေးဆေးပဲ မပင်ပန်းပဲပိုက်ဆံများများရတာတဲ့

မင်းအဲလို ဈေးတင်တော့ငှားသေးတာပဲလားဆိုတော့ မငှားလို့မရဘူးလေကွာ ဒီလိုနေ့မျိုးက ဟော်တယ်တိုင်းတည်းခိုခန်းတိုင်းအပြည့်ကွ မူလို့မရတော့ဘူး ဒီတော့ ကိုယ်ကြိုက်သလောက်တင်ထားရတာ ပြီးရင် တည်းခိုခန်းက တာဝန်ရှိသူနဲ့ ညှိယူပေါ့ကွာ တွက်ချေကိုက်တယ်ကွတဲ့ ဒီလိုအချိန်စုံတွဲတွေကို ငွေကိုမမြင်တော့ဘူးတဲ့ ဘာတွေမြင်နေမှန်းမှမသိတာနော် ဟုတ်လည်းဟုတ်လောက်ပါတယ် ကျနော်တို့ဆယ်တန်းနှစ်က ရန်ကုန်က သူငယ်ချင်း ငနောက်တွေနဲ့ အင်းလျားကန်ပေါ်သွားပြီး ခုံတွေပေါ် တစ်ခုံတစ်ယောက်အိပ်နေတာ စုံတွဲတွေလာတော့ တစ်ခုံ ၅၀၀ လောက် ၃၀၀ လောက်နဲ့ပြန်ပြီး မုန့်ဖိုးသဘောမျိုးတောင်းတာတောင် သတိရမိတယ် အတွဲလေးတွေများ အတူတကွ အေးအေးဆေးဆေး ထိုင်ချင်ရှာတော့ ဘဲတွေက ထုတ်ပေးသဗျာ လက်တော့တယ်ဖွာတဲ့

ငနဲတွေ ဒီလိုအချိန်ကျရင် ဝေဿန္တရာတောင်ရှုံးလောက်ပါရဲ့ သူပြောတာနားထောင်ပြီး ကိုယ်တွေ့ ဆယ်တန်းတုန်းကအဖြစ်ပျက်လေးတွေးရင် ဟုတ်မှာပါလေဆိုပြီး အော် အော် ဆိုပြီးရေရွတ်နေမိတယ်ဗျာ ဒီလိုကျတော့လည်း တောနယ်လေးတွေက မိုက်တယ်ဗျ လွတ်လပ်စွာသွားလာနေထိုင်ခွင့်မရှိကြတော့ အပျက်စီးနဲတယ် အဝေးရောက်ရင်တော့ လှောင်အိမ်ထဲက ငှက်လွှတ်လိုက်သလိုတစ်ချို့တော့ဖြစ်သွားကြတယ် တစ်ဆက်တည်းတွေးမိတာ မြို့ပြက လူငယ်တွေထက် ဒီနေရာကျတော့ တောမှာလူဖြစ်တာက ပိုကောင်းနေသလားလို့ထင်မိတယ် ဘာမှရေရေရာရာ မသိတဲ့ အနောက်တိုင်းယဉ်ကျေးမှုကို တုပပြီးလိုက်လုပ်နေကြတာ ရွာထဲက ဦးဘလက်ချောရေးတဲ့ ပို့စ်ထဲကလို သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေ ရင်တမမ ဖြစ်ရမဲ့နေ့ဖြစ်နေပါပြီ ထိုနည်းတူစွာ ဆရာအတ္တကျော်ရေးတဲ့ ဆောင်းပါးထဲကလို  ချစ်သူများနေ့ကနေ အချစ်နယ်ကျွံသောနေ့    အချစ်နယ်ကျွံသောနေ့ကနေ HIV AIDS ဖြန့်ဖြူးသောနေ့လို့ အဆင့်ဆင့်ပြောင်းလဲကုန်မှာတောင် စိုးရိမ်နေရတယ်ဗျာ ဆရာအတ္တကျော်ပြောသလို ရာဇ၀င်အကြောင်း ရေရာစွာမသိပဲ ထုံးစံအတိုင်းအတုခိုးလိုက်တာ မဖြစ်သင့်တာတွေဖြစ်ကုန်တော့တာပေါ့  ဆရာ့ဆောင်းပါးထဲမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ အနောက်နိုင်ငံ စီးပွားရေးသမားတစ်ချို့ ဈေးကွက်အတွက် လှည့်ကွက်လုပ်ရာကနေ အစွဲတွေဖြစ်ကုန်တာလို့ပြောပါတယ် အခုကျနော်တို့နိုင်ငံမှာလည်း တည်းခိုခန်း ဟော်တယ်ခန်းတွေနဲ့ တက္ကစီသမားတွေရဲ့ စီးပွားရေး ၇ပေါက်လို့ ကျနော်တော့ မြင်မိတယ်ဗျာ  စုံတွဲတွေလည်း ရကြမှာပါ ဘာတွေလည်းတော့ မသိဘူး ချောကလက်တောင့်တွေလား မထင်ပါဘူး

ချစ်သူများနေ့မတိုင်ခင် မြန်မာတစ်နိုင်ငံလုံးကို သူ့ကျွန်ဘ၀ကလွတ်မြောက်အောင် အသက်ပါစတေးပြီး သွားတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ တောင်ပေါ်မြေပြန့် မခွဲခြားပဲ တိုင်းရင်းသားတွေ တသွေးတသားတည်းဖြစ်အောင် ပြည်ထောင်စုမြန်မာနိုင်ငံကြီးဖြစ်အောင်ပြုလုပ်တဲ့နေ့ ပင်လုံစာချုပ်ကိုချုပ်ဆိုတဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို မေ့ပြီး တိုင်းတပါး ယဉ်ကျေးမှု ဖေဖော်ဝါရီ ၁၄ ကိုပဲသတိတရ ပြုလုပ်နေကြတာ ကျနော်တို့ မြန်မာစကားပုံ အမေကျော်ပြီး ဒွေတော် လွမ်းဆိုတာလိုဖြစ်နေပါတယ်ဗျာ ရှက်ဖို့တောင် ကောင်းပါတယ် ရှက်တတ်ရင်ပေါ့ ၁၄ ရက်နေ့မှာ အပျော်အပါးလျှောက်မသွားပဲ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ဆိုရုံးတောင် ပိတ်ပါတယ် အဲဒီနေ့လေးမှာ မြန်မာနိုင်ငံကြီးအတွက် ဗိုလ်ချုပ်အတွက်မွေးနေ့အကြိုဆုတောင်းပေးရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲလို့ လည်းတွေးမိပါတယ်

ဟဲဟဲကျနော်တို့ ရွာသူရွာသားတွေလို အလှူအတွက်လုံးပန်းနေရင် ဘယ်လောက်ကောင်းလိုက်မလဲနော် ဒါကကြော်ငြာဝင်တာ

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ