၅၀၀ဝတန်ဖုန်းရဲ.နောက်ဆုံးသတင်း

ထာ၀ရFebruary 15, 20121min995

စစ်အောင် ( ကိုစစ်အောင် Face Book ပေါ်က ပို့စ်ပါ အများသိစေချင်လို.ကူယူဝေမျှလိုက်တာပါဒီနေရာကနေခွင်.တောင်းလိုက်ပါတယ်ကျေးဇူးပါ )

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လိုက်တာ အပြီး နောက်ထပ် လူပြော သူပြော အများဆုံးက ငါးထောင်တန်း ဆင်းကဒ်ဆိုတဲ့ အကြောင်းပဲ။

ဖုန်းတစ်လုံး ငါးသိန်းဆိုလို့ စိတ်ပျက်သူ များနေတဲ့ မြန်မာ နိုင်ငံမှာ ငါးထောင် ဆိုတာနဲ့ အုန်းအုန်း ထသွားလိုက်တာ ဆက်သွယ်ရေးက ရှင်းပြတာတောင်

မရတော့ဘဲ Campaign လုပ်မယ် ဆိုတဲ့ ဘဝတောင် ရောက်ပါလေရော။ ထုံးစံအတိုင်း လူကြမ်း မင်းသားကတော့ ဆက်သွယ်ရေးပေါ့။

ကျွန်တော်ကတော့ ငါးထောင်ဖုန်း ကိုင်ရမယ် ဆိုတော့ ပျော်တယ်။ ဒါပေမယ့် ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ရှင်းလင်းချက်မှာ

လုပ်ခွင့်ရပြီ ဆိုတာနဲ့ အစု ရှယ်ယာတွေ ထုတ်ရောင်းမယ် ဆိုတဲ့ စကား ပါလာတော့ နားရွက် ထောင်သွားတယ်။

အဖေတို့က အရင်းမဆုံး ငါးထောင်ဆိုတဲ့ ထီကိစ္စ၊ ပင်လုံထိပ်ထား အတိုးတို့နဲ့ ရေတိမ် နစ်ခဲ့ဘူးတော့ စတော့ ဈေးကွက် မရှိတဲ့ နိုင်ငံမှာ

ရှယ်ယာဆိုရင် သွေးလန့် နေတာကိုး။ ဒါနဲ့ သတိ ထားကြဦးနော် ဆိုပြီး Comment ရေးတော့လည်း ထောက်ခံမယ့်လူ မရှိဘူး။

ဒါ့ကြောင့် ပို့စ်ရေးတင်ဖို့ အတွက် ခိုင်ခိုင်မာမာ အချက်တွေ ရှာပြီး ရေးပြလိုက်တာပါ။ အားလုံး စဉ်းစားနိုင်ဖို့ပေါ့၊

မင်း ဂျာနယ် သွားရေး ပါလားလို့တော့ မပြောနဲ့ဦး။ ဒင်းတို့ကပါ ငါးထောင် အိမ်မက် မက်နေတော့ အယ်ဒီတာမင်းများက စကားတောင် အစမခံဘူးဗျာ။

ဒါ့ကြောင့် ကိုယ်ပိုင်တဲ့ အဖေ့ဘုတ်မှာပဲ ဝင်အုပ်ရတာ။ စီးပွားရေး အဆိုပြုချက် တစ်ခုကို ကြားပြီဆိုရင် ပထမဆုံး စဉ်းစားသင့်တာက

ဘယ်သူ လုပ်မှာလဲ ဆိုတာပဲ။ အင်္ဂလိပ် စကားမှာ Ponzi scheme ဆိုတာ ရှိတယ်။ ၁၉၂ဝ ခုနှစ်မှာ Charle Ponzi ဆိုတဲ့လူက အမေရိကန် နိုင်ငံ

ဘော့စတွန်မြို့မှာ လုပ်စားခဲ့တာ။

သူက သူ့ကုမ္ပဏီမှာ ရင်းနှီး မြှပ်နှံသူတွေကို ၄၅ ရက်အတွင်း အမြတ် ၅၀% ပေးမယ် ဆိုပြီး လုပ်စား သွားတယ်။

တကယ်တော့ သူက အဲဒီအချိန်မှာ ချက်လက်မှတ် အတုထိုးမှုနဲ့ ထောင်က ထွက်လာပြီး ဘိုင်ကျနေတဲ့လူ၊

သူ့ကို မကြားဘူးတဲ့ ဘေ့ာစတွန်မြို့မှာ လာပြီး လိမ်သွားတာ။ အဲဒီကစပြီး လူတွေကို မက်လုံးပေး၊ ငွေယူ၊ နောက်လူပေးတဲ့ ငွေနဲ့ အရင် အပ်တဲ့လူကို အတိုးပေး၊

များလာတော့ လစ်ပြေး ဆိုတဲ့ လိမ်နည်း မှန်သမျှကို Ponzi scheme လို့ ခေါ်တော့ တာပဲ။

အခု ငါးထောင်တန် ဆင်းကဒ်ကို လုပ်မယ့် ရွှေပြည်တံခွန် ဆိုတာ တခါမှ မကြားဖူးဘူး။ (ကျွန်တော့် အတွက်) ပိုင်ရှင်ဆိုတဲ့ လူကလည်း မြန်မာပြည်ရဲ့

ခေတ်ပျက် သူဌေးခေါ်ခေါ် ဘီလျံနာ ခေါ်ခေါ် အဲဒီ လူတွေထဲမှာ မပါဘူး။ ဒါနဲ့ ဘယ်ကတုံးလို့ စုံစမ်း လိုက်တော့ အခုလို တွေ့သဗျာ၊

ဘယ်လို နည်းများ သုံးသလဲလို့ အထင်ကြီး မသွားနဲ့၊ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ သွားမေးရင် ရတယ်။ ဘယ်သူမှ မေးဖို့ စိတ်မကူးလို့ ရှာပြီး

တင်ပြလိုက်တာ။ ရွှေပြည်တံခွန် ကုမ္ပဏီကို ၂၀၁၁ ဩဂုတ်လ ၂၅ မှာ ဖွဲ့တယ်။ ၂၀၁၂ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စီမံ/ စီးပွားက မှတ်ပုံတင် ခွင့်ပြုတယ်။

ဒီတော့ ၅၀၀ဝ တန် ဆင်းကဒ် အကြောင်း ပြောတဲ့ အချိန်မှာ မှတ်ပုံတင်တောင် မကျသေးဘူး။ ဒါရိုက်တာ အဖွဲ့မှာ ဦးလွင်နိုင်ဦးက

အုပ်ချုပ်မှု ဒါရိုက်တာ၊ ဒေါ်စုစုလွင် (သူ့ဇနီး) က ဒါရိုက်တာ၊ ဒေါ်ဝင်းဝင်းကြည် (သူ့အမေ) က ဒါရိုက်တာ သုံးဦးနဲ့ ဖွဲ့ထားတယ်။ ဖြစ်ပုံများ။ ရုံးခန်းက

အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေဂုံသူ ကွန်ဒိုမှာ Media-Tech ဆိုတဲ့ တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ တွဲဖွင့်ထားတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ သူဌေး ဦးလွင်နိုင်ဦးက

အမှတ် ၃၇/အေ လှိုင်မြစ်လမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်မှာ အခန်းငှား နေတယ်။ ဘေးနားမှာ စုံစမ်းကြည့်တော့ ဇာတိက ပျဉ်းမနား၊

အဖေက စက်မှု လယ်ယာက စက်ကြီးမောင်း ခေါင်းဆောင် တဲ့။ စီးတဲ့ကား စူပါကက်စတန်က ငှားထားတာ။ ကဲ ဒါလောက်ဆိုရင်

ရွှေပြည်တံခွန်ရဲ့ ခိုင်မာမှုကို ခင်ဗျားတို့ မှန်းလို့ရပြီ။ မီဒီယာတွေနဲ့ တွေ့တုံးကတော့ ရွှေပြည်တံခွန် ကနေ အာရှတံခွန် ဖြစ်အောင် လုပ်မယ်လို့ ပြောတယ်။

ကဲ စဉ်းစားကြည့်ဗျာ၊ အစု ရှယ်ယာ တစ်ခုကို တစ်သိန်းနဲ့ ရှယ်ယာ တစ်သောင်း ရောင်းရင်လည်း ကုန်မှာပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့

ငါးထောင်နဲ့ ဆိုရင် အနည်းဆုံး ဖုန်းတစ်သန်းတော့ ရောင်းရမှာပဲ၊ မြတ်မှာကွ ဆိုပြီး ဝင်ဝယ်မယ့် လူတွေချည်းပဲ။ နောက်ပြီး ဆင်းကဒ်ဖိုး

ကြိုသွင်း ရမယ် ဆိုရင်လည်း ငါးထောင်နဲ့ သွင်းမယ့် လူတွေ မနည်းမနော ဖြစ်လာမှာ သေချာတယ်။ လျှောက်လွှာ တစ်စောင်ကို ငါးရာနဲ့ ရောင်း၊

ငွေငါးထောင် ကြိုသွင်း၊ အင်း ဒါပေမယ့် တစ်လလောက် အရောင်းဖွင့်ပြီးလို့ လစ်သွားမယ် ဆိုရင် နောက်ထပ် Ponzi တစ်ယောက်နဲ့ ခင်ဗျားတို့ တွေ့မှာ

သေချာတယ်။ ဟိုတစ်လောက နံမည်ကြီး မြန်မာဆေး လုပ်ငန်းက သမီးက စက်ရုံ တိုးချဲ့မယ်၊ အရင်း ထည့်ကြ၊ တစ်လကို ငါးကျပ်တိုး ဆိုပြီး

သုတ်သွားတာ ထက်တောင် ငွေများ သွားနိုင်တယ်။ လူကို ကြည့်ပြီးတော့ နည်းပညာကို လေ့လာရအောင်။

အင်တာနက်မှာ ဝင်ရှာတော့ သူပြောတဲ့ UMTS စနစ်ဆိုတာ Universal Mobile Telecommunications System (UMTS) ဖြစ်ပါတယ်။

အဲဒါက ဘာလဲ ဆိုတော့ နည်းပညာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဝီကီမှာ ရေးထားတဲ့ အချက် တစ်ချို့ကိုပဲ ကူးတင် ပေးလိုပါတယ်။ Universal Mobile

Telecommunications System (UMTS) is a third generation mobile cellular technology for networks based on the GSM standard.

Unlike EDGE (IMT Single-Carrier, based on GSM) and CDMA2000 (IMT Multi-Carrier), UMTS requires new base stations and new

frequency allocations. Structure of UMTS Network အဲဒီတော့ လူပြိန်း အတွေးနဲ့ ပြောရရင် အခု ဆက်သွယ်ရေးက လုပ်နေတဲ့ စနစ်ကို မသုံးဘူးဆိုရင်

သူ့ဘာသာသူ ထပ်ဆင့်လွှင့်တဲ့ စက်ရုံတွေ ဆောက်ရမယ်၊ Exchange ရုံတွေ လုပ်ရမယ်။ အဲဒါကို သုံးလနဲ့ ခြောက်လအတွင်း ပြီးအောင် လုပ်မယ်

ဆိုတာတော့ အတော် ယုံရခက်တဲ့ ကိစ္စပဲ၊ ရွှေပြည်တံခွန် ကုမ္ပဏီ ရှင်းပြတဲ့ အထဲမှာ အရင်းအနှီး ဘယ်က လာမယ် ဆိုတာ ရေရေရာရာ ပြောထားတာ မရှိဘူး။

အခန်းတောင် ငှားနေရတဲ့ လူတစ်ယောက်က အဲဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို လုပ်ဖို့ ငွေကြေး၊ နိုင်ငံတကာ အဆက်အသွယ် ရှိနိုင်သလား

ဆိုတာ ပထမဆုံး မေးရမယ့် မေးခွန်းပဲ။ ဒီစနစ်အတွက် သုံးရမယ့် လွှင့်စက်ဆိုတာ GSM Repeator လို ခေါင်မိုးပေါ် လွယ်လွယ်နဲ့ တက်တပ်လို့ ရမယ်မထင်ဘူး။

ဖုန်းအလုံးပေါင်း သိန်း၊ သောင်း ချီသုံးမယ့် ကွန်ယက် တစ်ခုအတွက် တိုင်တွေ ထောင်တာ၊ အဲဒီအတွက် လိုအပ်တဲ့ Power Supply တွေ၊

ကိုင်တွယ်မယ့် ဝန်ထမ်းတွေ စသည်ဖြင့် စဉ်းစားစရာ အများကြီး ရှိသေးတယ်။ အဲဒါကို အိမ်မှာ Wi Fi ထောင်သလို လွယ်လွယ်လေး ပြောနေတာကတော့

လိုက်မမီပေါင်ဗျာလို့ ပြောရမှာပဲ။ ချုပ်ပြောလိုက်ရင်တော့ ဆက်သွယ်ရေးက ဖုန်းဈေးတွေ များလွန်းတာလည်း အမှန်ပဲ။

ဒါနဲ့ ပတ်သက်လို့ ဆန်းစစ်ရမှာက တစ်ပိုင်း၊ အခုလည်း လွှတ်တော်မှာ ပြောဆို နေတာတွေ ရှိတယ်။ နောက်ပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာရင်းနှီး မြှပ်နှံရင် ရတဲ့

ဆင်းကဒ်ခကတော့ သက်သာမယ်၊ ဒါပေမယ့် ဖုန်းပြောခတွေကို ဒေါ်လာနဲ့ ပြန်ထုတ် ပေးရမယ့် ကိစ္စလည်း ရှိသေးတယ်၊

အခု အချိန်မှာ ဖုန်းပြောခတွေကို တစ်နှစ် ဒေါ်လာ သန်းနှစ်ရာ၊ သုံးရာ ဒေါ်လာနဲ့ လဲပြီး အစိုးရက အမြတ် ခွဲပေးဖို့ရော လုပ်နိုင်ပြီလား ဆိုတာလည်း စဉ်းစားရမယ်။

နောက်ပြီး အခု စနစ်သစ်အရ အစိုးရ စီးပွားရေး လုပ်ငန်းတွေက ကိုုယ့်ငွေ ကိုယ်ရှာ၊ ကိုယ်သုံး လုပ်ရမယ် ဆိုတာလည်း ရှိရဲ့။

ဒါတွေ အားလုံးကို စဉ်းစားလိုက်ရင် လက်ရှိ အခြေအနေအရ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတော့ အမတ်မင်းများက ဆွေးနွေး ပေးကြဖို့ လိုပါတယ်။

သို့သော် ဆက်သွယ်ရေး ဈေးများ နေတာကြောင့် ကျွန်တော်တို့ တစ်တွေ Ponzi လိမ်ကွက်တွေထဲ ကျမသွားဖို့ လိုတယ်။

ဒါ့ကြောင့် တတ်ကျွမ်းသူများ ငါးထောင် ကိစ္စကို ကုမ္ပဏီရဲ့ ခိုင်မာမှု၊ နည်းပညာအရ လိုအပ်မှု၊ အရင်းအနှီး ရနိုင်မှု စသည်ဖြင့် ထောင့်ပေါင်းစုံက

စဉ်းစားပြီး ရေးပြရင် ကောင်းမယ်။ ဂျာနယ်တွေလည်း ပွဲဆူတယ်၊ ဂျာနယ် အရောင်း တက်တယ် ဆိုပြီး ရွှေပြည်တံခွန်ကို စင်တင် ပေးနေကြတာ၊

တော်ကြာ ရွှေပြည်တံခွန်နဲ့ အမှုတွဲ ဖြစ်သွားမယ့် အရေးကိုလည်း ဂရုစိုက်ကြပါဦး။ ကျွန်တော်တော့ ငါးထောင်ဖုန်းထက် သုံးသိန်းဖုန်း အိမ်မက်ဘဲ မက်လိုက်ဦးမယ်။

5 comments

  • nigimi77

    February 15, 2012 at 5:13 pm

    နောက်ကျ နောက်ချီးနဲ ့သလဲ ….ဗျန်းဗျန်းဗျန်း 🙂

    ဆြာကီးတို ့……ငါးတကာယိုတဲ့ ချေး ပုဇွန်ခေါင်းပေါ်ကျ

    အဲလေ……

    နေရာတကာက စာတွေ ဂေဇာတ်မှာ တင်မယ် ဆိုရင် ဂေဇာတ်မှာလဲ စာ အရင်ဖတ်ပါဦး

    လတ်တလော သတင်းဆိုရင် ပထမ စာမျက်နှာမှာကတည်းက မြင်နိုင်တာမို ့ သူတစ်ပါး

    တင်ပြီးသား ကော်ပီ သတင်းတွေကို ထပ်တင်တော့ ဆာဗာလည်း လေး သဂျီးလည်း အလုပ်ရှုပ်

    တာပေါ့ ။

    ခင်လို ့ပြောတာပါ….နောက်တခါ ယိုခါနီးရင် အောက်မှာ ပုဇွန် ရှိ မရှိ အရင် ကြည့်နော်… 🙂

  • Harumoto

    February 15, 2012 at 5:14 pm

    ထာဝရ ရေ…
    ” ကျွန်တော်တော့ ငါးထောင်ဖုန်းထက် သုံးသိန်းဖုန်း အိမ်မက်ဘဲ မက်လိုက်ဦးမယ်။”
    သူလဲ ဂိန်သွားပြီလေ…
    မကြားလိုက်မိတာလား…?
    မောင်ရင်ပြောတဲ့ အကြောင်းတွေက ဖြစ်နိုင်ချေ များပါတယ်။
    သတိထားပြီး ရှယ်ယာ သွားမထဲ့ဘို့ သိထားရတာ ကျေးဇူးတင်ပါတယ်။
    ဒါပေမဲ့လူတကာ မျှော်လင့်နေတာလေးတော့….
    ပြောရရင် ရေနစ်နေတဲ့လူအတွက် ကောက်ရိုးတမျှင်လဲ မျှော်လင့်ချက်ကလေးပေါ့။

  • nigimi77

    February 15, 2012 at 5:37 pm

    ၃ သိန်းဖုန်းက ဘယ့်နှယ်လုပ်ပြီး ဂိန်တာလဲဗျ ။

    နည်းနည်းလောက် လင်းပါဦး ကျုပ်တို ့ရုံးရှေ ့မှာ ၃ သိန်းဖုန်းအတွက်ကို

    G တာဝါ လာထောင်တာ ဒီနေ ့ပဲ Footing လုပ်ပြီးပြီ ။ ကျက်သွားရင် နောက်အပတ်လောက်ဆို

    တိုင်ထောင်ပြီးရင် ဒီမှာ သုံးသိန်း G သုံးလို ့ရပြီ ။ စက်ပစ္စည်းတွေတောင် မနက်ကပဲ လာချသွားတယ် ။

    ဆြာ့ရဲ ့ ကျုပ်တို ့မကြားမိလိုက်တဲ့ “…သူလဲ ဂိန်သွားပြီလေ…

    မကြားလိုက်မိတာလား…?……” ဆိုတဲ့ သတင်းလေး ဖောက်သည် ချပေးပါဦး ။ 🙂

  • Maung Dae`

    February 16, 2012 at 11:45 am

    ထင်သားပဲ… အစတုန်းက ကြားတာကကျတော့ ဆိုရော့စ် က ကျောထောက်နောက်ခံ ပေးထားတယ်ဆိုပြီး ကြားတာ… ခုတော့.. ဘာမှမဟုတ်ပါလား… 🙂

Leave a Reply