လွမ်းဆွတ်မိတဲ ့ တချိန်တုန်းက ငယ်စဉ်ဘဝ မန ္တလေးကျုံး

mandalarthuFebruary 14, 20122min34921

ကျွန်မတို ့ငယ်စဉ်ကလေးဘဝတုန်းက အမေ ့ရဲ  ့အမေ အဘွားအိမ်မှာ နေထိုင်ကြီးပြင်း ခဲ ့ရသည်။

အဘွားအိမ်က မန ္တလေးမြိ ု ့ကျုံ းရဲ ့အနောက် ဘက်မှာပါ။ ကျုံးနဲ ့မျက်နှာချင်းဆိုင်ပေါ ့။

 

 

 

 

 

 

 

 

 

 

 

 

 

မနက် အိပ်ယာက ထတာနဲ ့မြို ့ရိုးနောက်ခံတဲ ့နေမင်းကြီး တဖြည်းဖြည် းထွက် လာတဲ ့

ရှူခင်းကတော ့တနေ ့တမျိုး မရိုးနိုင် အောင ်ဖန်းစားလွန်းလှပါတယ်။

နွေအခါမှာနံနက်ခင်းမှာ  နေမင်းကြီးက ရဲရဲ ရင်  ့ရင်  ့ပေါ် ထွက်လာပုံ ၊

မိုးအခါမှာ တဖွဲဖွဲနဲ ့  ကျုံးေ၇ပေါ်မှာရှပ်ပြေးနေတဲ ့ မိုးရေစက်ကလေးတွေနဲ ့

လှပတဲ ့သက်တန် ့လေးပေါ်ထွက် လာပုံတွေကို ငေးမောခံစားကြည် ့ရင်း နဲ ့

ဟေမာန်ဆောင်းရောက် ပြန်တော ့လည်း နံနက်စောစော ဝရန်တာမှာ စာထွက် ကျက်ရင်းနဲ ့

လှပခန ့်ညားတဲ ့ မြို ့ရိုး နောက် ခံ မှာထန်းပင်လေးတွေကြားမှာ  မြူ နှင်းလေးတွေ နဲ ့အုံ ့ဆိုင်းနေတဲ

့ကျူံးရဲ ့ဖမ်းစားမှုကြောင် ့စာအုပ်ကိုအသာ ဘေးချပြီး

ငေးမောကြည် ့ရင်း ကျောင်းစာတွေကို အော်ကျက်ရတဲ ့အရသာကို လွမ်းမိပါတယ်။

ဘယ်တော ့မှပြန်မရနိုင်တော့တဲ ့

ငယ်ဘဝတွေပေါ ့။

 

 

 

 

 

 

 

 

 

 

 

 

နွေအခါမှာ ကျွန်မတို ့မန ္တလေးမှာ အညာဆိုတော ့ပူကလည်းပူ ၊ရေကလည်း ရှားပါးလေ ့ရှိတဲ ့အခါနဲ ့ကြံ ုရလေ ့ရှိပါတယ်။

အဲဒီအခါကျရင် ကျွန်မတို ့အိမ်မှာရှိတဲ ့ရေကန်တွေက

ကျူံးေ၇မှယူတာဖြစ်တာကြောင ့်ရေပြတ်ပြီး ကျုံးမှေ၇ကို လမ်းတဘက်မှာရှိတဲ ့

အိမ်တွေကို သယ်ယူပြီး ကိုယ်တိုင် ဒါမှမဟုတ် ရေထမ်းသမားတွေကို

အခပေးပြီး ဝယ်ယူ သုံးစွဲရပါတယ်။

ကျွန်မတို ့က အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ်

့မရှက် မကြောက်နဲ ့လမ်းကို ကူးပြီး ကိုယ်တိုင် မိမိတို ့တနိုင်ရေပုံးလေးတွေယူ ပြီး

ကျူံးထဲမှရေကို မိဘများကို သယ်ယူပေးကြပါတယ်။

အမှန်တော ့ရေသယ်ချင်တာနည်းနည်း ကျုံးဘေးထိုင်ချင်တာများများ ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

ရေပုံးလေးတွေကို ယူပြီးလမ်းကို ကူး၊ဟိုတဘက်ကမ်းကျုံးဘေးရောက်တော ့ရေပုံးလေးကို ကိုင်ပြီး

ရေစပ်မှာရှိတဲ ့သစ်သားတံတားလေးပါ်မှာ ထိုင ်ပြီး ကျုံးလေညှင်းခံကာ

အေးမြတဲ ့လေကို အားပါးတရ ရှူပြီး ကျူံးနှင် ့နန်းတော်မြို ့ရိုးနီနီတို ့ကို

ငေးမောကြည် ့ခွင် ့တို ့လည်းဝေးခဲ ့ပြီ ဖြစ်သည်။

တခါတရံတွင် ကျုံးရေစပ်နားတွင် ကြာပန်းရောင်စုံ နှင် ့ဗေဒါပြာပြာလေးတွေ က မျောနေတတ်သေးသည်။

ကျွန်မတို ့ကလေးတသိုက်က

ကမ်းစပ်ရှိ ထနောင်းပင်မှ ကျနေသော

သစ်ကိုင်းခြောက် ရှည် တခုကို ယူကာဗေဒါပန်းလေးတွေကို

တယောက် နှင် ့တယောက် အလု အယက် ထိုးယူပြီးဆော ့ကစားရတာ

လွတ်လပ်ပေါ့ပါးသော ငယ်ဘဝပါပေ။

 

 

 

 

 

 

 

 

 

 

 

 

နွေရာသီ ဆိုရင်လည်း ့ကျူံးကြီး က လူတွေကို အေးမြစေသည်ပင်…..။

ထိုစဉ်က မန်းလေးတွင် ခါနွေဦးရဲ  ့အပူဒဏ်က နှိပ်စက်မှုကြောင် ့ထင ့်……

.နေ ့လည်အပူဆုံး အချိန်များတွင် လူကြီးများက

ယပ်တောင်တချောင်းစီယူကာ ကျူံးဘေးရှိ ဗန်ဒါပင်အရိပ်အေးအေး အောက်တွင်

ဖျာများကို ခင်း၍ လှဲလျောင်းသူက လှဲလျောင်း၊ပက်လက်ကုလားထိုင ်တလုံးစီယူ၍ စာအုပ်တအုပ်နှင် ့

ကျူံးလေအေးအေးကို တဝကြီးရှုကာ ဇိမ်ခံသူက ခံနှင် ့အတော်လေး အေးချမ်းမှုရသကို ပေးစွမ်းနိုင်တဲ ့မန ္တလေးကျုံး  ဘေး ပါ…။

ကျွန်မတို ့ကလေးတွေ ကတော ့သစ်ပင်အောက်မှာ ကာတွန်းဖတ်ကြ၊ဆော ့ကြနဲ ့ပေါ ့..။

အခုတော ့ကျူံးကြီးလည်း ယခင်ကလို ကမ်းစပ်မှာ သစ်ပင်လေးတွေနဲ ့စိမ်းစိမ်းစိုစို

မဟုတ်တော ့ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

ရေမှော်တွေ ၊ဒို်က်ပင်တွေနှင်  ့ကမ်းစပ်နားမှာ နှောက်ကျိကျိရေတွေနှင် ့

သဘာဝ ကျုံး အလှကိုဘယ်မှာမှ ့ရှာမရတော ့ပါ…..။

မန်း မြို ့ကျုံ းက အုတ်ရိုးကို ဘောင် ကွပ် ထားတဲ ့သပ်ရပ်သန် ့ရှင်းသော

ရေကန်ကြီး အသွင် ပြောင်းသွားတာ ကြာခဲ ့ပြီပေါ ့။

ဪ….ကျွန်မတု ိ့လည်း အချိန်ရဲ ့ဝါးမျိုမှ ုှုအောက်မှာ အသက်တွေကြီးရင်  ့ပြီး

ကျုံးကြီးနဲ ့မဝေးတဲ ့နေရာမှာနေထိုင်နေပေမယ် ့လည်း

ဟိုစဉ်က ကျုံးကြီးနဲ ့ဝေးခဲ ့ပြီ ဖြစ်သည်။

 

 

 

 

 

 

 

 

 

 

 

 

 

ယခုတော ့…….

ငယ်စဉ်က သဘာဝကျုူံးအလှကို တော.ဘယ်တော ့မှ ပြန်မခံစားနိုင် တော ့ပါ။

တချိန်တုန်းက ငယ်စဉ်ဘဝ

မန ္တလေးကျုံးကို

ခုထိ ပြန်တွေးမိတိုင်း ………

လွမ်းဆွတ်နေမိတုန်းပါ……………

ဒီလိုနဲ ့ဘဲ………

 

 

 

 

 

21 comments

  • water-melon

    February 15, 2012 at 8:59 am

    အခုတော့ ကျုံးတစ်ဝိုက် တရုတ်အိမ်တွေများပါကြောင်း
    အစ်မ ပုံတွေက ပန်းချီပြပွဲက ပုံတွေလား ၃၁ လမ်း ၈၄ ထောင့်ကလား
    ကျေးဇူးပါ။

    အရင်က နိုင်ငံခြားတစ်ယောက်က ပြောဘူးတယ်
    အဲဒါ ကျုံးမဟုတ်ဘူးတဲ့ ဆည်ကြီးတဲ့
    ဟုတ်လည်းဟုတ်တာဘဲ ဘေးမှာကျောက်တုံးတွေစီထားတာလေ 😀

    • mandalarthu

      February 15, 2012 at 9:04 pm

      ဟုတ်ပါတယ်…ကိုဖရဲေ၇….ခုတော ့ကျုုံးတစ်ဝိုက်မှာ ပေါက်ဖော်ကြီးတွေ
      ွရဲ ့အိမ်တွေသာများနေပါတယ်။မန်းသူစစ်စစ်ညိုပြာညက်တွေကို တွေ ့ဖိုု ့တောင် အတော်ခက်နေတယ်။ဒါပေမယ် ့…….မန်းသူမန်းသားတချို ့က ကျုုံးနားတဝိုက်မှာ ခုထိရှိဆဲဖြစ်နေလို ့သာ…..နန်းဆန်တဲ ့မန်း..ဟန်လေးတွေ …မပျောက်သေးတာပါ။
      ဟုတ်ပါတယ်။ အစ်မတင်တဲ ့ပန်းချီကားတွေအားလုံးက ..ဟိုတလောက ..၃၁လမ်း၊၈၄လမ်း ၊မန ္တလေးမှာ ပြသွားတဲ ့ပွင် ့သစ်လွင်ပြင် ပန်းချီပြပွဲက ကားတွေပါဘဲ။
      ပန်းချီကားတွေကို ကြ ည ့်ရင်း ငယ်စဉ်ဘဝက သဘာဝအလှနဲ ့မန ္တလေးကျုံးကိုသတိရပြီး လွမ်းဆွတ်မိလာတာနဲ ့စိတ်ထဲရှိတာတွေ ချရေးပြီးပန်းချီကားလေးတွေနဲ ့တွဲတင်လိုက်တာပါ။
      နောက်တကြိမ် နိုင်ငံခြားသားတွေမေးရင်…ဆည်ကြီးမဟုတ်ကြောင်း….ကျုံးကို ပြုပြင် မွမ်းမံထားတာဖြစ်ကြောင်း သေချာရှင်းပြပေးဦးနော်..။
      ကျေးဇူးပါနော်။

  • blackchaw

    February 15, 2012 at 9:13 am

    လွမ်းနိုင်သလောက်တော့
    လွမ်းပေဦးတော့
    မန္တလာသူရေ။ 😀

  • Shwe Tike Soe

    February 15, 2012 at 10:37 am

    အဟင့် မန်းလေးက ပြန်လာတာမကြာသေးဘူး မန္တလာသူက လွမ်းအောင်ထပ်လုပ်ပြန်ပြီ 🙁

  • koaung

    February 15, 2012 at 12:56 pm

    အလွမ်းဆုံးက မန်းတလေးမြို့ရိုးရယ် မန်းတလေးဖိနပ် မန်းတလေးထိုးမုန့် 😀

  • etone

    February 15, 2012 at 2:12 pm

    မန္တလေးသူ ၊ မန္တလေးသားတွေ အညွှန်းကောင်း ၊ စာရေးကောင်းတာနဲ့ …. လာလည်ချင်စိတ်တောင်ပေါက်နေပြီ …. ။
    မန္တလေးသွားဖို့ တွေးနေပါတယ် … ပြသနာက … အချိန် .. အဲ့ဒီအချိန် …. ဘယ်မှာ ရှာရမှန်း မသိတာပါပဲ … ။
    တရုတ်တန်းဘက်မှာသွားရှာလျှင်တော့ .. တွေ့ကောင်းပါရဲ့ …. ။ 😀

    • Thel Nu Aye

      February 15, 2012 at 8:41 pm

      အချိန် ကမန်းလေးမှာပေါတယ်။ အဲသွားရှာ။ တရုတ်တန်းဆိုသိပ်မစစ်ဘူး။

    • mandalarthu

      February 15, 2012 at 9:46 pm

      ိကိုဘလက်ေ၇……ကျွန်မကတော ့ကျုံးရေသောက်ပြီး ကြီးပြင်းလာတဲ ့ရွှေမန်းသူစစ်စစ်မို ့
      လွမ်းဦးမှာ……….။ဒါကြောင် ့နာမည်တောင် ပေးထားတာကြည့်လေ…..မန္တလာသူ..လေ။
      ကိုရွှေတိုက်စိုးေ၇……မန္တလာသူက လွမ်းအောင်ထပ်လုပ်နေတာ မဟုတ်ပါဘူး။
      မန ္တလေးကို တစ်ခါလာပြီးသူတိုင်းနောက်တစ်ခါ …ထပ်လာချင်လာတာ…ကျွန်မတို ့မန ္တလေးရဲ ့
      ်ထူးခြားချက်တွေကြောင် ့ပါ။မြန်မာပြည်နေရာအနှံ ့ရှာမတွေ ့နိုင်တဲ ့ကျုံးနဲ ့မြို ့ရိုး၊
      နန်းတော်နဲ ့ မန်းဆန်တဲ ့ယဉ်ကျေးမှုတွေကို
      ဒီတစ်မြို ့မှာသာ တွေ ့နိုင်တော့လို ့ပါ။
      ကိုအောင်ေ၇……အလွမ်းဆုံးလို ့မလုပ်လိုက်ပါနှင် ့ဦး…စိတ်ဆိုးနေပါဦးမယ်။
      အိတုံေ၇…………မန ္တလေးကို လာလည်ဖို ့မှန်းလိုက်တာနဲ ့ရောက်ဖြစ်မှာပါနော်…။လာလည်ဖြစ်ရင် ကြို ပြောဦးနော်…..မန်းကျုံးဘေးမှာ လေညှင်းခံ
      လမ်းလျှောက်ခေါ်သွားပေးမယ်နော်။

  • Khaing Khaing

    February 15, 2012 at 2:39 pm

    အလှမ်းမဝေးတဲ့ မန္တလေးကို သွားချင်ပါတယ်…အလုပ်ကဖက်နဲ့ ဘယ်ကိုမှမရောက်ဖြစ်ဘူး…ဓာတ်ပုံနဲ့ပဲ စိတ်အလွမ်းဖြေတော့မယ်..

  • စိန်ပေါက်ပေါက်

    February 15, 2012 at 2:46 pm

    အလွမ်းဆုံးက အိမ်ရှေ ့မင်းထန်းတောက ထန်းရည်နဲ ့ ကြွက်ကြော်ပဲ
    😆
    အကိုရေ
    အကို ့ရဲ့ မန်းလေးအပေါ်ထားတဲ့ သံယောဇဉ်ပမာဏကြီးမားကြောင်း ဒါလေးဖတ်ပြီး ပေါက်သွားပါတယ်ဗျာ
    (သဘောပေါက်ခြင်းကို ဆိုလိုသည်)

  • မြန်မာပြည်က လူတွေအတွက် အကောင်းဆုံးသောခရီးသွားဘို့အချိန်က သင်္ကြန်တွင်းပါဘဲ။
    ကျနော်လို့သင်္ကြန်တွင်းမှာအလုပ်မပိတ်တဲ့လူကလွဲရင်ပေါ့.ဒ
    မန်းလေးကျုံး ကတော့ ဓါတ်ပုံရိုက်ရိုက် ပန်းချီဆွဲဆွဲ စွဲမက်စရာ ကောင်းလှပါတယ်။

  • Rose Minn

    February 15, 2012 at 4:05 pm

    မန်းလေးကို အရင်က ခဏခဏရောက်ပါတယ်။ အခုကတော့ အချိန်ဆိုတာ etone ပြောသလို ပဲလိုက်ရှာရမယ်။ မနက်ကုသိုလ်တော်ဘုရားသွားပြီးခရေကောက်တာ။ ကိုင်းတွေမှာ တွဲလောင်း ခိုစီးတာ။ 🙂 ညဖက်လည်ရင်း ကျူံးတဝိုက် ဆိုင်ကယ်နောက်က လိုက်စီးရတဲ့ အရသာ(ဆိုင်ကယ်မမောင်းတက်ပါ) :)၊ မန်လေးတောင်ရှုခင်းကို ညဖက်ကြည့်ရတာ၊ မန်းလေး တောင်တက်လမ်း မှာဆိုင်ကယ်ဆီပျက်သွားလို့ တစ်ယောက်ဆိုင်ကယ်ထဲက တစ်ယောက်ကျွတ်ကျွတ်အိပ်နဲ့ဆီထုတ်ပြီး ထည့်ရတာ။ အပြန် ဆီမရှိလို့လှိမ့်ဆင်းခဲ့ရတာ။ လူငယ်တွေ အထိုင်များတဲ့ friend tea shop လေးကိုလွမ်းလျက်၊ ဖော်ရွေတက်တဲ့မန်းသူမန်းသား သူငယ်ချင်းတွေကို သတိရလျက်။ မန်တလာသူရေကျေးဇူးနော် ပန်းချီကားတွေလှလိုက်တာ။ နောက်တစ်ခေါက်လာချင်စိတ် အရမ်းဖြစ်သွားတယ်။

  • ်မန္တလာသူရေ ကျနော်လဲ အနောက်ကျုံးလမ်းသားဗျနော်။
    မနှင်းဆီရေ မန်းလေးရောက်ရင် ဆက်သွယ်လိုက်ပါ။
    မန်းလေးမြို့မှာ လှသောမြင်ကွင်းတွေရှိတယ်ဆိုတာကို ကြွားချင်လို့ပါ။

    • စိန်ပေါက်ပေါက်

      February 15, 2012 at 4:20 pm

      ကျနော်က အနောက်တောင် ကျုံးလမ်းသားဗျ
      မနှင်းဆီရေ..မန်းလေးရောက်ရင် ဆက်သွယ်လိုက်ပါ…
      ကျနော်လဲ လှပတဲ့မြင်ကွင်းတွေ လိုက်ပြပါရစေ

  • mandalarthu

    February 15, 2012 at 10:16 pm

    ခိုင်ေ၇…..အလှမ်းမဝေးတဲ ့မန္တလေးလို ့တောင် ဆိုထားတာဘဲနော…. အလုပ်တွေနဲ ့ဆိုပေမယ် ့..
    အားလပ်တဲ ့အချိန်ကျရင်တော ့….လှမ်းလို ့သာ ….လာခဲ ့ပါနော်။အမြဲအပြုံးနဲ ့ကြိုနေမယ့် ့မန်းလေးအေးရိပ်ကြောင် ့အမောပြေမှာပါ။
    ကိုစိန်ပေါက်ေ၇….မန်းသူမန်းသားချင်းမို ့…မပြောပြလည်း မန်းလေးကို …ဘယ်လောက်သံယောဇဉ်ကြီးကြောင်းမှန်းဆလို ့သာ ကြည် ့လိုက်ပါနော ..။အနောက် ကျုုံးလမ်း နဲ ့အနောက်တောင်ကျုံးလမ်းက နီးနီးလေးဆို တော ့………။
    ဦးပေါက်ေ၇……..မန်းလေးကျုံး ကတော့ ဓါတ်ပုံဝါသနာရှင်တွေ အတွက် အမြဲ မရိုးနိုင်တဲ ့ရှုခင်းတွေနဲ ့
    နေ ့စဉ် ဆွဲဆောင်နေတော့တာဘဲနော်….သင်္ကြန်တွင်းမှာအလုပ်မပိတ်တဲ့လူဆိုလို ့…..ရဲနဲ ့ဘီယာဆိုင်တွေဘဲ ရှိတယ်။ဦးပေါက်က …….ဘာပါလိမ့်နော်။
    မနှင်းဆီေ၇…မန ္တလေးရဲ ့အမှတ်တရလေးတွေကို သတိရလု ိ့နောက် တခါလာလည်ချင်စိတ်ပေါက်လာတယ်ဆိုလို ့ကျေးဇူးပါ။သင်္ကြန်ကျရင် လာလည်လေ။

  • unclegyi1974

    February 15, 2012 at 10:45 pm

    မန်းလေးသူမန်းလေးသားစစ်စစ်တွေကပြောကြတယ်
    မန်းလေးကျုံရေသောက်ပြီးသွားရင်မန်းလေးကိုနောက်တခေါက်မလာပဲမနေနိုင်ဖုူးတဲ့
    မန်းလေးကိုရောက်လာသူတွေကလည်းမန်းလေးကိုဂုဏ်ပြုကြတယ်
    ဖုတ်ထူခြင်ပေါမန်းတလေးတဲ့

    • mandalarthu

      February 15, 2012 at 11:10 pm

      အခုတော့လည်း မန်းလေးက ခြင်ပေါပေမယ် ့ခြင်လုံဇကာတွေ တပ်လို ့ခေတ်မှီမှီနဲ့ပါနော။
      လမ်းမကြီးနဲ ့လမ်းသွယ်လေး တွေကိုလဲ နိုင်လွန်ကတ္တရာ လမ်းမတွေခင်းလို ့……ဖုန်ထဖို ့ဝေးလို ့
      မန်းမြို ့သူပြောတာ မယုံရင်…..
      အခုရက်ပိုင်း အလည်လာကြည့်ပါဦးလို ့…အန်ကယ်ကြီးေ၇…….. ့

  • MaMa

    February 16, 2012 at 8:04 am

    မန္တလေးသူက မန္တလေးကို လွမ်းပြတော့ တောသူကလည်း တောကို လွမ်းလာပြီ။
    ဒါပေမယ့် ကံကောင်းတာက အရင်က သင်္ဘောနဲ့ တစ်ညအိပ်သွားရတဲ့ခရီးက
    ခုဆိုရင် ၁း၃၀-၂းဝဝ နာရီလောက်ပဲကြာလို့ မကြာခဏ ရောက်နိုင်နေတယ်။ 🙂

  • mandalarthu

    February 16, 2012 at 8:39 pm

    ကိုယ် ့ရဲ ့မွေးရာဇာတိကို ပိုပြီးခင်တွယ်တတ်ကြတာ လူတိုင်းမို ့မမလည်း
    ကိုယ် ့ဇာတိမြေကို ခဏခဏပြန်ခွင် ့ရတာ အတော်ကံကောင်းတာဘဲနော်။
    ၂နာရီလောက်နဲ ့ ပြန်နိုင ်တယ်ဆို တော့….
    ကျွနမကတော ့ကိုယ် ့မြို ့ကို လွမ်းမိတာဆိုတော ့
    ကိုယ့်မြို ့ကနေကို အကြာကြီးမခွာချင်ဘူး ။

  • alinsett

    February 16, 2012 at 8:45 pm

    မန္တလာသူရေ… ကျွန်တော် လည်း…မန်းမြို ့ကို မရောက် ဖူးသေးတော့ ရောက်ချင်တယ် ။

    ကျွန်တော်..မရောက် ဖူးသေးခင် အခု အစမ်းသဘောလေး..ခေါ် ဆောင်…ပေးလို ့ ကျေးဇူး ပါပဲ..ဗျ။

    မြန်မာ ပြည်သားတစ်ယောက် အနေနဲ ့မန်းမြို ့ကို မရောက် ဖူးလို ့မဖြစ်ဘူး..ဆိုတာ သိနေလို ့.. လာဖြစ်အောင် လာပါဦးမယ် ။

    ခင်မင်စွာ….

    အလင်းဆက်

    • mandalarthu

      February 16, 2012 at 9:35 pm

      ကျေးဇူးပါ အလင်းဆက်ေ၇…မန်းမြို ့ကို အစမ်းသဘောမျိုးခေါ်ဆောင်ပေးတယ်ဆိုလို ့..
      လာဖြစ်အောင် လာလည်ပါနော…။မန်းသူတွေက ခင်တတ်ပါတယ်။ သဘောလဲကောင်းကြပါတယ်။
      အော် …မေ ့သွားလို ့…ကိုပေါက်တု ိ့ကိုပေတို ့ကိုစိန်ပေါက်တု ိ့လို မန်းသားတွေက လည်းခင်တတ်ကြပါတယ်နော်။

Leave a Reply