ငယ်စဉ်ကကျောင်းဖတ်စာမှာသင်ခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ကဗျာလေးကို ပြန်ဖော်ထုတ်လိုက်ပါတယ်။ အခုခောတ်ကလေးတွေ ဒီကဗျာလေးကို မသိကြလို့ပါ။ ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းကို တိုင်းပြည်ကိုလက်ဝါးကြီးအုပ်ထားတဲ့လူတစ်စုကဖျောက်ဖျက်ထားကြသောကြောင့် ပျောက်ကွယ်ခဲ့ရပါတယ်။ဒါကြောင့် ဒီကဗျာလေးကိုပြန်တင်ပေးလိုက်ပါတယ်။ သိပြီးသားသူတွေကလဲ သည်းခံပေးပါ။

“ ဖေဖေါ်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ”

About Phaung Phaung

has written 25 post in this Website..

သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားနိုင် တဲ့သူဖြစ်လို၏....