ဒေါ်အောင်ဆန်းစုကြည်၏အိမ် သင်္ဘောဆေးသုတ်သင့်နေပြီ

phone_kyawFebruary 15, 20121min30124

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား-

အဝတ်အစားအသစ်တွေကို မော်ဒယ်တွေရှုံးလောက်အောင် ဝတ်ပြီး ဟိုလူနဲ ့တွေ ့ဒီလူနဲ ့တွေ ့၊ ပြီးရင် ခရီးထွက်တာ ကောင်းပါတယ်။ တက်ကြွလှပ သစ်လွင် ဆန်းသစ်ပါတယ်။ ဒါ့ကြောင့် အကြီး (ခ) အဒေါ်က အတော်လေးကို ငယ်ရွယ် နုပျိုလှပါတယ်။

ကျနော်အကြံပေးချင်တာက ဖြစ်နိုင်ရင် အကြီး အိမ်ကိုလည်း ဆေးလေးဘာလေးသုတ်ပြီး လှပဆန်းသစ်အောင် ပြုပြင်စေချင်ပါတယ်။ မီဒီယာမှာတွေ ့တိုင်း အိမ်ကြီးက အိုဟောင်းနေပြီး စိတ်ထဲမှာ မလန်းပါဘူး။

ဒီလိုအခြေအနေကို မြန်မာလို ခေါ်ရင် မျက်နှာမှာ သနခါးနဲ ့ ပေါင်မှာတော့ သေးစီးကြောင်းနဲ ့ဆိုသလိုဖြစ်နေလို ့ပါ အဒေါ်။

နိုင်ငံတကာက လူတွေက ကဲ့ရဲ  ့နေကြလို ပါ အန်တီရယ်။

ဖြစ်နိုင်ရင် ဒါလေးကိုလည်း ပြင်ပေးပါလို ့အကြံပြုပါတယ်။

မှတ်ချယ်။      ။ http://www.dulux.in/index.jsp
အန်တီ ့အိမ်အတွက် ဒီဆေးကို သုံးကြည့်ပါ အန်တီ။

24 comments

  • koyinmaung

    February 15, 2012 at 4:57 pm

    ( မြန်မာလို ခေါ်ရင် မျက်နှာမှာ သနခါးနဲ ့ ပေါင်မှာတော့ သေးစီးကြောင်းနဲ ့ဆိုသလိုဖြစ်နေလို ့ပါ အဒေါ်။)တဲ့
    ကိုဘုန်းကျော်ရယ် ဒီထက်ဖတ်လို့အဆင်ပြေမဲ့ဥပမာလေးများမရှိတော့ဘူးလားဗျာ…
    ခင်ဗျားကတော့ရေးလိုက်မှဖြင့်………..

  • kyeemite

    February 15, 2012 at 5:16 pm

    အိမ်ကိုအလှပြင်ဖို့ အဓိကမထားပါဘူး…တိုင်းပြည်ကိုအလှပြင်ဖို့သာကြိုးစားနေတာ သိဖို့ကောင်းပါတယ်ဗျာ…
    အိမ်လှလှကြီးမှာနေပြီး စိတ်ထားယုတ်ညံ့သူတွေ ဒုနဲ့ဒေးပါ..အဓိကနဲ့သာမညကို သဘောပေါက်ပါ ကိုဘုန်းကျော်…ဒီနေ့အထိတော့..အန်တီစုရဲ့အိမ်ကြီး ဆေးမသုတ်လို့ဆိုပြီးဘယ်သူမှ အန်တီစုကို ဆေးသုတ်ဖို့အကြံပေးတာ မကြားမိပါဘူး..အံ့ပါရဲ့ဗျာ!!ဘာလဲဗျ…သင်္ဘောဆေးရောင်းချင်လို့လား? စိတ်ကောင်းကောင်းထားပါကိုဘုန်းကျော်ရာ….

    • စိန်ပေါက်ပေါက်

      February 15, 2012 at 8:10 pm

      အရေးထဲ ဆေးသမား အဲလေ..ဆေးပွဲစားနဲ ့ လာတွေ ့နေတာဂျ

  • water-melon

    February 15, 2012 at 5:45 pm

    ဗျာ ဩစတီးယားက ဝယ်ပို့မလို့လား
    မလုပ်ပါနဲ့ ကိုအုန်းကျော်ရယ် မှားလို့ ကိုဖုန်းကျော်ရယ်
    ပိုက်ပိုက်ကုန်နေပါအုန်းမယ်။

  • Khin Latt

    February 15, 2012 at 7:34 pm

    အဲဒီ ဆေးသုတ်မထားတဲ့ အိမ်ကြီး ဟာ အမှုဆိုင်နေရတယ် ဆိုတာ ကိုဘုန်းကျော် သိသင့်ပါရဲ့။

  • KoNyeinChan

    February 15, 2012 at 7:54 pm

    အင်း… မမန် ့ဘဲ နေဖို ့ဘဲ.. ဒါပေမယ့်မန် ့လိုက်ပြီ..
    ကိုဘုန်းကျော်ရဲ ့မိဘတွေ ငယ်ငယ်ကတည်းက ဘယ်လိုသွန်သင်ထားတယ်မသိဘူး
    ရှေ ့ကလည်း မသွား နောက်ကလည်း ကောင်းကောင်းမလိုက် အမြဲတန်းကန် ့လန် ့ကန် ့လန် ့နဲ ့.. သူ ့မွေးတုန်းက ကန် ့လန် ့များမွေးခဲ့လေသလား..
    ဗျို ့ကိုဘုန်းကျော်.. ဖြစ်နိုင်ရင် အကျိုးရှိမယ့်ပို ့စ်လေးတွေ တင်ပါဗျာ.. ဖတ်တဲ့ ကမ္ဘာတလွှားကမြန်မာတွေအပေါ်လည်း ငဲ့ညှာပါဦး.. အကယ်၍ ဆေးသုတ်စေချင်တဲ့ကိစ္စပြောချင်ရင်လည်း အဆင့်ရှိတဲ့ တန်ဖိုးရှိတဲ့ စကားလုံးတွေ ရွေးသုံးလို ့ရပါတယ်
    ထပ်ပြောလိုက်ဦးမယ်
    ခင်ဗျား မိဘတွေ ခင်ဗျားကိုဘယ်လိုသွန်သင်ခဲ့သလဲမသိဘူး
    ခင်ဗျားရဲ ့သားသမီးတွေကိုလည်း ခင်ဗျားဘယ်လိုသွန်သင်နေသလဲမသိဘူး

  • မိုက်ကယ်ဂျော်နီငပွ

    February 15, 2012 at 10:09 pm

    တစ်ခုတော့ရှိတယ်ဗျ
    တိုင်းပြည်ရဲ့ အချစ်တော်အဖွားကြီးကို ပေါင်မှာသေးကြောင်းတို့ဘာတို့ကြတော့
    မသင့်တော်ဘူးထင်တယ်ဗျ
    အကောင်းဖက်ကနေမြင်ကြည့်ရင် အဲ့သည်အိမ်ကြီးကို ကလား လှလှလေး သုတ်သင့်တယ်
    သူ့ဖာသာ ရှေးဟောင်းပစ္စည်းလုပ်ခြင်ရင်တော့ သိဘူးနော
    နောက်တစ်ခုက အဲ့သည်အိမ်ကြီးက အမွေဆိုင် ပလာဘလမ်နေတယ်ဆိုတော့
    တစ်ဦးသဘောတူ ကလား သုတ်လို့ရဘူးထင်တယ် ( အထင် )
    တစ်ခုပြောခြင်တာက
    မိဘအမွေဆိုတာက သားသမီးတိုင်းခံစားခွင့်ရှိတာကို ကျုပ်ကတော့ အဖွားကြီးဖက်ကနေ
    တစ်ဖက်သတ် အရေးမဆိုခြင်ဘူး
    မျိုးချစ်စိတ်ဖက်ကနေကျတော့ အဲ့သည် ဗိုလ်ချုပ်ရဲ့ သား ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက
    တော်တော် စိတ်ပျက်ဘို့ကောင်းတယ်
    တော်တော်စားရမဲ့ သောက်ရမဲ့ဖြစ်နေပြီလားပြောတတ်ဘူး
    တိုင်းပြည်တွက် အလုပ်လုပ်သူ အဖွားကြီးကို ပေးလိုက်ပြီးရော ဒါမှမဟုတ် တိုးတိုးတိတ်တိတ်ပေါ့
    ကျုပ်ဖြင့် ကျုပ်အဘ စပါးဂျီထဲက စပါးတွေကို နည်းနည်းပါးပါးခိုးရောင်းဘူးတာကလွဲလို့
    ဒီအဖိုးကြီးပိုင်တဲ့လယ် ကျုပ်လယ်ဖြစ်ဘို့ တစ်ခါမှတောင် စိတ်မကူးဖူးဘူး
    နေနှင့်ဦး ခု ကျုပ် ဓာတ်လုံးတစ်မျိုးတီထွင်နေတယ်
    အောင်လို့ကတော့
    ဟင်းးးး
    ခင်ဗျားတို့ ပါတဲ့ချီး ဓာတ်မြေဩဇာဖြစ်စေရမယ်မှတ်

  • ahnyartamar

    February 16, 2012 at 9:02 am

    Hello….Mg/Ko/U Phone Kyaw, I don’t know how to carry out your daily life because I’m not interesting all about you but when you post in web or somewhere, you should think about it very carefully which one is main fact & which one is ordinary, if not your thinking or your effort or your everything is useless & no meaning.
    Be change to stay flexible with environment, if your original gene can’t change, you may far away from human environment in future. Very sad for u.

  • thet pying phyo

    February 16, 2012 at 9:42 am

    U /Ko /Nyi / Ba Ba Saw Pauk!

    It’s sure that you never improve along the life cause of your metal status, if like that..
    Actually, you should take a respect on everybody, correct. Otherwise, i think you must be a Buddhist. So please, kindly use politely in writing, speaking and dealing with anybody. if so, you will have a blessing of God on you, and then it will be ever, not often.

    Anyway, just be polite for your better future and also next generation.

  • phone_kyaw

    February 16, 2012 at 9:47 am

    ိအိမ်ကိုလည်းကြည့်အုံးလေဗျာ။ အောက်ကဖြူ အပေါ်ကမဲနဲ ့။ လှလာအောင်အကြံပေးတာပါ။ အဒေါ်ကြီးက နိုင်ငံ့ခေါင်းဆောင်လည်းဖြစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ် ကမ႓ာကပါလေးစားရတဲ့လူဆိုတော့ ဒီလိုအိမ်အမဲတစ်ဝက်အဖြူတစ်ဝက်နဲ ့ရုပ်မဆိုးဘူးလားဟင်…။

    • etone

      February 16, 2012 at 10:12 am

      ရုပ်ဆိုးနေတယ်ထင်လျှင် ရှင်စပွန်ဆာပေးပြီး ဆေးသုတ်ပေးမလားပြော ….
      အလုပ်သမား လေဘာချာ့ချ်ကို ကျွန်မက ရက်ရက်ရောရော လှူပေးလိုက်မယ် …. ။ အလကားနေရင်း အာသိပ်မချောင်နဲ့ …. ။ နားကြားပြင်းကပ်တယ် 👿

    • Thel Nu Aye

      February 16, 2012 at 1:21 pm

      မပြောတော့ဘူးလို့နေတာ။ တခုပဲပြောမယ်။ ရန်ကုန်က ဘွဲ့နှင်းသဘင်မြင်ဖူးလား။ တက္ကသိုလ်ထဲ က။ ရှေးဟောင်းကိုအဲလို ထိမ်းသိမ်းရတယ်။ အတွင်းပဲပြင်ပြီးအပြင်ကသူ့သက်တန်းကိုဖော်ပြ တာ ပေါင်သေးစီးကြောင်းလား။ မသိရင်လဲလေ့လာ။ ပြောရပြီးရောပြောနေရင်လူထဲနေလို့မရဘူး။

  • etone

    February 16, 2012 at 10:07 am

    ကိုဘုန်းကျော် …….. ရှင်ကလေ .. ခွေးမြီးကောက် ကျည်ထောက်စွပ်တာထက်တောင် စိုးနေသေးတယ် … ။
    ရှင်ပြောပုံအရဆိုလျှင် … အန်တီစုက … တစ်ပတ်မှ အကျီ င်္တစ်ထည်လဲရမလိုဖြစ်နေပြီ … ။
    အန်တီစု မင်းသမီးရှုံးအောင် ဖက်ရှင်တွေ ထည်လည်းဝတ်ပြတာမဟုတ်ဘူး သိလား …. ။ သူ့ကိုချစ်တဲ့ ပြည်သူတွေ အထည်ဆိုင်ပိုင်ရှင်တွေက လက်ဆောင်ပေးထားလို့ဝတ်တာ … ဝယ်ဝတ်စရာတောင်မလိုဘူး .. သဘောပေါက် .. ။

    ဖြုတ်ဦးနှောက်နဲ့တွေးပြီး … အိမ်ဆေးသုတ်တဲ့ ကိစ္စက လွယ်တယ်ထင်လို့လား .. အိမ်လေးပြင်ရုံလောက်နဲ့တောင် တစ်အမေတည်းမွေးတဲ့ … မောင်နှစ်မတော်စပ်သူက … တရားစွဲသလေး ဘာလေးနဲ့ …. ။
    အိမ်လှဖို့ထက် ကိုယ့်အတွင်း စိတ်ဓါတ်လှဖို့က အရေးကြီးတယ်ဆိုတာ ..သဘောပေါက်ထားစေချင်တယ်

  • htoosan

    February 16, 2012 at 10:24 am

    ကိုဘုန်းကျော်လည်း အပေါ်ယံကိုဖယ် အနှစ်ကိုသာ ကြည့်လျှင် .. (တကယ်တော့ ဆေးက သုတ်လက်စလို့ထင်ပါတယ်၊ ခြံစည်းရိုးလည်း အသစ်ပြန်ခတ်တာ မကြာသေးပါဘူး ၊ ဖြေးဖြေးချင်းဘဲလုပ်သွားတာ သတိပြုမိပါတယ်) (ကျွန်တော့် အထင် ဒေါ်အောင်ဆန်းစုကြည် က ဒါမျိုးတွေ အလေးမထားဘဲ သူ့နားမှ လူများက အမြင်မတော်ပါဘူးဆိုပြီး အတင်းလုပ်ပေးနေရပုံပေါ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အနှောက်အယှက်မဖြစ်အောင် ၊ တင့်တောင့်တင့်တယ်လည်းဖြစ်အောင် သူ့လူများက အတင်းလုပ်ပေးနေတယ်လို့ ခံစားမိတယ် ။ ဒါကြောင့်ကိုဘုန်းကျော်ပြောသလို အမဲတစ်ဝက် အဖြူတစ်ဝက်ဖြစ်နေတယ် ထင်ပါတယ် ။)

    ကိုဘုန်းကျော် စာဖတ်ရျ် မန့်သူများလည်း အပေါ်ယံကိုဖယ် အနှစ်ကိုဘဲကြည့်လျှင် ……

  • K@oru

    February 16, 2012 at 10:29 am

    အင်း ..အမွေဆိုင် ဆိုလား ဘာဆိုလား
    အပေါ်မှာ ပြောနေကြရဲ့ …..

    ထိန်းသိမ်းပြုပြင်ခွင့် ဘာညာ သာဒကာ တော့ သများ နားမလည်ဝူး..

    အချင်းချင်း မသတ်ကြပါနဲ့ဂျာ …. မီးဒုတ်ရှို့ရမယ့်လူဒွေ သများ ဆွဲထုတ်ကြည့်ပါ့မယ်…

    အင်း… သည်တော့
    သများ နားလည်တာ ပြောရရင်…ဟိုတခါလေ …
    ပုစဉ်းဖင်ဂျား ညှပ်ပျံရင်း ကံကောင်းလို့ မသေတဲ့ သာထိန်းဂျီး လေ…

    တူမတေ တာကိုပဲ စာတတန် ပေတဖွဲ့ ရေးလိုက်သေးတယ်လေ..
    မှတ်မိရဲ့မလား …ကြိုတင်ပြင်ဆင်မှုချိလို့တို့ ..ချော့ကပ်ကို ခြိုးခြံမျှဝေ စားသောက်ခဲ့တယ်
    တို့ ဘာတို့ လုပ်တဲ့ လူဂျီးလေ …တိတယ်မလား …သများ နာမည်မေ့နေလို့ပါ…

    အဲ့လူဂျီးက အဲ့ သေရွာပျံ စာတမ်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် ကိုတောင် လိုအပ်ရင်
    ပေးလှူမယ်လေး ဘာလေး ပြောနေတယ်လေ…။

    အဟမ်း ….
    သည်တော့ …. ခညားတို့ ကျုပ်တို့ ကမွဲတွေက ..သယ်လေဒီ က အနှီ ဆေးမသုတ်နိုင်တဲ့ အိမ်ဂျီးမှာ
    ကမာ္ဘ့ခေါင်းဆောင်တွေ ခေါ်ဧည့်ခံရတာ ရှက်တယ်ရှိုရင်

    ကမာ္ဘက တိတဲ့ သများတို့ လူမျိုး သာထိန်းဂျီး က ပိုရှက်ပေတော့မပေါ့…

    သများသာဆို ပနံရသွားအောင် အင်းယားလမ်းဒေါင့်က နန်းတော် ဂျီးလှူလိုက်တယ်…

    အဟုတ်… အေးလေ ..သူလည်း သည်ပိုစ့် ဖတ်မိရင် အလွန်အင်မတန် ရှက်ပီးသကာလ ..
    လှူချင်လှူမှာပေါ့ နော. ……။

    အသက်စွန့်မယ်ရှိုလို့ပါ …သာထိန်းဂျီးရယ် …အဟတ် အဟတ် …..အသက်မစွန့်ဘာနဲ့ ဂျာ ….။
    သယ်လေဒီ့ ဖေဖေ ကျဆုံးသွားတဲ့ နေရာတွေကို ဟော်တယ် နိုက်ကလပ်တွေ ပြောင်းဖွင့်ချင်တယ် ဆိုပီး
    ခလေး နို့ဆာသလို အော်အော်နေတဲ့ ဒေါက်တိုလူဝဂျီး လေ. ..အဲ့လူဂျီးအိမ်ကို သိမ်းကွာ ….ကြာဒယ်…

    ဒက်ဂလောက် ဒက်ဂလောက်….

  • minnannawar

    February 16, 2012 at 11:19 am

    ဒေါ်စုသာ ဆန္ဒရှိမယ်ဆိုရင် ဒီထက်အဆပေါင်းများစွာ သားနားတဲ့ အိမ်မျိုး၊ နေရာမျိုး၊ နေနိုင်ပါတယ်။ ဒါကို ပြောဖို့တောင်လိုမယ်မထင်ပါ။ ဒီအချိန်မှာ ဒါတွေဟာ အရေးတကြီး လုပ်နေရမဲ့အရာ မဟုတ်ဖူး ဆိုတာ ဒေါ်စုသိမှာပါ။ မလိုသေးလို့ မလုပ်တာ ပဲနေမှာပါ။ အဆောင်အယောင်ကောင်းဆိုတာ အပရိက ပါ။ အရည်အချင်းသာ ဒီအချိန်မှာအဓိကပါ။ ဒေါ်စုအတွက် အလှဟာ သူ့ အရည်အချင်းပါ၊ အပေါ်ယံအလှထက် ရင်တွင်းအလှကို လူတိုင်း သိကြမှာပါ။

  • sorrow weiver

    February 16, 2012 at 12:38 pm

    ဆရာ…ဆရာဂဏန်း…တဆိတ်ဗျာ….နာမည်ကြီးချင်ရင် တခြားနည်းလမ်းသုံးပါ….

  • kai

    February 16, 2012 at 1:08 pm

    ..ပါးနပ်တဲ့.. ခေါင်းဆောင်ဆိုတာ… တကမ္ဘာလုံးထွက်.. ရှိတဲ့မျက်နှာအောက်ချပြီး.. အလုပ်အခွင့်အလန်းတွေ..ကုန်သွယ်ရင်ဦးစားပေးအခွန်လျှော့ဖို့တွေ.. လာရောက်ရင်းနှီမြုတ်နှံကြဖို့တွေ.. စသဖြင့်..ကိုယ့်တိုင်းပြည်အခွင့်အရေးတွေရအောင်.. နိုင်ငံတကာလှည့်တောင်းကြရတာ…။

    (ပြောရရင်.. ဘုရှ်(အငယ်)တုံးကလည်း.. အီရတ်ကိုတိုက်တေ့ာ.. ဂျပန်လိုနိုင်ငံဆီက.. စစ်စရိပ်မျှဝေကျခံဖို့..သွားတောင်းတာပါပဲ..)

    လွှတ်တော်မှာလည်း.. လွှတ်တော်အမတ်က.. သူ့နယ်သူ သူများထက်ပိုရအောင်.. ဘက်ဂျက်ပိုချပေးအောင်.. တောင်းရတာပဲ..။

    ဆိုတော့…
    ဒေါ်စုက.. တောင်းဖို့ပြင်ထားတာပေါ့..
    စုတ်စုတ်လေးလုပ်ပြီးတောင်းတော့ ကောင်းတာပေါ့..
    တအိမ်လုံး..ရွှေတွေကွပ်ပြထားပြီး.. ပန်းစိုက်စားနေရပါတယ်ပြော.. ပြီးမှ… အခွင့်အရေးသွားတောင်းတော့.. ဟိုက.. ဘယ်ပေးချင်ပါ့မလည်း…

    အဲဒီလို….
    သာသာထိုးထိုးလေး.. တွေးပေးလိုက်ပါကြောင်း….။ :mrgreen:

  • captainamerica

    February 16, 2012 at 1:33 pm

    ဒီပို(စ်)ကိုဖတ်ပီးဒီလူကျပ်မပြည့်ဝူးဆိုတာတဂယ်ယုံသာွးဘီ

    • မဟာ ထမိန်ကြီးဝါဒ

      February 16, 2012 at 4:51 pm

      အကိုက ဒီလူကျပ်မပြည့်တာ ခုမှသိတာလား..ကျနော်ကသိတာကြာပြီ။
      ကျပ်ကမပြည့်တဲ့အပြင် အရှက်ကလည်း မရှိဘူး၊ ပြောလို.လည်း ရှက်ရကောင်းမှန်းမသိ
      ဝိုင်းဆဲလို.လည်း နာရကောင်းမှန်းမသိ။ မျက်နှာက ဘာပြောင်သလဲမမေးနဲ.။
      သူ.ကိုဘာမှမလုပ်နိုင်ဘူးဆိုပြီးအပြင်ကနေ လေကျယ်နေတာ..အပြင်မှာသာတွေ.ရင်လည်ဇလုတ်ကို ဝရင်းတုတ်နဲ.ရိုက်သတ်ပစ်ချင်တယ်…အရှက်မရှိတဲ့လူဆိုတာ ကြံ့ဖွံပဲ

  • Thel Nu Aye

    February 16, 2012 at 1:44 pm

    အလကားဒီလူ။ လူဆဲခံရတဲ့ပိုစ့်တွေများများရေး။ ဝိုင်းဆဲတော့ကော်မန့်များများရပြီးပွိုင့်တိုးအောင် လုပ်ပြီးစီးပွားရှာနေတာလားမှမသိတာ။ တောထဲမှအဲလိုလုပ်နေကြလေ။ အကျင့်ပါနေပြီ။

  • cobra

    February 16, 2012 at 3:32 pm

    အိုးးးးးးးးးးး
    ဝိုင်းဗျင်းနေကြပါလား။
    နောက်ဆိုအရေးအသားဆင်ခြင်မှပေါ့
    အိမ်ကိုဆေးမသုတ်ချင်လို့မသုတ်သိသင့်ပါတယ်။
    ခြံစည်းရိုးတွေတောင်ပြောင်းထားသေးတာပဲ
    အိမ်ကိုသုတ်ချင်မှတော့ သုတ်လိုက်ပီပေါ့ဗျ……
    ဉာဏ်ကိုလွှာပီးသုံးပါ။

  • eipu

    February 16, 2012 at 4:20 pm

    အပြင်ပန်းလှဖို့ထက် အတွင်းစိတ်လှဖို့က အဓိကဆိုသလိုမျိုးပေါ့……..
    အိမ်ကြီးလှနေပြီး အထဲမှာက ပုတ်သိုးနေတာတွေဘဲရှိရင် ဘယ်လိုလုပ်မလဲ………
    တိုင်းပြည်ကောင်းစားဖို့ကြိုးပန်းနေသူက ပကာသနတွေအတွက် တွေးနေဖို့ အချိန်မပိုနိုင်ဘူး ……..

Leave a Reply