အရီးလတ်၏ ဒါ့ပုံမှ ပြောသော စကားများ …..။

ムラカミFebruary 15, 20124min19719

ရိုက်ချင်သလို ရိုက်ထားတာမို့ ကြည့်ချင်မှ ကြည့်ပါ…

မန့်ချင်မှ မန့်ပါ …..နည်းနည်း ဦးနှောက်ပျက်ချင်နေလို့ ..

ဆေးမသောက်မီ စိတ်ထွက်ပေါက်ရှာတယ်ပဲ မှတ်ပေးပါ …

 

 

ကျနော် ရည်စူးတာက လန်စကိတ်ပါ…

သို့သော် ခရီးမသွားနိုင်  … စိုင်မပစ်နိုင်…

အသစ်အသစ် မဆည်းပူးနိုင် …အလွန် ကျပ်တည်းနေသောကြောင့်

မရိုက်ရ မနေနိုင် မရေးရမတင်ရ မနေနိုင်တာမို့ ….

ဖြစ်သလို ရှိစုမဲ့စု အပေါစား ရိုက်တင်မိပါကြောင်း…

စိတ်အနှောက်အယှက်ဖြစ်ရင် ခွင့်လွတ်စေလိုပါကြောင်း…

 

 

၁။ မျက်စိ

 

၂။ သိမ်းငှက်

 

၃။ သိမ်းငှက် ၏ လက်

 

၄။  တြိဂံ

 

 

၅။ လက်မှတ်

 

 

၆။ ကြယ်

 

၇။ ၁ကျပ်

 

၈။ ကျောဘက်

 

၉။ ကနုတ်

 

၁၀။ တီလုပ်စာလုံး

 

 

 

၁၁။ ရေစာ

 

 

၁၂။ ၅ထောင်တန်…

 

၁၄။ ငါးထောင်တန်၏ကျောဘက်

 

၁၅။ အရီးလတ်

 

အဲ့ …အဆိုပါ ပုံ ကို ၁၀%လောက် ခရော့ပ် လိုက်သောအခါ…

 

၁၆။ RBG

 

မက်စိလေး တစ်ခု ပေးပါရစေ ….

ကျနော်တို့ မျက်လုံး ဟာ သိပ်သိပ်ကို ပိန်းပါတယ်…..မော်နီတာပေါ်က အိုင်ကွန်တခု ကို ရိုက်ပီး

အနှီ အိုင်ကွန်လေးကို ၁ဝဆ ချဲ့ ကြည့်သောအခါ…. RBG (red, blue, green )

ဆိုသော ပစ်ဇယ်လ် လေးများက ကျနော်တို့ရဲ့ အမြင်အာရုံရဲ့ ပိန်းတိန်းတိန်းနိုင်မှုကို

ဘယ်လို ဖွဲ့ဆည်းလှည့်ဖြားထားသလဲ ဆိုတာ သိလာရပါတယ်…..။

 

ဟုတ်ကဲ့ …မေးပါရစေ …. သင်တကယ် မြင်ရဲ့လား…

အမြင် ဟာ သည်လောက် စိတ်မချရမှတော့ ..အကြား ဟာရော…??

 

ကျနော်တို့ရဲ့ အာရုံခံ အင်္ဂ ါတွေဟာ လစ်မစ် အတိုင်းအတာရှိပါတယ်… .. 

 

တယူမသန်ကြဘဲ ….တွေးတော-ခံစား-ဆွေးနွေး-မျှဝေ ကြရအောင်လားဗျာ ….

 

 

ခင်တဲ့ ….

 

19 comments

  • K@oru

    February 15, 2012 at 11:29 pm

    အရီးလတ်ရေ့ …
    နာမည်အလွဲသုံးစား လုပ်လိုက်မိပီ …….

    သများကို ခွင့်လွှတ်ပေးပါနော…..

    ချစ်ခင်လေးစားစွာဖြင့် …
    ဂီ

    😀

  • pooch

    February 16, 2012 at 12:55 am

    ပြောရမယ်ဆိုရင် အခုနေနေရတဲ့ လောကကြီးထဲက လူတွေကိုက သေမျိုးတွေပဲကို မသေတော့သယောင်ယောင် ကိုယ့်ကိုယ်ကို လိမ်လည်လှည့်ဖျားပြီး ရှင်သန်နေကြတာမဟုတ်ဖူးလား။ ဒါလေးတွေက ဘာဟုတ်သေးလို့လဲလေ။

    သို့သော် တခါတရံမှာ မြင်ရတာက မြင်တဲ့ အတိုင်း ကြားရတာက ကြားတဲ့ အတိုင်း မဟုတ်ပဲ ဆင်ခြင်တုံတရားတို့ အသိလေးတွေသတိလေးတွေ ကပ်မှမြင်ရတတ် ကြားရတတ်တာမျိုးလဲ ရှိတတ်တာပဲလေ။

    ဥပမာလေးပေးရရင် တခါက ဇိမ်ဘုန်းကြီးငယ်တပါး သူ့ကိုယ်သူ အသဲကွဲနေပါတယ် တို့ အပစ်ခံလိုက်ရပါတယ် ဆိုပြီး ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် နဲ့ တခါတခါ ဖျားပါတယ် တို့ နာပါတယ်တို့ အော်အော်နေတတ်တယ် ။ အမှန်ကတော့ လူတွေကို သူကလှည့်ဖျားတာပါ။ သူ့ဟာသူ ငြီးငွေ့လို့ အသစ်လိုချင်တာကို မလိမ့်တပတ်နဲ့ မာကတ်တင်းဆင်းပြီး လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး ကြော်ငြာသွားတာပါ။

    ညီမလေးတွေ သတိထားစေချင်ပါတယ်။ ခုပြောတဲ့ ပိုစ့်ကလည်း ဒီသဘောလေးလို့ထင်ပါတယ်။
    ဟီး… 😆

    • စိန်ပေါက်ပေါက်

      February 16, 2012 at 10:22 am

      ကိုကိုပူးချ် ကွ
      ဘာယာကြော်
      😆

  • Khin Latt

    February 16, 2012 at 4:36 am

    အရီးတို့ဆီမှာ ဒီအပါတ် Half Term ဆိုပြီး ကျောင်းတွေ တစ်ပါတ်ပိတ်တယ်။
    အရီး အလုပ်လုပ်တဲ့ နေရာမှာလည်း တစ်ဝက်က ကျောင်းနဲ့ ဆက်စပ်လို့ ဒီနေ့ အလုပ်မှာ လူပါးတယ်။ ဒါနဲ့ နေ့လည်က ရွာထဲဝင်ပြီး အပြတ် comment တွေပေးနေတာပေါ့။
    အဲဒီအချိန် အလုပ်ထဲကတစ်ယောက်က အရီးကို အလုပ်ကိစ္စလာစကား ပြောရင်း အရီးရိုက်နေတဲ့ စာတွေ အကြောင်း ဝင်စပ်စုပါလေရော။
    ကိုယ်ရော သူရော အလုပ်ပါးတာကြောင့် အရီး လဲ သူ့ကို မြန်မာစာလုံးတွေ နဲနဲသင် ပေးလိုက်တယ်။
    ရှေးက အသုံးလုံးနည်းပေါ့။ “ဝ” ကို ရိုက်ပြတယ်။
    ဒီတော့ သူက ဝမ်းသာအားရ နဲ့ “အို” တဲ့။
    ဒါနဲ့ အရီးလဲ “င” ကို ထပ်ရိုက်ပြလိုက်တယ်။
    သူက “စီ” တဲ့။
    အမြင်တော့ တူတာဘဲ မဟုတ်ပေဘူးလား။ အသံထွက် ဘဲ ကွဲသွားတာ။
    သူ့မှာ အရီး အသံထွက် ပြသလို တော့ လိုက်ထွက် ပါတယ်။ “ဝ” ကိုတော့ ပီအောင်ထွက်နိုင်တယ်။ “င” ကျတော့ “န” လို့ထွက်တယ်။
    ကျန် စာလုံးတွေ ကိုတော့ ဆက်မသင်တော့ပါဘူး။
    ဆက်လိုက်ရင် သူလဲ ချာချာလည်ပြီး မူးသွားမယ်။
    ဒီစာလုံးလေးတွေ က သူနဲ့ လဲ မျက်စိယဉ် နေတာမို့ စကားဆက်မိရင်း ဗဟုသုတလေး တော့ အနဲအကျဉ်း မဆိုစလောက် ပေါ့။
    ဒါပေသည့် သူကတော့ မြန်မာစာထဲ မှာ “အို” နဲ့ “စီ” ပါတယ်လို့ တွေးသွားမှာ သေချာ တယ်။
    ““““““““ အရီး က သူ့ကို အဲလို ကို မြင်အောင်လိုမျိုး ပြလိုက် မိသကိုး။ ””””””””” 😉
    ဒီတော့ အဲလို တွေးသူ က မှားတော့ မှားသလို ရှိပေမဲ့ အတွေးမှား ပြောမရနိုင်ပေါ့။
    ဒီတော့ ပြတဲ့ လူ ကလဲ ကိုယ့် အတွေးနဲ့ ကိုယ်ပြ၊ မြင်တဲ့ သူကလဲ ကိုယ့် အတွေး နဲ့ ကိုယ်မြင်၊ အသံထွက် ကိုလဲ ကိုယ်ကြား တာ သူကြား တာကွဲ ပေမဲ့ တသံထဲ ကို ဦးတည် ပြီးလဲ ထွက်ပြ။
    တစ်ခါတစ်ခါ တော့ လဲ လောကကြီးဟာ ဒီလို ဘဲ ရှိ တတ်ပါတယ်။
    ဒီတော့ မင်းပြောသလိုဘဲ တယူမသန်ကြဘဲ ….တွေးတော-ခံစား-ဆွေးနွေး-မျှဝေ ကြတာ ပေါ့။
    ဘယ်သူမှ ဒါဟာ ပြဿနာကြီး လို့ မထင်လောက်ပါဘူး။ မဟုတ်လား။

    အီ ……. Post နဲ့ ဆိုင်မဆိုင် တော့ မသိ။
    အတင်းရမ်းတုတ် နေမိတာ အတွက် အားလုံးကို စောဒီးပါ။
    အမြင် နဲ့ ပါတ်သက်လို့ နေ့လည် က အကြောင်း ကြုံတာလေး ဖောက်သည်ချတာပါ။

    OK …. Post နဲ့ ဆိုင်တာပြောရရင်တော့ –
    ဘုမသိ ဘမသိ တင်ခဲ့တဲ့ ကိုယ့်ရဲ့ ဒါ့ပုံ ကိုဘဲ ခေါင်းခေါက် လိုက်ပါ့မယ်။
    (မားမား သားသား ရေးသလို လိုက်ရေး လိုက်တာပါ မမရေ)
    တူတော်လေး ညွန်းမှ ကိုယ့် ပုံကို အတင်း အနီးကပ်ကြည့်ရပါသေး။
    မျက်မှန်ကြီး တပ်ထား ပြီးကြည့်တာတောင် မနဲ ကြည့်ပြီး ဘာကိုများ ပြောချင်ပါလိမ့်လို့ အတော်စဉ်းစား ရသေးတယ်။
    နောက်မှ သတိထားလိုက် မိတာက ဒင်းက သူ့ရဲ့ ဒေါ်လာ ကို ကြွားတာ၊ ယန်း ကို ကြွား တာ ဖြစ်နေပါရော့လား။
    မပြောတော့ဘူး။ ပြောကို မပြောချင်တော့ဘူး။ (ဒေါ်မြလေး လေသံဖြင့် ပြောလိုက်သည်)

    ဆေးတော့ လှုပ်၍ သောက်လိုက်ပါဦး။ 😀

    ခင်မင်စွာဖြင့်
    ဦးရီးလတ်

    စကား အတင်းစပ် ပါရစေ။
    တူတော်လေးရဲ့ ခေါင်းစဉ် အောက်မှာ Page 1,2 ဆိုပြီး ပြနေတာ အဲဒါလေး တစ်ချက် စစ်လိုက်ပါဦး။ Page 2 ရှိလားလို့ ဝင်ကြည့် မိသေးတယ်။ 🙄

  • MaMa

    February 16, 2012 at 7:11 am

    ပြတဲ့လူက အနီးကပ် ရိုက်ပြတယ်။
    ကြည့်တဲ့လူက အဝေးက လှမ်းကြည့်တယ်။
    နီးနီး နီးလေးလား။
    ဝေးဝေး လား။
    နီးနီး ဝေးဝေး လား။
    မြန်မာပြည်မှာ ခေတ်ပေါ်နာမည်ကြီးနေသော သံစဉ်ထည့်၍ ဆိုကြည့်လိုက်ပါလေ………
    (ကျနော်တို့ရဲ့ အာရုံခံ အင်္ဂ ါတွေဟာ လစ်မစ် အတိုင်းအတာရှိပါတယ်… ..
    တယူမသန်ကြဘဲ ….တွေးတော-ခံစား-ဆွေးနွေး-မျှဝေ ကြရအောင်လားဗျာ ….)
    ပြောကြားသော ဆုံးမစကားများကိုလည်း လေးစားစွာ ဖတ်ရှု့ပြီး လိုက်နာရန်ကြိုးစားပါမည့်အကြောင်းးးးးးး

  • Moe Z

    February 16, 2012 at 8:40 am

    လခထုတ်ထားတာ ရက်ပိုင်းပဲရှိသေးတော့ လက်ထဲငွေရွှင်နေတယ်ဆိုတဲ့သဘောပေါ့
    (မြင်ချင်သလိုမြင်သွားပါတယ်)

    မမပူးချ်ရေ ကွန်မန့်ကို မိုးစက် ခရက်ဒစ်ပေးသွားတယ် 😀

  • စိန်ပေါက်ပေါက်

    February 16, 2012 at 10:20 am

    ကိုယ့်ဘာသာ တွေးချင်သလိုတွေးမယ်ကွာ
    ၁ယူသန်တာတွေ ၂ ယူသန်တာတွေဆိုပြီး ဆရာကြီး လာမလုပ်နဲ ့
    စကားမစပ်..
    ဒီတစ်ခါပုံထဲမှာစာလုံတစ်လုံးလဲ မတွေ ့မိပါလား
    အရီးလတ်ကော တွေ ့မိလားဗျ 😆

    • Moe Z

      February 16, 2012 at 10:29 am

      မာမီပေါက် ဆေးပုလင်းက အဲဒီလောက်လှုပ်ရင်ရပြီ
      သောက်လိုက်တော့ အဲ တိုက်လိုက်တော့ 😀

      • စိန်ပေါက်ပေါက်

        February 16, 2012 at 10:34 am

        ဪ.
        ဆေးတိုက်ဆိုတာကို ထရိစလိတ် လုပ်လိုက်တော့ အရူးလို ့ပြောတာပေါ့လေ
        ဟေး..ဒီမယ်..
        ခေတ်မကောင်းလို ့ ရူးချင်ရောင်ဆောင်နေတာကွ သိရဲ့လား

        • စိန်ပေါက်ပေါက်

          February 16, 2012 at 10:35 am

          ခေတ်လဲကောင်းကော သွက်သွက်ခါသွားကော

    • E.T

      February 16, 2012 at 1:16 pm

      မှန်၏။ Z မပါတော့ တစ်ခုခုလိုနေသလိုပဲ 😛

  • လင်းဝေ

    February 16, 2012 at 11:23 am

    ဘာပဲဖြစ်ဖြစ် လာဘ်ခေါ်ပို့စ် ပဲ

  • စိန်ပေါက်ပေါက်

    February 16, 2012 at 11:33 am

    စကားမစပ်
    များကို အဲဒီငါးထောင်တန်ကြီး ခဏ ငှားပါလားဟင်
    မမြင်ဖူးလို ့ ကိုင်ကြည့်ချင်လို ့

  • blackchaw

    February 16, 2012 at 11:47 am

    မော်ဒန်ပန်းချီကား ဆန်သော ဓါတ်ပုံလေးများဟု
    ခေါင်းစဉ်တတ်သွားပါတယ်။

  • K@oru

    February 16, 2012 at 11:53 am

    အင်း …….

    အော် …ရယ်. …

    ပိုက်ဆံ တွေ ရိုက်ပြထားတာ …ရှင်းရရင်
    ဒေါ်လှ ကတော့ ဖရီးမေဆွန် တွေ .. လွပ်လပ်ရေးကြေငြာ စာတမ်းတွေ
    ရွှေမြို့တော် တွေ ဒါတွေများ ပြောကြ ဆွေးနွေးကြ …. (အထင်….)

    ယမ်း ကတော့ ဟိုတလောက သည်မှာ အမှုတခုဖြစ်သွားရဲ့ …
    ကြွေးတင်နေတဲ့ အမျိုးသမီးတယောက် ကြွေးရှင်ကို အိမ်သုံးပရင်တာနဲ့
    ပိုက်ဆံကို ပရင့်ထုတ်ပေးပီး ကြွေးဆပ်သတဲ့ ….အဲ့ဒါ ဟိုငတိကပဲ ထူသလား
    စက္ကူအသား ပရင့်ခွာလ်ထီ ကပဲ ကောင်းလွန်းသလား မဆိုနိုင် … ATM မှာ
    သွားထည့်တော့မှ စက်ကလက်မခံ လို့ …အမှုပေါ်သတဲ့ ….။
    အော် …စကျူရတီ သိပ်မြင့်မားတဲ့ ငွေကြေး စနစ်တခုရဲ့ တံဆိပ်တွေ
    အနုစိတ်လက်ရာတွေ ရိုက်ထားတော့ ….စကျူ ရတီအကြောင်းများ ပြောကြမလားလို့
    (အထင်)

    နောက်ဆုံး မော်နီတာ ပစ်ဇယ်လ် ကတော့ သာမာန်အိမ်သုံး တီဗီ စီအာရ်တီ ၊ ထက်
    အဆပေါင်းများစွာ resolution မြင့်တဲ့
    အယ်လ်စီဒီ အယ်လ်အီးဒီ တို့ သည်ပင်လျင် မျက်စိကိုဤသို့ ဤနှယ် လှည့်စား ပုံဖော်
    ထားတယ် ဆိုတာကို ပြချင်လို့ရယ်ပါ…..

    မမြင်နိုင်မမြင်အပ် မမြင်ရတဲ့ အရာတွေ ကို မမြင်လို့ မယုံကြသူများ …(သူကတော့ အသံတိတ်နေ)
    မကြားရတဲ့ ဒက်စီဘယ်လ် မှာ သွားနေတဲ့ အသံလှိုင်းများ…
    ကျန်ရှိနေသော အာရုံများ အကြောင်း … ပြောကြမယ် မှတ်တာရယ် ..(အထင် ….)

    ခုတော့ … သများကိုပဲ ပယ်ပယ်နယ်နယ် ဝိုင်း သမကြတယ်….

    စိတ်ထိခယက်သွားဘီ ….
    :'(

    • စိန်ပေါက်ပေါက်

      February 16, 2012 at 12:02 pm

      မာမီဇာကွ
      ဘယာကြော်
      😀

  • char too lan

    February 16, 2012 at 1:23 pm

    တစ်ကျပ်နဲ့ သိန်းငှက်တစ်ကောင်ရဂျင်ရမယ်
    ငါးထောင်နဲ့တော့ တ်ို့အရီးလတ်ကို ဘယ်တော့ရမယ်မထင်နဲ့ သဂျီးနှစ်လုံးပြူးစာမိတွားမယ် အချိုးပြင်ချမ်းဘာ………. နဲနဲထပ်စုပီးမှ အာပြိုလေးဒွေ လာတင်တောင်း ကဲဂျောင်းတော့
    ဒါဗြဲ………….. 😀

  • Khaing Khaing

    February 28, 2012 at 2:05 pm

    အော် ဂီရယ် ပထမပိုင်းကပုံတွေကို ကြည့်တာ မျက်စိဝေဝါးသွားလို့ မျက်စိတောင်ပွတ်ယူရတယ် အောက်ပိုင်းပုံလေးများကျတော့ ဟီး ဟီး စိတ်တော့ဝင်စားသား…5000တန်က အန်တီကချောတယ်နော် … အခိုင်နဲ့ခပ်ဆင်ဆင်ရယ်… ဂီဓာတ်ပုံလက်ရာတွေကို အားပေလျက်….

    ခင်မင်စွာဖြင့်
    Khaing Khaing

  • thuyazaw21451

    February 28, 2012 at 2:35 pm

    ဒီလိုတွေလုပ်ရင် ဒီကောင်လေးကို သတိထား……. စီးပွားရေးသမားကြီးနော်………… ဂီ တော့လုပ်လိုက်ပန်ပီ…………ဦးနှောက်စားသွားတယ်……….လစ်ဦးမယ်……..
    ဒက်ကလောက်
    ဒက်ကလောက်
    ဒက်ကလောက်

Leave a Reply