ရောက်တတ်ရာရာဟာသ(မတော်တဆ အချစ်ကို ကောက်ရကြသူများ)

htet wayFebruary 15, 20121min14913

ကျွန်တော်တို့ စိတ်အစဉ်ကို လွတ်လပ်မူလိုလားကြသည်။ရယ်မောပျော်ရွှင်လိုကြသည်။တကယ်တန်းတွေးကြလျှင် လူဘဝသည်တိုတောင်းသောအချိန်တစ်ခုသာ။
ထိုဘဝတွင် စိတ်ချမ်းသာမူကို ဆုတစ်ခုအဖြစ်လိုချင်ကြသည်။ရယ်မောခြင်းဖြင့် ကျန်းမာရေးကိုလည်းကောင်းမွန်စေသည်။
တကယ်တန်းပြောကြလျှင်ဖြင့်လူတိုင်းတွင်ဟာသဉာဏ်ရှိပါသည်။ လူပျိုကြီးကျောင်းဆရာတစ်ယောက် အိမ်ထောင်ကျပုံလည်းဆန်းသည်။ ဒဿမတန်းကျောင်းသူလေးနှင့်
ကျောင်းသား၏အချစ်ဇာတ်လမ်းကို သိလို့ ကလေးများ အရွယ်မတိုင်မီ ဒုက္ခမရောက်ရေး တွေးခေါ်ကြရာတွင် ထိုကလေးများကို တိတ်တဆိတ်ရုံးခန်း၌ တွေ့ဆုံပြီးဆုံးမကြရန်
ဓါတုဗေဒသင်သောဆရာမအပျိုကြီးနှင့် မြန်မာစာသင်သော ဆရာ လူပျိုကြီးတို့ တာဝန်ကျရာရုံးခန်းတွင်းသို့ ကလေးမလေးကို အရင် ခေါ်စစ်သည်။ဒီနေရာမှာ မြန်မာစာဆရာအကြောင်းနည်းနည်းပြောပြဖို့ လိုပါသည်။မြန်မာစာဆရာက စာရေးဆရာ ညကို ညည့်နက်အောင်စာရေးသည်။ မနက်ကို အိပ်ရာစောစောာထလို့ ဈေးဆိုင်သွားဖွင့်ပေးရသည်။ ဒါကြောင့် မြန်မာစာဆရာက ထိုင်လျှက်လည်းအိပ်ငိုက်တတ်သည်။
ဆရာမဓါတုကတော့ အရမ်းအလှကြိုက်သည် မင်းသမီးရှုံးလောက်အောင်ပြင်သည် မိဘကချမ်းသာတော့ မပူမပင်ရ စိတ်ကြိုက်လည်း အလှပြင်သည်။
တကယ်လည်းလှသည်။ နည်းနည်းးဝတာကလွဲလို့ အလွန်လှသည်။ စကားပြောလျှင် အသံကို ဆွဲပြီး ပျော့ပျော့ပြောင်းပြောင်းလေးချွဲနွဲ့ ပြောတတ်သည်။အပျိုကြီးတို့
ထုံးစံအတိုင်းဂျီးများတတ်ခြင်း၊ ရွံတတ်ခြင်း ၊တဖက်သားကိုမတူသလို ဆက်ဆံတတ်ခြင်း ယောက်ကျားများကို ပါးစပ်က မုန်းသည်ဟုပြောတတ်ခြင်း ၊
အိမ်ထောင်ရေးကို စိတ်မဝင်စားအိမ်ထောင်သည်များကို ဒုက္ခသည်တွေဟုမြင်တတ်ခြင်း …စသောအရည်အချင်းနှင့်ပြည့်စုံ ပါသည်။
( အပျိုကြီးဓါတုဆရာမကိုသာဆိုလိုခြင်းဖြစ်ပါသည် ကျွန်တော်လေးစားခင်မင်ရပါသော ဂေဇက်က အပျိုကြီးများ၌ ထိုစရိုက်များမရှိ
သနားတတ်ခြင်း၊ တရားဓမ္မရှိခြင်း ဉာဏ်ရည်မြင့်ခြင်း စာနာစိတ်ရှိခြင်းနှင့် သူတော်ကောင်း
တရားများရှိကြောင်း ကို ကျွန်ပ်ကောင်းစွာ သိကြောင်းနှင့်လေးစားပါကြောင်း….ဤကားစကားချပ်)။
ထိုနေ့က ရုံးခန်းထဲ၌ ကျောင်းသူမလေးက ငြိုးငယ်စွာထိုင်နေ၏။ ရှေ့၌ ဓါတုဆရာမ ဘေးတွင် အိပ်ချင်မူးတူးနှင့် မြန်မာစာဆရာ ထိုင်နေသည်။
ဓါတု။ ။ သမီး ပညာရေးကို ဂရုစိုက်ရမယ့် အရွယ်မှာ ရည်းစားထားရတယ်လို့ ကွယ် အခုသမီးရေးထားတဲ့ စာတွေလည်းဆရာမတို့ ရထားတယ်နော်သမီး
မိဘကိုခေါ်တွေ့ပြီးပြောရမလား ဆရာမတို့ ပြောရင် ပြီးမလား။
ကျောင်းသူ။ ။ မလုပ်ပါနဲ့ (ပြာပြာသလဲပြော) ဟင့် ရွတ်… အီး
ဆရာမရယ် သူက စကားနေ့တိုင်းလိုက်ပြောလို့ သမီးလည်းစိတ်လည်သွားတာပါ ဖျက်ဆိုလည်းဖျက်ပါ့မယ်…ဟင့် .အင့်(ရှိုက်သံ)
ကျောင်းဆရာကတော့ ကျောင်းသူလေးကို ကြည့်လိုက် မျက်စိပြန်မှိတ်လိုက် ဘာတစ်ခွန်းမှ ဝင်မပြောပေ။
ဓါတုဆရာမ ။ ။သမီး ကတိပေးရင် ဆရာမတို့က မိဘမခေါ်ပါဘူး ဒီမှာလေ သမီးရေးထားတဲ့ စာတွေ
ကျောင်းသူလေးက ရှက်လွန်း၍ ခေါင်းငုံ့နေသည်။ ဆရာမက ဘေးက ငိုက်နေသော ဆရာကို လက်တို့ ပြီးပေးလိုက်သည်။ဆရာက မျက်လုံးတွေကိုပွတ်လို့ စာရွက်ကို ကြည့်သည်။ ဆရာမကိုလည်း မျက်လုံး ပြူးကြည့်သည်။
ဟာဆရာမရယ် ….ဒီလိုပြောစရာ မလိုပါဘူး ကျွန်တော်ကလည်း ဆရာမကို ချစ်နေတာကြာပါပြီအမြင့်ကပန်းဆိုတော့ မမှီလို့ မခူးရက်တာပါ ဖွင့်မပြောဘဲ
ကြိတ်ခံစားနေရတာ ကာလကြာပါပြီဗျာ။ ကျွန်တော်က တစ်သက်တာ တစ်ဘဝမှာ ထာဝရလက်တွဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။သိပ်ချစ်တာပဲ ဆရာမရယ်
မြန်မာစာဆရာက ခရားရေလွတ်ပြောလိုက်တာ ဆရာမ ပြန်ပြောချိန်မရလိုက်ဘူး။ကျောင်းသူလေးကလည်းမျက်လုံးအဝိုင်းသားနဲ့ ဆရာကို ကြည့်လို့ ဆရမဓါတုက
လည်း ဆာရဖြူရစ် အက်ဆစ်ပျော့ ပက်ခံလိုက်ရသလို မျက်နာက ရဲရဲတွတ်လို့ပေါ့။ ဆရာမဓါတုပြလိုက်တဲ့ စာက
“ ကို.. အချစ်မှာ အရွယ်မဆိုင်ပါဘူး သတ္တိရှိစေချင်ပါတယ် ညီမလေးကတော့ တကယ် ချစ်မိပြီ။”
ဒီလိုနဲ့ ဆရာနဲ့ ဆရာမ ချစ်သူဖြစ်သွားကြတယ်။
ဦးဦးပါလေရာ ခင်ဗျား ဒီကစ္စကို မယုံဘူးဆိုရင် ကျွန်တော် ကိုယ်တွေ့လေး ပြောပါရစေ။ ကိုဘလက်ကလည်း ခင်ဗျားကဗျာတွေထဲမှာညီမလေးဆိုတာသိပ်ရေးတာပဲ
ဘယ်လိုခံစားချက်လည်းပြောပါလို့မေးခဲ့တာ ကျွန်တော်မပြောခဲ့ ဘူး ဒီကိစ္စကလည်းလူမသိစေချင်ဘူးလေ။ ဒါကြောင့်တိုးတိုးတိတ်တိတ်လေးပြောရရင်
၂၀၀၃ခုနှစ်မှာပေါ့ ဗျာ ကျွန်တော်ဘယ်တော့မှ မမေ့နိုင်တဲ့ အချစ်ဆုံးရှိပါတယ်။ကဗျာထဲက ညီမလေးပေါ့။ သူကို ကျွန်တော်က တိတ်တခိုးချစ်နေမိပါတယ်
ဖွင့်မပြောရဲပါဘူး ဘာကြောင့်လည်းဆိုတော့ သူမက အရမ်းချောပြီး ကချင်လူမျိုးစစ်စစ်လေးပါ ဘယ်နှယ့် လုပ် မတန်မရာမှန်းသလို လုပ်ဝံ့မှာလည်း သူမက ကဗျာ ခရေဇီပါ
ကဗျာကို ရေးတတ်တယ် ဂစ်တာတီးကျွမ်းတယ် ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေ တီးပြသလို ကျွန်တော်မဂ္ဂဇင်းပို့မယ့်ကဗျာလေးတွေသူက အချောကူးပေးပေါ့
ဒီလို့နဲ့ တစ်ရက်မှာမြို့ ပြင်က တံတားကြီးဆီ စက်ဘီးစီးသွားကြရင်း တံတားပေါ်ရောက်တော့ ခဏနားပြီး ညီမလေး လူတစ်ယောက်ရဲ့နှလုံးသားထဲမှာစွဲလမ်းမူတစ်ခုဝင်ရောက်
ခဲ့ရင် အဲ့ဒီနှလုံးသားဟာရောဂါတစ်ခုရနေပြီ လို့ ကျွန်တော်က ပြောမိပါတယ် သူမက မျက်နှာကြီး နီပြီးရှက်သွေးဖြန်းလို့ပေါ့
“ဒီလိုပဲ ညီမကိုပြောကြတာပါပဲ အကို တကယ်ပြောတာလား တကယ်အတည်ဆိုရင်တော့ ညီမ စဉ်းစားပေးပါ့မယ်…တဲ့”
ဦးဦးရေ အဲ့ ဒီတုန်းက ကျွန်တော်မှာရေငတ်တုန်းရေတွင်းထဲကျခဲ့တာပေါ့ ။တကယ်ကျွန်တော်ဆိုလိုချင်တာက အိန္ဒိယ စကားလေးရဲ့ အဓိပါယ်ကောင်းပုံလေးကိုပြောချင်တာပါ
ရည်းစားစကားပြောတာမဟုတ်ပါဘူး။
ကျွန်တော်စီးကရက်သောက်တဲ့ အခါ အဆုတ်ထဲမှာနီကိုတင်း အဆိပ်တွေရှိနေမှာပါ ။ ကိုဘလက်ရေ ကျွန်တော်အဆုတ်ထဲမှာ ရှိတဲ့ ဒီ အဆိပ်တွေက သေသည့် အထိပါသွားမှာပါ။ ဒီလိုပါပဲ အချစ်ဦး အချစ်ဆုံးေတွေဟာလည်းနှလုံးသားမှာ သံပူတံဆိပ်ကပ်နိပ်လိုက်သလို သေသည့် အထိစွဲပါနေမှာပါ။ ကဗျာသမားတွေက အစွဲ အလမ်းကြီးပါတယ်လေ။
ဒီလိုပဲ ကျွနတော့်လို ချစ်နေလျှက် မပြောရဲဘဲ အချစ်ကို မတော်တဆ ကောက်ရသူတွေ ဒီကမ္ဘာမြေ မှာရှိနိုင်ပါလိမ့်မယ်။ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။

13 comments

  • manawphyulay

    February 15, 2012 at 1:23 pm

    ဒီလိုပါပဲ အချစ်ဦး အချစ်ဆုံးေတွေဟာလည်းနှလုံးသားမှာ သံပူတံဆိပ်ကပ်နိပ်လိုက်သလို သေသည့် အထိစွဲပါနေမှာပါ။

    ဒီစာသားလေးက မိုက်တယ်……… ကဗျာဆရာလို့ မပြောရဘူး။ အနှစ်တွေကြီးပဲ စုထားပုံရတယ်…. ခက်တာက ခုချိန်ထိ အဟိ ပြောတော့ပါဘူးနော်။ 😛

  • K@oru

    February 15, 2012 at 1:36 pm

    ဒီလိုပါပဲ အချစ်ဦး အချစ်ဆုံးေတွေဟာလည်းနှလုံးသားမှာ သံပူတံဆိပ်ကပ်နိပ်လိုက်သလို သေသည့် အထိစွဲပါနေမှာပါ။

    ဟဲဟဲ …အဲ့ဒါ ဘရန်းဒင်း ပေါ့ဗျ …
    ဘရန်းနော်ဖ့် ဖာ့စ်လဗ်ဘ် အဟတ်အဟတ်….

    ကတ်စတမ်မာ အိပ်စပီးရီးယန့်စ် ကို တသက်စာလုံး ကြုံသလို ရီကောလ် ပြန်ပြန်လုပ်နိုင်တဲ့ အထိ
    နက်နက်ရှိုင်းရှိုင်း …ကို လွိုက်ယယ်လ်ထီ ရတွားတာ ….
    လွိုက်ယယ်လ်ထီရဲ့ အပေါ်မှာတော့ အက်ဒဗိုကေစီ အီဗန်ဂျယ်လ်ဇင်မ်…..ဇင်မ်….

    သူနာပြု။ မင်းချံ ..ဆေးသောက်ချိန်ရောက်ပီ…
    ဂီ။ ဟုတ်ကဲ့ပါ ဆြာမ ….

    ဒက်ဂလောက် ဒက်ဂလောက်….

    ခင်တဲ့..
    ဂီ

  • ဦးဦးပါလေရာ

    February 15, 2012 at 2:32 pm

    အဲတာကြောင့် ကဗျာဆရာတွေ အစွံမြန်ကြတာဖြစ်မယ်..။
    သူတို့က ကဗျာလေးရွတ်ပြလိုက်
    တဖက်ကသူ့ပြောတယ်ထင်လိုက်နဲ့…. 😀

    ကျုပ်ကျတော့တစ်မျိုး…
    တခါက အမရပူရဈေးထဲ ကြက်သွန်သွားဝယ်မိတယ်..
    မရွေးတတ်လို့ ဆိုင်ထိုင်တဲ့ကောင်မလေးကို
    “ချက်လို့ကောင်းတာလေးရွေးပေးပါ..” ပြောမိတာ….
    &@#%&

  • htet way

    February 15, 2012 at 5:00 pm

    ဒီလိုဆိုတော့ ဆရာသမားကကိုယ်တွေ့ပေါ့
    အင်း …. ဒါလည်းရင်ခုန်ရတာပဲလေ
    မနောရေ ဆရာမတပည့်လေးအိမ်ထောင်ကျသွားပြီဆို
    အော်ဒုက္ခ ဒုက္ခ…ကလေးတွေကိုး

  • water-melon

    February 16, 2012 at 8:37 am

    တကယ်ရူး
    အချစ်ဦးမို့
    တစ်ကယ်ချစ်
    အပီကစ်မဲ့
    မောင်ဖရဲ လာပြီ။

    ကိုကရဝေးရေ တကယ်ဆွေးတယ်ဗျ.ငယ်ရည်းစားတောင်လွမ်းလာပြီဂျာ့။

  • htet way

    February 16, 2012 at 9:33 am

    အချစ်ဦးဆိုတာ
    နှစ်ပေါင်းတစ်ရာတိုင်စီးဆင်းနေမယ့်မြစ်တစ်စင်းပဲမိတ်ဆွေ
    ပန်းထက်မွှေးတဲ့ အလွမ်းတွေနဲ့ ကိုဖရဲ အပီတွဲစေသတည်း။

  • etone

    February 16, 2012 at 10:31 am

    ဆရာထက်ဝေးကလည်း … ဒီလို ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတာကိုး … ဟီး :mrgreen:

    ဆရာထက်ဝေးရေ … ကျွန်မကတော့ …အချစ်နဲ့ ပတ်သတ်လျှင် … တွန့်ဆုတ်၊ ချီတုန်ချတုန်ဖြစ်ပြီး ကြားလေသွေးလို့ ဝေးခဲ့ရတဲ့အဖြစ်တွေ ၊ တဖက်သတ်အုံ့ပိုးချစ်တွေကို လုံးဝ သဘောမကျပါဘူး … ။ ဒါ့ပြင် အချစ်ဦးတို့ … နောက်ဆုံးအချစ်တို့ကိုလည်း အထူးတလည် မခံစားတတ်သူမျိုးပါပဲ … ။ ကျွန်မရဲ့ ခံယူချက်ကတော့ … အချစ်ဦးတွေ ၊ နောက်ဆုံးအချစ်တွေ မျှော်လင့်နေမယ့်အစား … လက်ရှိဘဝလေးမှာ နေပျော်အောင် နေကြည့်ချင်တာပါပဲ … ။

    ဘဝကတိုတိုလေးပါ …. အတိတ်ကိုတွေးပြီးလည်း မဆွေးချင် ၊ အနာဂတ်ကိုမျှော်ပြီးလည်း မပျော်ချင်ပါဘူး … ပိုင်ဆိုင်ထားတဲ့ အချစ်နဲ့ပဲ …… ဘဝမောတွေ ပြေစေချင်တယ် ….

    ဒါနဲ့ .. စကားမစပ် … မိန်းမယူဖို့ အစီစဉ်ရှိလား … ။ အခမဲ့ အကျိုးဆောင် မြှားနတ်မောင် လုပ်ပေးမလို့ …. 😳

  • char too lan

    February 16, 2012 at 11:58 am

    ကျနော်ကတော့ စိုင်းစိုင်းပြောတာသဘောကျတယ်
    ကိုယ်တိုင်လဲ အဲ့လိုဖြစ်နေတာဆိုတော့ သေအောင်မှတ်ထားတယ်
    (အချစ်နဲ့ မကောင်းဆိုးဝါးက အတူတူပဲ
    ကံနိမ့်တဲ့သူတွေပဲ တွေ ့ရတာ…) တဲ့ 🙁

  • blackchaw

    February 16, 2012 at 12:50 pm

    ကျွန်တော်ကတော့ ကောက်မရဘူးဘူးဗျို့။
    ပိုက်ဆံရှာသလိုပဲ
    နဖူးကချွေးခြေမကျအောင်ကို ကြိုးပမ်းယူရတာဗျ။
    😆 😆 😆

  • kokothandar

    February 16, 2012 at 3:53 pm

    အချစ်ဦးထက် လက်ရှိချစ်နေရသူသာ အချစ်ထူး အချစ်ရူးစရာလေးဘဲလေ လက်တွေ့ဆန်တာကောင်းပါတယ်
    လေထဲတိုက်အိမ်ဆောက်တာနေလိုမရဘူး မြေပေါ်ကတဲစုတ်လေးက နေလိုရတယ်

  • aye.kk

    February 16, 2012 at 4:28 pm

    ရင်ထဲမှာရှူး…
    အချစ်ဦးတဲ့…
    ဖူးတဲ့စံပါယ်…
    တကယ်ဘဲခူးမရတယ်။

  • Novy

    February 16, 2012 at 4:46 pm

    ငယ်က အချစ် အနှစ်တစ်ရာ
    မမေ့သာလည်း
    ကိုယ့်လမ်း ကိုယ်လျှောက်
    ခရီးပေါက်လို့
    လက်တွဲကိုယ်စီ ရှိခဲ့ပြီ
    လမ်းမှာ ပြန်တွေ
    ရင်ခုန်ငွေ့ဖြင့်
    နှုတ်ဆက် ခွင့်တော့ရချင်သား

    နိုဗွီ ရဲ့
    နှလုံးသားခံစားမှု့

  • htet way

    February 17, 2012 at 10:27 am

    ဆရာမလေးချာတူးလန်ရေ(ဒီလိုခေါ်ရတာ မနိပ်ဘူး)
    ဆရာမအမြင်တွေမှားနေပါတယ် အချစ်က တော့ မကောင်းဆိုးဝါးမဟုတ်ပါဘူး
    တကယ့် ကြည်နူးစရာလေးပါ။လူတစ်ယောက်မှာ စကားပြောဖေါ်ခံစားဖေါ်လိုတယ်လေ
    ဆရာမနိုဗီပြောသလို ကျွန်တော်လည်းနုတ်ဆက်ခွင့်လေးတော့ လိုချင်ပါတယ်။ဆရာkokoThandar
    နဲ့ ဆရာမetoneတို့ပြောတာလည်း အမှန်တရားတွေပါပဲ။ကျွန်တော်ကလည်း အချစ်ဦးကို မျှော်လင့်မနေတော့ပါဘူး။
    ကိုဘလက် ရေ ခဲရာခဲဆစ်ရှာထားတာဆိုရင် ကိုယ်က တန်ဖိုးသိပ်ထားတတ်ပါတယ်။
    ဆရာသမား အတော်ကို ချစ်မှာ သိနေတယ်လေ။ ဖတ်ရှုပေးကြတာ ကျေးဇူးတင်ပါတယ်။
    ဟာသလေးကို ရယ်ရွှင်ပေးကြတာလည်း ကျေးဇူးတင်ရပါတယ်ခင်ဗျား။

Leave a Reply