အလှူ ၊ ဒါန – ဘုန်းကြီး အလှူ လှူခွင့် ရှိ၏ မရှိ၏

လင်းဝေFebruary 15, 20121min14814

ဘာရယ်မဟုတ် မသိချင်ယောင်ဆောင်နေမလို့ပါပဲ။ ဟိုးကတည်းက တွေ့နေတာတွေ များပေမယ့် မသိယောင်ဆောင်ခဲ့တာပါပဲ။
အခုဟာက profile ကြီးကြီး ရဟန်း ၂ပါးက လုပ်နေတာ မတော်မတဲ့ကို အခုရက်ပိုင်းမှာ ဆက်တိုက်ဖတ်မိတော့ နည်းနည်း ပြောချင်စိတ်ဖြစ်လာတယ်။
အဲသလိုမျိုးတွေဖြစ်နေတာကို အရင်ကတည်းကလည်း စိတ်ကုန်နေတာပါတော့ ပြောဖြစ်သွားပါတယ်။ အလုပ်တွေများလို့ တစ်ခါတစ်လေ အားမှ ဂျာနယ် ကောက်လှန်ဖြစ်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ကို အဲဒီသတင်းက
လာတွေ့လေတော့ ပြောလိုက်ပါပြီ။ သဘောမတူသူ များ မကြိုက်ကြသူများ ကိုယ့်သဘောကိုယ်ဆောင် ဆက်လို့သာ လှူကြပါလေ။ ခွင့်လွှတ်တယ် ဆိုပြီး ကြောက်ရွံ့ ပျော့ညံ့သူများလည်း သဘောရှိသာ အသက်အောင့်နေကြပါကုန်။

ဘာသာရေး ရေးတင်ခွင့်မရှိလို့ ပိတ်မယ် ဖျက်မယ်ဆိုလည်း ပိတ်လိုက်ဖျက်လိုက်ပါ သူကြီးရေ။ ဒါဘာသာရေး တော့ မဟုတ်ဘူး ထင်တာပါပဲ။ မျက်စိမှိတ်ပြီး လှူချင်တာပဲ သိတဲ့ အလှူသမားတွေ ကိုယ့်အလှူ ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေတာကို ကိုယ့်စိတ်ကပြတ်အောင် လှူရင် ပြီးတာပဲ လို့ ငြင်းချင်ရင်တော့ ဘာသာရေးဘက်က ဖြစ်ပါလိမ့်မယ်။ အားလုံး ဝိုင်းဆွေးနွေးကြည့်ကြပေါ့။ ကောင်းသည် ဆိုသည် ကို ပို့စ်တင်တဲ့သူက ပြောမနေတော့ပါဘူး။ ကျနော်ကတော့ ဗုဒ္ဓဘာသာဝင်ပါ။ ဗုဒ္ဓဘာသာ ဆိုတာ ကိုးကွယ်စရာ မဟုတ်ပဲ ယုံကြည်ကျင့်ကြံရာ (ဘာသာ) ဖြစ်တယ်လို့ မှတ်ယူထားသူပါ။ ကာလမ သုတ်ကိုသဘောကျပြီး ဝေဖန်ဆန်းစစ်ခွင့်ရှိသော ဘုရား၏ တရားတော်စစ်စစ်ကို သက်ဝင်ယုံကြည်သူ စစ်စစ်ပါပဲ။

အဖြစ်အပျက်တွေကတော့ အောက်က အတိုင်းပါ။

၁။ ရဟန်းအမည် – ဦးဆန္ဓာဓိက ကနေပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ငွေလှူပါတယ်တဲ့။ ဂျာနယ်ထဲမှာ ရေးသာချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို လှူတာ ၂ကြိမ်ဆိုလား ၃ကြိမ်ဆိုလား ရှိပါပြီတဲ့။
ဗိုလ်ချုပ်ရုပ်ရှင် ကြည့်ချင်ပါတယ်။ ကြိုဆိုပါတယ်။ သို့သော် ရဟန်းတပါးက ငွေ ဝင်လှူတာကို နားမလည်လို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်ဖြစ်ဆိုပြီး မျက်စိမှိတ် ထောက်ခံသူတော့ မဟုတ်ပါဘူး။
၂။ ရဟန်းအမည် – ဦးဉာဏိသရ (သီတဂူ) ကနေပြီး ဦးခင်ညွန့် ကို ငွေ ၂၅သိန်း စွန့်ကြဲတယ်တဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုခင်ညွန့်ကြီးလွတ်လာတော့ မိသားစု စားဝတ်နေရေးလုပ်ဦးမယ် ဘာညာ ကြားရတော့ နှလုံးစိတ်ဝမ်း မသာမယာဖြစ်ပြီး မေတ္တာရှိတာကြောင့် ဦးခင်ညွန့်ကြီး သုံးချင်ရာသုံးဖို့ သိန်းအစိတ် စွန့်ကြဲတယ်တဲ့။ ( အဲဒီသိန်းအစိတ်ကို တကယ်မွဲမနေတဲ့ သူက သူ့ရပ်ရွာပြန်ပြီး စိတ်ရင်းလား နာမည်ကောင်းယူ စည်းရုံးရေးလား မသိနိုင်တဲ့ ရည်ရွယ်ချက်နဲ့ လူမှုရေး ရံပုံငွေ ထောင်လိုက်ပါတယ်။) ဦးခင်ညွန့်ကိုတော့ အထင်သေးသူပါ။ အလကား ဟန်များတဲ့ အခြောက်အဘိုးကြီးပါ။(နှစ်ဖက်ချွန် အတန်းအစား)။
ဦးခင်ညွန့်က ပြောရှာပါတယ်တဲ့ ဘုန်းကြီးဆီက ပိုက်ဆံမယူသင့်ပါဘူး ဆိုတော့ ယူသာယူပါတဲ့ ဘုရားက ခွင့်ပြုပါတယ်တဲ့။ ဘယ်လိုခွင့်ပြုထားလဲ အကျယ်မပါတော့ နားမလည်ပါဘူး။

ကုန်းဘောင်ခေတ်က ဘုန်းကြီး တစ်ပါးက အခြားဘုန်းကြီး အလှူပေးတာကို မှတ်ချက်ပြုတာလေး ဖတ်မိကတည်းက ဘုန်းကြီးတွေ အလှူမလုပ်ရလို့ နားလည်ထားပါတယ်။
ဘာဖြစ်လို့တုန်း ဆိုတော့ ဘုန်းကြီးကို လှူသူ ဒကာများက ရည်စူးပြီးလှူတာကို ဘုန်းကြီးက အခြားသုံးရင် မသင့်ဘူးလို့ နားလည်မှတ်ယူမိထားပါတယ်။
အထက် က ကိစ္စမှာလည်း ရဟန်း ၂ပါးဟာ သာသနာနဲ့ မဆိုင်တဲ့ကိစ္စ အတွက် သူတို့ကို သာသနာ အလို့ငှာ လှူထားတဲ့ ငွေတွေကို သုံးတာလား။ ဘယ်သို့မှတ်ယူရမည် မသိပါ။

ပိုက်ဆံတွေပေါများနေရင်လည်း တို့ဘုန်းကြီးတော့ ငွေမလိုပါဘူး လာမလှူပါနဲ့လို့ ပိတ်ပြီး လှူချင်သူများ အခြားလှူဖို့ တိုက်တွန်းလမ်းပြသင့်တာပဲ မဟုတ်လားဗျာ။

အားလုံး ဆွေးနွေးချင်သူများ ဆွေးနွေးနိုင်သလို ဝေဖန်ချင်သူများလည်း ဝေဖန်နိုင်ပါတယ်။ မကျေနပ်သူများလည်း မကျေနပ်သလိုသာ ပြုမူ တုံ့ပြန်ကြပါ။

14 comments

  • စိန်ပေါက်ပေါက်

    February 15, 2012 at 7:33 pm

    များ အထင်ပြောရရင်တော့ လှူတာက ဘုန်းကြီးပဲဖြစ်ဖြစ်၊လူပဲဖြစ်ဖြစ်ပေါ့နော်
    လှူတာဟာ ကောင်းတဲ့အလုပ်ဖြစ်လို ့ ဘယ်သူမလှူရ၊ညာသူ မလှူရ ဆိုပြီး အထွန် ့မတက်ချင်ပါဘူးတော်
    မဟုတ်တဲ့နေရာ သွားလှူရင်သာ အလကား အကျိုးယုတ်မှာ မို ့ လှူသင့်တဲ့နေရာ၊အကျိုးရှိမယ်ထင်တဲ့ နေရာ၊ပုဂ္ဂိုလ်တွေကို သာ
    သွားလှူစေချင်ပါတယ်။
    ကျန်တာတော့သိဘူး
    အီးပါချင်လို ့ပြေးလိုက်ဦးမယ်…
    ပြီးမှ ပြန်လာခဲ့မယ်..
    ဗစ်.ဘစ်..ဗွစ်စ်..

  • ကိုလင်းဝေရေ …
    ဘုန်းကြီးတွေ အလှူ လှူခွင့်၊ ရှိမရှိတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ဒါပေမယ့်လို့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာလေးတော့ ပြောသွားချင်ပါတယ် … ။

    တကယ်တော့ ရဟန်း၊ သံဃာတွေဟာ ငွေကြေး မသုံးစွဲသင့်ပါဘူး။
    ဆယ်ပါးသီလထဲမှာတောင်မှ ရွှေ၊ ငွေ အလှူမခံရဘူးဆိုတာ ပါနေတာပဲ မဟုတ်လားဗျာ ။
    နို့ပေမယ့်လို့လည်း အခု သုံးစွဲနေကြတယ်။ အဲဒီလို သုံးစွဲလာကြတော့ ဘာဖြစ်လဲ။ အခု အမြင်ပဲ မဟုတ်လားဗျာ။ ဒါဟာ ရဟန်း၊ သံဃာတွေ ငွေကြေး သုံးစွဲခြင်းကြောင့် ဖြစ်လာတဲ့ ပြဿနာ တစ်ရပ်လို့ပဲ ကျွန်တော် မြင်မိပါတယ် … ။

  • windtalker

    February 15, 2012 at 8:38 pm

    အိမ်း ၊ လွှတ်တော်ထဲမှာ ထည့်စဉ်းစားစရာ တစ်မျိုး ရသာပ

  • မိုက်ကယ်ဂျော်နီငပွ

    February 15, 2012 at 11:06 pm

    အမှန်တော့ မြတ်စွာဘုရားရှင်တော်မြတ်ရဲ့ ဝိနည်းဆိုတာက
    ဉာဏ်ပညာ မပြည့်စုံသူတွေတွက် သတ်မှတ်ခဲ့တယ်ထင်တယ်ဗျ ( အထင် )
    ( ဆင်ခြင်နိုင်တရား နည်းသူ / ရောင်းရဲတင်းတိမ်မှု့မရှိနိုင်သူ )
    ဆိုတော့ကာ
    ကိုယ်နားလည်သလောက်ပြောရရင်တော့ ( ကိုယ်နားလည်သလောက် )
    ရုပ်ရှင်အတွက် အလှူထည့်တာကိုတော့ ဝိနည်းနဲ့ မကိုက်ဘူးလို့ထင်တယ် ( အထင် )
    ဦးခင်ညွှန့်ကိုကျတော့ ဝိနည်းနဲ့ကိုက်တယ်ဗျ
    အမှန်ပြောရရင် ဒီအကြောင်းလေးက ခုမှသိတာဗျ သိုင်းကယူးပါ
    ဟိုက ဆရာတော်ကြီးဗျ ဝိနည်းကို အရည်ကျိုသောက်ထားတာ ( ကျင့်ကြံသည် မကြံသည်ကသူ့အကြောင်း )
    ဒီတော့ကာ အဘိဓမ္မာဖက်ကနေ ချင်းကပ်ပြီးပြောကြည့်ခွင့်ပေးပါဗျာ
    ( အတိုက်ခံပြုတယ်မထင်စေလိုပါ သဂျီးကိုလည်းဖားရသေးတယ်လေဗျာ မတူသောအတွေးဆိုလား 😀 )
    သဒ္ဓါဆိုတဲ့အပိုင်းမှာ ကိုယ့်ရဲ့စိတ်ကဖြစ်တဲ့ ဦးတည်ရာ သက်ဆိုင်သူဘဲဗျ
    ဥပမာ အကြင်သူသည် ခွေးကလေးတစ်ကောင်ကို သဒ္ဓါစိတ်ဖြစ်တယ်ဆိုပါဆို့
    မိမိမှ ထို အကြင်သူကို
    လူက ခွေးထက်မြတ်တယ် လူကို သဒ္ဓါမဖြစ်ရကောင်းလားဆိုပြီး မစ္ဆရိယစိတ်ပွားလို့မရပါဘူး
    သဒ္ဓါ ပြုသူရယ် သဒ္ဓါ အပြုခံရသူရယ်ရဲ့ ကံ၊ ကံ၏ အကျိုးများသာဖြစ်ပါတယ်
    ( ပြောလို့သာပြောတာ ဒီသဂျီး ကံအကြောင်းပြောရင် ကျုပ်ကိုဆဲတော့မှာဘဲ )
    ဆိုတော့ကာ
    ( အကြောင်းကြောင်းကြောင့် ဆရာတော်ကြီးက ဦးခင်ညွှန့်အပေါ်ဖြစ်လာတဲ့ သဒ္ဓါစိတ်ကို
    ကျနော်တို့အနေနှင့် ဝေဖန်ရန် မသင့်တော်ပါဟု ရိုးစားစွာ သတိပေးပါသည် )
    တစ်ခုရှိတာက ဆရာတော်ကြီးအနေနှင့် ဤ အလှူငွေများတွင် ဝိနည်းကျိုးပေါက်မည်မဟုတ်ဟု
    မိမိမှ အထူးယုံကြည်မိပါသည်။
    ကျုပ်တို့ လောကီထည်းကတွက်ရင်လည်း ဒါ သိပ်ကောင်းတဲ့ လုပ်ကောင်းတဲ့လုပ်ရပ်တစ်ခုဘဲဗျ
    ထုံးစံအတိုင်း ကျုပ်ရဲ့ အမြင်ကို ခပ်တည်တည်နဲ့ ဖောလ်ပြီး ပြေးပြီဗျို့
    ကိန်ကိန်ကိန်ကိန်

    • ကြက်ဖင် ( အကယ်ဒမီ )

      February 16, 2012 at 9:05 am

      ငခြောက်ကတော့ ငခြောက်စကားဘဲပြောတော့မယ်
      အဘိဓမ္မာကြီးနဲ့များကိုင်ပေါက်နေသေး ဘာလဲသိလို့လား အဘိဓမ္မာဆိုတာ
      ဘုန်းကြီးတွေ ပိုက်ဆံကိုင်ရင်ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတာဘဲ
      ပြီးတော့လဲ အဲ့သည်ပိုက်ဆံကိုဘဲ ဘုန်းကြီးတွေကို လှူကြတာဘဲ
      ခပ်တည်တည်နဲ့ ပတ်လိုက်သေးတယ် ဘာတဲ့ ဝတ္ထု ဆိုပြီး
      သားမရှိမယားမရှိဘုန်းကြီးကို ဝတ္ထုတွေ တစ်ပုံတစ်ခေါင်းလှူကြတယ်
      ဟိုက ဘစ်ဇနစ်တွေဘာတွေလုပ်ရင်လည်း လုပ်တယ်ပြောအုန်းမယ်
      သူ့မှာပိုနေတဲ့ပိုက်ဆံတွေ သူဖဲရိုက်အရက်သောက်တာမှမဟုတ်တာ
      သူ့စိတ်ထဲ စေတနာရှိတဲ့နေရာပေးတာဘဲ ကိုယ်လည်းပေးနိုင်တာမဟုတ်ဘူး
      ဘာဝိနည်းလည်း
      အလကား ဘုန်းကြီးနှစ်ပါးကို လက်ဝှေ့ထိုးကြအောင် ဟိုဘုန်းကြီးမှန်တယ် ဒီဘုန်းကြီးမှန်တယ်
      လိုက်ပြောနေတယ်
      လှူပစေ ဒီဘုန်းကြီးတွေစီမှာရှိတဲ့ ပိုက်ဆံတွေ အများကြီးဘဲ
      ဒီတိုင်းထားအလကား ငွေသေတယ်
      လှူကြပါဘုန်းဘုန်းတို့ လှူလို့ရှိ
      ရှိလို့လှူတယ်ဆိုတာ ဘုန်းဘုန်းတို့ဘဲပြောတာဘဲဘုရား
      ငွေကြေးသဘောအရ လည်ပတ်နေပါစေ
      ဟဲဟဲဟဲ ကျုပ်လည်း သူများနဲ့မတူအောင်ပြောကြည့်တာ

  • K@oru

    February 15, 2012 at 11:48 pm

    ဇိမ်ဖုံးဂျီး ဝင်မန့်ပီဗျို့ …

    တနေ့ သေကြရမည် … မသေချင် လုပ်ချင်တာလုပ်ကြ …

    ဆြာသမားတယောက် လော့ဂျစ်ပါဗျာ …..
    လုပ်ချင်ရာ… (မှန်မယ်ထင်တာ) ….
    လုပ်ကြတာပဲ မဟုတ်လားဗျ…..။

    မှန်လားမှားလား ကတော့ …..အင်း
    သမိုင်းက မဖြေရင် …အုတ်ကျင်းက ဖြေလိမ့်မပေါ့…..။

    ဒက်ဂလောက် ဒက်ဂလောက်…….။

    ခင်တဲ့
    ဂီ

  • kai

    February 16, 2012 at 12:10 am

    အဟတ်ဟတ်…
    ခေတ်နဲ့မလျှော်ညီတဲ့ ဝိနည်းတွေ.. ပြင်ဖို့အချိန်သင့်နေပါပြီ..။
    မဟနက.. ဒါကို အဓိကလုပ်ရမယ်လို့ထင်မိပါတယ်..။

    ..
    အလှူ၂ခုက (ဝိနည်းဖေါက်ဖျက်တာချင်း တူပေမဲ့.. )မတူလောက်ပါဘူး..
    အရှင်ဆန္ဓာဓိက ကစာအုပ်ရေးပြီးရထားတဲ့ ငွေကလှူတာလို့ထင်မိတယ်..။ အဲဒီမှာ သူ့လုပ်အားကရတဲ့ ဝင်ငွေရှိတာကိုး…

    သီတဂူဆရာတော်ကတော့.. သာသနာအတွက်ရည်စူးလှူထားငွေကို.. လူမုန်းများခဲ့သူတယောက်ကို အားပေးကူညီတယ်လို့ မြင်မိတာပဲ..
    (ဟုတ်ခဲ့ရင်ပေါ့လေ.. ဒီလိုလုပ်ထားမှန်း..အခုမှသိတယ်..)

    အဲဒီငွေတွေက.. အမြတ်ခွန်ဆောင်ထားသလား သိချင်မိပါတယ်..။
    အမြတ်ခွန်ကိစ္စ..သေသေချာချာဥပဒေထုတ်.. လုပ်သင့်နေပြီ..။
    ..အထူးသဖြင့် သာသနာရေးမှာပေါ့… :mrgreen:

    • မိုက်ကယ်ဂျော်နီငပွ

      February 16, 2012 at 12:42 am

      ဪသဂျီးမင်းရယ်
      ဆရာတော်ကြီးတရားဟောရင် ဘယ်သူကများ ဆရာတော်ကြီးကို
      ရော့ဆရာတော် မုန့်ဘိုးဆိုပြီးပေးမှာဒုန်း
      နဝကမ်မ ဆိုပြီး တရားဟော ဆရာကိုလှူတာ
      သူ့လုပ်အားနဲ့ရတဲ့ငွေဘဲဟုတ်ဘူးလား
      ဒီလောက် ဝိနည်းရှောင်တာလေးလောက်ကတော့
      ဆရာတော်ကြီးက
      အေးဆေး အေးဆေး
      စစ်အစိုးရတွေ ကလဖန်ထိုးတာကိုကြတော့ ဘာမှမပြောဘဲ
      ဓမ်မ ပူဇာငွေကို ကြတော့ အခွန်ကောက်မယ်တဲ့
      အံဖွယ်သရဲ

      • kai

        February 16, 2012 at 4:03 am

        ကိုရင်မိုက်ကယ်ကို.. ဘုန်ကြိးဝတ်ခိုင်း..
        ပြီးတော့.. ကျုပ်က…ဘိန်းချထားတဲ့ငွေတွေ.. နဝကမ္မ အလှူငွေဆိုပြီးလှူမယ်…
        ကိုယ်တော်က.. သနားလို့.. ဘိန်းချစားနေရတယ်ဆိုပြီး..ကျုပ်ကို ပြန်စွန့်လေ…။

        ကိုယ်တော်လူထွက်ပြီး.. ပက်ပုံးမှာ..ပုံးပက်ကလေးတွေနဲ့နေလို့ရတဲ့.. ငွေထုတ်ပေးမယ်..
        အာဟိ.. 🙂

  • aye.kk

    February 16, 2012 at 5:25 am

    ၁။က္ကုတ္ထိဒါန-မိန်းမအလှူ
    ၂။သမဇ္ဇဒါန-ပွဲလမ်းသဘင်ကချေသည်အလှူ
    ၃။မဇ္ဇဒါန-သေရည်သေရက်အလှူ
    ၄။ဥသဘဒါန-နွားလားဥသဘအလှူ
    ၅။စိတ္တကမ္မဒါန-ပန်းချီဆေးရေးရုပ်အလှူ
    ၆။သတ္တဒါန-ဓားလှံအစရှိသောလက်နက်အလှူ
    ၇။ဇိသဒါန-အဆိပ်အလှူ
    ၈။သင်္ခလိကဒါန-ချေထိတ်လက်ထိတ်အလှူ
    ၉။ကုက္ကုဋသုကရဒါန-ကြက်ဝက်အလှူ
    ၁၀။ကုလာကုဋမာနကုဋဒါန-ချိန်စဉ်းလဲတောင်စဉ်းလဲအလှူ
    လှူလို ့မကောင်းတဲ့(၁၀)မျိုးဆိုတာကိုဘဲသိထားပါတယ်။
    ဘုန်းကြီးကပြန်စွန့်ကြဲတာကယူလို့ရှိရင်အပြစ်မဖြစ်ဘူးလို့ယူဆမိပါတယ်။
    ကျမကိုယ်တိုင်ကတော့ငယ်ငယ်ကပေါ့နော်
    ဘုန်းကြီးကျောင်းတွေကိုအမေနဲ့လိုက်သွားရလေ့ရှိပါတယ်..
    အဲဒီအခါမှာအမေကဘုန်းကြီးကျွေးတာစားမိရင်အပြစ်ဖြစ်မှာစိုးတော့ခါ..
    ကျမတို့ကိုဘုန်းကြီးကျောင်းရောက်တဲ့အခါအလကားမနေရဘဲ..
    ဘုန်းကြီးကျောင်းရဲ ့ဝေရာဝစ္စအားလုံးကူလုပ်ခိုင်းခဲ့တယ်..
    ဘုန်းကြီးကျွေးတာ၊ပေးတာကအပြစ်မဖြစ်ပေမဲ့…
    ယူမိတဲ့သူကလုပ်အားဒါနအလှူလုပ်ထားတာမရှိရင်
    ယူမိတဲ့သူမှာဘဲအပြစ်ရတယ်လို့ပြောပြထားခဲ့တယ်..
    ကိုယ်သိနားလည်သလောက်ဝင်ဆွေးနွေးလိုက်တာပါ..။

  • kyeemite

    February 16, 2012 at 10:55 am

    ဗိုလ်ချုပ်ရုပ်ရှင်အတွက်လှုတာတော့ထားပါတော့…
    အူးခင်ညွှန့်လိုလူကို သနားတယ်ဆိုတာတော့..ဘယ်လိုမှခံစားလို့မရပါကြောင်း..
    ဒါနဲ့နေပါအုံး ကိုလင်းဝေရ..အဲဒီသတင်းဘယ်မှာပါတာတုံး..တဆိတ်လောက်ညွှန်းစေချင်တယ်ဗျာ..

  • လင်းဝေ

    February 16, 2012 at 12:36 pm

    ဦးဉာဏိသရ က ခင်ညွန့်ကိုပေးတဲ့သတင်းက ဒီအပတ် ၁၄ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် မှာပါတယ်။ သေချာတယ်။
    ဦးဆန္ဓာဓိက သတင်းက ပြီးခဲ့တဲ့ စနေထုတ် ဗွိုက်စ်မှာ တွေ့မိတယ်ထင်တယ်။ သတင်းကသေချာတယ် ဘယ်မှာပါတယ် မမှတ်မိဘူး။

  • မျိုးကို

    February 16, 2012 at 2:17 pm

    ရဟန်းတွေသည် လူတွေကို ပစ္စည်းပေးခြင်း၊ ပန်း၊ နံ့သာစသောလက်ဆောင်ပေးခြင်းဖြင့် လူတွေရဲ့ သဒါ္ဓတရားကို မဖျက်ဆီရဟု ဗုဒ္ဓဟောကြားထားကြောင်းသိရပါတယ်။
    ဘာ့ကြောင့်လဲဆိုတော့ လူတွေက ပစ္စည်းပေးတဲ့ရဟန်းကိုတော့ ကြည်ညိုမယ်။ မပေးတဲ့ရဟန်းတွေကို မကြည်ညိုတော့ဘူးဆိုပြီး သဒါ္ဓတရားပျက်သွားမှာဆိုလိုဟု သိရပါတယ်။
    တကယ်ကတော့ ရဟန်းတော်တွေဆိုတာ ရွှေ၊ ငွေ ပစ္စည်းဥစ္စာတွေကို အဓိကထားပြီး လောကအကျိုးဆောင်ရမယ့် အမျိုးအစားမဟုတ်ပါဘူး။
    လူတွေရဲ့ အသိတရားတွေကို ပြုပြင်ပြောင်လဲပေးရမယ့် သဘောတရားရေးရာပညာရှင်တွေအနေဖြင့်သာ လောကအကျိုးဆောင်ရမှာပါ။
    ရွှေ၊ ငွေ ပစ္စည်းဥစ္စာရှိတဲ့သူတွေက မရှိတဲ့ သူတွေကို ဝေမျှပေး (ဒါနပြု)ချင်လာအောင် နှိုးဆော်လမ်းညွှန်ဖို့ပဲလုပ်ရမှာပါ။
    ကိုယ်တိုင်ငွေတွေကို အလှူလိုက်ခံပြီးတော့ လုပ်နေရမှာမျိုးမဟုတ်ပါ။
    ဥပမာအားဖြင့် – – – – – –
    ဇနီးမောင်နှံတွေ ငြိမ်းချမ်းစွာနေထိုင်တတ်ဖို့ ကိုယ်တိုင်မင်္ဂလာဆောင်ပြရမှာ မဟုတ်ပဲ လမ်းညွှန်ရုံပဲ ညွှန်ပြရမှာဖြစ်ရသလို
    လူတွေဒါနတွေပြုတတ်အောင် ညွှန်ပြသူတွေပဲ ဖြစ်ရမှာပါ။
    အခုတော့ ကိုယ်တိုင် ငွေတွေကို အလှူခံ ဒါနတွေပြုနေကြတော့ ဒါကိုယ်တိုင်မိန်းမယူပြီး မင်္ဂလာဆောင့်ပြနေတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။
    ငွေတွေအလှူခံ၊ ထိန်းသိမ်း၊ စီမံခန့်ခွဲနေရတာဟာ မိန်းမ မရပဲနဲ့ အိမ်ထောင်ကျနေသလိုဖြစ်နေတာပါ။
    ယနေ့ခေတ် အိမ်ထောင်သည်ဘုန်းကြီးနေတဲ့ ဘုန်းကြီးများ ဘယ်သူပဲဖြစ်ဖြစ် ဆင်ခြင်သင့်ပါပြီ။

Leave a Reply