ကျိုက္ကဆံဘုရားပွဲ သွားကြမယ်…

Khaing KhaingFebruary 15, 20121min1004

မနေ့ညက ကျိုက္ကဆံဘုရားမှာ ပွဲဈေးနောက်ဆုံးရက်ဆိုလို့ အပြေးအလွှားလေးသွားဖြစ်လိုက်တယ်..အဲမှာ NLD ကရန်ပုံငွေအတွက် မုန့်ဟင်းခါးနဲ့ဘူးသီး ကြော်ရောင်းပါတယ်.. ရုံးကအပြန်ဘာမှစားမထားရတော့ မုန့်ဟင်းခါးကို 1ပွဲ 500နဲ့ဝင်စားမိပါတယ်..အားပါး အရမ်းကောင်းတယ် အများကြီးလည်းရတယ်..ဗိုက်ကိုပြည့် သွားတာပဲ..စားပွဲထိုးပေးတဲ့ ဦးကြီးကောင်လေးတွေကလည်း အရမ်းသဘောကောင်းတယ်… စားလို့ကောင်းလား မကောင်းရင်ပြောနော်… ပိုက်ဆံအိတ်တွေသတိထားမေ့ခဲ့မယ်..ဖော်ရွေလိုက်တာ…စေတနာတွေကြောင့် ရင်ထဲမှာစားရတာစိတ်ချမ်းသာသွားတယ်… သူတို့တွေ တချိန်လုံးဧည့်ခံနေတာတောင် စိတ်ရှည်လက်ရှည်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံကြတယ် အရမ်းကို ကြည်နူးစရာကောင်းပါတယ်.. စားပြီး ပွဲဈေးဆက်လျှောက်တော့ တွေ့ခဲတာလေးတွေကို ရွာသူရွာသားတွေလည်း ပွဲဈေးလေးလိုက်လျှောက်နိုင်အောင် တင်ပြပေးပါတယ်…

4 comments

  • thuyazaw21451

    February 20, 2012 at 2:45 pm

    မုန့်ဟင်းခါးတောင် စားချင်စိတ်ပေါက်လာတယ်………… ဘုရားပွဲတော့ မရောက်ဖြစ်ဘူးဗျာ….. အရမ်းသွားချင်မိပါတယ်………….

  • Harumoto

    February 20, 2012 at 2:51 pm

    နောက်ဆုံးရက် ကမနေ့ကလေ…
    ဒီနေ့ သွားလို့ရပါ့တော့မလား..
    ကောင်းမှန်းသိ စောစောပြောရောပေါ့..
    ဧကန်တ တကယ်ကောင်းလွန်းလို့ ရွာထဲကဆွေမျိုးမေ့သွားတာထင်တယ်…း)
    ဒီညနေတော့ရှိသေးလားလို့ သွားကြည့်အုံးမယ်…

  • ဆူး

    February 20, 2012 at 2:52 pm

    နီးနီး နားနား မဟုတ်တော့ သွားနိုင်သေးဘူး။ အနားနီးရင် တကယ် သွားစားပါတယ်။

  • snow white

    February 28, 2012 at 11:14 am

    ညီမကတော့မုန့်ဟင်းခါးမကြိုက်ပါဘူး နီးနီးနားနားဆိုရင်တော့အဖေတို့အမေတို့ကိုလိုက် ဝယ်ကျွေးပါတယ်

Leave a Reply