ငါးထောင်တန်အိမ်မက်

kanjosanFebruary 15, 20121min35625

Facebook မှာတွေ့တဲ့ Post တစ်ခုကို Share လိုက်တာပါ….

 

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လိုက်တာ အပြီး နောက်ထပ် လူပြော သူပြော အများဆုံးက ငါးထောင်တန်း ဆင်းကဒ်ဆိုတဲ့ အကြောင်းပဲ။ ဖုန်းတစ်လုံး ငါးသိန်းဆိုလို့ စိတ်ပျက်သူ များနေတဲ့ မြန်မာ နိုင်ငံမှာ ငါးထောင် ဆိုတာနဲ့ အုန်းအုန်း ထသွားလိုက်တာ ဆက်သွယ်ရေးက ရှင်းပြတာတောင် မရတော့ဘဲ Campaign လုပ်မယ် ဆိုတဲ့ ဘဝတောင် ရောက်ပါလေရော။ ထုံးစံအတိုင်း လူကြမ်း မင်းသားကတော့ ဆက်သွယ်ရေးပေါ့။

 

ကျွန်တော်ကတော့ ငါးထောင်ဖုန်း ကိုင်ရမယ် ဆိုတော့ ပျော်တယ်။ ဒါပေမယ့် ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ရှင်းလင်းချက်မှာ လုပ်ခွင့်ရပြီ ဆိုတာနဲ့ အစု ရှယ်ယာတွေ ထုတ်ရောင်းမယ် ဆိုတဲ့ စကား ပါလာတော့ နားရွက် ထောင်သွားတယ်။ အဖေတို့က အရင်းမဆုံး ငါးထောင်ဆိုတဲ့ ထီကိစ္စ၊ ပင်လုံထိပ်ထား အတိုးတို့နဲ့ ရေတိမ် နစ်ခဲ့ဘူးတော့ စတော့ ဈေးကွက် မရှိတဲ့ နိုင်ငံမှာ ရှယ်ယာဆိုရင် သွေးလန့် နေတာကိုး။ ဒါနဲ့ သတိ ထားကြဦးနော် ဆိုပြီး Comment ရေးတော့လည်း ထောက်ခံမယ့်လူ မရှိဘူး။ ဒါ့ကြောင့် ပို့စ်ရေးတင်ဖို့ အတွက် ခိုင်ခိုင်မာမာ အချက်တွေ ရှာပြီး ရေးပြလိုက်တာပါ။ အားလုံး စဉ်းစားနိုင်ဖို့ပေါ့၊ မင်း ဂျာနယ် သွားရေး ပါလားလို့တော့ မပြောနဲ့ဦး။ ဒင်းတို့ကပါ ငါးထောင် အိမ်မက် မက်နေတော့ အယ်ဒီတာမင်းများက စကားတောင် အစမခံဘူးဗျာ။ ဒါ့ကြောင့် ကိုယ်ပိုင်တဲ့ အဖေ့ဘုတ်မှာပဲ ဝင်အုပ်ရတာ။

 

စီးပွားရေး အဆိုပြုချက် တစ်ခုကို ကြားပြီဆိုရင် ပထမဆုံး စဉ်းစားသင့်တာက ဘယ်သူ လုပ်မှာလဲ ဆိုတာပဲ။ အင်္ဂလိပ် စကားမှာ Ponzi scheme ဆိုတာ ရှိတယ်။ ၁၉၂ဝ ခုနှစ်မှာ Charle  Ponzi ဆိုတဲ့လူက အမေရိကန် နိုင်ငံ ဘော့စတွန်မြို့မှာ လုပ်စားခဲ့တာ။ သူက သူ့ကုမ္ပဏီမှာ ရင်းနှီး မြှပ်နှံသူတွေကို ၄၅ ရက်အတွင်း အမြတ် ၅၀% ပေးမယ် ဆိုပြီး လုပ်စား သွားတယ်။ တကယ်တော့ သူက အဲဒီအချိန်မှာ ချက်လက်မှတ် အတုထိုးမှုနဲ့ ထောင်က ထွက်လာပြီး ဘိုင်ကျနေတဲ့လူ၊ သူ့ကို မကြားဘူးတဲ့ ဘေ့ာစတွန်မြို့မှာ လာပြီး လိမ်သွားတာ။ အဲဒီကစပြီး လူတွေကို မက်လုံးပေး၊ ငွေယူ၊ နောက်လူပေးတဲ့ ငွေနဲ့ အရင် အပ်တဲ့လူကို အတိုးပေး၊ များလာတော့ လစ်ပြေး ဆိုတဲ့ လိမ်နည်း မှန်သမျှကို Ponzi scheme လို့ ခေါ်တော့ တာပဲ။

 

အခု ငါးထောင်တန် ဆင်းကဒ်ကို လုပ်မယ့် ရွှေပြည်တံခွန် ဆိုတာ တခါမှ မကြားဖူးဘူး။ (ကျွန်တော့် အတွက်) ပိုင်ရှင်ဆိုတဲ့ လူကလည်း မြန်မာပြည်ရဲ့ ခေတ်ပျက် သူဌေးခေါ်ခေါ် ဘီလျံနာ ခေါ်ခေါ် အဲဒီ လူတွေထဲမှာ မပါဘူး။ ဒါနဲ့ ဘယ်ကတုံးလို့ စုံစမ်း လိုက်တော့ အခုလို တွေ့သဗျာ၊ ဘယ်လို နည်းများ သုံးသလဲလို့ အထင်ကြီး မသွားနဲ့၊ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ သွားမေးရင် ရတယ်။ ဘယ်သူမှ မေးဖို့ စိတ်မကူးလို့ ရှာပြီး တင်ပြလိုက်တာ။

 

ရွှေပြည်တံခွန် ကုမ္ပဏီကို ၂၀၁၁ ဩဂုတ်လ ၂၅ မှာ ဖွဲ့တယ်။ ၂၀၁၂ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စီမံ/ စီးပွားက မှတ်ပုံတင် ခွင့်ပြုတယ်။ ဒီတော့ ၅၀၀ဝ တန် ဆင်းကဒ် အကြောင်း ပြောတဲ့ အချိန်မှာ မှတ်ပုံတင်တောင် မကျသေးဘူး။

ဒါရိုက်တာ အဖွဲ့မှာ ဦးလွင်နိုင်ဦးက အုပ်ချုပ်မှု ဒါရိုက်တာ၊ ဒေါ်စုစုလွင် (သူ့ဇနီး) က ဒါရိုက်တာ၊ ဒေါ်ဝင်းဝင်းကြည် (သူ့အမေ) က ဒါရိုက်တာ သုံးဦးနဲ့ ဖွဲ့ထားတယ်။ ဖြစ်ပုံများ။

 

ရုံးခန်းက အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေဂုံသူ ကွန်ဒိုမှာ Media-Tech ဆိုတဲ့ တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ တွဲဖွင့်ထားတယ်။

ကျွန်တော်တို့ရဲ့ ကုမ္ပဏီ သူဌေး ဦးလွင်နိုင်ဦးက အမှတ် ၃၇/အေ လှိုင်မြစ်လမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်မှာ အခန်းငှား နေတယ်။

ဘေးနားမှာ စုံစမ်းကြည့်တော့ ဇာတိက ပျဉ်းမနား၊ အဖေက စက်မှု လယ်ယာက စက်ကြီးမောင်း ခေါင်းဆောင် တဲ့။

စီးတဲ့ကား စူပါကက်စတန်က ငှားထားတာ။

 

ကဲ ဒါလောက်ဆိုရင် ရွှေပြည်တံခွန်ရဲ့ ခိုင်မာမှုကို ခင်ဗျားတို့ မှန်းလို့ရပြီ။ မီဒီယာတွေနဲ့ တွေ့တုံးကတော့ ရွှေပြည်တံခွန် ကနေ အာရှတံခွန် ဖြစ်အောင် လုပ်မယ်လို့ ပြောတယ်။ ကဲ စဉ်းစားကြည့်ဗျာ၊ အစု ရှယ်ယာ တစ်ခုကို တစ်သိန်းနဲ့ ရှယ်ယာ တစ်သောင်း ရောင်းရင်လည်း ကုန်မှာပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ငါးထောင်နဲ့ ဆိုရင် အနည်းဆုံး ဖုန်းတစ်သန်းတော့ ရောင်းရမှာပဲ၊ မြတ်မှာကွ ဆိုပြီး ဝင်ဝယ်မယ့် လူတွေချည်းပဲ။ နောက်ပြီး ဆင်းကဒ်ဖိုး ကြိုသွင်း ရမယ် ဆိုရင်လည်း ငါးထောင်နဲ့ သွင်းမယ့် လူတွေ မနည်းမနော ဖြစ်လာမှာ သေချာတယ်။ လျှောက်လွှာ တစ်စောင်ကို ငါးရာနဲ့ ရောင်း၊ ငွေငါးထောင် ကြိုသွင်း၊ အင်း ဒါပေမယ့် တစ်လလောက် အရောင်းဖွင့်ပြီးလို့ လစ်သွားမယ် ဆိုရင် နောက်ထပ် Ponzi တစ်ယောက်နဲ့ ခင်ဗျားတို့ တွေ့မှာ သေချာတယ်။ ဟိုတစ်လောက နံမည်ကြီး မြန်မာဆေး လုပ်ငန်းက သမီးက စက်ရုံ တိုးချဲ့မယ်၊ အရင်း ထည့်ကြ၊ တစ်လကို ငါးကျပ်တိုး ဆိုပြီး သုတ်သွားတာ ထက်တောင် ငွေများ သွားနိုင်တယ်။

 

လူကို ကြည့်ပြီးတော့ နည်းပညာကို လေ့လာရအောင်။ အင်တာနက်မှာ ဝင်ရှာတော့ သူပြောတဲ့ UMTS စနစ်ဆိုတာ Universal Mobile Telecommunications System (UMTS) ဖြစ်ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ နည်းပညာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဝီကီမှာ ရေးထားတဲ့ အချက် တစ်ချို့ကိုပဲ ကူးတင် ပေးလိုပါတယ်။

 

Universal Mobile Telecommunications System (UMTS) is a third generation mobile cellular technology for networks based on the GSM standard.

Unlike EDGE (IMT Single-Carrier, based on GSM) and CDMA2000 (IMT Multi-Carrier), UMTS requires new base stations and new frequency allocations.

Structure of UMTS Network

 

အဲဒီတော့ လူပြိန်း အတွေးနဲ့ ပြောရရင် အခု ဆက်သွယ်ရေးက လုပ်နေတဲ့ စနစ်ကို မသုံးဘူးဆိုရင် သူ့ဘာသာသူ ထပ်ဆင့်လွှင့်တဲ့ စက်ရုံတွေ ဆောက်ရမယ်၊ Exchange ရုံတွေ လုပ်ရမယ်။ အဲဒါကို သုံးလနဲ့ ခြောက်လအတွင်း ပြီးအောင် လုပ်မယ် ဆိုတာတော့ အတော် ယုံရခက်တဲ့ ကိစ္စပဲ၊ ရွှေပြည်တံခွန် ကုမ္ပဏီ ရှင်းပြတဲ့ အထဲမှာ အရင်းအနှီး ဘယ်က လာမယ် ဆိုတာ ရေရေရာရာ ပြောထားတာ မရှိဘူး။ အခန်းတောင် ငှားနေရတဲ့ လူတစ်ယောက်က အဲဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို လုပ်ဖို့ ငွေကြေး၊ နိုင်ငံတကာ အဆက်အသွယ် ရှိနိုင်သလား ဆိုတာ ပထမဆုံး မေးရမယ့် မေးခွန်းပဲ။ ဒီစနစ်အတွက် သုံးရမယ့် လွှင့်စက်ဆိုတာ GSM Repeator လို ခေါင်မိုးပေါ် လွယ်လွယ်နဲ့ တက်တပ်လို့ ရမယ်မထင်ဘူး။ ဖုန်းအလုံးပေါင်း သိန်း၊ သောင်း ချီသုံးမယ့် ကွန်ယက် တစ်ခုအတွက် တိုင်တွေ ထောင်တာ၊ အဲဒီအတွက် လိုအပ်တဲ့ Power Supply တွေ၊ ကိုင်တွယ်မယ့် ဝန်ထမ်းတွေ စသည်ဖြင့် စဉ်းစားစရာ အများကြီး ရှိသေးတယ်။ အဲဒါကို အိမ်မှာ Wi Fi ထောင်သလို လွယ်လွယ်လေး ပြောနေတာကတော့ လိုက်မမီပေါင်ဗျာလို့ ပြောရမှာပဲ။

 

ချုပ်ပြောလိုက်ရင်တော့ ဆက်သွယ်ရေးက ဖုန်းဈေးတွေ များလွန်းတာလည်း အမှန်ပဲ။ ဒါနဲ့ ပတ်သက်လို့ ဆန်းစစ်ရမှာက တစ်ပိုင်း၊ အခုလည်း လွှတ်တော်မှာ ပြောဆို နေတာတွေ ရှိတယ်။ နောက်ပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာရင်းနှီး မြှပ်နှံရင် ရတဲ့ ဆင်းကဒ်ခကတော့ သက်သာမယ်၊ ဒါပေမယ့် ဖုန်းပြောခတွေကို ဒေါ်လာနဲ့ ပြန်ထုတ် ပေးရမယ့် ကိစ္စလည်း ရှိသေးတယ်၊ အခု အချိန်မှာ ဖုန်းပြောခတွေကို တစ်နှစ် ဒေါ်လာ သန်းနှစ်ရာ၊ သုံးရာ ဒေါ်လာနဲ့ လဲပြီး အစိုးရက အမြတ် ခွဲပေးဖို့ရော လုပ်နိုင်ပြီလား ဆိုတာလည်း စဉ်းစားရမယ်။ နောက်ပြီး အခု စနစ်သစ်အရ အစိုးရ စီးပွားရေး လုပ်ငန်းတွေက ကိုုယ့်ငွေ ကိုယ်ရှာ၊ ကိုယ်သုံး လုပ်ရမယ် ဆိုတာလည်း ရှိရဲ့။  ဒါတွေ အားလုံးကို စဉ်းစားလိုက်ရင် လက်ရှိ အခြေအနေအရ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတော့ အမတ်မင်းများက ဆွေးနွေး ပေးကြဖို့ လိုပါတယ်။

 

သို့သော် ဆက်သွယ်ရေး ဈေးများ နေတာကြောင့် ကျွန်တော်တို့ တစ်တွေ Ponzi လိမ်ကွက်တွေထဲ ကျမသွားဖို့ လိုတယ်။ ဒါ့ကြောင့် တတ်ကျွမ်းသူများ ငါးထောင် ကိစ္စကို ကုမ္ပဏီရဲ့ ခိုင်မာမှု၊ နည်းပညာအရ လိုအပ်မှု၊ အရင်းအနှီး ရနိုင်မှု စသည်ဖြင့် ထောင့်ပေါင်းစုံက စဉ်းစားပြီး ရေးပြရင် ကောင်းမယ်။ ဂျာနယ်တွေလည်း ပွဲဆူတယ်၊ ဂျာနယ် အရောင်း တက်တယ် ဆိုပြီး ရွှေပြည်တံခွန်ကို စင်တင် ပေးနေကြတာ၊ တော်ကြာ ရွှေပြည်တံခွန်နဲ့ အမှုတွဲ ဖြစ်သွားမယ့် အရေးကိုလည်း ဂရုစိုက်ကြပါဦး။

ကျွန်တော်တော့ ငါးထောင်ဖုန်းထက် သုံးသိန်းဖုန်း အိမ်မက်ဘဲ မက်လိုက်ဦးမယ်။

Credit to : (စစ်အောင်)

25 comments

  • htoosan

    February 15, 2012 at 9:27 am

    ်အခုလို သိရတာ ကျေးဇူး ပါ .။ အစုရှယ်ယာ ဝယ်ခြင်သူ လောဘ သမားများ ယုံကြည် ကြသူများ ကတော့ သူ့သမိုင်းနှင့် သူ သွားပေါ့။
    မည်သို့ပင်ဖြစ်စေကာမူသူ့ ရဲ့ လုပ်ရပ်ကြောင့်ဆက်သွယ်ရေးမှာ ဆင်းကဒ် အလကားပေးမယ်ဆိုပြီး အဆိုတင်သွင်းသူများတောင် ရှိကြောင်း ဆက်သွယ်ရေးက ဖွင့်ဟဝန်ခံလာ ရပါသည်။

  • ဦးဦးပါလေရာ

    February 15, 2012 at 9:36 am

    ရွှေပြည်တံခွန်က အမှားလုပ်တာမတွေ့သေးခင်မှာ သူ့စာရိတ္တကို မဆုံးဖြတ်နိုင်ပါဘူး။
    သို့သော် … ဖြစ်တန်ရာအခြေအနေကိုတော့ ခန့်မှန်းနိုင်ပါတယ်။

    ဒါတွေကလဲ ကမ္ဘာမှာမဆန်းပါဘူး။
    အော်ဇီ(ကလားမသိ)ရွှေတွင်းကြီးကိစ္စပဲကြည့်…..။
    လည်ပါတယ်ဆိုတဲ့ ကမ္ဘာ့စီးပွားရေးသမားတွေခံလိုက်ရတာ….။

    ဒီကိုလဲ ဒါမျိုးတွေ အများကြီးလာဦးမှာ…..။

  • thureinmaung

    February 15, 2012 at 9:44 am

    ဘာဘဲဖြစ်ဖြစ်၊ မဟားတရားဈေးကြီးလှတဲ့မြန်မာ့ဆက်သွယ်ရေးနဲ့ ခရိုနီ company တွေရဲ့sim card ဈေးနှုန်း
    ဟာ မတော်မတရားအမြတ်ကြီးစားထားတာကိုတော့ ပြည်သူသိခွင့်ရသွားတာပေါ့၊
    ပြည်သူတွေကတော့၊ လောဘကြီးပြီးရှယ်ယာတွေစွတ်မဝယ်ကြနဲ့ပေါ့၊
    ဘယ်သူဘဲရောင်းရောင်း ဈေးကွက်ထဲရောက်လာပြီးအများသူငါသုံးနေတော့မှအဲဒီ ၅၀၀ဝ တန် ကဒ်ကိုဝယ်ယူအားပေးတော့မယ်လို့စိတ်ကူးတယ်။

  • kanjosan

    February 15, 2012 at 9:52 am

    တိုင်းပြည် မတိုးတတ်တာ အဲ့ဒီ ခရိုနီတွေဘဲ ဈေးကွက်လက်ဝါးကြီးအုပ်မှု့၊ အကျင့်ပျက်ခြစားမှု့၊ နီးစပ်ရာလူကိုဘဲ လုပ်ပိုင်ခွင့် ချထားပေးမှု့ စတဲ့ မတရားမှု့တွေ ကြီးစိုးနေလို့ပါဘဲ… အဲ့ဒီစနစ်စိုးကို အတိုင်းအတာ တစ်ခုအထိ တိုက်ထုပ်ပြစ်ရမယ်လို့ ထင်ပါတယ်….

  • ကောင်းမြတ်သူ

    February 15, 2012 at 10:14 am

    အခုလို Information ထုတ်ပေးတဲ့အတွက်ကျေးဇူးအထူးပဲဗျို့။ သူ့ကြောင့်တော့ ဆက်သွယ်ရေးလုပ်စားနေ တဲ့အချက်ကို ပြည်သူတွေသိသွားတာပေါ့။ မတော်လောဘများ အမြန်ဆုံးပျောက်ကွယ်နိုင်ပါစေ………..

  • koyinmaung

    February 15, 2012 at 12:04 pm

    ပြည်သူတွေသိသင့်တဲ့ သတင်းအချက်အလက်တွေပါ
    လုပ်နိုင်တာမလုပ်နိုင်တာသူ့ရဲ့အရည်အချင်းပါ
    တကယ်ကဖုန်းနံပါတ်တခုရဘို့၅၀၀ဝကျပ်ဆိုတာများနေပါသေးတယ်
    မြန်မာပြည်တခုသာသူတို့လုပ်ချင်တိုင်းလုပ်လို့ရနေသေးတာပါ
    ပြည်ပကနေပြည်တွင်းကိုဖုန်းခေါ်လို့မတန်တဆဈေ းပေးနေရတာကလဲမြန်မာနိုင်ငံတနိုင်ငံဘဲရှိပါတယ်
    အများသုံးနိုင်အောင်ဖုန်းဈေ းနှုန်းများပြောင်းသင့်ပြီလို့ပြောချင်ပါတယ်။။

  • ကြောင်ကြီး

    February 15, 2012 at 12:17 pm

    အများပိုင်ကုမ္မဏီရယ်လို့ ဖွဲ့ထားရင် ဒါမှမဟုတ် အများပြည်သူနဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံနေပြီဆိုရင် လိုက်နာရတဲ့စည်းကမ်း ထုတ်ပြန်ရတဲ့အချက်အလက် ပွင့်လင်းမြင်သာရှိမှု စတာတွေက တဦးပိုင်၊ အစုစပ်လုပ်ငန်းများထက် အများကြီးပိုရတယ်။ မြန်မာပြည်မှာ လုပ်စားသွားတဲ့ အတိုးများများပေး ရိုက်စားလုပ်သွားကြတာ အဓိကတရားခံသည် အစိုးရဖြစ်တယ်။ သူတို့မျက်စိမှိတ်ထားလို့ မဖြစ်သင့်တာ ဖြစ်ခဲ့ရတာ။ တယ်လီဖုံးကိစ္စမှာလည်း နိုင်ငံရေးကစားကွက်ပါတယ်ပြောပြော မဖြစ်သင့်တဲ့ဈေးနှုန်းဖြစ်နေတာ အမှန်ပဲ။ ကားဈေးလည်းအတူတူပဲ။ အခြေအနေပေးတုန်း တက်ညီလက်ညီနဲ့ ဆော်ဩဖိအားပေးတာ အကျိုးမဲ့မဖြစ်နိုင်လို့ ထင်ပါတယ်..။

    • Wow

      February 15, 2012 at 12:47 pm

      ဟုတ်တယ် ဦးကြောင်ကြီးတို့လို အတွေ့အကြုံများတဲ့စီနီယာတွေ ဒီလိုကိစ္စတွေ ပြောပလိုက်…
      (ဟီး ကိုယ်မပြောရဲတော့ လူကြီးတွေမြောက်ပေးမှ)
      😀

  • minyanag

    February 15, 2012 at 12:27 pm

    ဘာပဲဖြစ်ဖြစ်ဗျား ……. ဆက်သွယ်ရေးရဲ့ ပြည်သူ့ဂုတ်သွေး စုပ်နေတာကို ပြည်သူတွေ သိခွင့်
    ရခဲ့တာ ဟာ အမြတ် တခု ပဲ မဟုတ်ပါလား …. အဆိုးထဲက အကောင်း တခုလို့ မြင်မိတယ်….
    ကျန်တာတွေကတော့ ဆက်ပီး စောင့်ကြည့်နေရတော့မှာပါ …

  • bluerose

    February 15, 2012 at 1:19 pm

    ခုသတင်းလေးကြည့်ပြီးတော့လည်းစဉ်းစားစရာပါပဲလေ
    ဘာတွေဖြစ်မလဲဆက်စောင့်ကြည့်ရတာပေါ့
    ဆက်သွယ်ရေးကတော့တကယ့်အကျင့်ပျက်နေတာပါပဲ
    ရွှေပြည်တံခွန်ကတကယ်မလုပ်နိုင်ရင်တောင်
    ဆက်သွယ်ရေးကအကြောင်းပြည်သူတွေတော်တော်များများသိသွားရလို့
    ဝမ်းသာစရာပါပဲ

  • etone

    February 15, 2012 at 1:34 pm

    အော ဂလိုကိုး …. ။ ဂျာနယ်တွေမှာတောင် အကျယ်တဝင့်ရေးသားထားလို့….. ကျွန်မတောင် သဘောကျပြီး မီဒီယာလွတ်လပ်ခွင့်ရပြီလားဆိုတဲ့ပို့စ်တောင် တင်မိသေးတယ် … ။

    ကျွန်မအပါဝင် လူအများစု ထစ်ခနဲဆို အယုံလွယ်တတ်ကြတာ ဆိုးတယ် … ဇစ်မြစ် ဂဃနဏကို မသိပဲ … ဈေးနှုန်းကွာဟချက်ကိုပဲ ထည့်တွက်ပြီး .. အပြစ်တင်စောသွားတယ် ….. ။ စိတ်ဝင်စားစရာကောင်းတာကတော့ ဘယ်သူကများ .. အဲ့ဒီလူရဲ့နောက်ကြောင်းကို လိုက်ပြီး စုံစမ်းထားပါလိမ့် … ။

  • etone

    February 15, 2012 at 2:06 pm

    ဒီကိစ္စ တော်တော် မဖြစ်သင့်တဲ့ကိစ္စ…။

    မနေ့က သူငယ်ချင်းတယောက်က ပြောပြမှ သိရတာ။ အရင်က ကြားတော့ကြားမိသား။ သေချာမသိဘူး။ မနေ့ကတော့ သူငယ်ချင်းက ပြောရုံတင်မဟုတ်ဘဲ လက်တွေ့ လုပ်ပြလိုက်တာဆိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ဟုတ်တယ်။ ဒီကိစ္စ တော်တော် မဖြစ်သင့်တဲ့ကိစ္စ။ ဘယ့်နှယ်….သုံးလာတာ နှစ်နဲ့ချီကြာမှ သိရတယ်လို့။ ကျွန်တော်တင်လားဆိုတော့…ဘယ်ဟုတ်မလဲ လူပေါင်း လေးသိန်းဝန်းကျင်လောက် ခံနေရတာ။

    ဖုန်း Miss Call ပေးတာ (သို့) ဖြစ်သွားတာကို ဖုန်းထဲက ငွေဖြတ်သွားတယ်ဆိုတာ ကျွန်တော်တော့ ဘယ်မှာမှ မကြားဖူးပါဘူးဗျာ။ လူကြီးမင်းတို့ရော ကြားဖူးကြပါသလား။ အော်.. ပြောရဦးမယ်။ Miss Call အတွက် ဖုန်းထဲက လျော့သွားတဲ့ငွေ (တနည်းအားဖြင့်) ပြည်သူကို ရှင်းရှင်းလင်းလင်း ကြောငြာပေးမထားပါဘဲနဲ့ မရိုးမသား အဖြတ်ခံလိုက်ရတဲ့ ပမာဏကလည်း Miss Call တခါဖြစ်ရင် ကျပ်ငွေ ၃၀ဝ တဲ့ဗျာ။

    ကဲ… ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ….။

    ဖြစ်ပုံက ဒီလိုဗျ….

    CDMA 73………. ဖုန်း ကိုင်နေတဲ့သူတွေ ခံနေကြရတာလေ။ ဆိုပါစို့…။ ခင်ဗျားရဲ့ 73…ဖုန်းကနေ နောက် 73….. ဖုန်းကို ခေါ်လိုက်တယ်။ ဟိုဖုန်းမှာ Miss Call ဖြစ်သွားတယ်(သို့) တဖက်က ဖုန်းကိုင်တဲ့သူက End Call ကို နှိပ်လိုက်တယ် ဆိုရင် ခင်ဗျားဖုန်းရဲ့ Balance မှာ ၃၀ဝ လျော့သွားပါပြီ။ ခုမှ ထပ်သိရတာက တဖက်က Miss Call တွေ့လို့ ပြန်ခေါ်လိုက်တော့ လျော့သွားတဲ့ ၃၀ဝ ပြန်ပေါင်းပေးတယ်ဗျ။ 73… ဖုန်း အချင်းချင်းဘဲ စမ်းကြည့်ရပါသေးတယ်။ ဖုန်းခကုန်မှာစိုးလို့ Miss Call ဘဲ ပေးတဲ့လူတွေက အများသားကလားဗျ။ စဉ်းစားသာ ကြည့်ကြပေတော့။

    ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးမင်းများ မသိတာလား။ တမင် ရည်ရွယ်ချက်ရှိရှိ နဲ့ ပြည်သူကို နှိပ်စက်တာလား။ အဲဒီလောက်လုပ်ကြတာတာ့ တော်တော် မဟားဒယား ဆန်လွန်းတယ်ဗျာ။ ဆန်ကောလောက်မှ စောက်မနက်တဲ့ သူတွေဘဲ။ ဖုန်းကိုင်နေတဲ့သူ အများစုဟာ ကိုယ့်ဖုန်းထဲက ငွေလက်ကျန်ကို ခဏခဏ မစစ်ဖြစ်ကြဘူးလေ။ စစ်ကြတဲ့အခါလည်း ငွေလက်ကျန်ကိုဘဲ ကြည့်တာ။ အရင်တကြိမ်က လက်ကျန်ဘယ်လောက်ကျန်လို့ ခုတကြိမ်ပြောအပြီးမှာ ဘယ်လောက်ပဲ ရှိတော့တယ်ဆိုတာ သိတဲ့လူက မရှိသလောက်ပါ။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ပြည်သူ( ဖုန်းသုံးစွဲသူ)ဆီက အခုလို မရိုးမသားလုပ်တာကိုတော့ အလေးအနက် ရှုံ့ချပါတယ်။

    ကျွန်မနဲ့ ရန်ဖြစ်ဖော် ရန်ဖြစ်ဘက် အဆဲသန်တဲ့ လူ့ကဏန်းကြီး 77 ဆီက ပို့လာတာပါ … ။ သူပြောလို့ချက်ချင်း စမ်းကြည့်တယ် .. တကယ်300နှုတ်တာ သေချာတယ် …. ။
    ဒါပေမယ့်လည်း … ဖုန်းနှစ်လုံး အပြန်လှန် လေးခါလောက် လုပ်ကြည့်တော့ ကိုယ့်ဆီမှာ 200 မြတ်သွားတယ် .. ဘယ်လိုလဲတော့ မသိဘူး … တိုးလာတာပဲ .. 😛

  • Uncle Lay

    February 15, 2012 at 2:15 pm

    ဂလိုလား…။
    ဟလို…..ကြားလား…ဟလို….ကြားလား….ငါးထောင်တန်ဆင်းကဒ်က……အဲလို….တဲ့။

    ” ကိုကိုရေဖုန်းလာနေတယ်…..ကိုကိုဖုန်းလာနေတယ်….” … ဆိုတဲ့အသံ တစ်နိုင်ငံလုံးအနှံ့မှာ ကြားရဖို့….မလွယ်တော့ဘူးပေါ့…နော်။

  • aww zu69

    February 15, 2012 at 3:08 pm

    ကျွန်တော်လဲအစကတည်းကပြောပါတယ်ဗျာ..ဘယ်သူမှမယုံကြဘူး
    ဧရာရွှေမြေတို့..ရှမ်းတောင်တန်းတို့လိမ်တာမမေ့ကြသေးဘူးထင်ပါရဲ့ဗျာ..
    ရုပ်ကိုက ကလိန်ကကျစ်ရုပ်နဲ့
    ဥပဓိရုပ်ကြည့်တာနဲ့သိပါတယ်ဗျာ…

  • the best

    February 15, 2012 at 6:46 pm

    ရွှေပြည်တံခွန်ကုမ္ပဏီ က ဘယ်လိုဖြစ်တာ လဲ ….
    သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းပါလို့ဘဲ တိုက်တွန်းချင်ပါတယ်။
    နိုင်ငံသားအားလုံး ထိခိုက်နေပါတယ်။
    ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နှင့် အညီ နိုင်ငံနှင့် နိုင်ငံသားများ ကို မဖြစ်မနေ တင်ပြ ရှင်းလင်းပေးပါ ။
    ၅၀၀ဝ တန်းဆင်းကဒ် စီမံကိန်း ကို အကောင်းဆုံး နဲ့ စိတ်အချရဆုံးဖြစ် တဲ့ လူသား အရင်းအမြစ်များ နဲ့ ဆောင်ရွက်ပါ ။
    ဖွံ့ ဖြိုးရေးစီမံကိန်းများကို လုံလောက် တဲ့ ရင်းနှီးမြုပ်နှံမှုများ နဲ့ ဆောင်ရွက်ရင်တော ့
    ရွှေပြည်တံခွန်ကုမ္ပဏီ အတွက် ပြည်သူတစ်ရပ်လုံး ရှိနေဦးမှာ ဖြစ်ပါတယ်။

  • MTY

    February 15, 2012 at 8:18 pm

    မဖြစ်နိုင်မှန်းသိပေမဲ့……လဲသူ့ကိုပင်…(စိုင်းဆိုင်မော်သီချင်းပါခင်ဗျ)။
    စီပွားရေးပွင့်လင်းလာလေ..သတိသာထားကိုယ့်လူတို့ေ၇။

  • 3000 ကျပ် နဲ့ ကဒ်ကို ဖြန့်ပါမယ် …
    ၁ မိနစ်ကို 30 ကျပ် ပါ
    မက်ဆေ့ချ် တစ်စောင် (စာလုံးရေ 300)အတွက် 3 ကျပ်
    ၁ နှစ်စာလုံးထိန်းသိမ်းစရိတ်က 300 ကျပ်
    လျှောက်လွှာတစ်စောင် 33 ကျပ်
    ကြိုက်သလောက်ဝယ်နိုင်ပါတယ် …..
    အများပိုင် Company အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပါ၍
    အစုရှယ်ရာများ ထည့်ဝင်နိုင်ကြပါသည် … အစုရှယ်ရာ (၁)စုလျှင် ငွေကျပ် ၃ သိန်း
    အရေအတွက် ကန့်သတ်ထားပါသည်

    (မှတ်ချက်။ စတင်ဖြန့်ချီမည့်ရက်ကို အစုရှယ်ရာရောင်းရငွေ ဒေါ်လာ 3 ဘီလျံရမှ စီမံချက်စတင်ရေးဆွဲမည်ဖြစ်ပါသောကြောင့် ဆက်လက်ကြေညာပေးသွားပါမည်) … 😛

    • kai

      February 16, 2012 at 1:48 am

      အစောကြိးကတည်းက.. ကျုပ်က.. ၄ထောင်နဲ့ဈေးဖွင့်ပေးထားပါတယ်ကွယ.်.. မွှန်နေကြလို့ ဘယ်သူမှသတိမထားမိတာပါ…။
      ကြားထားတာလေးထပ်ပြောရရင်.. အဲဒီရွှေပြည်တံခွန်က.. အစိုးရဆီက..အသံလွှင့်ရုံလေလံဆွဲတာအောင်ဖူးပြီး.. လစ်သွားဖူးတယ်တဲ့..။ (သတင်းမသေချာပါ)

      EU gives $200 million aid package

      Mizzima News – 1 day ago
      (Mizzima) – EU Development Commissioner Andris Piebalgs announced on Monday the … to Burma, earmarked to benefit the health, education and infrastructure.

      အဲဒီအပေါ်ကရငွေထဲ..infrastructure ဆောက်ရမှာပါတယ်..။
      ဆင်းက်ဒ်ဖုံး၅၀၀ဝ နဲ့ရဖို့.. ဆက်သွယ်ရေးထဲထည့့်သင့်သလား..။
      ကြိုးဖုန်း ရွာတိုင်းတရွာတလုံးရှိအောင် ကြိုးစားသင့်သလား..။
      လမ်းဖေါက်သင့်သလား..။
      လျှပ်စစ်ဂရစ်တွေဆောက်သင့်သလား..။
      ဘတ်စ်တွေဝယ်သင့်သလား..
      ရထားတွေတိုးသင့်သလား..

      ဖြေကြည့်ပါ..။

  • htoosan

    February 16, 2012 at 10:11 am

    မနေ့ က ည ၆ နာရီ သတင်းမှာ ဒုဝန်ကြီး ဆက်သွယ်ရေးမှ ဦးဆောင်တဲ့ ဆက်သွယ်ရေးရင်းနှီးမြုပ်နှံမှု ဥပဒေအတွက် အစည်း အဝေးလုပ်တာတွေ့လိုက်ပါတယ် ။ နော်ဝေး တယ်လီဖုန်းကုမ္မဏီမှ အဖြူ သုံးယောက်ပါ ပါဝင်ပါတယ် ….. ဆိုတော့ …. ဆက်သွယ်ရေး မှာ pressure ရသွားတာတော့ အမှန်ဘဲ။

    သူကြီး အဖြေ ဖြေရရင် မီးသတ်ကားတွေ အရင်ဝယ်ပါလို့ ။ ရှိတာလေးမပြုတ်ပြုန်းအောင် အရင် ကာကွယ်ပါလို့… 😀

  • kanjosan

    February 16, 2012 at 10:43 am

    အဲ့ဒီသတင်းမှန်မယ်ဆိုရင်တော့ တကယ်အကောင်အထည်ပေါ်ရင်တော့ အရမ်းကောင်းတဲ့ အစီအစဉ်ပါဘဲ.. ရွှေပြည်တံခွန်မဟုတ်တောင် နာ်ဝေး တယ်လီဖုန်းကုမ္မဏီ လို နိုင်ငံခြား ကုမ္မဏီ ကဘဲ သီးသန့်ဖြစ်ဖြစ်.. ပြည်တွင်းက ကုမ္မဏီတွေနဲ့ ပူးပေါင်းပြီး အကောင်အထည် ဖေါ်နိုင်ပါစေ… ၆ လလောက်နဲ့ သူ့ရဲ့ service အတွင်းမှာတော့ သုံးလို့ရပါတယ်.. MPT ကခွင့်ပြုတဲ့ Law ထွက်လာရင် အချိန်တိုအတွင်း အသုံးပြုနိုင်မယ်ထင်ပါတယ်… Post တစ်ခုမှာ ဖတ်ရတာ Cambodia တုန်းကလည်း သူရဲ့နက်ဝက် အစမှာ ၄ လအတွင်း UMTS System ကို ထိုင်းကနေ တိုင်တွေ၊ ပစည်းတွေအစုံလိုက် သယ်လာပြီးတတ်တာ ပြီးစီးတယ်တဲ့.. ဒါကြောင့် နည်စုံမဟုတ်တောင် ရန်ကုန်၊ မန်းလေး၊ နေပြည်တော်လောက်တော့ အနည်းဆုံး ခြောက်လတွင်း ပြီးလောက်ပါတယ်… Law တစ်ခုသာ ထွက်လာဘို့ လိုတာပါ…

  • Uncle Lay

    February 17, 2012 at 1:17 pm

    မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄ဝ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂ရ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

  • လင်းဝေ

    February 17, 2012 at 1:55 pm

    အဲဒီပို့စ်ကို မူရင်းတင်ထားတဲ့နေရာမှာ အောက်ကကွန်မန့်တွေလည်းပါသေးတယ်လေ။ ထည့်ပေးဦးမှပေါ့။

    *******

    ဟဲဟဲ
    ကျုပ်ကတော့ ခင်ဗျားပြောတဲ့သူထက်ဆင်းရဲပါသေးတယ်။ ဒါပေမယ့် အဲဒီ
    ဖုန်းတွေပေးမယ်ကိစ္စကိုသာ လုပ်ပိုင်ခွင့်ပေးရင်တော့ မလိမ်ဘူးဗျာ။
    ဖြစ်အောင်လုပ်ပြမယ်။ လုပ်ပိုင်ခွင့်လေး လိုချင်လွန်းလို ့ပါ။
    သူပြောသလောက် မမြန်ရင်သာရှိမယ် ။ စပြီးလုပ်ခွင့်ချပေတာကို သိရတဲ့နေကနေ ၃
    နှစ်ထက် မကြာစေရဘူး။

    ***********

    > ပိတောက်မြေမှာ တင်ထားတယ်ဆိုကတည်းက ပြည်သူ့အညွှန့်ခူးမဝသေးတဲ့အုပ်စုက
    > စာဆိုတာ သိလောက် ပါတယ်။
    >
    > ကျန်တာတွေ ကျနော်မသိဘူး ထပ်ဆင့်လွှင့်တဲ့ စက်ရုံတစ်ခုဆောက်ဖို့ ၃ ရက်ကနေ
    > ၁ဝ ရက်အတွင်းမှာ ပြီးနိုင်ပါတယ်၊ မယုံရင် ကိုယ့်စရိတ်ကိုယ်ခံပြီး
    > ကျနော်ဆီလာခဲ့ပါ၊ ထပ်ဆင့်လွှင့်စက်ရုံတွေ ဆောက်ထားတာ ဆောက်နေတာ
    > လိုက်ပြပေးပါ့မယ်။
    >
    > မဖြစ်နိုင်သေးဘူးလို့ ဆက်သွယ်ရေးနဲ့ အပေါင်းပါတွေက
    > အကြောက်အကန်ငြင်းနေကြပေမဲ့ ဘာကြောင့် မဖြစ်နိုင်သလဲဆိုတာတော့
    > မရှင်းပြကြဘူး၊ ဥပဒေကြောင့်ဆိုရင် မသင့်တော်တော့တဲ့ ဥပဒေကို
    > ပြင်ဖို့ကြိုးစား ရမှာပေါ့၊ ဆန်ရှင်ပိတ်ထားလို့
    > ပစ္စည်းဝယ်လို့မရဘူးဆိုရင်လည်း အဲဒီအကြောင်း ကြောင့်လို့ပြောပြပေါ့
    > (ဒါတောင် ပစ္စည်းဝယ်မရဘူးဆို ဆက်သွယ်ရေးနဲ့ အပေါင်းအပါ ငဝိုက်ကြီးများ
    > လက်ရှိစီမံကိန်းမှာ သုံးနေတဲ့ ပစ္စည်းက ဘယ်ကရသလဲ၊ တရုတ်ကဆို ဝယ်တဲ့ဈေးကို
    > ချပြသင့်တယ်)။
    >
    > ဖုံးကဒ်တစ်ကဒ် ၂သိန်း ၃သိန်းဆိုတာ ကမ္ဘာအလယ်မှာ ကြားလို့တောင်
    > မကောင်းတော့တဲ့ စကားပါဗျာ။ လူတိုင်း တနေ့ထမင်းသုံးနပ်ထက် ပိုစားနိုင်တဲ့
    > ဗိုက်မရှိပါဘူးဗျာ၊ ကာမဂုဏ်ခံစားဖို့ဆိုရင် ဘယ်သူမှ
    > ဒီကိုယ်လုံးထက်ပိုပြီး ၄-၅ ကိုယ် မရှိကြပါဘူး တော်လောက်ပြီပေါ့ဗျာ
    > ယူထားလိုက်ကြတာလဲ ဒီတသက်မပြောနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြုန်းတောင်
    > ကုန်မှာမဟုတ်ဖူး။ ဆင်းရဲသားအများပြည်သူဘက်ကိုလည်း နဲနဲတော့
    > လှည့်ကြည့်ကြသင့်ပါပြီ။
    >
    > ရွှေပြည်တံခွန်က ရိုက်စားဂွင်ဖန်တယ်ဆိုရင်လည်း ပြတ်ပြတ်သားသားအရေးယူပေါ့ဗျာ။
    >
    > အရေးကြီးတာက ရွှေပြည်တံခွန်မဟုတ်ဘူး မြန်မာပြည်မှာ ဖုံးတွေ
    > ဘေးအိမ်နီးနားချင်းနိုင်ငံတွေလို လွယ်လွယ်ကူကူ သက်သက်သာသာ
    > သုံးနိုင်ဖို့ပဲ။
    >
    > မော်ကင်းလေး။ မြန်မာကျူးပစ်ကွန်မြူနတီဖိုရမ်။\

    *****

    အဓိကကတော့ အဲဒီ အစိုးရပိုင်ဆက်သွယ်ရေးကို ဂုတ်ခွစီးပြီး လူတစ်စု ကို တိုင်းသူပြည်သားတွေ ပိုက်ဆံကို အဓ္ဓမ နှိုက်ယူနေတာကြောင့်ပဲ။ လိမ်တဲ့သူပေါ်ခဲ့ရင်လည်း ဒင်းတို့ မြန်မာ့ဆက်သွယ်ရေးက အကြောင်းရင်းခံပဲ။ မဖြစ်နိုင်ဘူးပြောနေတယ်။ လာအိုမှာ ကမော္ဘဒီးယားမှာ ချီးစားပြီး ဈေးပေါပေါနဲ့လုပ်ပေးနေလား။ ဒေါ်လာတွေပြန်ထွက်သွားမယ်လုပ်နေတယ်။ ဆက်သွယ်ရေးအတွက် ရင်းနှီးမြုပ်နှံသူများ no right to repatriation ဆိုပြီး စညန နည်းဥပဒေသာ ရှိရင် ဘာမှ မဖြစ်ဘူး။

    • စိန်ပေါက်ပေါက်

      February 17, 2012 at 2:02 pm

      ပြောလိုက်ချမ်းဘာတော့..အဲဒိ ချီးထုပ်တွေကို

  • Wai Phyo

    February 17, 2012 at 3:39 pm

    2သိန်းဆိုတာ တန်ဖိုးနည်းဖုန်းလား…ဆင်းရဲသားအောက်ခြေလူတန်းစား အထိရောက်နိုင်ပါ့မလား ….စကားလုံးကိုပြောင်းသင့်တယ် လို့ထင်ပါတယ် တန်ဖိုးနည်း ဆိုပီး ဒေါ်လာ 200 ကျော် နှစ်သိန်း ကျပ်ဆိုတာ အောက်ခြေလူတန်းစားအတွက် တန်ဖိုးနည်းဖြစ်နိုင်ပါ့မလား ….အထက်ကဖော်လံဖား တွေအတွက်ကတော့ ညစာတစ်နပ်စာလောက်ပဲရှိချင်ရှိမှာပေါ့ ….အောက် ခြေလူတန်းစားအတွက်ကတော့ လုံးဝမဖြစ်နိုင်ဘူး တကယ်လို့ ဒီဖုန်းကိုမဝယ်ဖြစ်ရင် ဒီထက်တန်ဖိုးနည်းဖုန်းကပေါ်လာမှာပဲ….ဒါမှမဟုတ် ငါးထောင်တန်ဖုန်းမဖြစ်နိုင်ဘူးဆိုပီး သူတို့နှစ်သိန်းကို ပြန် စိတ်ဝင်စားအောင် လုပ်တာလည်းဖြစ်နိုင်တယ် ….အောက်ခြေကလူတန်းစားတွေကိုသနားပါ ……….လို့

  • aungnng87

    February 17, 2012 at 4:29 pm

    ဟီဟီ မန်းလေးမှာတော့ ၅၀၀ဝတန် ကမ်ပိန်းလုပ်နေကြတယ်ဆို….

Leave a Reply