စဉ်းစားကြစေလိုပါတယ် ( ၁၁ ) ( သူခိုး ဖြစ်ဖို့ အခွင့် အလမ်း )

Foreign ResidentFebruary 15, 20122min19718

စဉ်းစားကြစေလိုပါတယ် ( ၁၁ )

 

ဒီ Post ကတော့ ” Harumoto ” ရဲ့

ခေါင်းစဉ်မှာတင် စွဲချက် တော်တော်ပြင်းနေတဲ့

” အနုပညာသမားအရေခြုံ…. ” ဆိုတဲ့ Post လေးကို ဖတ်မိပြီး

ဆက်တွေးမိတာလေးတွေပါ ။

 

အဲဒီ ” အနုပညာသမားအရေခြုံ…. ” ဆိုတဲ့ Post နှင့် တွဲဖတ်မှ

ဇတ်ရည်လည်လိမ့်မယ် ထင်ပါတယ် ။

 

အဘတော့ သားစိုး ပြောသွားတဲ့ အထဲမှာ

သိပ်မှားတာ မပါဘူးလို့ ထင်ပါတယ် ။

လူငယ်ဆိုတော့လည်း ခံစားချက် ပြင်းတဲ့အခါ

တချို့စကားတွေက အဝင်နဲနဲကြမ်းမှာပေါ့ ။

 

ကြိုက်သည်ဖြစ်စေ မ ကြိုက်သည်ဖြစ်စေ

သားစိုး ဟာ ဂီတ Style အသစ်တစ်ခုကို စွန့်ဦးတီထွင် ခဲ့သူတစ်ဦး အဖြစ်

တနည်း အရည်အချင်း ရှိသူ လူတော် တစ်ယောက် အဖြစ် အသိအမှတ် ပြုရမှာပဲ ။

 

( အဘ အသက်အရွယ်နှင့်တော့ အဘကို သားစိုး Fans လို့ မထင်လောက်ပါဘူးနော် )

 

အဲလို အနုပညာမှာ ပါရမီရှိတဲ့ လူတော် တစ်ယောက် က

ခိုးကူး ကိစ္စတွေကြောင့်

အနုပညာ အရ အထူး အောင်မြင်ပေမယ့်

စီးပွားရေးအရ အကျိုးအမြတ် မရှိတဲ့အတွက်

အနုပညာ လောကကိုစွန့်ခွာရတော့မယ့် အကြောင်း

ပြောသွားတာပဲ ၊ ဘာမှားလို့လဲ ။

 

” ဂီတသမားတွေက ပိုက်ဆံစကားပြောတာ မဟုတ်ဘူး။

ဒါပေမဲ့ ပိုက်ဆံရှိမှ ကျွန်တော်တို့က ထမင်းစားလို့ရတာလေ။

ဂီတသမားဆိုပြီး ဘယ်သူမှ အလကားမပေးဖူးဘူး ။ “

 

မမေ့ကြပါနှင့်

ငွေ ဟာ လောကကြီးမှာ အရေးအကြီးဆုံးပါ ။

ကဏ္ဍ တစ်ခုခြင်းစီကို လိုက်ပြီး

ကဏ္ဍ တစ်ခုခြင်းစီ မှာ အရေးအကြီးဆုံးတွေ ရှိကြပါတယ် ။

 

ဥပမာ

ကျန်းမာရေး အမြင် နှင့်ကြည့်ရင်တော့ ကျန်းမာရေး က ပထမ အရေးအကြီးဆုံး ပါ ။

လက်ခံပါတယ် ။

ဒါပေမယ့်  ကျန်းမာရေး ကဏ္ဍမှာ ငွေ ဟာ ဒုတိယ အရေး အကြီးဆုံးပါ ။

 

အဲဒီလိုပါပဲ

ပညာရေး အမြင် နှင့်ကြည့်ရင်လည်း ပညာရေး က ပထမ အရေးအကြီးဆုံး ပါ ။

ဒါပေမယ့်  ပညာရေး ကဏ္ဍမှာလည်း ငွေ ဟာ ဒုတိယ အရေး အကြီးဆုံးပါ ။

 

စီးပွားရေး ကဏ္ဍ မှာဆိုရင်တော့ ရှင်းရှင်းလေးပါ ၊ ငွေ ဟာပထမ အရေးအကြီးဆုံးပေါ့ ။

 

နောက်ဆုံးမှာတော့ ၊

ကဏ္ဍ ပေါင်းစုံ ဘာသာရေး နိုင်ငံရေး နည်းပညာ လူမှုရေး ကအစ ကြည့်လိုက်ရင်

ငွေဟာ ကဏ္ဍ တစ်ခုချင်းစီရဲ့ အမြင်မှာ ပထမ အရေးအကြီးဆုံး မဟုတ်ရင်တောင်

သေချာတာကတော့ အနဲဆုံး ဒုတိယ / တတိယ အရေးအကြီးဆုံး ဖြစ်နေပါတယ် ။

 

အဲဒီတော့ ကဏ္ဍ ပေါင်းစုံ Overall Ranking ပြန်တွက်လိုက်တဲ့ အခါကြရင်

Don’t doubt about that.

” ငွေ ဟာ လောကကြီးမှာ ပထမ အရေးအကြီးဆုံးပါ “

 

အဲဒါကိုမှ လက်မခံချင်သေးဘူး ဆိုရင်တော့ ၊

ကိုယ့်ဖာသာကိုယ် ပြန်စဉ်းစားပါ ၊

ငါဟာ အမှန်တရားကို မမြင်နိုင်လောက်အောင် တုံးနေတာလား ၊

ဒါမှမဟုတ် ကိုယ့်ဖာသာကိုယ် လိမ်နေမိသလား လို့ ။

 

By the way, မှန်တာပြောရရင် ၊

အဘ ကိုယ်တိုင် ဟာ ဒီ Post မှာ Comment ပေးလောက်အောင်

အရည်အချင်း ပြည့်မှီသူတဦး မဟုတ်ပါဘူး ။

 

အဘ ကိုယ်တိုင် ဟာလည်း မြန်မာပြည် ရောက်တုံးလေး

ခိုးကူးခွေကို သီချင်း အစ ၊ Soft ware အဆုံး ၊

ဝယ်ယူသုံးစွဲနေတဲ့ ကိုယ်ကျင့်တရား နှင့် ဂုဏ်သိက္ခာ အားနည်းတဲ့

သူခိုး ( သူခိုး ) တစ်ဦးပါပဲ ။

အဲဒီအတွက်လည်း အဘ ကိုယ် အဘ ရှက်မိပါရဲ့ ။

 

တခုတော့ ဖြေသာတာက ၊ ဘုရားဟော အရဆိုရင်တော့ ၊

ကိုယ် မှား နေတာကို မှား နေမှန်း သိတဲ့အတွက် ၊

ကိုယ် မိုက် နေတာကို မိုက် နေမှန်း သိတဲ့အတွက် ၊

ဝန်ခံ ရဲတဲ့ အတွက်တော့ ၊

 

ကိုယ် မှား နေတာကို မှား နေမှန်း မ သိတဲ့ ၊

ဝန်မခံ ရဲတဲ့ သူတွေထက်စာရင်တော ။

သူမိုက် အကြီးစားကြီး တော့ မဖြစ်တော့ဘူး ထင်တာပဲ ။

 

ဆင်ခြေ ပေးတာလို့တော့ မထင်စေလိုပါကွယ်

( သူခိုး တော့ သူခိုး ပါပဲ ၊ နောက်တစ်ခါ ထပ် ဝန်ခံပါတယ် )

ဒါပေမယ့် အဘ ဩဇီ မှာပဲ ပြန်နေရင် ကောင်းမယ်ထင်တယ် ၊

မြန်မာပြည်မှာက ချစ်ခင်ရတဲ့ အပေါင်းအသင်း ဆွေမျိုး အစားအစာက အစ ပိုပေါပေမယ့် ၊

အဲဒီလို လွယ်လွယ်နှင့် သူခိုး ဖြစ်ဖို့ အခွင့် အလမ်း ၊

လွယ်လွယ်နှင့် လိမ်ပြော ဖြစ်ဖို့ အခွင့် အလမ်း ၊ တယ်ပေါသကိုး ။

 

ဩဇီ မှာက အဲလောက် မလွယ်ဘူး ၊ ဥပဒေ ကလည်း တင်းကြပ်စွာ တားမြစ်ထားတယ် ။

ဩဇီ လူမှု အသိုင်း အဝိုင်းကလည်း ခိုးရင် လိမ်ရင် လက်မခံ ဘူး ၊ ခွင့်မလွှတ် ဘူး ။

 

မြန်မာပြည်မှာကတော့ ပြောင်းပြန် ၊

လူဆိုး သူခိုး လူလိမ် လူသတ်သမား တွေက ထိပ်ပိုင်းမှာ မောင်ပိုင်စီးထားရုံတင်မကဘူး ၊

ကျန်တဲ့ မပျက်စီးသေးတဲ့သူတွေကိုပါ

သူတို့လို လူဆိုး သူခိုး လူလိမ် လူသတ်သမား တွေ ဖြစ်အောင် ၊

ဒါမှမဟုတ်လည်း သူတို့လို လူဆိုး သူခိုး လူလိမ် လူသတ်သမား တွေကို လက်ခံ ရိုကြိုး လာအောင် ၊

စနစ်တကျ ပုံသွင်း တည်ဆောက်နေသလိုပဲ ။

 

မမေ့စေချင်ပါကွယ် ။

What so ever you lost, you lost ( only ) something.

But, when the character is lost, you lost everything. ပါ ။

 

၈၈ နောက်ပိုင်းမှာ အဘ ဝမ်းအနည်းဆုံးက

မြန်မာပြည်က ဓါတ်ငွေ့တွေ ၊ ကျွန်းသစ်တွေ ၊ ကျောက်သံပတ္တမြားတွေ ၊ ပညာတတ်တွေ ဆုံးရှုံးသွားတာမဟုတ်ပါဘူး ။

မြန်မာပြည်သူ ပြည်သား တွေ ရဲ့

စာရိတ္တ နှင့် တရားမျှတမှု အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားမှု ပါ ။

အထူး ဝမ်းနည်း မိပါတယ် ။

 

အင်း တောရောက် တောင်ရောက် တွေတော့ ဖြစ်ကုန်ပြီ ။

အဘ ကို ဝိုင်း ဆဲကြတော့မှာပဲ ။

အဘ မြင်တဲ့အတိုင်း ၊ ရိုးရိုးကြီး ပြောမိတာပါကွယ် ။

အဘ လွန်ရင် မှားရင် ၊ ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ် ။

 

တော်သေးဘီ ။

 

အဘ FR.

18 comments

  • K@oru

    February 15, 2012 at 8:18 am

    အော် … ရယ်….. ရို့ ရို့ ….
    (သူ့ကိုယ်မန့်- ကိုယ့်သူမန့်တော့ ဖြစ်နေပါဘီ ..ဆိမ်းတိုင်းမ်မှာ ..)

    အနှီ ကော်ပီရွိုက်ကိစ္စမှာတော့ ….
    အဘရယ်-သဂျီးရယ်-မောင်ဂီ ရယ်..(အာဒံရယ် ဧဝရယ် ဒဿရယ် မဟုတ်ပါ)
    ဝိုင်းဆဲ ခံရတော့မှာပဲ …..။အဘရယ် ….အဟီး…

    ကိုယ်တိုင်ခိုးတာလည်း ဝန်ခံလား …ဝန်ခံရဲ့ …. အနုပညာရှင်တွေ ခိုးတာကျတော့လည်း
    မီးဒုတ်ရှို့လား ..မီးဒုတ်ရှို့ရဲ့ …. အနှီပညာရှင်တွေ ရပိုင်ခွင့် အတွက်လည်း ဝင်ပူပေးလား ပူပေးရဲ့

    အင်း …ကျုပ်တို့ပဲ ရူးနေတာဖြစ်မှာပါလေ…….။

    ခနနေ …တရားဝင်ဟောမယ့် သဂျီးရေ …..။
    အိုင်ကျုံး လို ဖြစ်အောင် လုပ်မယ့်ကိစ္စ ခန မေ့ထားရအောင်ဂျာ ….။
    ကျန်းမာဂျင်းသည် လာဘ် တစ်ပါးမဟုတ်လား …..။
    (ဆက်ရန်ရှိပါသေးသည်)

    ခင်တဲ့…
    ဂီ

  • water-melon

    February 15, 2012 at 8:18 am

    “အဘ ကိုယ်တိုင် ဟာလည်း မြန်မာပြည် ရောက်တုံးလေး
    ခိုးကူးခွေကို သီချင်း အစ ၊ Soft ware အဆုံး ၊
    ဝယ်ယူသုံးစွဲနေတဲ့ ကိုယ်ကျင့်တရား နှင့် ဂုဏ်သိက္ခာ အားနည်းတဲ့
    သူခိုး ( သူခိုး ) တစ်ဦးပါပဲ ။
    အဲဒီအတွက်လည်း အဘ ကိုယ် အဘ ရှက်မိပါရဲ့” မရှက်ပါနဲ့ အဘ မြန်မာပြည်မှာ ခိုးသုံးတာ အများကြီးဗျ
    ကျွန်တော်တို့လို့ ပုံမုန်ဝင်ငွေနည်းနည်းဘဲရှိတဲ့ သူတွေအတွက်တော့ ဝယ်သုံးရရင် ထမင်းတောင်စားရမှာမဟုတ်ဘူး။ နောင်တစ်ချိန်တော့ ဝယ်သုံးနိုင်မှာပါ။ စိတ်ဓာတ်မကျပါနဲ့ ကိုFattyCat ရေးထားတဲ့ “ကျွန်ုပ်နှင့် IT နည်းပညာ” ကိုဖတ်ကြည့်ပါ။

    ကျေးဇူးပါ အဘ။

  • the best

    February 15, 2012 at 8:27 am

    မြန်မာပြည်သူ ပြည်သား တွေ ခိုး တာရှက်စရာလို့ မ မြင် ကြတော့ဘူး ။
    ဆယ်တန်း စာမေးပွဲ ပဲ ကြည့်ပါ ။အရင်က စာမေးပွဲ မှာ ခိုးချ ကြရင် ရှက်စရာ အထင်အမြင်သေးစရာ ဖြစ်လို့
    လူမှု အသိုင်း အဝိုင်းကလည်း ခိုးရင် လက်မခံ ဘူး ၊ ခွင့်မလွှတ် ဘူး ။
    မိဘ တွေ ကလည်း တင်းကြပ်စွာ တားမြစ်ထားတယ် ။
    ပြင်း ပြင်း ထန်ထန် တားမြစ်ထားတယ် ။
    ဒါပေမယ့် ခု တော့ ပြောင်းပြန် မိဘ တွေ ကလည်း ခိုးတာရှက်စရာလို့ မ မြင် ကြတော့ဘူး ။
    လက်ပိုက်ကြည့်နေ တယ် ။ အားပေး တယ် ။ ကိုယ်တိုင် သေသေသပ်သပ် စီစဉ် ပေး တယ် ။
    ကိုယ်ကျင့်တရား နှင့် ဂုဏ်သိက္ခာ အားနည်းတဲ့ အတွက်လည်း ရှက်မိပါရဲ့ ။
    အဘ ဆက်တွေး စဉ်းစားစေလိုပါတယ် ။
    တော်သေးဘီ ။

  • blackchaw

    February 15, 2012 at 9:02 am

    အဘ ရေ။
    မြန်မာပြည်ကြီးဟာ မနေအပ်တဲ့ အရပ်တောင်
    ဖြစ်နေပါပေါ့လား။
    သားစိုး ဟာ စွန့်ဦးတီထွင်ခဲ့သူ ဆိုတာကို ထောက်ခံပါတယ်။
    သားစိုး ရဲ့ ရည်ရွယ်ချက်က ခိုးကူးတွေကြောင့်
    ဂီတလောကသားတွေ မရပ်တည်နိုင်တော့ဘူးလို့ အော်ချင်တာလို့ ထင်ပါတယ်။
    သူ့နေရာက ကြည့်ရင် သူမှန်တယ်လို့ ထင်ပါတယ်။
    အဲဒီတော့ ခိုးကူး ကိစ္စဘက် ပြန်စဉ်းစားကြည့်တော့
    ခိုးကူးခွေတွေက တရားဝင် ရောင်းခွင့်မရှိပါဘူး။
    ဒါနဲ့ လမ်းပေါ်မှာ ဘာလို့ ပေါ်တင်ကြီးတွေ ရောင်းနေကြတာလဲ လို့
    လိုက်စပ်စုကြည့်ဘို့ လိုလာပြီပေါ့။
    သူတို့ကို ဖမ်းပိုင်ခွင့်ရှိတာ ဘယ်သူလဲ။
    သူတို့ကို မဖမ်းပဲ လွှတ်ထားတာ ဘယ်သူလဲ။
    ခိုးကူး ပင်လယ်ပြင်ကြီးထဲက ရတဲ့ ခိုးရာပါငါးတွေကို ဘယ်သူတွေက ချက်စားနေကြသလဲ။
    မေခလာကြီးအော်ဆိုသွားသလို တရားခံဘယ်သူလဲဟေ့ ပေါ့ခင်ဗျာ။
    ဇော်ပိုင် သီချင်းလိုပါပဲ အဘရေ။
    နောက်ဆုံးတော့…
    နောက်ဆုံးတော့ … မင်းနဲ့မှ ချစ်တတ်ပြီပေါ့ လို့ ပဲ ပြောပါရစေ အဘရေ။

  • K@oru

    February 15, 2012 at 9:19 am

    သီချင်းတခွေစာ စီဒီ၁ချပ် ၂၀၀ဝကျပ်
    ပါတာက သီချင်း ၁ဝပုဒ်လောက်
    ထားပါတော့ ပျမ်းမျှ တပုဒ် ၂၀ဝကျပ်…

    ဒါလေးတောင် မသထာကြတော့ဘူးလား ပိတ်သတ်ကြီးရယ်..
    အဆိုပါ ၂၀ဝကျပ် ကိုမှ
    ထုတ်လုပ်သူ
    ရေးသူ
    ဆိုသူ
    တီးသူ
    အသံဖမ်းသူ
    သူ…..သူ …
    ခွဲယူရတာခည ….

    ဟို မော်ဒယ်လေး စကားမှားတော့ ဝိုင်းဆဲကြတာ ဖတ်ဖူးပါတယ်….
    (သူကလည်းသူကိုး …)
    သူဆိုလိုချင်တာက အနုပညာရှင်ဆိုတာ အတတ်ပညာရှင်တွေလို အရေအတွက်နဲ့
    စီမံကိန်းနဲ့ အသုတ်လိုက် မွေးထုတ်လို့ရတာမျိုးမဟုတ်ဘူး ဆိုတာမျိုး ပြောတာပါလို့ နောက်ပိုင်းပြန်ရှင်းရဲ့…
    အင်း …ဒီထဲကမှ ရှားပါး စွန့်ဦးတီထွင် သမား က စွန့်ခွာတော့မယ် ဆိုတော့ ………………….

    ကော်ပီ အုန်းကျုံး ကိစ္စ ခနဖယ်ထားလို့ သူတို့ပေးဆပ်တာတွေ နည်းနည်းကြည့်ကြည့်ရအောင်ဗျာ …
    အသံဖမ်းတဲ့ အကြောင်း နည်းနည်း တူးဆွကြည့်ရင် အိုင်စီက ကိုညီလေး Pro Tools အစစ်အမှန်ဝယ်သုံးတာပါ
    ဒါကြောင့် ပိတ်သတ်ကြီး စပီကာ ကောင်းကောင်းနဲ့ သာနားဆင်ကြည့်ပါ တခြား စတူဒီယိုက ထွက်တာနဲ့
    ပီတီအယ်လ်က ထွက်တာ ဆောင်းခွာလ်ထီ ကွာကိုကွာတယ်ဗျ…ထားတော့ …

    ဂီယာတွေဘက်သွားရအောင် … ။ ကျနော်ပြောဖူးတယ်ထင့် …။
    ပေါလ်ဂစ်ဘတ် ပိုစ့်မှာ သူတီးတဲ့ ပီဂျီအမ် ၂၆သိန်းကျော်တယ်ဆိုတာ …။
    အဲ့သည့်ဂစ်တာ လေးဇီး ကိုနိုင်ဇော် ဆီမှာ တလက် ၊ အမ်ပါယာ က ကိုဇော်မျိုး စီမှာ ၁လက် ရှိတယ်ဗျ…
    ကိုညီလေး ခနခန ထုတ်တီးတဲ့ လက်ကိုင်ပေါက်ပါတဲ့ ဖရက်တံမှာ ကနုတ်တွေနဲ့ ဂီတာ အဖြူ (စတိဗိုင်း မော်ဒယ်)ဟာ
    အစိမ်း ၂၅၀ဝ လောက်ရှိရဲ့ …။
    အက်ဖက်တွေ အမ့် တွေ မပြော နဲ့ဦး …။ ဟိုဘက်ဆက်သွားဦးမယ်….။
    ယာမာဟာ ဘေ့စ် ဂီတာ တလက် ဟာ အစိမ်း ၂ထောင် အောက် မဆင်းဘူး ….
    ပရို ဒရမ်ဆက် ၁ဆက်ဟာ လည်း ထိုနည်းလည်းကောင်း …။
    တွမ်တီဖိုး ထရွက်ခ် ထွက်တဲ့ စတူရီယိုတိုင်းရဲ့ မစ္စာ တိုင်းဟာ (လုံးပေါင်း) အစိမ်းထောင်ချီတာချည်း….။

    အဲ့ …။ စတူရီယို ရီကော့ဒင်းမှာ သုံးရတဲ့ ကွန်ဒန်ဇာ မိုက်ခရိုဖုန်း ၁လုံးဟာ အစိမ်း ၁ထောင်နဲ့ ၂ထောင်ကြားမှာရှိရဲ့ ….။
    အနှီ မိုက်တွေ ကောင်းမကောင်း သိချင်ရင် နီးစပ်ရာ စတူရီယို သာပြေးကြည့်ပေတော့ဗျို့ …။
    အဲ့ …စတူရီယိုဆိုတာ အေးတယ်…..အဲကွန်း ကို ဟဲဗီး လွှတ်ထားတာ ….။ ဂျာကင် ဝတ်သွား …။ အဲ့မိုက် နားကပ်ရင်
    ဂျာကင်မှာ ပွတ်တဲ့ အသံ ကျလွိ ကျလွိ ပါ ဖမ်းမိတယ် …။

    ဟို နတ်ကတော်လို့ ကိုယ့်ဆြာတို့ ခေါ်တဲ့ ပုဂ္ဂိုလ်လေး သုံးရတဲ့ တူးစ် တွေ မစ်ဆာတွေ ဘိဘောက်စ်တွေ
    ဘယ်ဈေးရှိလည်း ကျုပ် မနီးစပ်လို့ မပြောပြတတ်ဘူး …အစိမ်း ထောင်ချီအောင် စုဆောင်းထားရတာတော့ သေချာရဲ့ …။
    နိုင်ဂျံဂါး ဆိုတာကြီးမှာ ဂီတပညာ သွားသင်လာတဲ့ အချိန်တွေ ကုန်ကျစရိတ်တွေ ထည့်ပေါင်းလိုက်ရင် အင်း ….။
    ပရို အတီးသမား တယောက်ကရော …တနေ့ဘယ်နှနာရီနဲ့ ဘယ်နှနှစ်လောက် လေ့ကျင့်ရတယ်ထင်ပါသလဲ ….။
    အင်း ….. တော်သေးဘီ ဒါတွေပြောရင် …..မောင့်မျက်ရည်ဝိုင်းသွားမှာမို့ …..။

    သည်တော့ သူတို့ တောင်းတာ တပုဒ်မှ ၂၀ဝကျပ် ထဲလေဗျာ…။
    ဒါလေးမှ မသထှာ ကြတော့ မကိုက်လို့ မလုပ်တော့ဘူး ပြောတော့ ဝိုင်းမီးဒုတ်ကြတယ်…။

    ပြောချင်တာ ဒီလိုပါ … ဂီတလောက နဲ့ ရုပ်ရှင်လောကပဲယှဉ်ကြည့်ပေးကြပါ …..။
    ရေးသူ တီးသူများဟာ …တရာဖိုး ၃ယောက် မော်ဒယ်မလေးများလိုလည်း စပွန်ဆာ မရကြရှာပါဘူးဗျာ …။
    ပစ္စည်းအကောင်းလည်း အမှန်တကယ် သုံးနေကြပါတယ် ….။ ချိုလို့ လျိုလို့ မရကြပါဘူး …။
    အတတ်ပညာပိုင်းလည်း ဖြည့်ဆည်းရပါတယ်…။

    ဟုတ်ကဲ့ …..တပုဒ် ၂၀ဝတော့ ပေးကြပါဗျာ ….။

  • htoosan

    February 15, 2012 at 9:20 am

    ဘဖောရေ.. လက်မ အခါ ၁၀ဝ မက ထောင်ပေးခြင်ပေမဲ့ တစ်ခါဘဲ ရလို့ တစ်ခါဘဲထောင်ခဲ့ပါတယ်။
    အမှန် အတိုင်းပြောသူရဲ့ စကားဟာ နားကြားရခက်ပါတယ် ။ ကျွန်တော်လည်း သားစိုးဟာ စိတ်ရင်းအတိုင်းပြောသူ အဖြစ် ယူဆပါတယ် ။ လူချစ်အောင် ပြောခြင်ရင် လျှာလှည့်လို်က်ယုံပါ ။ ပြီးမှ လုပ် ခြင်ရာ လုပ်သူထက်စာရင် တော်တယ် လို့ ယူဆပါတယ် ။

  • ရွာစားကျော်

    February 15, 2012 at 9:26 am

    ရွာထဲမှာ သူခိုးတွေ တော်တော် ပူနေပါလား
    သူကြီးဘာလုပ်နေပါလိမ့်.. အမြန်ရှင်းပေးပါ
    တော်ကြာ ကျုပ်တသက်လုံး ခိုးဝှက်စုဆောင်းထားတာတွေ ပြန်ပါကုန်လိမ့်မယ်..
    :mrgreen: 😛

  • MaMa

    February 15, 2012 at 9:35 am

    ဦးဖောပြောသလိုပဲ-
    (ဒီမှာက လွယ်လွယ်နှင့် သူခိုး ဖြစ်ဖို့ အခွင့် အလမ်း ၊
    လွယ်လွယ်နှင့် လိမ်ပြော ဖြစ်ဖို့ အခွင့် အလမ်း ၊ တယ်ပေါသကိုး ။)
    ကိုယ့်ကိုကိုယ် ၅ပါးသီလ စစ်တမ်း သေသေချာချာ ထုတ်ကြည့်တော့ ဘယ်နှစ်ပါးမှ ကောင်းကောင်းမလုံတာကို သိလာရတယ်။
    မလိမ်ဘူးလို့ ကြိုးစားပေမယ့် အမြတ်ခွန်အရာရှိရှေ့ရောက်ရင် ထွက်လာတဲ့ စကားတွေက အလိုအလျှောက် အော်တိုမစ်တစ် လိမ်ပြီးသား ဖြစ်နေပြီ 🙁

  • nozomi

    February 15, 2012 at 9:43 am

    fr ရေ လက်မထောင်ပေးခဲ့ပါတယ်
    သဘောင်္ပေါ်မှာလဲ အစစ အရာရာ ဂရုစိုက်ဦး ဗျ

  • ဦးဦးပါလေရာ

    February 15, 2012 at 9:48 am

    တခုရှိတာက
    ဒီစကားက သားစိုးပြောတာမို့လဲ ဆဲကောင်းကြတာပါ။
    သူ့ကိုက အစကတည်းက မေတ္တာတုံးကြတာများတယ်လေ။

    မြန်မာပြည်မှာ
    ခိုးကူးတွေ အလွန်ပေါတာလဲ သဘာဝကျပါတယ်။
    လူလိမ်သူခိုးတွေများတာလဲ သဘာဝကျပါတယ်။
    ဒါ့ကြောင့် အနုပညာနဲ့မရပ်တည်နိုင်တာ သဘာဝကျပါတယ်။
    အဲဒီတော့ အနုပညာနဲ့မရပ်တည်နဲ့ပေါ့
    ထမင်းစားဘို့ကြီးပွားဘို့ တဖက်ကအာရုံစိုက်လုပ်ရင်း
    အချိန်လဲရ စိတ်လဲပါရင် အနုပညာကို နိုင်သလောက်လုပ်ပေါ့။
    အဲ … အနုပညာကို မြတ်နိုးသူ ဆိုရင်ပေါ့လေ..။
    အနုပညာကို မမြတ်နိုးဘူးဆိုရင်လဲ သူပြောသလို စွန့်ပစ်လိုက်ပေါ့။
    အဲဒီ (နိုင်သလောက်+စွန့်) ၂မျိုးလုံး မြန်မာနိုင်ငံမှာ အများကြီးမှ အများကြီးရှိပါတယ်။
    သူ့လို ဆဲပေါက်ထွင်ပြီးမပြောလို့ အဆဲမခံရတာပါပဲ။ 🙂

    အော်.. စကားမစပ် .. ကျုပ်လဲ အနုပညာရှင်ဆိုရင် တိတ်တိတ်လေးစွန့်ပြီးတာ ကြာလှရောပေါ့..။:D

  • စိန်ပေါက်ပေါက်

    February 15, 2012 at 11:21 am

    ဗုဒ္ဓေါလေး..
    ဖြစ်ရလေ
    ခိုးကူးကြောက်လို ့ စီးရီးမထုတ်ကြေးဆို ကျုပ်တို ့ဖြင့် ဝါးလုံး၂ချောင်း မြေကြီးကို တစ်ဘုံဘုံနဲ ့ထုပြီး ကိုယ့်ဘာသာ
    အော်ဆိုမှ ရတော့မယ်ထင်ပါ့

    ခိုးကူးတွေကို သပိတ်မှောက်ပြီး အဆိုကျော်အားလုံး မဆိုကြေးဆို ခင်ဗျားတို ့ ဒီလောက်တောင် လူသိများပါ့မလားဗျာ

    ခင်ဗျားတို ့ နားဆင်နေတဲ့ ပြည်တွင်းပြည်ပက ရုပ်ရှင်၊ဗွီဒီယို၊သီချင်း တွေကကော အကုန် Master တွေချည်းပဲလား

    တီးလုံး သံစဉ် တွေကကော ဘယ်သူ ့ဆီကမှ မယူထားပဲ၊မကြားဖူးပဲနဲ ့ ကိုယ့်ဘာသာ တီထွင်ထားတာလားဗျာ

    ဒီခွေထုတ်မှ ထမင်းနပ်မှန်ပြီး တခြားစီးပွားရေး လုပ်စရာမလိုအောင် ပြည့်စုံမှာလားဗျာ

    ခိုးကူးကို နှိမ်နင်းနိုင်တယ်ထားပါဦး
    သီချင်း၊ဗွီဒီယိုတွေ၊တခြား ဆော့ဖ်ဝဲတွေကို အင်တာနက်က အလကား လျှောက်ဖြန် ့တတ်တဲ့ လူတွေကို ပိတ်ပင်လို ့
    ရနိုင်ပါ့မလား…။

    တစ်ကယ်တော့ ပိုက်ဆံမျက်နှာကြည့်ပြီး ကိုယ့်တက်လမ်းကိုယ်သက်နေကြတာပဲဗျာ
    ဂယ်ပဲ စိတ်ပိန်ပါတယ်

    ခင်ဗျားတို ့လို အမြတ်အစွန်းရှိမှ ဝါသနာပါတာကို ဆက်လုပ်ကြေးဆို
    အားအားယားယား အခမဲ့တီထွင်ဖန်တီးပေးနေတဲ့ Developer တွေခမျာ ရူးနေလို ့ပဲဖြစ်ရမယ်
    ဒီအောက်ကလင့်ခ် ကိုသွားကြည့်..အဲတာတွေ အကုန်အရူးတွေ 😆
    http://myanmargazette.net/101444/computers-technology/

    ပြောချင်တာတော့ ပြောပြီးပြီ
    အရူးကွက်နင်းပြီး ပြေးပြီဟေ့
    ဝှစ်..ဝှစ်..ဝှစ်စ်..

  • Harumoto

    February 15, 2012 at 1:17 pm

    အနုပညာ လုပ်နေသူ အနုပညာရှင် တယောက် ဆိုရင်
    ကိုယ်လျှောက်နေတဲ့ အနုပညာ လမ်းမှာ ကောင်းတာကော
    မကောင်းတာတွေ ကိုပါ တွေ့ရမှာပါ။
    ကိုယ့်ကိုလက်ခံသူကော ကန့်ကွက် သူတွေကိုပါ တွေ့ရမှာပါ
    ကိုယ်မှန်တာဘဲ ဆိုပြီး ပြောချင်ရာပြောလို့မဖြစ်ပါဘူး
    မအောင်မြင်သေးတဲ့ အနုပညာသမားတွေ လမ်းပေါ်မှာ အများကြီးပါ
    သူတို့အောင်မြင်အောင်ကြိုးစားနေတာ စီးပွါးရေး မျှော်လင့်ချက်ကို
    အဓိကထား လုပ်နေသူတွေမဟုတ်နိုင်ပါဘူး
    သားစိုးက အောင်မြင်နေတယ် ဆိုတာတောင် စီးပွါးရေးတွက်ချေ မကိုက်ဘူးတဲ့
    အနုပညာ သမားအစစ်ဟာ ကိုယ့်အနုပညာကို စီးပါွးတွက် မတွက်ကြပါဘူး
    ရှေးကထဲက အနုပညာ ခံယူချက်ကို အသက်နဲ့ လဲခဲ့ကြတဲ့ သူတွေ အများကြီးပါ။
    ဒီလို ပညာရှင်တွေကို အားနာလို့
    ကိုယ့်အနုပညာ တန်ဘိုးကို ဈေးတွက်တွက်နေတဲ့
    သားစိုးကို “အနုပညာ သမား အရေခြုံ” လို့ ပြောမိတာပါ။
    သူလိုလူက အနုပညာကို စီးပွါးတွက်တွက်တယ်ဆိုရင်
    လမ်းဘေးမှာ ဝါးဆစ်စည်တို တီးပြီး သီချင်းဆို စီးပွါးရှာစားနေတဲ့
    အဆင့်ကို ရောက်သွားမှာ စိုးလို့ ဂရုဏာ တရား ရှေ့ထားပြီး ပြောမိတာလို့
    ခွင့်လွှတ်စေချင်ပါတယ်
    လေးစား ခင်မင်လျှက်….
    Harumoto.

  • weiwei

    February 15, 2012 at 1:47 pm

    တစ်ခါတုန်းက စိုင်းထီးဆိုင်ပြောတာလေးတစ်ခု အမှတ်ရမိတယ် ..
    စိုင်းထီးဆိုင်ကို သီချင်းဆိုတာနဲ့ပတ်သက်ပြီး မေးဖြစ်တော့ သူကပြောတယ် … သူငယ်ငယ်က သီးချင်ဆိုတာကို ဝါသနာပါတယ် … ဝါသနာပါလို့ သီချင်းဆိုတာတဲ့ … နောက်ပိုင်းကျတော့ ပိုက်ဆံရလို့ သီချင်းဆိုတာပါတဲ့ …
    ကျွန်မနဲ့ခင်တဲ့ ကျူရှင်ဆရာတစ်ယောက်ကလဲပြောတယ် …. သူဆရာစလုပ်ခါစက ဝါသနာပါလို့လုပ်တာတဲ့ နောက်ပိုင်းကျတော့ ပိုက်ဆံရလို့လုပ်တာပါတဲ့ ..
    ကျွန်မကိုယ်တိုင်လဲ အခုအဲဒီလိုဖြစ်နေတယ် … အရင်တုန်းက ဒီဇိုင်းတွေလုပ်ရင် ပျော်လို့ ပိုက်ဆံတစ်ပြားမှမရလဲ လုပ်ပေးတယ် … အခုကျတော့ ပိုက်ဆံပေးမှ လုပ်ပေးပါတော့တယ် … ပိုက်ဆံလုံလုံလောက်လောက်မရရင် ဝါသနာဘယ်လောက်ပဲပါပါ လွယ်လွယ်ပိုက်ဆံရနိုင်တဲ့ တခြားစီးပွားရေးလုပ်ငန်းကိုပဲ လုပ်ပစ်လိုက်မှာ …

  • Harumoto

    February 15, 2012 at 2:04 pm

    ဆက်ပြောအုံးမယ် အဘရေ…
    အဘပြောတဲ့…
    ” Don’t doubt about that.
    ” ငွေ ဟာ လောကကြီးမှာ ပထမ အရေးအကြီးဆုံးပါ “
    အဲဒါကိုမှ လက်မခံချင်သေးဘူး ဆိုရင်တော့ ၊
    ကိုယ့်ဖာသာကိုယ် ပြန်စဉ်းစားပါ ၊
    ငါဟာ အမှန်တရားကို မမြင်နိုင်လောက်အောင် တုံးနေတာလား ၊
    ဒါမှမဟုတ် ကိုယ့်ဖာသာကိုယ် လိမ်နေမိသလား လို့ ။”
    ဒါကို လက်ခံပါတယ်။ ငွေဟာ အရေးကြီးပါတယ်။
    အရင်ခေတ်တွေက ငွေဟာ လူတွေအတွက် အရေးပါတဲ့ အဆင့်ပါ
    အခုခေတ်ကတော့ ငွေဟာ အရေးကြီးဆုံး လို့ သတ်မှတ်လို့ရလာပါပြီ။
    ဘာလို့လဲဆိုတော့
    အရင်ခေတ်က လူတွေ ဟာ အကျင့်သိက္ခာကို ငွေထက် ပိုပြီးတန်ဘိုး ထားကြတယ်။
    အကျင့်သိက္ခာသာလျှင် လူ့အတွက် အရေးအကြီးဆုံးပါ။
    ဒီခေတ် မှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေက လောက မှာနေရာယူလာတယ်
    အဲဒီနောက်ကို လူတွေလိုက်ပါနေကြတယ်။
    အဲဒီ ရုပ်ဝတ္ထု ပစ္စည်းတွေ အတွက် ငွေဟာ အရေးအကြီးဆုံးဖြစ်လာတယ်လေ။
    ဒီအတွက် ငွေကို အကျင့်သိက္ခာထက် တန်ဘိုး ထားပြီး ရှာလာတယ်။
    အဓိပ္ပါယ်က ငွေရ ဘို့ အတွက် ဘာဖြစ်ဖြစ် လုပ်တော့မယ်ဆိုတာတွေ ဖြစ်လာတယ်။
    ဘာအလုပ်ဘဲလုပ်လုပ် ငွေကို အဓိကထားပြောလာတယ်။
    နောက်ဆုံး လမ်းဘေးက ဝါးဆစ်စည်တိုတီးပြီး
    ငွေရှာတဲ့သူတွေနဲ့ အပြိုင် သိက္ခာမဲ့စွာ ငွေရှာ တဲ့အထိ ဖြစ်လာမှာလား..
    ငွေရှာတဲ့နေရာမှာတော့ ကိုယ့်အဆင့်အတန်း ကိုယ့်သိက္ခာ ကိုယ့်မျိုးရိုးဂုဏ်
    နောက်ဆုံး ကိုယ့်နိုင်ငံ နဲ့ လူမျိုးအတွက်ပါ ထည့်စဉ်းစား ဘို့ လိုပြီဖြစ်ကြောင်း..
    တတ်သမျှ မှတ်သမျှ ဉာဏ် တထွာ တမိုက်ဖြင့် ဝေဖန် လေကန်လိုက်ပါကြောင်း…
    လေးစားစွာဖြင့်..
    Harumoto.

  • koaung

    February 15, 2012 at 2:05 pm

    ကာလံဒေသံ ဧည့်ကံဒနံ တဲ့ဆရာဖောရေ ဘယ်မှာပဲနေနေ(ကြုက်ကျက်လိ) ရမှာပဲဆရာရေ့ သိပ်မစဉ်းစားနဲ့ မြန်မာပြည်ရောက်တုံးလေးနားနားနေနေပေါ့ဗျာ(မာဆပ်လေးဘာလေးနဲ့ )အားကျလယ် 😀 စာလုံးပေါင်းမှားခဲ့ရင်ဆောရီးပါဗျိုး

  • chityimhtoo

    February 15, 2012 at 9:29 pm

    သားစိုးလည်းသူများသီချင်းတွေ ကော်ပီဆိုတဲ့ သူခိုးပါဘဲ..ဘဘဖေါရယ်….။သူသုံးနေတဲ့ software တွေ
    လည်းခိုးသုံးတာပါဘဲ။ခက်တာက သားစိုးကယောက်ကျားလေးဖြစ်နေတယ်။မိန်းခလေးဆိုစပွန်ဆာနဲ့
    တင် ချမ်းသာနေပြီ…..။

  • unclegyi1974

    February 15, 2012 at 10:37 pm

    ခိုးကုူးကလည်းရက်စက်တယ်
    ဘာခွေဖြစ်ဖြစ်မထုတ်ရသေးဖုူးသူတို့ကတပြည်လုံးဖြန့်ဖို့အသင့်ဖြစ်နေပြီ
    ခိုးကူးခွေနှိမ်နင်းတယ်နဲ့ဘယ်တော့မှအချီကြီးမမိဖူး
    အဲဒီတော့ဖမ်းပုံဖမ်းနည်းနဲနဲပြောင်းကြည့်ရအောင်

    ခွေဆိုင်ဆိုတာတောထဲသွားရောင်းလို့ဘယ်သူမှမဝယ်ပါဖူး
    ဈေး ရပ်ကွက်စသဖြင့်လူရှိတဲ့နေရာတွေရောင်းမှဝယ်သူရှိတာပါ
    အဲတော့ခိုးကူးခွေဖမ်းရင်ဈေထဲကမ်ိရင်ဈေးရဲ ဈေးလူကြီးအကုန်ဖမ်းသူတို့ကလည်းသူခိုုးလက်ခံ
    ရပ်ကွက်ထဲမိရင်ရပ်ကွက်ဆယ်အိမ်မှူးရာအိမ်မှူးပါဖမ်းသူတို့လည်းသူခု်ိးလက်ခံ
    လုပ်ကြည့်လိုက်ရင်…….

  • the best

    February 16, 2012 at 1:07 am

    Unclegyi အဲဒီ ဖမ်းပုံဖမ်းနည်း အလွန် ကောင်းပါတယ်။
    အဲဒီ ခိုးကူးခွေနှိမ်နင်း ဖမ်းပုံဖမ်းနည်း လုပ်နိုင်ပါ ရဲ့ နဲ့ခိုးကူးတွေစီးပွားဖြစ် နေကြတာပဲဗျာ ….
    .မဖမ်းပဲ လွှတ်ထားတာဟာ….မဖမ်းပဲ လွှတ်ထားလို့ ပါလေ…….။
    Unclegyi ခိုးကူးတွေစီးပွားဖြစ် လုပ် ကြည့် ပါ လား…. ထမင်းတောင်စားရမှာမဟုတ်ဘူး။ ဖမ်းခံရ မှာပဲ …..။
    ဆက်တွေး….ဆက် စဉ်းစားစေလိုပါတယ် ။
    blackchaw says:
    အဲဒီတော့ ခိုးကူး ကိစ္စဘက် ပြန်စဉ်းစားကြည့်တော့ ခိုးကူးခွေတွေက တရားဝင် ရောင်းခွင့်မရှိပါဘူး။
    ဒါနဲ့ လမ်းပေါ်မှာ ဘာလို့ ပေါ်တင်ကြီးတွေ ရောင်းနေကြတာလဲ လို့ လိုက်စပ်စုကြည့်ဘို့ လိုလာပြီပေါ့။
    သူတို့ကို ဖမ်းပိုင်ခွင့်ရှိတာ ဘယ်သူလဲ။
    သူတို့ကို မဖမ်းပဲ လွှတ်ထားတာ ဘယ်သူလဲ။

Leave a Reply