အချိန်နည်းနည်းလေးရသေးတယ်

သား
မင်းအဖေနဲ့အယူအဆမတူ
မကြည်လင်ဘူးဆိုရုံနဲ့
အမေ့ကို စုံကန် မင်းပျံထွက်သွားမလား?
အေး
မနေချင်သပဆိုသွားချင်သွား
လိုတာမှန်သမျှအကုန်ယူသွား
အဆင်မပြေခဲ့လို့များပြန်လာချင်ရင်
အမေ့ရင်ခွင်က မင်းအတွက်
အစဉ်တံခါးဖွင့်ထားပါတယ်။
သား
တစ်ခုတော့မှာထားလိုက်မယ်။
မင်းစိတ်နိုင်လို့သွားပြီဆိုမှတော့
” မွေးမေကျေးဇူးဆပ်ဘူးချင်တယ်လေ”လို.လဲ ငိုသံပါကြီးနဲ့မဆိုနဲ့။
” မေမေရေမငိုနဲ့နော်လေ “လို့လဲ လာချွေးမသိပ်နဲ့။
” အိမ်ပြန်ချင်တယ် ဟူး နွေးထွေးတဲ့အမေ့အိမ်”လို့လဲ လာဆွေးမပြနဲ့။
“အမေကျနော်ကိုစိတ်မပျက်ဘူး လား “လို့လဲဒုက္ခအိုးလေးဆိုပြီး လာမချွဲနဲ့။
သွားလေသူ ခင်ဝမ်း လို
” အမေကျနော်မှာ ညီအကိုများစွာရှိတယ် “လို့
စုစည်းထားတဲ့အသံများ ငါကြားချင်ပါတယ်
အေး
မင်းတကယ်ကိုတားမရလို့သွားမယ်ဆိုရင်
နောက်ဆုံးလှေခါးထစ်မရောက်ခင်
သေသေချာချာပြန်စဉ်းစား
………………………………………………

One comment

  • Alinsett @ Maung Thura

    May 7, 2015 at 1:35 pm

    အတို ချုံ့ထားတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်… (သို့တည်းမဟုတ်) ကဗျာ…

Leave a Reply