(((လူနှစ်ထောင်ကျော်ရဲ ့တိုက်ပွဲ…သန်း၆ဝကျော်နဲ ့တိုက်ရိုက်သက်ဆိုင်တယ်)))

ရွှေအိမ်စည်February 15, 20123min2439

လှိုင်သာယာ စက်မှုဇုန် (၃) ရှိ တိုင်ရီ ဖိနပ်စက်ရုံ

အလုပ်သမားများ ဆန္ဒပြမှု ဟာ..တကယ်တော့ပြည်သူစိတ်ဝင်စားမှုနည်းနေပါတယ်…။

ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ရ နာရီအချိန်က လှိုင်သာယာ စက်မှုဇုံ ၃ မှာရှိတဲ့ တရုတ်လူမျိုးပိုင် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား ၂၅၀ဝ ကျော်ဟာ

ဇန်နဝါရီလ အတွက် ရရှိမယ့် လုပ်ခ လစာတွေ ဖြတ်တောက် ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင် မဝင်ပဲ ဆန္ဒပြ ခဲ့ကြပါတယ်။ စက်ရုံပိုင်ရှင်မှ

ဇန်နဝါရီလက အလုပ် ပိတ်ရက်တွေ များတယ်လို့ အကြောင်းပြပြီး လုပ်ခ လစာငွေတွေကို ဖြတ်တောက် လိုက်တာကြောင့် စက်ရုံ အလုပ်သမားတွေကသူတို့ရဲ့လစာငွေတွေ အပြည့်ပြန်ရဖို့ အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြတာပါ။

 

 

 

လူနှစ်ထောင်ကျော်ရဲ ့တိုက်ပွဲ…သန်း၆ဝကျော်နဲ ့တိုက်ရိုက်သက်ဆိုင်တယ်

 

အစိုးရ အာဏာပိုင်တွေဘက်က အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို

စာရွက်တွေမှာ ချရေးခိုင်းပြီး ယူသွားကြတယ်လို့ သိရပြီး တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမျိုးတော့ မရှိသေးပါဘူး နိုင်ငံတကာ အလုပ်သမား ဥပဒေအရ

တရက်ကို အလုပ်ချိန် ၈ နာရီ သက်မှတ်ထားပေးမယ့်လည်း တိုင်ရီစက်ရုံက အလုပ်သမားတွေဟာ တရက်ကို ၉ နာရီထိ အလုပ် လုပ်ကြရပြီး အချိန်ပို

လစာငွေ ကိုလည်း မရရှိကြပါဘူး။

 

ဆန္ဒပြ အလုပ်သမားတွေက သူတို့ရဲ့တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရှိရပြီး တိုင်ရီစက်ရုံးမှာပဲ အလားတူ ဆန္ဒပြမှုမျိုးကို ၂၀၁၁ ခုနှစ် ဖေဖော်ရီလကလည်း ဖြစ်ပွား ခဲ့ပါသေးတယ်။

 

အငြိမ်းချမ်းဆုံး တရားဓမ္မထွန်းကါးရာ

ကျွန်တော်တို့တိုင်းပြည်မှာ တရားမျှတမှုမရှိဆုံး အဖြစ်ပျက်တွေ ဖြစ်ပျက်

နေတာ ဘယ်တော့များမှဆုံးမှာလည်းလို့ လည်း ………။

အသန့်ရှင်းဆုံးနေ ရာမှာ

အယုတ်ညံ့ဆုံးလူတွေရှိနေသရွေ့တော ့ ခင်ဗျားတို့၊ ကျွန်တော်တို့

အားလုံးသောသူတွေရဲ့ ဘဝတွေ ရင်း နှီးပျက်စီးပေးရဦးမှာပေါ့လေ..။

 

လူနှစ်ထောင်ကျော်ရဲ ့တိုက်ပွဲပါဘဲ…ဒါပေမယ့်..မြန်မာပြည်သူ  သန်း၆ဝကျော်နဲ ့တိုက်ရိုက်သက်ဆိုင်တယ်

 

ရွှေအိမ်စည်

 

ဓာတ်ပုံ-ကိုThe Voice Weekly မှကူးယူသည်။

 

 

ကျနော်..2010ခုနှစ်က..ရွက်သစ်ကဗျာလေး နဲ ့ထပ်လောင်းပေါင်းထည့် လိုက်ပါတယ်…

 

 

 

“ အဲဒီနေ့က လစာနှစ်သောင်းခွဲအတွက်ပါ ”

အဲဒီနေ့က ကမာ္ဘကြီးအတွက်သာမန်နေ့ပါဘဲ

 

 

ကျွန်တော်ဘယ်မေ့နိုင်ခဲ့မလဲ…..

အဲဒီနေ့မှာ လှိုင်သာယာမှာ ဆန္ဒပြတယ်

ဒီဟါကို အရှင်းဆုံးပြောရရင်

အမြတ်ဆုံးလူတန်းစားရဲ့

 

အရိုးဆုံးအသံထွက်တစ်ခုပါ…။

ဒီအထည်ချုပ်သမလေးတွေရဲ့ ငိုညည်းသံ

ဒါဟါ မင်းဆိုးမင်းညစ်တွေအတွက်

ငရဲလားတေးသွားသံဖြစ်မယ်….

လူစစ်လူမှန်တွေရဲ့

 

အမောက်ထောင်တွန်ကျူးသံလည်းဖြစ် တယ်..။

သူတို့လေးတွေခမျာ

ကါးခဈေးတက်ရင်လည်းခံရတယ်

ဆီဈေးဆန်ဈေတက်လည်းခံရတယ်

ဘဝပျက်ရင် ဖာခံရတယ်…

ခံဖို့သက်သက် ဘဝထွက်လားသလားလို့တောင်

 

အားတုံ့အားနာတွေမိပါတယ်…။

အသန့်ရှင်းဆုံးငွေကြေးကို

အရင်းအနှီးအကြီးဆုံ ပေးဆပ်မှုတွေနဲ့

 

သူတို့တွေခမျာ ရှာဖွေနေရှာတယ်….။

သူတို့လေးတွေရဲ့လောကဓံဇာတ်ဝင် ခန်းဟါ

နိုဘယ်ဆုရသူထက်လည်းသာတယ်

အော်စကါဆုရခဲ့သူတွေထက်လည်းသာတယ်

အကယ်ဒမီရှင်တွေထက်လည်း မြင့်မြတ်ပီပြင်နေခဲ့တယ်

ဒါပေမယ့် သူတို့လေးတွေခမျာ

 

ရသင့်တဲ့ဆုအားလုံးနဲ့တော့လွဲခဲ့ ရရှာတယ်…..။

ငါမအားတဲ့ကြားကနေ အသံတစ်သံကြားလိုက်တယ်

လှိုင်သာယာမှာ ဆန္ဒပြနေကြတယ်တဲ့

မဖြစ်နိုင်ဆုံးပုံပြင်တစ်ပုဒ်ြ ဖစ်လို့……

အသောအထေ့ပြက်လုံးဖြစ်လို့…..

ဇုံလုံးမှိတ်ငါ ယုံလို့ဖြစ်မလား

ဒီလိုနဲ့

 

အဲဒီကိုငါရောက်ရှိသွားခဲ့တယ်……။

ငါသွားတော့ရောဘာဖြစ်မှာလည်း

အဲဒါဟါ နအဖလမ်းသစ်ဖွင့်ပွဲဆို ငါဘယ်သွားမလဲ

 

နိုင်ငံရေးပါတီတွေရဲ့ အင်အားပြပွဲဆိုလည်း ငါဘယ်သွားမလဲ

သူတို့လေးတွေဟါ

ဘဝပျက်ကွဲနေပေမယ့်

မသိခြင်း ကြောက်ရွံ့ခြင်းကြားမှာ

အသံတွေတိတ်ဆိတ်နေခဲ့တယ်

အခု ပွင့်အာလာခဲ့ပြီ…တောက်ပခတ်ပွင့် ခဲ့ပြီ

 

နအဖအတွက်တော့ ခြောက်အိပ်မက်ဖြစ်မယ်ထင်တယ်…။

အထည်ချုပ်သမဆိုတာမသိရင် ငွေနှစ်သောင်းခွဲကိုပြေးမြင်လို က်

အဲဒီငွေဟါ ၂၅ဒေါ်လာနီးပါးနဲ့ညီမျှတယ်

အဲဒီငွေဟါ ဘဝတစ်ခုစာနဲ့ညီမျှတယ်

အဲဒီငွေဟါ အဖေအိုကို ကျေးဇူးဆပ်နေတာနဲ့ညီမျှတယ်

အဲဒီငွေဟါ ကလေးကျောင်းစရိတ်နဲ့ညီမျှတယ်

အဲဒီငွေဟါ ကမာ္ဘကြီးကို အဝတ်ဝတ်ပေးနေတာနဲ့ညီမျှတယ်

အဲဒီငွေဟါ တီဘီဖြစ်နေတဲ့မောင်လေးအတွက် အသက်ကယ်ဆေးလည်းဖြစ်တယ်

အဲဒီငွေဟါ အိတ်ချအိုင်ဗွီဖြစ်နေတဲ့လင်သား အတွက် ဆန်ပြုတ်လေးတိုက်ဖို့ဖြစ်တယ်

အဲဒီငွေဟါ ဖာမဖြစ်ရေးအတွက် ဂုဏ်သိက္ခာနဲ့အစာအိမ်ရဲ့ ထွန်ကြောင်းရာလည်းဖြစ်တယ်

အဲဒီငွေဟါ တရုတ်ပြည်ကြီး ချမ်းသာကြီးပွားနေတာနဲ့ ညီမျှတယ်

အဲဒီငွေဟါ နအဖအာနာတည်မြဲနေတာနဲ့ ညီမျှတယ်

ငါတို့ခေတ်မှာ ငါတို့ခေတ်ရဲ့ရတနာမိခင်တွေ

ဘယ်လောက်ဘဝနစ်မွန်းခဲ့ရတယ်ဆိုတာ နဲ့ ထပ်တူအချိုးကျတယ်….

အဲဒီတစ်သောင်းခွဲဟါ သူတို့လေးတွေရဲ့ တစ်လစာဖြစ်တယ်

အဲဒီတော့

 

အဲဒီငွေနဲ့ အဲဒီသမလေးတွေဟါ သမိုင်းသက်သေနဲ့ညီမျှနေရှာတယ်။

ဒါပေမယ့်

အထည်ချုပ်သမလေးတွေခမျာ

တစ်လမှာမြန်မာငွေသောင်းခွဲ

တစ်ရက်ပျက်ရင် တစ်ထောင်ကျပ်ဖြတ်ခံရတယ်

နေ့ထူးနေ့မြတ်ရုံးပိတ်ရက် လာနောက်မနေနဲ့

ကော်ဖီဘရိတ်မရှိဘူး

ရီထရိခရီးမရှိဘူး

အိုင်အယ်လ်အိုကိုမသိဘူး

အလုပ်သမားအခွင့်အရေးမသိရှာဘူး

မီးဖွားခွင့် ရှောင်တခင်ခွင့် နေမကောင်းခွင့်

ဟုတ်ကဲ့ရှင် စာအုပ်ထဲမှာလို့တောင်

သူတို့မင်းကိုပြန်မဖြေနိုင်မှာ မဟုတ်ဘူး

သူတို့သိတာ တစ်လနှစ်သောင်းခွဲအပြည့်ရရေး….

 

သူတို့သိတာ ဒီအလုပ်လေးမပြုတ်ရေး။

တစ်ရက်မှာ ၉နာရီ

မတ်မတ်ရပ်၊ မြန်မြန်ချုပ်၊

ကိုကိုတရုတ်ပြည်ကြီးအတွက်

အချိန်တိုတိုမှာ များများထုတ်ဖို့လေ

ကန်တော့ပါရဲ့

ရာသီလာတဲ့ ဂွမ်းစထုတ်တောင်

သူ့ပေါင်ကြားကဆွဲမထုတ်အားဘူး

 

သူတို့အလုပ်ရှုပ်ခဲ့ရရှာတယ်။

အော်……တစ်လတစ်သောင်းခွဲရယ်

ပေါက်ဖော်ကြီးလုပ်ရဲတယ် နအဖထောက်ခံတယ်

ဒီအထည်ချုပ်သမလေးတွေဟါ

ငါတို့မြန်မာပြည်ရဲ့ရတနာလေးတွေ ပါ

ငါတို့တိုင်းပြည်ရဲ့မိခင်လောင်း တွေပါ

ငါတို့တိုင်းပြည်ရဲ့စက်မှုဇုံတွေ ပါ

ငါတို့တိုင်းပြည်ရဲ့လူ့အခွင့်အေ ရးတွေပါ

ငါတို့တိုင်းပြည်ရဲ့

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရွှေပြည်တော်သာလမ်းမကြီးနံဘေးက

မြင့်မြတ်မညှိုးပန်းတွေပါ

အခုတော့

သူတို့ကို ပေါက်ဖော်ကြီးကလုပ်တယ်

 

နအဖကချုပ်ပေးတယ်…။

အဲဒီ

ဘဝမုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးတွေဟါ

ငါတို့တိုင်းပြည်ရဲ့ အနာဂတ်မိခင်တွေ

ငါတို့တိုင်းပြည်ရဲ့နှမသားချင်း တွေ

ငါ့တို့တိုင်းပြည်ရဲ့ ချွေးစက်တွေ

အခုတော့ နအဖရဲ့ယုတ်မာမှုအောက်

တရုတ်ကမုဒိန်းကျင့်ကောက်ကျစ်မှုေ အာက်.

………………….

 

………..။

သူတို့ခမျာ

သူတို့နိုင်ငံရေးလည်းနားမလည်ရှာ ပါဘူး

လစာလေးတိုးတောင်းတာကို

အဖြေမညှိဘဲ

အဓိကရုန်းခေါဘဏီတပ်ကြီးချီလို့

တပ်မတော်သာအမိ တပ်မတော်သာအဖ

လူကြီးမင်းများခင်မျာ

ဝန်းရံဖြေရှင်းလိုက်ပုံများ

ဒိုင်းလွှားကားသေနတ်များနဲ့

သွေးမြေကျရင်ဆေးဖို့ထင်ပါ့

နိုင်ငံတကာကလှူထားတဲ့ မီးသတ်ကားများတောင်ပါလာပါသေးသမု ိ့

 

အော်…လုပ်ရက်ပေတယ်လို့သာ…။

အထည်ချုပ်တဲ့လက်ပါရှင်

တိုင်းပြည်ဖျက်ချင်ရင်……

ဆူပူဆန္ဒပြချင်ရင်.……

အထည်ချုပ်စက်ရုံရှေ့မှာလစာတိုးေ တာင်းပြီး

အချိန်ကုန်ခံပါမလားရှင်လို့

သူတို့ပြောခွင့်ရရင် ( လူကြီးမင်းတို့ကြားမှာပါ )

 

နားထောင်ရဲဖို့သာ သတိ္တခွန်အားမွေးထားကြပါ…။

သေနတ်ကြီးတကါးကါးနဲ့ လူကြီးမင်းများခင်များ

သူတို့ဟါ

ငတ်နေတာလေး ကြိုးညှိဖို့

 

လခလေးတိုးတောင်းမိတာပါဗျာ….။

သေနတ်ကြီးတကါးကါးနဲ့လူကြီးမင်း များခင်ဗျာ

သူတို့လစာတိုးတောင်းတာဟါ

လူကြီးမင်းတို့ လူကြီးမင်းအချင်းချင်း

လစာတိုးပေး မသထာရေစာတန်းညှိရေးမှာ

အခြေခံစားကုန် ဗြောင်းဆန်ကုန်လို့

 

လစာတိုးတောင်းမိရှာတာပါခင်ဗျာ…။

သူတို့ခမျာ

သူတို့ခများ ဘိန်းမှောင်ခိုလည်း မကူးခဲ့ပါဘူး

ပြည်ပလည်းအားမကိုးပြီး ပုဆိန်လည်းအရိုးခဲ့ပါဘူး

တပ်မတော်ဖြိုခွဲဖို့လည်း အားမထုတ်ခဲ့ရှာပါဘူး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လည်း မဖြိုခွဲခဲ့ပါဘူး

တိုက်လေယဉ်တွေလည်း ဝယ်ဖို့မစီစဉ်ခဲ့ပါဘူး

လျှပ်စစ်ဓာတ်အားနဲ့ တွင်းထွက်ရတနာများလည်း ရောင်းမထုတ်နိုင်ခဲ့ပါဘူး

ထမင်းနပ်မှီဖို့အရေး

ရသင့်ရက်မရတဲ့လစာလေး

 

နှစ်သောင်းခွဲကနေ သုံးသောင်းခွဲဖြစ်ရေးတောင်းဆို မိတာလေးပါ

အဲဒီနေ့ကသူတို့လက်ထဲမှာ

မနေ့ညကထမင်းကြမ်းခဲနဲ့ ပဲပြုပ်ဆီမဆမ်းထည့်ထားတဲ့

 

ထမင်းချိုင့်လေးဘဲပါပါတယ်။

အဲဒီနေ့က သူတို့လက်ထဲမှာ

ပျက်လုလုဘဝတစ်စုံ

မျှော်လင့်ချက်မဲ့တုန်တုန်ရင် ကိုင်ထားတာဘဲ

 

ကျွန်တော်မြင်မိပါတယ်။

အဲဒီနေ့က

သူတို့အရှေ့မှာ

ဒိုင်းလွှားသေနတ်တကါးကါးနဲ့လူကြီ းမင်းများခင်ဗျား….

သံဃာတောင်သတ်ရဲသူခင်ဗျားတို့အတွ က်

ကျွန်တော်ဘက်မှာတားစရာ စကားမဲ့ပါတယ်

တစ်ခုဘဲတောင်းပန်ပါစေ

သူတို့ရှာနေရတဲ့ လစာတစ်သောင်းခွဲထဲမှာ

ခင်ဗျားတို့ကိုတိုးပေးဖို့ထားတဲ ့ လစာလေးတွေပါပါတယ်…

ကျွန်တော် မျက်ရည်တွေဝေ့သွား၊

အသက်ရှုတွေကြပ်သွားလို့

အဲဒီအရှေ့ကနေလှည့် ပြန်လာခဲ့လိုက်တယ်…

နောက်နေ့သတင်းတွေမှာသာ

 

ခင်ဗျားတို့ဆက်နားထောင်ပါတော့ဗျ ာ…..။ ။

 

 

 

နိုင်ငံပြုသစ္စာဖြင့်

ရွက်သစ်

၉၊ ၂၊ ၂၀၁၀

9 comments

  • စိန်ပေါက်ပေါက်

    February 15, 2012 at 7:55 pm

    အဲလိုသတင်းကတော့ ခဏခဏ ကြားနေရတာပဲ
    လူတွေ ဘာကြောင့် စိတ်မဝင်စားကြသလဲ စဉ်းစားစရာ
    ခုက လခတိုးမပေးလို ့ ဆန္ဒပြတာလား..
    ရတဲ့လခကို ထုတ်မပေးလို ့ဆန္ဒပြတာလား..ဘာတွေတုံးမသိဘူးဗျ
    ရှင်းရှင်းလင်းလင်းမသိရလို ့ ဒေါ်စိန်ပေါက် ငြိမ်နေတာ..
    ရှင်းရှင်းလင်းလင်းသိရင် ပြန်အိပ်တော့မှာ 😆
    ကျုပ်အတွက် ဒီသတင်း မဆန်းတော့ဘူးဗျာ တစ်နှစ်လောက်ရှိပြီ ကြိုကြား ကြိုကြား ကြားနေရတာ..
    အခုက ဘာကြောင့်ပြတာလဲ
    လခ မရလို ့လား..လခ မတိုးလို ့လား.. ❓
    လခမရလို ့ပြတာဆို အဲဒီ ၂ထောင် လူစုတဲ့ ဒေါ်စိန်ပေါက် အူးဆောင်ပြီး အေလဘေးပိုင်ရှင်ကို ပြပစ်မယ် (ဆန္ဒ) ပြရဲတယ်
    လခ တိုးမပေးလို ့ပြတာဆိုရင်တော့ ဒေါ်စိန်ပေါက်ရဲ့ 9မီလီမီတာလောက်ရှိတဲ့ ဦးနှောက်နဲ ့ မချင့်ချိန်တတ်လို ့
    ငြိမ်ပြီး နားထောင်နေပါဦးမယ်..
    ဆက်ပြောကြပါ..
    အီးသွားပါလိုက်ဦးမယ်..
    ဗျစ်..ဗစ်..ဘွစ်စ်..

    • စိန်ပေါက်ပေါက်

      February 15, 2012 at 8:03 pm

      ဟေ့လူ
      ဘာတွေလျှောက်ပြောနေတာလဲ…ပြီးသွားပြီတဲ့ဟ
      မယုံရင် ဒီမှာဖတ်ကြည့်
      http://myanmargazette.net/101670/uncategorized-other/copypaste

      ခင်ဗျားက ၃ မိနစ်စောပြီးအာချောင်မိတာကိုး
      ခံပေါ့
      ရပြီရပြီ
      အီးဆက်ပါတော့

      • windtalker

        February 15, 2012 at 8:42 pm

        အားကိုကြီး
        ညီလေး ပြောင်းဖူး ရောင်းတာ ဒီတစ်ဖူးဘဲ ကျန်တော့လို ့
        အားကိုကြီး ကို ပရဲဆင့်ပေးလိုက်မယ်
        ရော့
        ယူသွား
        ပလွတ် ( ပလက်စတစ်အိတ်ထဲ ပြောင်းဖူးထဲ့သံ )

  • မိုက်ကယ်ဂျော်နီငပွ

    February 15, 2012 at 10:22 pm

    ဘာဘဲဖြစ်ဖြစ်ဗျ
    မတရားမှု့ကို ခေါင်းငုံ့မခံဘို့တော့လိုပါတယ်
    တစ်ခုရှိတာက တစ်ဆိတ်ဖြစ် ဆန္ဒပြဘို့ဆိုတာတွေကိုလည်း ချင့်ချိန်ကြစေခြင်ပါတယ်
    သူ့ရဲ့ဝင်ငွေထွက်ငွေတွေကိုလည်း တွက်ချက်တတ်ကြဘို့လိုမယ်ထင်ပါသေးတယ်
    ဒီအချိန်က သိပ်အရေးကြီးတဲ့အချိန်ကလေးလည်းဖြစ်နေတော့
    မတရားဘူးသေခြာရင်တော့ ဆော်ကြပါ
    အထူးတိုက်တွန်းခြင်တာက ကိုယ့်အရပ် ကိုယ့်ဇာတ်မှာ သူများရေမြေက အခွင့်ရေးတွေနဲ့
    ကိုင်ပေါက်ပြီး အတိုင်ထက်လွန် မဖြစ်အောင် ဆင်ခြင်ကြဘို့ပါ
    ကျုပ်လည်း လူချမ်းသာတစ်ယောက်တော့မဟုတ်ဘူး
    တစ်လမှ ဗမာပိုက်ဆံ ငါးသောင်းမရတာရယ် အဲ့သည်အကြောင်းအတွက် ဆန္ဒပြရာမှာ
    လမ်းစရိတ်တောင်မရှိဘူးဆိုတာရယ်က အတည်ဖြစ်ခဲ့ရင်
    တော်တော်ဝမ်းနည်းဘို့ကောင်းတာဘဲနော
    သတ္တဝါတွေမှာ စားဝတ်နေရေးမပြည့်စုံသေးတဲ့အတွက်
    ဗျာပါဒ ဆိုတဲ့ ပူပန်ကြောင့်ကျမှု့က တယ်လည်း ဆိုးဝါးလှပါတယ်
    တစ်နေရာရာမှာ ကျုပ်ပြောမိသလားဘဲ
    အဲ့သည်လူတန်းစားတွေထဲ ဘယ်လိုအသိတရားတွေ စီးဆင်းစေခြင်းလက်တွေ့လုပ်ဆောင်မှု့များသည်သာ
    အလွန်အရေးကြီးမည်ထင်ပါကြောင်း
    ခပ်တည်တည်နှင့် လူကြားကောင်းအောင် ပြောပြီးသည်နှင့်
    ဖင်မှာ ဂျက်အင်္ဂျင်တပ်၍ ပြေးလေသတည်း
    ဖွတ်ချက် ဖွတ်ချက်

  • captainamerica

    February 15, 2012 at 10:44 pm

    ဒါမျိုးကိစ္စကြတောလည်းဘယ်သူကြမှလည်းဝိုင်းမဆွေးနွေးကြပါလား။
    သစ်ထူးလွင်ဆိုဒ်မှလည်းဒီအတိုင်းပဲ။ပွားစရာလူပြောများတဲ့ကိစ္စများပြောလိုက်ကြတာ
    ဒီလိုကိစ္စမျိုးကြတော့ဘာမှလည်းမပြောကြဝူး။ခက်တော့ခက်သား
    ပြေးပါပီဗျို. ဝူးးးးး ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးး ဂျက်လေယျာဉ်နဲ.ပြေးဘီ

  • kai

    February 16, 2012 at 1:20 am

    ဒါမျိုးတွေက တကမ္ဘာလုံးမှာ..ရှိနေ..ဖြစ်နေတာပါ..။ အလုပ်သမားတွေ.. အခွင့်အရေး..လစာ..တိုးလိုချင်လို့.. ဆန္ဒပြကြတာ..။ လူတွေအားလုံးနဲ့မဆိုင်ပါဘူး…
    တချို့နိုင်ငံတွေမှာ.. လူတွေနဲ့ဆိုင်အောင်.. ဘတ်စကားမောင်းသူတွေဆန္ဒပြရင်.. ဘတ်စကားမမောင်းပဲနေတာမျိုးတောင်လုပ်တယ်..

    အပေးအယူနဲ့..စံနစ်တကျညှိနိုင်တာကတော့.. ယူနီယံ(သမဂ္ဂ)တွေပေါ့..။

    အစိုးရနဲ့လည်း တိုက်ရိုက်ကြီးဆိုင်တယ် မဟုတ်ပေမဲ့.. အစိုးရဆိုတာ.. အများအားဖြင့်.. အခွန်များများဆောင်သူဖက်ကရပ်ပေးရပါတယ်..

    ဆိုတော့…
    .. ငွေရှင်တွေကို ဖိနှိပ်တာ..ဝိုင်းကြပ်တာဟာ.. ဒီမိုကရေစီစံနစ်အတွက်… ကောင်းတဲ့လက္ခဏာတော့ မဟုတ်ကြောင်း…။ :mrgreen:

  • MaMa

    February 16, 2012 at 7:59 am

    ဒီနေရာမှာ ပညာရှိဂျော်နီငပွနဲ့ အာဏာရှိ သဂျီးတို့ရဲ့ ပြောကြားချက်တွေကို ၁၀၀% ထောက်ခံတယ်။
    ကိုယ့်ဘက်က ကြည့်တော့လက်ဖဝါး သူ့ဘက်ကကြည့်တော့ လက်ဖမိုးဆိုသလို
    အလုပ်ရှင်နဲ့ အလုပ်သမား အမြင်တွေ တူကြမှာ မဟုတ်ဘူး။
    ဒါပေမယ့် အလုပ်ရှင်က အလုပ်သမားမရှိရင် အလုပ်မလုပ်နိုင်သလို
    အလုပ်သမားကလည်း အလုပ်ရှင်မရှိရင် အလုပ်ရမှာ မဟုတ်ဘူး။
    ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ တဲ့ အခြေအနေမျိုးမှသာလျှင်
    နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မယ်။ ရေရှည်လုပ်ကိုင်နိုင်မယ်။
    အခုကိစ္စမှာ အလုပ်ရှင်ဘက်လည်း မကိုက်လို့ လုပ်မယ့်အလုပ်သမား မရှိရင် (ဆက်ပြီး ဆန္ဒပြနေကြရင်) စက်ရုံပိတ်မယ်လို့ ကြားရပါတယ်။
    အဲဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ပေါင်း နှစ်ထောင်လောက် ထပ်တိုးလာမှာပေ့ါ။ 🙁

  • nyo min

    February 19, 2012 at 12:26 pm

    အင်း လေ တောင်းသင့်တာပေါ့ ဘယ်လို လုပ်မလဲဒီလောက်လစာနဲ့ ပြီးတော့တကယ်တန်း အဲ့ဒီလောက်ပိုက်ဆံနဲ့စားရ တာ ရိုင်းရိုင်းပြော၇ရင်လူလိုစားရတာမှမဟုတ်တာ တခြားအိမ်နီးချင်းနိုင်ငံတချို့နဲ့ယှဉ်ရင်တောင်လေ ဒီလောက်တော့တိုးတောင်းသင့်ပါတယ် သူဌေးတော်တော်များများက လူကို လူလို့မြင်တဲ့သူက ခပ်ရှားရှားဒီမှာက သူတို့ရဖို့ပဲသိတာ အလုပ်သမား ကျန်းမာရေး စားသောက်ရေး ဘာမှုမရှိပြီး အလုပ်က ဖြစ်လို့ ကိုယ်လက်အင်္ဂါတို့ ဘာတို့ချို့ယွင်းသွားရင်လည်းပိုက်ဆံတစ်သိန်းနစ်သိန်းလောက်ပေးပြိး အတိတ်မေ့သလို ရွေပျောက်သလို လုပ်လိုက် တာ ဒီထက်ကောင်းတဲ့ ဥပဒေရှိပြီး ကျင့်သုံးရင်တော့အလုပ်သမားတွေအတွက်ပို အဆင်ပြေမယ်ထင်တယ်

  • nakyaw

    February 19, 2012 at 1:11 pm

    ကဗျာလေးကကောင်းလိုက်တာ၊သနားစရာကောင်းလိုက်တာ၊ဒေါသထွက်စရာကောင်းလိုက်တာ၊ဝမ်းနဲစရာကောင်းလိုက်တာ။

Leave a Reply