ဗိုလ်ချုပ်ကဗျာ

Phaung PhaungFebruary 15, 20121min721

ငယ်စဉ်ကကျောင်းဖတ်စာမှာသင်ခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ကဗျာလေးကို ပြန်ဖော်ထုတ်လိုက်ပါတယ်။ အခုခောတ်ကလေးတွေ ဒီကဗျာလေးကို မသိကြလို့ပါ။ ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းကို တိုင်းပြည်ကိုလက်ဝါးကြီးအုပ်ထားတဲ့လူတစ်စုကဖျောက်ဖျက်ထားကြသောကြောင့် ပျောက်ကွယ်ခဲ့ရပါတယ်။ဒါကြောင့် ဒီကဗျာလေးကိုပြန်တင်ပေးလိုက်ပါတယ်။ သိပြီးသားသူတွေကလဲ သည်းခံပေးပါ။

“ ဖေဖေါ်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ဘဝင်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ”

One comment

  • ahnyartamar

    February 15, 2012 at 1:52 pm

    I’m not forgot this poem but as Phaung Phaung said most of the teenagers are they don’t know this poem, some are very worse than this, even they don’t know who is Bo Gyoke Aung San’s wife too. Very said for teenagers.

Leave a Reply