ရှမ်းတို.ရဲ.ရတနာတပါး

ထာ၀ရFebruary 16, 20121min2259

ရှေး ရှမ်းစော်ဘွား တွေရဲ. နန်းစဉ် ရတနာတပါးလို.ဘဲ အကြမ်းဖျင်းသိရပါတယ်

နဝရတ်ကိုးသွယ်လက်စွပ်တကွင်းပါဘဲ…

ဒီလက်စွပ်ရဲ. စော်ဘွားနွယ်ဝင်နောက်ဆုံးပိုင်ရှင်ဟာ လက်စွပ်ကို ထာဝရ ရဲ.လက်ထဲကို ရှမ်းတို.ရိုးရာကတော.ပွဲအစုံနဲ.

အပ်နှံပြီး အမေရိကားကိုထွက်သွားတဲ.အချိန်ကစလို. အခုအချိန်ထိ အဆက်သွယ်မရတော.ပါဘူး

သူကြီးခင်ဗျား ရှေးနန်းစဉ် ရတနာ တပါးမို. သူ.ရဲရာဇဝင်ကိုလဲသိနိင်တဲ.လူများ ရွာထဲမှာရှိခဲ.ရင်

ဒါမှမဟုတ် ဝင်ရောက်ဖတ်ရှုသူတွေထဲကပညာရှင်တွေများသိခဲ.ရင် ဖေါ်ထုတ်ပေးနိင်အောင်

ရှားပါးတဲ.နန်းစဉ် နဝရတ်လက်စွပ်ရဲ.ပုံတွေကိုတင်ပေးလိုက်ပါတယ်

ဒီနဝရတ်လက်စွပ်ဟာ ဘေးတဖက်တချက်မှာ ကဒေါင်းကနေတဲ.ပုံကိုအနုစိတ်ပြုလုပ်ထားပါတယ်

လက်စွပ်တဲ.ဘက်၂ဘက်မှာတော. ခြင်္သေ. ကို နဂါး၂ကောင် ခြံရံထားတဲ.ပုံ ကိုအနုစိတ်ပြုလုပ်ထားပါတယ်

ဘယ်လောက်အနုစိတ်လဲဆိုရင်ခြင်္သေ.ရဲ.လိင်အဂါင်္ကိုတောင်မှန်ဘီလူးနဲ.ကြည်.ရင်တွေ.နိင်ပါတယ်

လက်စွပ်ကွင်းဟာသာမန်လူလက်မမှာစွပ်တာတောင်ချောင်ချင်ပါတယ်

လက်စွပ်ဟာပတ္တာ နဲ.ပြုလုပ်ထားတဲကွင်းအရှင်ပါ

လက်စွပ်ဟာနဝရတ်ကိုးသွယ်ကိုစီခြယ်ထားပေမယ်. မတ္တမြားပတ်လည်မြှတ်ထားတဲ.ရှေးလက်စွပ်တကွင်းပါဘဲ

နောက်ဆုံးပိုင်ရှင်ရဲ. ပြောပြချက်အရ ရှေးရှမ်းတော်ဝင်စော်ဘွားတွေ တရားစီရင်ရာ နဲ.မင်္ဂလာအခမ်းနားတွေမှာ

ဝတ်စဉ်လေ.ရှိတဲ.ရတနာ တပါးလို.ဆိုပါတယ်

 

အမြဲ ပြောင်းလဲနေတဲ.

ထာဝရ

 

9 comments

  • MaMa

    February 17, 2012 at 7:40 am

    တော်တော်လက်ရာမြောက်တာပဲ။
    တခြားတော့ မသိဘူး။
    မျက်မြင်ကိုယ်တွေ့ မြင်ဖူးချင်တယ်။ 🙂

  • water-melon

    February 17, 2012 at 8:41 am

    လက်ရာကတော့ မိုက်တယ်
    လက်စွပ်က အခိုက်တွေဘာတွေရှိလား
    စော်ဘွားဆိုလို့ ပင်းတယသွားတုန်းက စော်ဘွားတွေရဲ့နေအိမ်တွေ့ခဲ့တယ်။
    မထာဝရရေ
    ကျွန်တော်တို့အလိုအရဆိုရင်တော့ ကိုယ်နဲ့ထိုက်လို့ရတာပေါ့နော့။
    ရိုရိုသေသေသိမ်းပေါ့ဗျာ။

  • kyeemite

    February 17, 2012 at 2:14 pm

    လက်ရာလဲမြောက်တယ်…ကျောက်သံပတ္တမြားဘိုး နဲ့ ရှေးဟောင်းတန်ဘိုးပေါင်းလိုက်ရင်
    တန်ဘိုးမသေးဘူးဗျို့…မြင်ဘူးအောင်တင်ပြပေးတဲ့ ဒေါ်ထာဝရရေ..သင့်ခရုပါ

  • ကြောင်ကြီး

    February 18, 2012 at 12:15 pm

    ကြောင်ကြီးက တောင်ကြီးစော်ဘွား စပ်လျောင်ကီးရဲ့ ထီးမွေနန်းလျာသားတော်ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အဲဒီလက်စွပ်ကို မန်းလေးဂေဇက် အယ်ဒီတာချုပ် စူဠလိပ်ထက်ဆိုး သဂျီးဦးခိုင်မှတဆင့် ပို့ပေးစေလိုပါတယ်…။ ကြောင်ကြီး ထီးနန်းဆက်ခံပြီးရင် ရွာထဲက ရှမ်းပျိုမလေးများအားလုံးကို သိမ်းပိုက်မှာ ဖြစ်ပါတယ်။ နန်းမြတ်လေး အခစားဝင်စမ်း….ဟိုကောင် မောင်ရှုံး နင်လည်း ရှမ်းသွေးတဝက်ပါလို့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဝံကျီးခန့်တယ်။ …မေမြို့နားတဝိုက်က ရှမ်း၊ ဂေါ်ရခါး၊ ရဝမ်၊ လီဆူး ရှမ်းစပ်အပျိုမှန်သမျှ ရှာဖွေဖော်ထုတ်စေ…။ ဆေးဆရာဇီဝကထက်ဝေးကိုလည်း ရှာဖွေပြီး ရှေ့တော်မှောက် အမြန်သွင်းစေ…။ ပီယဆေးရှိတယ်လို့ မသင်္ကာရတဲ့ ရွာသားများကို အမြန်ရှာဖွေပြီး ကွပ်ညှပ်စေ..။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 12:26 pm

    ထိုက်လို ့ရတာပေါ့ဗျာ…
    ခုမှမြင်ဖူးတယ်….
    နောက်ထပ်ရှိသေးရင် ပြပါဦး (ရတနာကို ပြခိုင်းတာပါ)
    ရှေးခေတ်လူတွေ တယ်ပဲ အနုစိတ်ကြောင်း ရှေးဟောင်းပစ္စည်းတွေမြင်တဲ့အခါသိလာရတယ်ဗျား..

    စကားမစပ်.
    အခု အဲဒိရတနာတွေအိမ်မှာပဲလား..
    လိပ်စာပြောပါဦး လာလည်ချင်လို ့
    😆

  • windtalker

    February 18, 2012 at 12:59 pm

    အဲဒီလို လက်စွပ်မျိုးကို ဝတ်ဆင်မယ့်သူဟာ ကံငါးပါးလုံအောင် ထိန်းရတယ် ဆိုကလားဘဲ ။ ကြားဖူးတာလေး ပြောတာပါ ။

  • ဒီလိုအကြောင်းတွေသိချင်ရင် မင်းမျုးိမင်းနွယ်တွေအကြောင်းရေးနေတဲ့
    ဆရာကြီး ဦးသန်းဆွေ(ထားဝယ်)ကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းကနေတစ်ဆင့်ဆက်သွယ်လိုက်ပါ။
    တိကျသောအဖြေကို အသေအချာပေးနိုင်မှာပါ။

  • ဆူး

    February 19, 2012 at 12:43 pm

    တော်တော် ထူးဆန်းပြီး လက်ရာမြောက်တဲ့ လက်စွပ်ပဲ..
    ဒါမျိုး အခုမှ မြင်ဖူးတာပါ။
    ဗဟုသုတ အဖြစ် အမြင်ကျယ်အောင် ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 2:34 pm

    ကျွန်တော့်တို့ရှမ်းပြည်ကရတနာတစ်ပါးလို့ဆိုပေမယ့် ကျွန်တော်တောင်ကောင်းကောင်းမသိတဲ့အရာလေးတစ်မျိုး
    ဖြစ်တဲ့အတွက် ဗဟုသုတများမျှဝေခံစားပေးသော် ကလောင်ရှင်ထာဝရကိုကျေးဇူးတင်ပါတယ်။
    ကျွန်တော်တို့ရဲ့ဘိုးဘေးများကိုဓါတ်ပုံပြပြီးမေးကြည့်ပါဦးမယ်။

Leave a Reply