ခေါင်းစဉ်များ နှင့် ဆွေးနွေးခြင်း (၁)

nigimi77February 15, 20121min1176

ရွှေအိမ်စည်က ဒီလို ခေါင်းစဉ်နဲ ့ ပိုစ့်တင်ခဲ့တယ် ။

 

လူနှစ်ထောင်ကျော်ရဲ ့တိုက်ပွဲ…သန်း၆ဝကျော်နဲ ့

တိုက်ရိုက်သက်ဆိုင်တယ်

==========================================

မှန်ကောင်းမှန်လိမ့်မယ် ။    တစ်ခုရှိတာက    ဒီနေ ့ ပိုက်ဆံမရှိလို ့ ဒီနေ ့ထမင်း မစားနိုင်တဲ့ ပြသာနာကို

ဗိုက်မဆာလို ့ ဆိုတဲ့   ဖြေရှင်းနည်းနဲ ့ လူကြားကောင်းအောင် ဖြေရှင်းတတ်တဲ့ အနေအထား အဆိုးရွားဆုံး

ဒီနိုင်ငံမှာ  အမှန်တရားကို သိဖို ့ကို သိပ်ပြီး ခက်ခဲလိမ့်မယ် ။

မြန်မာပြည်ရဲ  ့ လုပ်သားတွေ အကြောင်း ၊ လုပ်သားတွေရဲ  ့ ဘဝ အခြေအနေ အကြောင်း ၊ ဘယ်လောက်တော့ရရင်ဖြင့်

အနည်းဆုံးတော့ ထမင်းစားနိုင်တယ် ဆိုတဲ့ အကြောင်း ၊ အခြေခံ အတွေးအခေါ် ဘယ်လောက်ရှိတယ် ဆိုတဲ့ အကြောင်း ၊

စတဲ့ အကြောင်းပေါင်းများစွာ ထုံမွှန်းတဲ့  လုပ်သား အင်အားထုကို  ဘယ်လို အသုံးချရမလဲ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို

ဒေသခံထက်ကို သူတို ့တွေက ပိုပြီး ကြေညက်နေကြတယ် ။

သူတို ့တွေရဲ  ့ အရှေ  ့တောင် အာရှနိုင်ငံတွေမှာ လုပ်အားခနည်းပါးတဲ့ လုပ်သားတွေကို ကိုင်တွယ်လာတဲ့ အတွေ  ့အကြုံက

မနည်းဘူး ။  သူတို ့နဲ ့ ယှဉ်ချင်ရင်  အရင်ဆုံး ကိုယ့်ဖက်က ပြုပြင်ရမှာတွေက အများကြီး ။

ဒို ့ တောင်းဆိုတိုင်းဖြစ်တယ် ဆိုပြီး  ကျေနပ်နေရင်  သူတို ့ကတော့   ပြုံးပြုံးလေးနဲ ့ ဒို ့ခင်းထားတဲ့  Plan  B အတိုင်း ကွက်တိပဲ ဆိုပြီး

အားရနေတယ် ဆိုတာပဲ ။

ပုဂ္ဂိုလ်ခင်တော့ တရားမင်တယ် တဲ့ ။  နိုင်ငံခြားသား သာ မြင်လိုက်  ဆရာ ဖမ်းခေါ် ဖမ်းတင်လိုက်တာက ပထမ ရနိုင်တယ် ။

တခါကောင်းပြရင် တသက်လုံးခင်တဲ့ ကမ္ဘာပေါ်က သက်ရှိ သတ္တဝါတွေထဲမှာ  ခွေး ပြီး ရင်  မြန်မာ  မဖြစ်ဖို ့ လိုတယ် ။

စက်မှုဇုံ လုပ်ငန်းလောကမှာ  နှစ်အတော်ကြာ ကျင်လည်ခဲ့တဲ့အခါမှာ ဘာကို တွေ ့ရလည်းဆိုတော့  ကြားဖူးနားဝ

ILO  နဲ ့ အလုပ်သမား ဥပဒေ ဆိုတဲ့ အချက် အချို  ့၊  ဆွမှ ဖွမှ  လစာရတဲ့  အလုပ်သမားကိုယ်စားပြု  အဖွဲ  ့အစည်း

အချို  ့က လူတွေရဲ  ့ တို ့မီးရှို  ့မီး ရှိမှ ၊ မိမိ ကိုယ်တိုင်က  ဒီတလ (တကယ်ကို ဒီတလ) ကျပ်တည်းမှု ရှိမှ အုံကြွတတ်

ကြတဲ့   အခြေခံ အလုပ်သမားထုတွေက တကယ်လို ့များ ဆူခဲ့ ပူခဲ့မယ် ဆိုရင်  သူတို ့မှာက  Plan  B  ဆိုတာက နဂို

ကတည်းက ရှိနှင့်ပြီးသား ။

 

6 comments

  • kyeemite

    February 16, 2012 at 9:43 am

    ဆိုတော့ကာ…လုပ်ပါအုံးဗျ ..ဘာလုပ်ပါ လို့ အကြံပေးချင်တာလဲ..ဖတ်ကြည့်တော့သိသလိုလိုနဲ့
    ပီးသွားတော့..ဘာမှန်းမသိပြန်ဘူး…

  • K@oru

    February 16, 2012 at 10:26 am

    ဒီက လက်မထောင်ချင်တဲ့ဟာကို ပီးအောင်မရေးဝူး ….
    သများမှာ ဆန့်တငန့်ငန့်နဲ့ …
    လူဇိုး …

    😀

  • jujuma

    February 16, 2012 at 3:46 pm

    အဲ တန်းလန်းကြီးပါလားဗျ …
    ဆက်ရန်ရှိသေးလား..

  • etone

    February 16, 2012 at 4:35 pm

    ပြောချင်တာပြောပြီး တို့လို့တန်းလန်းလုပ်သွားတာတော့ မဟုတ်ဘူး … ဒီလိုကြီးက အရိပ်လောက်ပဲ .. ပြသွားတာပါ … ။

    ကဏန်းကြီး ဆဲဗမ်းဆဲဗမ်းရေ … ရှင်တောင် အထည်ချုပ်လောကထဲ ကျင်လည်နေသူမို့ .. နားလည်တာလေ … အပြင် တခြားအလုပ်ကလူတွေအတွက် … ဂဃနဏပြောပြသင့်တာပေါ့ … ။ 👿

  • manawphyulay

    February 16, 2012 at 4:51 pm

    မနောတို့လို လူပိန်းတွေ နားလည်အောင် သေချာလေး ရှင်းပြပေးမှ အဆင်ပြေမှာပေါ့ ခုဟာက ဘယ်လိုတွေးပြီး ဘယ်လိုကောက်ချက်ချရမလဲဆိုတာတောင်မသိသေးဘူး တို့လို့တန်းလန်း အရိပ်ပဲ ပြပေးမယ့် အကောင်ပြတာတောင်မမြင်တော့လည်း ခက်သားနော်…….

  • tree

    March 8, 2012 at 8:31 am

    အင်းလေ တန်းလန်းကြီး ဆန့်ငင်ဆန့်ငင်ဖြစ်တယ် အဟင့်

Leave a Reply