“ကျွန်ုပ်၏ custom messages များနဲ့ ဟာသဆန်သော အတွေ့အကြုံ”

ကျွန်တော့ရဲ့ custom messages များရဲ့ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချခြင်းပါ။ ပေါက်ကရဖြစ်ဖြစ် လျှောက်စပ်ပြီး ရေးတင်မိတာကို အများဆီက ဝေဖန်သံ လှိုင်လှိုင်ထလာတဲ့ အကြောင်းပေါ့။

ကဲ…ပထမဆုံး ရေးတင်မိတဲဟာလေးပါ။
မိန်းမတွေ အကြောင်းလေ အဟီး..
“သံကွန်ခြာ ခုနှစ်ထပ်မကလို့
ကြုတ်ထည့်ပြီး ဘီလူးငုံငုံ
လက်ဖျားခါလောက်အောင်
မိန်းမမာယာက ပေါက်ထွက်အောင်
ဖောက်ထွက်ပစ်အုံးမယ်”.
ဒီစာသား ရေးပြီးရော ယောက်ျားတွေက လက်ခုပ်တီး အားပေးပြီး မိန်းမတွေက မေတ္တာပို့တယ်လေ။ မေတ္တာပို့ချက်က သေနာလို့ စောင့်ကောင်တို့ ဘာတို့ ညာတို့ စုံနေတာပဲ အဟီး။ သေချာမှတ်ထားရင် ဆယ်နှစ်မျိုး ဂျင်းသုတ်လုပ်လို့ ရတယ်။ မိန်းကလေး တစ်ယောက်ဆို နင်..ငါတို့ကို စာသားနဲ့ ဝါးလုံးချေးသုတ် လျှောက်မရမ်းနဲ့တဲ့။ ကိုယ့်နေရာမှာ ကိုယ်တင်တာ သူ့ဘာသာသူ ဖတ်ပြီးတော့ ကျွန်တော့မှာ ဘာအပြစ်ရှိလို့လဲနော်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် စဉ့်တီတုံးနဲ့ ဓားပေးမယ်…အဟီး။
ကဲ…ဒုတိယတစ်ခုက
“ကောင်မလေးရယ်..
ပါးချိုုင့်ဖြစ်နေတဲ့ မင်းပါးလေး
နှာခေါင်းနဲ့ ညီအောင်
ညှိပေးချင်တာ…
အပြစ်များ ဖြစ်သွားလား”
အဲ့တော့လည်း လာပြန်ရောဗျ။ ယောက်ျားလေးတစ်ယောက်က
“ဟေ့ကောင် မင်း ကောင်မလေး ပါးချိုင့်ဖြစ်နေတာက
ကျောက်ပေါက်နေလို့လားတဲ့ မင်းတော့ သွားပြီတဲ့”
အဲ့တော့လည်း ကျွန်တော့ ရွဲ့ပြီး ဖြေလိုက်တယ် အဟီး။
“အဲ့ဒါ ကောာင်ဘူးလားလို့
ဂေါက်ကွင်းသွားပြီး ဂေါက်ကျင်းရှာစရာမလိုတော့ဘူးလေ
ကျွန်တော် ဂေါက်ကွင်းကျယ်ကြီး ပိုင်နေပြီလို့ အဟီး”
ကဲ…ပြီးရောမှတ်လားဗျာ။ ဒါတောင် ကောင်မလေးတွေက အကို ညီမ ပါးချိုင့်ဖြစ်တာ ဘယ်လိုများ သိလဲတဲ့ လာမေးနေသေးတယ်။ ဟွန်း စိတ်ကို လျှော့ထားလို့နော်။ အဲ့တုန်းက ဘေးနာမှာ ငါ့စော်လေးပါလာလို့ လေ။ နောက်မို့ဆိုလို့ကတော့…ငှဲငှဲ။
ဒီနေ့တော့ အသည်းကွဲတာကို ကြိတ်ဖြေတဲ့ အကြောင်းနဲ့ စာသားလေး တစ်ခု ရေးတင်လိုက်တယ်။ ကဲ…ဒါကတော့…
“မချစ်တာများ
အပြစ်မြင်ကာ ပြောမနေနဲ့
တစ်သွားရင် တစ်ဆယ်လာမယ်
ဒီဘဝ…
ဝမ်းနည်းမှုနဲ့…ငါ
မျက်ရည်သုတ်နေမှာ မဟုတ်ဘူး…”
ကဲ..ဘာကြာလို့လဲ။ အွန်လိုင်းမှာလည်း အဲ့လို့ ခံစားရတဲ့ သူတွေ တော်တော်များ ရှိတယ်ထင်ပါရဲ့။ အစ်ကိုကြီး တစ်ယောက်က..
“ငါ့ညီ မင်းတင်ထားတဲ့ စာသားလေး ကောင်းတယ်တဲ့”
ကျွန်တော့မှာတော့…“ ဟုတ်လား အစ်ကိုကြီးရာ.. ဘယ်လိုတွေ ကောင်းတာလဲဟင်” လို့
အဲ့ဒီ အစ်ကိုကြီးက တစ်ခွန်းတည်းပဲ ပြောချလိုက်တယ်..။ ညီလေးရယ် ကောင်းတာမှ စိတ်ပျက်ဖို့တဲ့..။ ကျွန်တော့မှာတော့ အီလည်လည်ကြီးနဲ့။
ကဲ…ရေးရတာလည်းများ ပြောရတာလည်း လေပေးတော်တော်ဖြောင့်သွားပြီး။ နောက်မှပဲ custom message အကြောင်း ဆက်ရေးတော့မယ်နော်။ အဟဲ……ကုန်ကြမ်းမရှိလို့ ရှိတာ လျှောက်ရေးတယ်လို့ မထင်ပါနဲ့။ အမှန်တကယ်က ထိုင်ရေးတာလေ အဟီး။
***တစ်ချက်ပြုံးတိုင်း ကောင်းခြင်း ဒီရေတိုးပါစေ***
အားလုံး ပျှော်ရွှင်နိုင်ကြပါစေ…
စေပိုင်ထွဋ်(ပုသိမ်)

2 comments

  • K@oru

    February 15, 2012 at 9:45 pm

    သများ တင်လေ့ချိတဲ့ မက်စိကတော့
    “ဘားလမ်းက နေ ဓါးထမ်းစောင့်နေမယ်” တို့
    “တရုတ်တန်း ကနေ ဒုတ်ထမ်း စောင့်နေမယ်” တို့
    “ရှမ်းလမ်းက နေ တဗျန်းဗျန်း ရိုက်ဖို့ စောင့်နေတယ်” တို့
    ဖြစ်ပါသတဲ့ချင့်….

    ခင်တဲ့
    ဖားသက်ပြင်း
    အင်ဇာဂီ
    ပဂါးနီးနီ
    ဦးဖွတ်ကျား
    ခအိုလု
    မာကူဇာ ကိုယ်တော်ဂျီး
    ဇိမ်ဖုံးဂျီးငယ်
    နှူးဘာဂိုဏ်းချုပ်

    • စေပိုင်ထွဋ် (ပုသိမ်)

      February 15, 2012 at 9:55 pm

      ဘားလမ်း
      တရုတ်လမ်းနဲ့
      ရှမ်းလမ်းတင်ပဲလား

      အိမ်ပြန်လမ်းမှာ
      မယားခါးထောက်နေအုံးမယ်လေ ဟိဟိ
      ဒါနဲ့ ဘွဲ့တွေကလည်း နည်းနည်းနောနော မဟုတ်ဘူး
      ဘယ်နိုင်ငံကိုများ သွားယူလေသလော
      ကို ဖားသက်ပြင်းရ..
      ခင်တဲ့
      စေပိုင်ထွဋ်(ပုသိမ်)

Leave a Reply