အဘွားအိမ်က မန္တလေးမြို့ ကျုံးရဲ့ အနောက် ဘက်မှာပါ။ ကျုံးနဲ့ မျက်နှာချင်းဆိုင်ပေါ့ ။
မနက် အိပ်ယာက ထတာနဲ့ မြို့ ရိုးနောက်ခံတဲ့ နေမင်းကြီး တဖြည်းဖြည်းထွက် လာတဲ့ 
ရှူခင်းကတော့ တနေ့တမျိုး မရိုးနိုင် အောင်ဖန်းစားလွန်းလှပါတယ်။
မိုးအခါမှာ တဖွဲဖွဲနဲ့   ကျုံးေ၇ပေါ်မှာရှပ်ပြေးနေတဲ့  မိုးေ၇စက်ကလေးတွေနဲ့ 
လှပတဲ့ သက်တန့် လေးပေါ်ထွက် လာပုံတွေကို ငေးမောခံစားကြည့် ၇င်း နဲ့ 
ဟေမာန်ဆောင်းေ၇ာက် ပြန်တော့ လည်း နံနက်စောစော ၀၇န်တာမှာ စာထွက် ကျက်၇င်းနဲ့ 
လှပခန့်ညားတဲ့  မြို့ ရိုး နောက် ခံ မှာထန်းပင်လေးတွေကြားမှာ  မြူ နှင်းလေးတွေ နဲ့ အုံ့ ဆိုင်းနေတဲ
့ကျူံးရဲ့ ဖမ်းစားမှုကြောင့် စာအုပ်ကိုအသာ ဘေးချပြီး
ငေးမောကြည့် ၇င်း ကျောင်းစာတွေကို အော်ကျက်၇တဲ့ အ၇သာကို လွမ်းမိပါတယ်။
ဘယ်တော့ မှပြန်မ၇နိုင်တော့တဲ့ 
ငယ်ဘ၀တွေပေါ့ ။
နွေအခါမှာ ကျွန်မတို့ မန္တလေးမှာ အညာဆိုတော့ ပူကလည်းပူ ၊ေ၇ကလည်း ၇ှားပါးလေ့ ရှိတဲ့ အခါနဲ့ ကြုံ၇လေ့ ရှိပါတယ်။
အဲဒီအခါကျရင် ကျွန်မတို့ အိမ်မှာရှိတဲ့ေ၇ကန်တွေက
ကျူံးေ၇မှယူတာဖြစ်တာကြောင့်ေ၇ပြတ်ပြီး ကျုံးမှေ၇ကို လမ်းတဘက်မှာရှိတဲ့ 
အိမ်တွေကို သယ်ယူပြီး ကိုယ်တိုင် ဒါမှမဟုတ်ေ၇ထမ်းသမားတွေကို
အခပေးပြီး ၀ယ်ယူ သုံးစွဲ၇ပါတယ်။
ကျွန်မတို့ က အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ်
့မရှက် မကြောက်နဲ့ လမ်းကို ကူးပြီး ကိုယ်တိုင် မိမိတို့ တနိုင်ေ၇ပုံးလေးတွေယူ ပြီး
ကျူံးထဲမှေ၇ကို မိဘများကို သယ်ယူပေးကြပါတယ်။
အမှန်တော့ေ၇သယ်ချင်တာနည်းနည်း ကျုံးဘေးထိုင်ချင်တာများများ ပါ။
ေ၇ပုံးလေးတွေကို ယူပြီးလမ်းကို ကူး၊ဟိုတဘက်ကမ်းကျုံးဘေးေ၇ာက်တော့ေ၇ပုံးလေးကို ကိုင်ပြီး
ေ၇စပ်မှာရှိတဲ့ သစ်သားတံတားလေးပ်ါမှာ ထိုင်ပြီး ကျုံးလေညှင်းခံကာ
အေးမြတဲ့ လေကို အားပါးတ၇ ရှူပြီး ကျူံးနှင့် နန်းတော်မြို့ ရိုးနီနီတို့ ကို
ငေးမောကြည့် ခွင့် တို့ လည်းဝေးခဲ့ ပြီ ဖြစ်သည်။
တခါတရံတွင် ကျုံးေ၇စပ်နားတွင် ကြာပန်းေ၇ာင်စုံ နှင့် ဗေဒါပြာပြာလေးတွေ က မျောနေတတ်သေးသည်။
ကျွန်မတို့ ကလေးတသိုက်က
ကမ်းစပ်၇ှိ ထနောင်းပင်မှ ကျနေသော
သစ်ကိုင်းခြောက် ရှည် တခုကို ယူကာဗေဒါပန်းလေးတွေကို
တယောက် နှင့် တယောက် အလု အယက် ထိုးယူပြီးဆော့ ကစား၇တာ
လွတ်လပ်ပေါ့ပါးသော ငယ်ဘ၀ပါပေ။
နွေ၇ာသီ ဆို၇င်လည့်း ကျူံးကြီး က လူတွေကို အေးမြစေသည်ပင်…..။
.နေ့ လည်အပူဆုံး အချိန်များတွင် လူကြီးများက
ယပ်တောင်တချောင်းစီယူကာ ကျူံးဘေး၇ှိ ဗန်ဒါပင်အ၇ိပ်အေးအေး အောက်တွင်
ဖျာများကို ခင်း၍ လှဲလျောင်းသူက လှဲလျောင်း၊ပက်လက်ကုလားထိုင်တလုံးစီယူ၍ စာအုပ်တအုပ်နှင့် 
ကျူံးလေအေးအေးကို တ၀ကြီးရှုကာ ဇိမ်ခံသူက ခံနှင့် အတော်လေး အေးချမ်းမှု၇သကို ပေးစွမ်းနိုင်တဲ့ မန္တလေးကျုံး  ဘေး ပါ…။
ကျွန်မတို့ ကလေးတွေ ကတော့ သစ်ပင်အောက်မှာ ကာတွန်းဖတ်ကြ၊ဆော့ ကြနဲ့ ပေါ့ ..။
အခုတော့ ကျူံးကြီးလည်း ယခင်ကလို ကမ်းစပ်မှာ သစ်ပင်လေးတွေနဲ့ စိမ်းစိမ်းစိုစို
မဟုတ်တော့ ပါ။
သဘာဝ ကျုံး အလှကိုဘယ်မှာမှ့ ရှာမ၇တော့ ပါ…..။
မန်း မြို့ ကျုံးက အုတ်ရိုးကို ဘောင် ကွပ် ထားတဲ့ သပ်၇ပ်သန့် ရှင်းသော
ေ၇ကန်ကြီး အသွင် ပြောင်းသွားတာ ကြာခဲ့ ပြီပေါ့ ။
ကျုံးကြီးနဲ့ မဝေးတဲ့ နေ၇ာမှာနေထိုင်နေပေမယ့် လည်း
ဟိုစဉ်က ကျုံးကြီးနဲ့ ဝေးခဲ့ ပြီ ဖြစ်သည်။
ယခုတော့ …….
ငယ်စဉ်က သဘာဝကျုံးအလှကို တော.ဘယ်တော့ မှ ပြန်မခံစားနိုင် တော့ ပါ။
တချိန်တုန်းက ငယ်စဉ်ဘဝ
မန္တလေးကျုံးကို
ခုထိ ပြန်တွေးမိတိုင်း ………
လွမ်းဆွတ်နေမိတုန်းပါ……………
ဒီလိုနဲ့ ဘဲ………
About mandalarthu
mandalar thu has written 39 post in this Website..