ထက်ဝေးအဆီကျ အသားကျစ်ဆေး သုတေသန အတွက် အကြံဉာဏ်တောင်းခံခြင်း

padonmarFebruary 16, 20121min70449

ဒီနေရာမှာ double click လုပ်ပါ၊Excel File နဲ့ ဇယားလေးတွေ့ပါမယ်။
SayaHtet

ကိုနေချားပြင်ဆွဲပေးတဲ့ excel file

တလောက အမျိုးသမီးတစ်လောက်က အဝလွန်နေတယ် ဆရာထက် ဆီမှာ အဆီကျဆေးမရှိဘူးလားမေးပါတယ်။အမျိုးသမီးက အဝလွန်နေပါတယ်။ ဆိုက္ကားမဆန့်အောင်ဝတာပါ။
ကျွန်တော်က အဆီအဆိမ့်ရှောင်ဖို့ ပြောပါတယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေရလာနိုင်ကြောင်းပြောတော့ နှလုံးသွေးကြောကျည်းတယ်
သွေးတိုးတယ်လို့ ဖြေပါတယ်။
တကယ် အဆီကျချင်သူတွေက ဆေးထက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။နံနက်စာကို ၁၂နာရီမထိုးမှီစားပြီး ညနေစာကို လျှော့စားရပါမယ်
နောက် လမ်းလျှောက်တာလည်း လုပ်ရပါမယ်။ အိပ်တာလည်း ဆင်ခြင်ရပါမယ်။အဓိကတော့ ဝမ်းမှန်ဆီးမှန်ပြီးအားလုံးသမမျှတမူရှိနေရပါမယ်။
ကိုယ်တိုင် ဆင်ခြင်မူ မရှိဘဲ ဆေးအားကိုးရုံနဲ့ တော့ မရနိုင်ပါဘူး။တအားအိပ် တအားစား အဆီအဆိမ့်တွေစား၊ နေရင် လည်း ဘယ်လိုမှ မပိန်နိုင်ပါဘူး။နောက် အမျိုးသမီးကိစ္စတွေ မှန်ကန်နေရပါမယ်။ဓမ္မတာကိစ္စမှန်ကန်မျှတနေရမယ်။ဒါကြောင့်တိုင်းရင်းဆေးအနေနဲ့တော့ ဦးစွားသွေးသားမှန်ကန်အောင် ထိန်းညှိပေးပါတယ်။နောက် ဝမ်း
မှန်အောင် ဆေးပေးပါတယ်။ အခိုးအပုတ်စင်အောင်ပြုပြင်ပြီးမှ အဆီကျဆေး ကိုပေးပါတယ်။ကိုယ်တိုင်လည်းဂရုစိုက် ဆေးဝါးလည်းကူ လေ့ကျင့်ခန်ူလည်းလုပ်ရင် အဝလွန်တာတွေရပ်သွားပါတယ်။အဆီကျပါတယ်။ဆရာ မကွေးဝင်းမြင့် စာအုပ်ထဲက ချက်ဆေးနည်းကို ဝါသနာရှိသူတွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။

အဆီကျ အသားကျစ်ဆေး

ရှားဇောင်းလက်ပတ် အနှစ် ၂၅ကျပ်သား
( ၎င်း ကို ဦးစွာနူးအိနေအောင်ကျိုပါ၊)

ဖလူမတောင်ဝှေးကို ၂၅ကျပ်သားကိုလည်း နူးအောင်ကျိုပါ

ထန်းညက် ၂၅ကျပ်သားကို လည်းကျိုပါ
ထို့နောက်

၁။နံ့သာနီ ၃ကျပ်

၂။ဒန့်ဒကူးနီ ၃ကျပ်

၃။ဒန့်ဒကူးဖြူ ၃ကျပ်

၄။ပန်းရင်း ၃ကျပ်

၅။ကံ့ကော် ဝစ္ဆံ ၃ကျပ်

၆။ပရုပ် ၃ကျပ်

ရ။ ကြံ့သွေး ၃ကျပ်

၈။စမှုံ မျိုး ၅ပါး ၃ကျပ်

၎င်း ဆေးအမယ်များကို လက်ကော်ရအောင် ကျိုပြီးသုံးဆောင်လို့ ရပါကြောင်း သိသမျှဝေမျှလိုက်ရပါတယ်။

နောက် တစ်နည်းလေးပါ

အဆီကျအသားကျစ် ဆေးနည်းနဲ့ ကုသတဲ့ ဆရာတစ်ဦးနဲ့ ရင်းနှီးခဲ့ဖူးပါတယ်။သို့သော် ဆေးနည်းတောင်းတာမရခဲ့ပါ။ ပိန်ချင်သူတွေက ဆရာရယ် တိုင်းရင်းဆေးနည်းနဲ့ ပိန်ဆေးလေးပေးပါ
ကျွန်တော်ကိုတောင်းတဲ့ အမျိုးသမီးက ဆိုက္ကားမဆန့်အောင်ဝသူပါ။ကျွန်တော်ကလည်းဆေးနည်းပေးလိုက်ပါတယ်။နံနက်ကို တိုင်းရင်းဆေးအမှတ် ၁ မက်လင်ချဉ်လျှက်ဆားသောက်ပေါ့၊ နေ့လည်အပူငြိမ်းဆေး
အမှတ်၁၆သေက်ပေါ့၊ ညကိုတော့ အမှတ်၁ဝ ဆီးရွှင် ဝမ်းနုတ်ဆေးသောက်ပါပေါ့။
နောက်ရက်တွေ့တော့ ဆရာရယ် မထူးပါဘူးတဲ့ သူကတစ်နေ့ကို ၁၂နာရီကျော်ရင် ထမင်းသုံးဆင့်ချိုင့်ကို တဝစားတယ်။ ပြီးတရေးတမောအိပ်တယ်။စားတာကလည်းအဆီအဆိမ့်၊ ပျင်းတာကလည်းတအား
ဟုတ်ကဲ့ မပိန်နိုင်ပါဘူး။
အဆီကျ အသားကျစ်ချင်ရင်တော့ မနက်စာကို ၁၂နာရီမထိုးမည်စားပါ။ ၁၂နာရီနှင့်၂နာရီအတွင်း မနက်စာစားခြင်းရှောင်ပါ။နေ့ခင်းနေ့လည်အိပ်တာမလုပ်ပါနဲ့။
ညနေစားကို လျှော့စားပါ ဟင်းချိုလို အရေသောက်လေးနဲ့ စားပါ။ စောစောမအိပ်ပါနဲ့ စောစောထပါ။လေ့ကျင့်ခန်းအနေနဲ့ တခုခုလုပ်ပါ ပြင်းပြင်းထန်ထန်လုပ်စရာမလိုပါ။
ညအိပ်ရာဝင်ကို ရေကျက်အေး (ကျိုပြီးသားရေ) ကို ဖန်ခွက်တစ်လုံး+ ပျားရည်ဟောင်းစတီးဇွန်းတစ်ဇွန်း+ရှောက်သီးလေးပုံ ပုံတစ်ပုံ ညစ်ထည့်ပြီးသောက်ပါ။
ဝမ်းပျော့ပျော့သွားမည် ခန္ဒာကိုယ် ပေါ့ပါးမည်။ အဆီကျမည် အထူးသဖြင့်ဗိုက်ချပ်မည်။
ထို့နောက် ညအိပ်ရာဝင်ချိန် အပူဆေးတစ်မျိုးကို ဥပမာ ထွန်းရွှေဝါကဲ့သို့ ဆေးကို သံပုရာတစ်ခြမ်းညစ်ကာဆေးကို မန်ကျည်းစေ့ ၂စေ့လောက် ခန့်ရောစပ်ကာခါး၊ ဝမ်းဗိုက်နှင့်ကျောကိုလိမ်းပါ။ပြီးလျှင် အဝတ်ကို တင်းတင်းစည်းကာအိပ်ပါ
ဗိုက်ချပ်ပါလိမ့်မည်။ ၁၅ရက်ခန့်ပြုကြည့်ပါ။
ကျွန်တော်သိသလောက် တင်ပြခြင်းပါ ရှေက်ရည်သောက်တာကို ၁၅ရက်ပဲသောက်ပါ ဝမ်းတအားသွားရင်ဖြင့် ခေတ္တ ရပ်ထားပါ အခြားဘေးထွက်ဆိုးကျိုးမရှိပါ။ ပုံမှန်လုပ်သူတွေဗိုက်ချပ်ပါကြောင်း။
၎င်းဆေးဆေသာက်စဉ်တွင် ဖေါ်ပြပါ စနစ်အတိုင်း စားသောက်နေထိုင် ကြရမည် ဖြစ်ပါသည်။လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တာကိုလည်းပြုပေးပါ။
မရှင်းသည်များရှိက ဖုန်း 0973234101 ဆရာထက် ထံရင်းနှီးစွားမေးမြန်းနိုင်ပါကြောင်း စေတနာရှေ့ထား၍တင်ပြလိုက်ရပါသည်ခင်ဗျား။

ဆရာထက်ဝေးရဲ့ အဆီကျအသားကျစ်ဆေးလေးကို

သုတေသနလုပ်ဖို့ အကြံဉာဏ်များပေးကြစေလိုပါတယ်။

ကျွန်မ ဉာဏ်ရည်မီသလောက် မှတ်တမ်းပုံစံလေး လုပ်ကြည့်ပါတယ်။

1 ကနေ 4 ထိ လိုက်နာရမှာတွေကို မှန်မှန်ကန်ကန်လိုက်နာရင်

တစ်လ ကုန်တဲ့အခါ ၁ရက် ၁မျိုးကို ၁မှတ်ပေးတဲ့နည်းအရ ၁၂၄ မှတ်ရတဲ့သူ

မှန်မှန်ကန်ကန် မလိုက်နာတဲ့သူ ဝ မှတ်တို့အကြား

ဘယ်လို ထူးခြားသလဲဆိုတာလည်း ခိုင်ခိုင်မာမာ သိလာရမှာပါ။

ဆေးကြောင့် အမှတ် ၁၂၄ မရသော်လည်း အဆီကျသွားနိုင်တယ်ဆိုရင်

ပျင်းတဲ့သူတွေ အကြိုက်ပေါ့။

A-D ကတော့ နေ့စဉ်တိုင်းစရာ မလိုပါဘူး။

၁ပတ် ၁ခါ၊၂ပတ် ၁ခါလောက် စစ်ဆေးပေါ့။

လိုအပ်မယ်ထင်တာ ဖြည့်ပေး ပိုမယ်ထင်တာ နှုတ်

feel free လွတ်လွတ်လပ်လပ် အကြံပေးကြစေချင်ပါတယ်။

အဆီကျဆေး သုတေသန seminar ပေါ့

49 comments

  • padonmar

    February 16, 2012 at 1:44 am

    ဆရာထက်ကလည်း လက်တွေ့မှာ ကိုယ်ဖြစ်စေချင်တဲ့ အချက်လေးတွေ ပြင်ပါ။
    Dr. YKKO လည်း အကြံပေးပါအုံး။
    Excel file ကို မတင်တတ်လို့ print ထုတ် scan ဖတ်ပြီးမှ တင်ရပါတယ်။
    ဒီထက် ရှင်းအောင် မတင်တတ်တော့လို့ သည်းခံဖတ်ပေးကြပါ။

    • ဆူး

      February 16, 2012 at 3:55 pm

      အန်တီ ရေ.. ဆရာထက် အီးမေး ကို Excel file လေး ပို့ပေးလိုက်ပါ။
      အဲဒါဆို ပို အဆင်ပြေလိမ့်မယ် ထင်ပါတယ်။

  • Khin Latt

    February 16, 2012 at 5:02 am

    အစ်မပဒုမ္မာရေ – အတော်လေးကို စနစ်တကျ ဆွဲထားတဲ့ ဇယားလေးပါဘဲ။
    ကျွန်မလဲ အဝေးကနေ စိတ်ဝင်စားနေပါတယ်။
    တစ်ခု ထပ်စဉ်းစားမိတာက ဆေးစားတဲ့ သူတွေ ရဲ့ စားတဲ့အစာ ကိုရော Balanced Diet ဖြစ်အောင်လိုမျိုး တူအောင်လုပ်ထားဖို့ လိုမလို။
    “အဆီစား၊ အငံစား တတ်သူ” နဲ့ “အဲဒါတွေကို ရှောင်စားသူ” နဲ့ မှာ ဆေးအာနိသင် ကွာနိုင်သေးသလားလို့။
    တွေးမိတာလေး ဝင်ဆွေးနွေး ကြည့်တာပါ အစ်မရေ။
    ဆရာထက်ဝေး ကရော ဘယ်လို ထင်မယ် မသိဘူး။

  • etone

    February 16, 2012 at 8:29 am

    အန်တီပဒုံမ္မာရေ … အကြံလေးသိပ်ကောင်းပါတယ် …. ။
    အဲ့ဒီ ဖိုင်လေး .. သမီးကို အီးမေးလ်ကတဆင့် ပို့ပေးပါ … ။ အရမ်းစိတ်ဝင်စားပါတယ် … ။
    ယခုလက်ရှိ ဆရာထက်ဝေးရဲ့ ဆေးလိမ်းတဲ့နည်း တပတ်လုပ်ကြည့်ပြီး ခဏရပ်ထားတယ် …. ။

    တပတ်တည်းနဲ့ အရမ်းကြီး သိသိသာသာ မကျသွားပေမယ့် … အဆီပိုရှိတဲ့နေရာတွေ ပျော့လာတာတော့ သတိထားမိတယ် …. ။ တစ်လလောက်ဆက်တိုက်လုပ်လျှင် လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ကျသွားမယ်ထင်တယ် … သို့သော် … အပျင်းကကြီးတော့ …. တပတ်လောက်တောင် မနည်းလုပ်ရတယ် … ။
    သောက်ဆေးတော့ မသောက်ချင်ဘူး …. တစ်ကိုယ်လုံး ပိန်ကျသွားတာမျိုးမဟုတ်ပဲ … ကိုယ်ကျချင်တဲ့နေရာလေးပဲ ကျသွားစေချင်လို့ လိမ်းဆေးနည်းကို သုံးနေတာ …. ။ နည်းနည်း ပြည့်တဲ့လူက … ပိန်သွားလျှင် မျက်နှာတွေတွန့်ပြီး .. ခရမ်းချဉ်သီး အခွံခြောက်လို .. ဖြစ်သွားမှာလည်း ကြောက်တော့ … ဆေးလိမ်းနည်းလေးပဲ လုပ်ကြည့်ဖြစ်တယ် …. ။

    (အတင်းပြောလိုက်ဦးမယ် … သူမရှိခင် … ဟီးဟီး .. သူက သူ့အကြောင်းဖွလျှင် ကြိုက်တာ မဟုတ်ဘူး … ) ရွာသားကြီးတော့ ဝိတ်လျော့နေတာ ….လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ …. သုံးလေးရက်လောက်ပဲရှိသေးတယ် … အတော်လေး သိသာသွားတယ် … ကိုယ့်မှာတော့ သူ့ကြည့်ပြီး မနာလိုတောင်ဖြစ်တယ် … ကိုယ်ကမှ လေ့ကျင့်ခန်းလုပ်ဖို့ …. အချိန်မပေးနိုင်ပဲကိုး …။ 🙄

    • Thel Nu Aye

      February 16, 2012 at 9:34 am

      ဒါဆိုလဲဒီလိုလုပ်ပါလားတုန်တုန်။ စိတ်ဆင်းရဲရင်ပိန်တယ်လို့ကြားဖူးတယ်။ အဲတော့ရွာသားကြီးကို တုန်တုန့်ကိုနဲနဲစိတ်ဆင်းရဲအောင်လုပ်ပေးပါလားလို့ပြောလိုက်လေ။ ပိန်မပိန်ကြည့်ရအောင်။
      ( ဟီဟိ။ သူများအဆင်ပြေနေတာကိုအချွန်ဖြင့်မခြင်း )

      • etone

        February 16, 2012 at 10:43 am

        အစ်မ သဲနုအေးရေ … ညီမအကျင့်ကလေ .. စိတ်ညစ်လျှင် အစားအရမ်းစားတာ … အာရုံပြောင်းတဲ့ သဘောပေါ့ .. ပါးစပ်က တစ်ခုမဟုတ်တစ်ခု ဝါးနေရမှ … ၊ အလုပ်ထဲ ပြသနာ နည်းနည်း ရှိတဲ့ အချိန်ဆို .. စိတ်ညစ်လွန်းလို့ …. 2ပေါင်တောင် ချက်ချင်းတက်သွားတယ် … အဲ့လို … အဲ့လို … ။

        အရင်က ပေါင်100နဲ့ 110ကြား … အခုတော့ … 120 အထက်ဖြစ်နေပြီ … ဒါတောင် … ဒီနှစ်တွင်း 130ဖြစ်သွားမလားပဲ … လျော့နေတဲ့ကြားက တက်နေတာ .. ထိန်း မရ သိမ်း မရနဲ့ … ။ 😛

        • Thel Nu Aye

          February 16, 2012 at 11:08 am

          အင်းအဲဒါရှိုရင်တော့ရွာသားကြီးကူညီလို့မရဘူးပေါ့။ ရွာသားကြီးကူလိုက်မှပေါင် ၁၃ဝ ကျော်သွားရင် စုတ်ခစုတ်ခ။

  • MaMa

    February 16, 2012 at 9:36 am

    အင်းးးးးးးး ကိုယ်ကတော့ စမ်းသပ်ခံပြီး ကူညီတဲ့အထဲမှာပါမယ်။
    ဒါပေမယ့် ကိုယ့်ကြောင့်ဆေးဆရာ နာမည်ပျက်မှာတောင် ကြောက်သေးတယ်။
    အစားလည်း မလျှော့နိုင်
    ဆေးလည်း မှန်မှန်မသောက်ချင်
    လေ့ကျင့်ခန်းဆိုတာကတော့………..

  • စိန်ပေါက်ပေါက်

    February 16, 2012 at 10:29 am

    ကိုကြာကြီးကတော့ စိတ်ကြီးတယ်..
    လာမလုပ်နဲ ့ လက်တွေ ့ကို ဆော်တာနော့
    မဆီမဆိုင် ဝင်ပြီး အာချောင်ရရင်တော့
    ပိန်ချင်တဲ့လူကလဲ ပိန်ချင်တယ်.ပိန်ချင်တယ်ကြီးပဲ အော်အော်နေပြီး
    ဝါးတီးက အမုန်းဆွဲ၊အအိပ်ကလဲ မက်သေးဆိုတော့ ဘယ်လိုလုပ်ပိန်မှာတုန်းနော့
    အအိပ်အစားလေး နည်းနည်းဆီ လျှော့နိုင်မှလဲ တန်ကာကျဦးမှာပါ..
    စကားမစပ်..
    သုတေသနအိုကေရင် အာယားပါယားကို အားပေးလိုက်ဦးမှာ

    • Moe Z

      February 16, 2012 at 10:34 am

      ဘာလဲ စပွန်ဆာပေးပြီး ဖက်ရှင်ရှိူးလုပ်ပေးမလို့လား
      ဒါဆိုဒိုင်လုပ်မယ် လုံးဝခေါက်ဆွဲမစားဘူး
      မဖြေနိုင်မယ့်မေးခွန်းမျိုး မမေးဘူး 😀 😀

  • char too lan

    February 16, 2012 at 10:42 am

    ဆေးညွှန်းကို မသိရသေးတာ …
    ဘယ်လိုဆေးမျိုးပါလိမ့် ….

  • nozomi

    February 16, 2012 at 10:53 am

    ချာတူး ပြောသလို ဒီပို့စ် တစ်ခု ထဲ ဖတ်တဲ့ သူတွေ သဘောပေါက်အောင် ကိုထက်ဝေး ပို့စ်ထဲ က ဆေးနည်း နဲ့ သောက်ပုံလေး ဒီပို့စ် ထပ်ထည့်ရင် ကောင်းမယ်

    ဒီကိစ္စ အောင်မြင်ပါစေ ၊ ဒါမှ အိမ်ကဟာကြီး အဲ ဟာလေး ကိုပါ အဆီလျှော့ရအောင်

    • စိန်ပေါက်ပေါက်

      February 16, 2012 at 10:57 am

      ကိုချောရေ
      ဒါဖတ်ပြီး သွားမကြပ်နဲ ့ဦးနော်

  • blackchaw

    February 16, 2012 at 10:57 am

    အပေါ်က ကိုနိုဇိုမိ ပြောသလိုပါပဲ အစ်မရေ။
    ကိုထက်ဝေး ပို့စ်ထဲက နည်းကတော့
    မဒမ်ဘလက်က စမ်းသောက်နေပါပြီ ခင်ဗျာ။

  • Thel Nu Aye

    February 16, 2012 at 11:09 am

    ဇယားကသေးနေသလိုပဲ။ သများတယောက်ထဲမမြင်ရတာလားမသိ။ ကောင်းကောင်းမမြင်ရဘူး။ ပုကျွီလေးတွေ။

    • jujuma

      February 16, 2012 at 11:45 am

      ဟုတ်တယ်နော် ပုကျွီလေးတွေ ဟီးး
      နဂိုတည်းက မှ အနီးမမြင် အဝေးမှုုံ နေရတဲံ့ ထဲ နော်…
      မီးလဲ တကယ်ကိုမမြင်ရဘူး အမ …

      • kai

        February 16, 2012 at 12:43 pm

        ကလစ် ၂ခါလုပ်လိုက်ပါ..။ ဖတ်လို့ရအောင် အရွယ်ကြီးလာပါလိမ့်မယ်..။
        =
        @padonmar
        ဆရာမရေ..
        excel file ဖိုင်တင်လို့ရပါတယ်..။ ဓါတ်ပုံတင်သလိုတင်ကြည့်နိုင်ပါတယ်ခင်ဗျား…

        • Thel Nu Aye

          February 16, 2012 at 1:08 pm

          ကျေးဂျူးတဂျီး။

  • FattyCat

    February 16, 2012 at 1:51 pm

    အန်တီရေ-
    အလှူနေ့က ကျွန်တော်ပြောခဲ့သလိုပဲနော်…
    ကျွန်တော် နာမည်ဖျက်ခဲ့တဲ့ ဆေးကုမ္ပဏီတွေ၊ ဆရာဝန်တွေကို အားနာတဲ့အနေနဲ့
    ဆရာ့ရဲ့ဆေးနည်းကို ကျွန်တော်မစမ်းတော့ပါဘူးဗျာ….
    စိတ်ပါဝင်စားစွာနဲ့ လုပ်ပေးထားတဲ့ အန်တီ့ကိုတော့ ကျေးဇူးပါ…

    ကြောင်ဝတုတ်

  • K@oru

    February 16, 2012 at 1:51 pm

    ဦးကြာချင့်

    သများလည်း ကူပါမယ်ချင့် ….
    ဘတ်…
    သများဘော်ဒီစွက်ချာနဲ့ အဆီချလိုက်ရင်
    ဦးကျော်သူ အလုပ်များသွားမှာ စိုးရိမ်လှပါသောကြောင့်…

    ရရှိလာသော ဒေတာများ ကို ခွဲခြမ်းစိတ်ဖြာခြင်း…
    ရီပိုထ့် ထုတ်ခြင်း ဟိုက်လိုက် လုပ်ခြင်း
    မားကတ္တင်းပစ်ချ် အတွက် ဆေဲးကဘုစု… မိအဲလုခ
    ယူနစ်ဆဲလင်းပွိုင့် ခွစ်တစ်ကယ်လ် ပွိုင့်နော့ဖ်ဗျူး..
    စသော အပိုင်းများတွင် တာဝန်ပေးပါက ..
    ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းဆောင်ရွက်မည်ဟု
    ကတိပြုပါတယ် ချင့် …။

    ခင်တဲ့
    ခါအိုလူ။

  • manawphyulay

    February 16, 2012 at 2:23 pm

    အစီအစဉ်လေးက မဆိုးပါဘူးရှင့်။ မနောလည်း သိချင်တာတွေ မေးလို့ရမလားရှင့် ဘယ်လောက်စားစား မဝပဲ ပိန်နေတဲ့သူများအတွက် ဝဆေးလေးများကော မရှိဘူးလားရှင့် သိပါရစေ။

  • nature

    February 16, 2012 at 3:06 pm

    ဆရာထက်ရေ။ ကျွန်တော်လည်းစမ်းကြည့်ချင်တယ်။

  • ဆူး

    February 16, 2012 at 4:02 pm

    ွှအရေးကြီးတာ အားလုံး မေ့နေကြတယ်။

    htet way says:

    သူကြီးမင်းကိုယ်တိုင် အကြံပြုတာ ဂုဏ်ယူပါတယ်
    ဆက်လက်ပြီး ကျွန်တော် သုသေသနပြုပါအုံးမယ်
    လောလောဆယ် ကျွန်တော်တင်ပြတာတွေကတော့အမှန်တွေပါပဲ
    အဆီကျတာ ကတော့ လူတိုင်းဒီအတိုင်ဖြစ်ရမယ်လို ပြောလို့ မရပါဘူး
    အများစုကို သူကြီးမင်းပြောသလို ဖြစ်အောင်တော့ စမ်းကြည့် လုပ်ကြည့်ပါ့မယ်
    လောလောဆယ် ဒီနေ့ပဲ ဆေးတစ်ဖုံချက်လို့ ဗိုက်ရွှဲ သူ အမျိုးသမီး ၅ဦးကို
    သေချာ သင်တန်းပေးပြီး စားစေခဲ့ ပါတယ်။
    ရှိတာလေးပြောင်သွားပါကြောင်း ။ မှာတဲ့ အတိုင်းလုပ်ပါရန်ပြောဆိုရတာလည်း
    အသံပြာခဲ့ပါကြောင်း ။

    ဆရာထက်ရေ.. ဆေးဖော်ထားတဲ့ ဆေးရဲ့ တန်ကြေးကို ကြေညာပေးထားပါ။
    ရွာထဲက ရွာသူ ရွာသားတွေကိုတော့ အလကား ပေးတိုက်စရာ မလိုပါဘူး။
    ခင်မင်စွာဖြင့်
    ဆူး

    • Khin Latt

      February 16, 2012 at 4:55 pm

      အဲဒါအမှန်ဘဲ … အလကား နဲ့ တော့ မဖြစ်နိုင်ပါ။
      တို့တွေစုပြီး ဘိုးဘွားရိပ်သာ များ ဖွင့် ဖြစ်လို့ ကတော့
      ဆူး ရေ – Financial Controller လုပ်ပါ။ 🙂

      • ဆူး

        February 16, 2012 at 5:07 pm

        ဘိုးဘွားရိပ်သာ ဖွင့်မယ် ဆိုရင်တော့.. ဆူး ပြုစု စောင့်ရှောက်ပေးဖို့ ကူညီပေးမယ်။
        အဘိုး အဘွားတွေ နောက်ဆုံး အချိန် လှပ ဖို့ ကူညီပေးရတာ ဝါသနာပါလို့။
        အရီး မမေ့နဲ့နော်။ ကဲ ပြန်ပြီ။ ဘိုင်။

  • padonmar

    February 16, 2012 at 9:25 pm

    ဦးထုပ် ခြောက်လုံးလား၊ ဖိနပ်ခြောက်ရန်လား၊ အကြံပေးကြပါဗျို့။

    မလတ်
    အကြံအတိုင်း ဆရာထက်နဲ့တိုင်ပင်ပြီးမှ အဆီအအိမ့်စားမိခြင်းဆိုတာ နံပါတ် ၅ မှာထည့်ပါမယ်။
    သူကတော့ Minus အမှတ်နှုတ်ပေးရမှာပေါ့။

    အိတုံရေ
    ဆရာထက်ဆီ e-mail ပို့ထားပါတယ်။ခရီးများလွန်နေရော့လား။
    သမီးက လှရုံလေးရှိပါသေးတယ်။ ဝိတ်ချဖို့မလိုသေးပါဘူး၊ရွာသားကြီးသာ 😀

    ဆူးမ ပြောသလို ပိုက်ပိုက်ကိစ္စကရှိသေးတယ်။

    ဆရာထက်ရေ
    ဆေးဖိုးခန့်မှန်းပါဗျို့။

    ခူအိုလာ ဂီဂီ စာနီ သက်ပြင်း ဖွတ်ရေ

    ပြောပြီးစလစ်နော်
    “ရရှိလာသော ဒေတာများ ကို ခွဲခြမ်းစိတ်ဖြာခြင်း…
    ရီပိုထ့် ထုတ်ခြင်း ဟိုက်လိုက် လုပ်ခြင်း
    မားကတ္တင်းပစ်ချ် အတွက် ဆေဲးကဘုစု… မိအဲလုခ
    ယူနစ်ဆဲလင်းပွိုင့် ခွစ်တစ်ကယ်လ် ပွိုင့်နော့ဖ်ဗျူး..
    စသော အပိုင်းများတွင် တာဝန်ပေးပါက ..
    ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းဆောင်ရွက်မည်ဟု
    ကတိပြုပါတယ် ချင့် …။”

    မဒမ်တွေကို ပွဲထုတ်ချင်တဲ့ ကိုဘလက်နဲ့ ကိုမှိုနိုဇို
    record လေးပါကူဖြည့်ပေးနော်။

    လက်တွေ့အစမ်းသပ်ခံမယ့် မမနဲ့ ကိုနင်ဂျာ
    ဆရာနာမည်ပျက်အောင်တော့ မလုပ်နဲ့နော်။

    ကြောင်ဝတုတ်
    ဒီလိုလူမျိုးမှ ဆေးမစားမီပုံနဲ့ ဆေးစားပြီးပုံ ရိုက်လို့ကောင်းတာ။
    အဲ သတိရပြီ (ဆေးမစားမီပုံလေး ရိုက်ထားဖို့ ဆရာထက်ကို သတိပေးရမယ်)

    သည်းနုချာတူးဂျူဂျူးပေါက်ပေါက်မိုးစက်
    ကိုယ်က ကိုယ်လုံးလေးလှနေလည်း ဘေးပတ်ဝန်းကျင်က ဝသောသူတွေကို ကြော်ငြာဝင်ပေးရန် တာဝန်ပေးပါသည်။

    • etone

      February 17, 2012 at 1:30 pm

      အန်တီရေ … သမီး အရင်က ဝါးခြမ်းပြားလေးလိုပါပဲ … အဲ့ဒီတုန်းက ဘောင်းဘီဝယ်မယ်ဆို .. ကလေးဆိုဒ်ရဲ့ အ ကြီးဆုံးကိုဝယ်ရတယ် ဒါမှ အရှည်ရော ၊ ခါးရော တော်တာ … ။ အဲ့ဒီတုန်းကတော့ .. အိမ်ကပြောနေတယ် … လူလည်း ကြာရင် ကမ္ပဌာန်းရုပ်ပေါက်မယ်တဲ့ .. 😥

      အခုတော့ …ဝက်ဖြစ်ဖို့ ဆိုင်းပြင်နေတဲ့အချိန် …. တခြားကောင်မလေးတွေက ဝါးခြမ်းပြားလေးတွေနဲ့ …. အဝတ်စားဝတ်တာက အစ ဖက်ရှင်ကျပြီး လှသလိုပဲ .. လည်ပင်းရိုးလေးတွေလည်း ထောင်နေတာပဲ … ကမ္ပဌာန်းဖက်ရှင်လည်းစရော … ဝင်လာလိုက်တဲ့ ဘောင်းဘီ ဆိုဒ်သေးတွေ … အများကြီးပါပဲ .. ကိုယ်လည်း သွားဝယ်ရော … ဆိုဒ်က အဆင်မပြေတော့ဘူး … ။ မျက်စိနဲ့ကြည့်ပြီး ဝယ်ဝတ်ကြည့် … စွပ်မရတာတွေကများတယ် … ။

      လူ့အလို နတ်မလိုက်နိုင်ဆိုတာ .. တကယ်မှန်တယ် … ။

      • Khin Latt

        February 18, 2012 at 4:46 am

        တုံတုံလေးရယ် –
        ~~~ ဆိုဒ်က အဆင်မပြေတော့ဘူး ~~~ ဆိုတဲ့ စကားမှာ အဲဒီ ဆိုဒ် ဆိုတာတွေ့တော့ အဟောင်းတွေ အသစ်ဖြစ်ပြန်ပေါ့။

        အရီး ရန်ကုန် မှာတုန်းက စူပါမာ့ကက် တစ်ခုမှာ ဂျင်း ဘောင်းဘီရှည် သွားဝယ်ဘူးတယ်။
        ချိတ်ထားတာတွေ က ကိုယ်နဲ့ မတော်မှန်းသိလို့ ကောင်တာက မိန်းခလေး ကို တစ်ခြား ဆိုဒ် များရှိသေးလားမေးတော့ ဘာပြန်ပြောတယ် ထင်လဲ။
        “အန်တီ နဲ့ တော်တဲ့ ဆိုဒ် မရှိဘူးတဲ့”
        အခုချိန်မှာ အန်တီခေါ်ခံရရင် အကြောင်းမဟုတ်ဘူး။ ခေါ်သင့်ပြီ။
        လွန်ခဲ့တဲ့ ၁၅နှစ် လောက်က တော့ အကြောင်းရှိတယ်ပေါ့။
        ဘာလို့လဲ ဆိုတော့ သူကလဲ ဆယ်ကျော်သက် မှ မဟုတ်တာ။
        ဒေါသကို မနဲချိုးနှိမ်ပြီး အဲဒီဆိုင်ကို ဘယ်တော့မှ သွားမဝယ်တော့ဘူး။
        ပြောမပြောချင်တော့ပါဘူး။ 😀

        • etone

          February 18, 2012 at 10:33 am

          အဟီး .. ဟီး … အဲ့ဒါတော့ ဟုတ်တယ် … ။ အသက်ရွယ်ထက်ပိုကြီးအောင် ခေါ်ခံရတဲ့အခါ .. .တင်းတဲ့စိတ်ကို နားလည်ပါတယ် … ။ :mrgreen: ကိုယ့်တုန်းကလည်း မှန်တောင် ထုတ်ကြည့်ပြီး .. ငါအတော်အိုစာနေပြီလားလို့ အလန့်တကြားတောင် ဖြစ်ခဲ့ဖူးတယ် .. ဟဲဟဲ 😆

        • ဆူး

          February 18, 2012 at 10:40 am

          ပြည်တွင်းက အဝတ်အစား ထုတ်တဲ့ သူတွေက ဆိုဒ်ခိုးတယ်။
          အင်တာနေရှင်နယ် ဝတ်နေကျဆိုဒ် ကို ဒီက ထုတ်တဲ့သူတွေက အဲဒီ ဆိုဒ်ထက်ကို ပိုသေးကြတယ်။
          ဖိနပ် အဝတ်အစား အကုန်ပါပဲ.. မြန်မာပြည်မှာ လူသေးတွေပဲ နေနေတာ ကျနေတာပဲ..
          ဆိုဒ်သေးလို့ ပိတ်က ကုန်ကျတာ ဘာမှ ထူးမသွားဘူး။
          ခေတ်ဟောင်း စနစ်ဟောင်း အတွေးဟောင်းတွေ ပြင်သင့်ပြီ။
          မှန်မှန်လုပ်ပြီး မှန်မှန် ရောင်းတဲ့ သူတွေ ပေါ်လာသင့်ပြီ။

          ဒီမှာက ဆိုဒ်ကြီးကြီး လိုချင်ရင် နိုင်ငံခြားက လာတာ ဝယ်ဝတ်ရတာ မဟန်လှဘူး။

    • Thel Nu Aye

      February 17, 2012 at 4:05 pm

      ဟီဟိ။ ကိုယ်လုံးလှတယ်လို့ပြောလို့ကျေးဇူးပါအန်တီ။ ကျရာတာဝန်ကိုအရိုးကြေကြေအရေခမ်းခမ်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

  • jmaungmg

    February 16, 2012 at 10:15 pm

    ကျွန်တော်သိတဲ့အဆီကျနည်းလေးလည်းပြောမယ်
    ဂျင်းကိုပါးပါးလေးသုံးဖတ်လောက်လှီးဖန်ခွက်ထဲကိုထည့် ပြီရင်ရေနွေးကျွတ်ကျွတ်ဆူ နေတာကို လောင်း
    ထည့်ပြီး ဆယ်မိနစ်ခန့်ထားပါ။နောက်ထပ်သံပရာသီးအနည်းညစ်ထည့်ပါ။ ပျားရည်ရှိပါကတဇွန်းခန့် ထည့်ပါ။ နေ့စဉ်သောက်သုံးပါအဆီကျ စေနှိင်ပါတယ်

    • kai

      February 17, 2012 at 12:19 am

      ဟုတ်ပြီ..
      ဒီမန်းတာတွေ့မှ.. သတိထားမိတယ်..
      ဒီပို့စ်က.. ရွေးချယ်ပြီးဆေးတမယ်အတွက်.. ဆွေးနွေးနေကြတာဖြစ်ပါတယ်..

      ဆိုတော့…
      တခြားမှီဝဲနေတဲ့ရှိရင်ထည့်ရေးဖို့ရယ်..။
      .. တခြားအဆီကျဆေးတခုခုကို မသုံးနေဖို့ရယ် ထည့်ရေးရမယ်ထင်တယ်…
      big loser ကို ..အမှတ်တရဆုတခုခုပေးရင်ကောင်းမလားလို့… 🙂

  • ကိုရင်မောင်

    February 17, 2012 at 12:12 am

    မိန်းခလေးတွေအဆီကျ ခါးလှချင်ယင်တော့
    ဗိုက်အဝိုင်းလှည့်တဲ့လေ့ကျင့်ခန်းလုပ်ကြည့်ပါလား
    ကြိမ်းသေအဆီကျ ခါးလှလာမှာအမှန်ပါ
    မျက်မြင်ကိုယ်တွေ့မို့ပါ
    အစားလဲရှောင်စရာမလိုပါ ရွာသူအပေါင်းတို့။။။

    • ဆူး

      February 17, 2012 at 10:06 am

      ယီးလေးလေး ယီးလေးယို.. ဟိဟိ..
      ဆူး အိမ်မှာ ရှိတယ် အခုထိ မလှည့်တတ်သေးဘူး။
      ၁ဝချက်ထက် ပိုပြီး ခါးပေါ်မှာ တင်မနေဘူး။
      မလှည့်တတ်သေးတော့ ခါးလှည့်ရင်းနဲ့ ကွင်းက လျောကျသွားရင် ခြေသလုံးပေါ်ကျတဲ့ အတွက်.. ခြေသလုံး ကို အရိုက်ခံရသလို နာတယ်ကွဲ့.. တခြားနည်းလေး ပြောပါ ဆရာရဲ့..

      • Moe Z

        February 17, 2012 at 10:14 am

        ဒါဆိုလည်း ရေနွေးနွေးထဲ သံပုရာသီးညှစ်ပြီးသောက်ကြည့်လေ
        မိုးစက်သူငယ်ချင်းတစ်ယောက် နေ့တိုင်းသောက်တယ်
        အဆီကျတယ်ပြောတာပဲ

        • Thel Nu Aye

          February 17, 2012 at 4:14 pm

          အင်းအဲဒီနည်းကကောင်းပေမဲ့အစာအိမ်သမားတွေအစာအိမ်ပြန်ဖြစ်တယ်။ ကိုယ်တွေ့။ နောက်ပိန်တော့ပိန်တယ်။ အဆီပါခြောက်သွားပြီးအသားတွေမဲသွားသလိုပဲ။

      • etone

        February 17, 2012 at 1:36 pm

        အစ်မဆူးရေ .. ညီမလည်း အခုထိ ကောင်းကောင်းမလည်သေးဘူး … ။ ရွှေတိုက်စိုးနဲ့ သူ့မမကြီးကတော့.. ကောင်းကောင်းလှည့်တတ်ပါသတဲ့ … ။ ကိုယ်က တကိုယ်လုံး လှုပ်ရမ်းခါနေအောင် လုပ်ပေမယ့် … သူတို့ပြောတာတော့ ..တကိုယ်လုံးမရမ်းရဘူး… အောက်ပိုင်းပဲ ရမ်းရသတဲ့ …. 😀 😀
        ဝယ်ပြီး တပတ်လောက်ဆော့ပြီးတော့ ချောင်ထိုးထားတာပဲ ….. အားမငယ်နဲ့ … တင်မိုးလွင်တောင် တစ်လလောက်လေ့ကျင့်ပြီးမှ လှည့်တတ်သွားသတဲ့ .. ဟီး 😛

  • htet way

    February 17, 2012 at 10:06 am

    အခုလို ဝိုင်းဝန်းအားပေး တာကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျား။
    ဒေါက်တာဒေါ်ပဒုမ္မာကိုလေးစားကျေးဇူးတင်ရှိပါတယ်။သူကြီး အမှုူးပြုသော
    ရွာသားရွာသူများကို အထူးလေးစားကျေးဇူးတင်ပါကြောင်း။
    ပိန်ဆေးမဟုတ်သော (အဆီကျ အသားကျစ်ဆေး) ကို စတင်စမ်းသတ်ပါတော့မယ်ခင်ဗျား
    ဒီနေရာမှာ ရရှိတဲ့ သုသေသနအချက်ကို တင်ပြပါ့မယ်။
    လတ်တလော စမ်းသတ်ချက်အရ အထိုက်အလျှောက် ဗိုက်ချပ်ခြင်း အဆီကျခြင်း
    တွေ့ရပြီး သောက်သုံးသူများမှ မအားလို့ နေ့စဉ်လမ်းမလျှောက်နိုင်ပါ
    ဗိုက်စည်းမဝယ်ရသေးလို့ ဆေးတော့ မလိမ်းဖြစ်ပါ။ကျမကပျင်းတယ် ပုံမှန်မလုပ်ဖြစ်ဘူး
    စသော ဆင်ခြေများဖြင့်….. မအောင်မြင်ပါ။ ထိုအထဲမှ ဆရာပြောစကားအတိုင်း
    ပြုသူ မအေးအေးအောင် အသက်၂၈နှစ်သာ သိသိသာသာအသားကျစ်လစ်စေခြင်း ဗိုက်ချပ်ခြင်း
    တွေ့ရပါသည်။ ထပ်မံဆေးသောက်စမ်းသတ်ရန် လိုအပ်ပါသည်။ဤအတွက် စိတ်ဝင်စားသူ
    ၅ဦးကိုုရွေးချယ်ရပေမည်။စနစ်တကျလေး ပြုရန်ဒေါက်တာ ဇယားအတိုင်း ပြုလုပ်ကြမည်ဖြစ်ပြီး
    သောက်ဆေးလိမ်းဆေး အတွက် ဆေးဖိုးဝါးခ ပေးရန် မလိုပါ။
    ဤဆေးနည်းကို သုသေသနပြုခြင်းသည် လှပဖို့ အတွက်သီးသန့်ရည်ရွယ်ခြင်းမဟုတ်ဘဲကျန်းမာရေး
    အတွက်အဓိက ထားပါကြောင်း။အဝလွန် ခြင်းအတွက် ဖြစ်ပေါ်လာမည့် နှလုံးသွေးကြောကျည်းရောဂါ
    သွေးတိုးရောဂါ ဆီးချိုသွေးချိုရောဂါနှင့် အခြားရောဂါ များကိုဖယ်ရှားကာကွယ်ခြင်းဖြစ်ပါကြောင်း

  • htet way

    February 17, 2012 at 10:38 am

    ရေနွေးထဲ သံပုရာသီးညှစ်လို့နေ့စဉ်သောက်ရင် ကြာရှည်မှာ
    သွေးပေါင်ထိုးကျတဲ့ ကိစ္စကရှိနေပါတယ်
    ကျွန်တော်လေ့လာသိသလောက်ကတော့ သွေးပေါင်ကျစေပါတယ် အဆီတော့
    ထိထိရောက်ရောက်မကျပါဘူး။နည်းနည်းပဲသောက်ရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။သံပုရာသီးကိုရေနွေးနဲ့ပြုတ်သောက်တာကသွေးပေါင်ကို ထိထိရောက်ရောက်ကျစေပါတယ်
    နောက် ထမင်းစားချင်စိတ်ပျောက်ပါတယ်။ဒါကြောင့်တော့ နည်းနည်းပိန်တာကိုတွေ့ရပါတယ်
    ဆရာမိုးဇက်ရေ
    နည်းနည်းတော့ ပိန်ချင်သလိုရှိပါတယ် စနစ်ကျတဲ့ ပိန်နည်း အဆီကျနည်းမဖြစ်ကြောင်း
    လေ့လာဖူးလို့ အကြံပြုလိုက်ရပါတယ်။

    • K@oru

      February 17, 2012 at 10:44 am

      ဟုတ်ပါတယ်ဆြာ ထက် ချင့် .. ရေနွေးမှ မီဟုတ်ပါဝူး ချင့်..
      ရေအေး …အဲ့ ..သံပုရာရည် ဆိုလည်း ဒီလိုပါပဲချင့်

      မိုင်းနပ် ၁၉ရဒီဂရီ အောက်မှာ အချဉ်ထုတ်ထားတဲ့ ချူးဟိုင် ဆိုတဲ့ သံပုရာရည်
      သောက်ပါတယ်ချင့် …မူးပါတယ်ချင့် …(ရိပ်ကနဲ ရိပ်ကနဲ မူးတာကိုပြောတာပါချင့်)
      စားချင်သောက်ချင်စိတ်လည်း ပျောက်ပါတယ်ချင့် ….။

      အပေါ်က ဟိုမောင်လေးဇီး ပြောသွားတာ ..သများတို့ Younger ရမ်းကားခဲ့စဉ်
      လက်ဖက်ရည်ဆိုင်တွေမှာ ခေတ်စားဖူးတဲ့ သံပူ (သံပုရာရည်အပူ) နဲ့ တူတူပါပဲချင့်…။
      ဝှိုက်တီး လို့လည်း ခေါ်ပါတယ်ချင့် …။ အဲ့လိုသောက်တဲ့ ယဉ်ကျေးမှု ကို သင်္ဘောသီးတွေ
      အင်ပိုထ့် လုပ်လာတာပါချင့် …။ ညဘက် ရှက်ကီထုတဲ့ သင်္ဘောသီးတွေ ..ဘလက်ကော်ဖီ
      မကြိုက်သူတွေ ..သောက်လေ့ရှိတာပါချင့် …ဟို ..ကြက်ဥသံပုရာ ဆိုတာနဲ့လည်း
      နည်းနည်း နွယ်ပါတယ်ချင့် ..။ အဲ့သည့်ဘက်တော့ သများ မသိပါဝူးချင့်….။

      ခင်တဲ့
      ခါအိုလု

    • Moe Z

      February 17, 2012 at 11:01 am

      ဟုတ်ကဲ့ပါဆရာ ကျွန်တော့်သူငယ်ချင်းကတော့ သံပုရာသီးတစ်ခြမ်းနဲ့ ရေနွေးတစ်ခွက်လို့ပြောပါတယ်
      ကျွန်တော်လည်း တစ်ခါတစ်ရံသောက်ပါတယ် အဆီကျမကျတော့မသိဘူး
      အအေးမိပြီး လည်ချောင်းနာတဲ့အခါမျိုးမှာ ချက်ချင်းသက်သာတယ်ဗျ 🙂

  • ကိုရင်မောင်

    February 17, 2012 at 5:31 pm

    ဗိုက်အဝိုင်းလှည့်လို့ဗိုက်မှာဗိုက်ခေါက်မထွက်
    လေ့ကျင်ခန်းလဲလုပ်ပြီးသားဖြစ်သွားတာပေါ့
    ကျနော်သမီးကြီးဆိုဗိုက်အဝိုင်းလှည့်နေတာတွေ့လို့
    အကြံပေးလိုက်တာပါ…….

    • ဆူး

      February 18, 2012 at 10:46 am

      အဲဒါ ငယ်တုန်းက လေ့ကျင့်ခဲ့မှ ရတာထင်တယ်။
      အသက် ၂၅ အထက် ရောက်သွားရင် သိပ်မလွယ်လှဘူး။
      ခါး တွေ ခိုင်သွားလို့ အလိုက်သင့် လုပ်ဖို့ ခက်တယ်။
      ၃ဝ နားနီးရင် တော့ ပိုဆိုးပြီး လုံးဝ မဖြစ်နိုင်ဖို့ ရာနှုန်း များသွားပြီ။
      ကိုရင်မောင် ရဲ့ သမီးကြီးက ငယ်သေးမယ် ထင်တယ်။
      သတိထားမိတာကတော့ တရုတ်ပြည်က ကလေးတွေက ကျောင်းမှာတင် လေ့ကျင့်ခန်း အချိန်လို သဘောထားပြီး ကျင့်ခိုင်းတာ များတယ် ထင်ပါ့။

      • ကိုရင်မောင်

        February 18, 2012 at 5:21 pm

        ကျနော်သမီးကအသက်၁၉နှစ်ရှိပါပြီ
        သူ့ကိုသင်ပေးတဲ့အမဝမ်းကွဲက၃၅နှစ်ပါ
        အဝိုင်းလှည့်သင်တာ ရရက်လောက်နဲ့တတ်တယ်လို့
        ပြောပါတယ်..
        အဝိုင်းလှည့်တတ်တဲ့သူကိုမေးပြီးလက်တွေ့သင်ခိုင်းယင်
        တတ်မှာပါဆူးရေ
        သမီးကတော့အလုပ်ကပြန်လာယင်ရေမချိုးခင်လေ့ကျင့်ပါတယ်…

  • မမပဒုမ္မာရေ အကြံဉာဏ်တော့မပေးတတ်ပါဘူး။ကိုယ်ကညံ့နေတော့လေ။
    ဆရာ မကွေးဝင်းမြင့် စာအုပ်ထဲက ချက်ဆေးနည်းကို ဝါသနာရှိသူတွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။လို ့တွေ ့တယ်လေ။
    ဒါနဲ ့ကျနော်က ဆရာ့အိမ်မှာ အဆောင်နေကျောင်းသားဆိုတော့ နည်းနည်းတော့သိခဲ့ပါတယ်။
    လူပုဂ္ဂိုလ်ချင်းတရင်းတနှီးမတွေ ့ရပေမယ့် သူလဲအောင်မြင်တဲ့ သမားကောင်းတစ်ယောက်ပါဘဲ။
    နားနည်းနည်းလေးလို ့နားကြပ်တပ်ထားရရုံပါဘဲ။

  • ကြောင်ကြီး

    February 18, 2012 at 8:56 pm

    ………padonmar says: ဆရာထက်ကလည်း လက်တွေ့မှာ ကိုယ်ဖြစ်စေချင်တဲ့ အချက်လေးတွေ ပြင်ပါ။ Dr. YKKO လည်း အကြံပေးပါအုံး။………………..
    ဒေါက်တာYKKO မအားဘူး အန်တီပဒုမ္မာရေ….သူ AKKO ကြေးအိုးဆိုင်ရောက်နေဒယ်…။ 😆

    …….ကိုရင်မောင် says: ကျနော်သမီးကအသက်၁၉နှစ်ရှိပါပြီ……….
    အန်တယ်ဂျီး နေကောင်းလား၊ ခင်ဂျင်လို့ပါ…. 😳

  • padonmar

    February 20, 2012 at 12:21 am

    comment ပေးကြတဲ့သူတွေ အားလုံး ကျေးဇူးပါ။
    ကိုနေချားက excel file လေး ပြင်ဆွဲပေးလာပါတယ်။
    ပိုပြီး စနစ်ကျ ကြည့်လို့ရှင်းသွားပါတယ်။ ကျေးဇူးပါ ကိုနေချား။
    ဆေးသောက်ကြည့်ချင်သူများ ဆရာထက်နဲ့ ဆက်သွယ်ပါ။
    တစ်လကို ဆေးဖိုး ၁၅၀၀ဝ လောက် ကုန်မယ်မှန်းပါတယ်။
    မြန်မာကျပ်ငွေပါ။
    အလွန်သက်သာပါတယ်။
    အဆီကျဆေး antilipid တွေဆို ဒီထက်မက ကုန်ပါတယ်။

  • ဆူး

    February 20, 2012 at 3:46 pm

    အဆီကျဆေး ညီလာခံ တက်ရောက်ပြီး နားဆင်ပေးယုံဖြင့် တိုရှည် ချာပါတီ ပူတီ နံပြား ပလာတာ ကျွှေးတယ် ဆိုလို့ သတင်းကြားကြားချင်း အမြန် ပြေးတက်ခဲ့တာ..
    တိုရှည်လေး တော်တော် ကောင်းတယ်။
    အကျွှေးအမွေး အတွက် ကျေးဇူးတင်ပါတယ်။

    ၁လ ကို တသောင်းခွဲ ဆိုတာ သိပ်များတယ်လို့ မထင်မိပါဘူး။
    ဆေးသောက်တဲ့ သူတိုင်းတော့ ဇယား ကွက်ထဲက အမှတ်တွေ ပြည့်မှီ အောင် ကြိုးစားနိုင်ကြပါစေ။
    ဆူး အတွက်ကတော့ မနက် အိပ်ယာ ထ တဲ့ အချိန် နဲ့ ထမင်းစားချိန် ကတော့ အမှတ် မရနိုင်တော့ဘူး။
    ရေနွေးကြမ်း ကိုတော့ သတိထားရင်တော့ ဖြစ်နိုင်သေးတယ်။
    ဒီ လှုပ်ရှားမှုထဲ ဝင်ရောက် အားဖြည့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားအပ်ပါသည်။

Leave a Reply