မှန်ကန်တဲ့ စဉ်းစားတွေးခေါ်မှု (၂)

wunnakokoJune 4, 20101min540

(၆) ယခုအပင်စိုက်၍ ယခုအသီးမစားချင် ပါနှင့်

ရုပ်ရှင်မင်းသားကြီး ပေါလ်နယူးမင်း သည် ဘရော့ဝေးတွင် နေ့ချင်းညချင်းဆိုသလို အောင်မြင်ကျော်ကြားလာခဲ့သည်။ ယခုကဲ့သို့ နေ့ချင်းညချင်းအောင်မြင်ကျော်ြ ကားလာခြင်း အတွက် မည်ကဲ့သို့ကြိုးစားခဲ့ရကြောင်းကို စာရေးဆရာတစ်ဦးကတွေ့ဆုံမေးမြန်းခဲ့ရာ မင်းသား ကြီး က ခပ်ဟက်ဟက်ကလေးရယ် မောကာ‘အေးဗျာ၊ ခုလိုနေ့ချင်းညချင်း အောင်မြင်ကျော်ကြား လာဖို့အတွက် နောက် တစ်မြို့ကူးရုံလောက်သာရတဲ့ ဘတ်စ်ကားခ သာသာ အခကြေးငွေ ကလေး နဲ့  ပြဇာတ်တွေ မှာ ၁ဝနှစ်ကျော်ကျော် ပါဝင်ကပြခဲ့ရတာ ပေါ့’ ဟူ၍ ပြန်လည်ဖြေကြား ခဲ့သည်။ မှန်ပါ သည်၊ သူ၏အောင်မြင်ကျော်ကြားလာမှုမှာ နေ့ချင်းညချင်း ဖြစ်ပေါ်လာသည် မဟုတ်ပါ။ ၁ဝနှစ်ကျော် အပင်ပန်းခံ၊ အနစ်နာခံကြိုး စားခဲ့ပြီးမှ ရရှိလာသောရလဒ်ပင် ဖြစ်ပါ သည်။ မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်လိုသူ အနေ ဖြင့် ယခုသစ်ပင်စိုက်၍ ယခုသစ်သီးစားရန် မမျှော်လင့်သင့်ပါချေ။

(၇) မပြီးပြတ်သေးသော အတွေးတွေ အပေါ်မှာ သာယာမှုမရှာပါနှင့်

စိတ်ကူးစိတ်သန်းဆိုသည်မှာ လူတိုင်း မှာ ရှိတတ်ကြပါသည်။ မိမိ၏စိတ်ကူးစိတ် သန်းကလေးများကို ဟုတ်လှပြီဟုထင်ကာ တခြားသူများအား ဖောက်သည်ချ ဝေငှခြင်း သည် သက်သက်ဘဝင်မြင့် စိတ်ရူးပေါက်နေ ခြင်းသာဖြစ်သည်။ ထိုသို့ မိမိ၏မပြီးပြတ် သေးသော စိတ်ကူး စိတ်သန်းတစ်ဝက်တစ် ပျက် ကို တခြားသူအားပေးအပ်ပါက မိမိကိုယ်တိုင် ပြီးဆုံး အောင်၊ အဖြေထွက်အောင် စဉ်းစား တွေးခေါ်တတ်သည့်အကျင့်ပျောက်ကာ အမြဲ လိုလို စိတ်ကူး တစ်ဝက်နှင့် ရပ်တန့်နေပေလိမ့် မည်။

တစ်ခါက စာရေးဆရာ ဂွတ်မင်းအေ့စ် ဆိုသူအား တခြားအပျော်တမ်းစာရေးဆရာ တစ်ဦးက ရေဒီယိုဟာသဇာတ်လမ်းအတွက် ခြေဆင်းကို လာရောက်ကမ်းလှမ်းခဲ့သည်။ ထို ခြေဆင်းက တော်တော် လေး ကောင်းမွန် သဖြင့် စာရေးဆရာအေ့စ်က ‘ကောင်းသားပဲဗျ၊ ပြီး တော့ ဘာဆက်ဖြစ် သေးသလဲ’ ဟု မေးရာ ထိုသူက တအံ့တဩဖြင့် ‘ဒါပဲလေဗျာ၊ ကျုပ် တွေးရတာ ပြောပြီးပြီပဲ၊ ကျန်တာ ခင်ဗျား ဘာသာဆက်စဉ်းစားပေါ့’ ဟုဆိုသည်။

တကယ်တော့ ထိုကဲ့သို့သောလူမျိုးသည် တစ်ဝက်တစ်ပျက်သာ စဉ်းစားတတ်ပြီး စဉ်း စားရသမျှလေးကိုပင် ပြည့်စုံနေပြီဟုထင်မှတ် နေတတ်သည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်များသည် မှန်မှန်ကန်ကန် စဉ်းစားရန်မဆိုထားပါနှင့်၊ တခြားသူများကိုပင် မိမိလောက်မတတ်ဟု ထင်ကာ ဘဝင်မြင့်နေသောစိတ်ကူးတစ်ဝက် သမားများသာဖြစ်ပါသည်။

(၈) ပေါက်ကရလေးဆယ် စိတ်ဝင်စားခြင်း

တွေ့သမျှ မြင်သမျှ၊ သူပြောငါပြောမှန် သမျှ လိုက်ပါစိတ်ဝင်စားခြင်းဖြင့် မိမိ၏မူလ ရည်ရွယ်ချက်လမ်းကြောင်းမှသွေဖည် သွား တတ်ပါသည်။ ယခုကဲ့သို့ ဟိုစပ်စပ် ဒီစပ်စပ် စိတ်ဝင် စား ခြင်း သည်လည်း စိတ်ကူးယဉ်ခြင်း နှင့်အမျိုးတော်ပုံရသည်။ လူတစ်ယောက်အဖို့ တစ်ချိန် တည်း တွင် ရေကူးခြင်း၊ ပန်းချီဆွဲ ခြင်း၊ ဘောလုံးကန်ခြင်း၊ သီချင်းဆိုခြင်းတို့ကို မလုပ်နိုင်ပေ။ ထိုနည်းတူပင် စိတ်ဝင်စားစရာ အတွေးများကို အကြောင်းအချက်တစ်စုံ တစ်ခုအပေါ်မှာသာ အာရုံစူးစိုက်မထားပါက မှန်ကန်စွာ တွေးခေါ်စဉ်းစားမှုကိုပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လူတိုင်း သည် အရာ အားလုံးကိုမလုပ်နိုင်ပါ။ အရာရာကို မစဉ်း စားနိုင်ပါဟူသော အချက်ကို လက်ခံပြီး သင် နှင့်သက်ဆိုင်သောအချက်အလက်များကိုသာ လက်ခံစဉ်းစားလိုက်ပါက အရာ ကိစ္စ အပေါ် တွင် ဖျတ်လတ်ပေါ့ပါးစွာ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်ပါလိမ့်မည်။

(၉) သူတို့လည်း ငါ့လိုစဉ်းစားမိမှာပဲဟု တွေးခြင်း

မိမိဦးခေါင်းထဲသို့ ရုတ်တရက်ရောက် ရှိလာသောအတွေးကို ဆက်လက်တွေးခေါ် ခြင်းမပြုဘဲ ထားခြင်းသည်လည်း မှန်ကန်စွာ စဉ်းစားတွေးခေါ်ခြင်းကို အနှောင့်အယှက်ဖြစ် စေသည်။

လူတစ်ဦးတစ်ယောက်အနေနှင့် စွန့်ပစ် ဘူးခွံများနှင့်ပတ်သက်၍ တစ်စုံတစ်ရာအသုံး ချရန် စိတ်ကူးမျိုးပေါ်ပေါက်လာသော်လည်း ဒီစိတ်ကူးမျိုး လူတိုင်းစိတ်ကူးမိမှာပါ။ မဖြစ် နိုင်လို့ မလုပ်ကြတာ နေမှာပါဟူ၍ ဆက်လက် စဉ်းစားခြင်း၊ တီထွင်လိုခြင်းမပြုတော့ဘဲ မိမိ စဉ်းစားခန်း ကို ရပ်ပစ်ခဲ့သည်။ သို့သော် နောင် တွင် အဆိုပါ ဘူးခွံများ၊ စွန့်ပစ်ပစ္စည်းများ ကိုပင် တခြားသူများ က တွင်ကျယ်စွာအသုံး ချနေကြပြီဖြစ်သည်။ ထို့ကြောင့် မိမိဦးခေါင်း ထဲ၌ပေါ်ပေါက်လာသော အတွေးစိတ်ကူးကို လက်မလျှော့ဘဲ ဆက်လက်စဉ်းစားအကောင် အထည်ဖော်ရန်လိုသည်။

(၁ဝ) စဉ်းစားတွေးခေါ်မှုအပေါ် ပျင်းရိ ငြီးငွေ့စရာဟုထင်မှတ်ခြင်း

လူတချို့အနေဖြင့် စဉ်းစားရမှာကို ပျင်းရိကြသည်။ စဉ်းစားခြင်းအလုပ်သည် ပျင်းရိငြီးငွေ့စရာဟုထင်မြင်ယူ ဆကြသည်။ ဤသို့ဖြင့် စဉ်းစားခြင်းအကျင့်ကိုမလုပ်ဘဲ ပစ်ထားလေရာ စဉ်းစားတွေးခေါ်မှုစွမ်းရည် များကျဆင်း၍ အကြံတုံး၊ ဉာဏ်တုံးများဖြစ် သွားကြသည်။

သင်၏အသိဉာဏ်သည် သင့်အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးသော ကိုယ်ပိုင် ပစ္စည်းဖြစ်သည်။ အကျည်းတန် အရုပ်ဆိုးသူ များပင် သူတို့၏အသိဉာဏ်စွမ်းရည် ကြောင့် ဆွဲဆောင်မှုအကောင်းဆုံးလူသားများဖြစ်သွား ကြသည်။ သင်၏အသိဉာဏ်သည် ဘယ် သောအခါမျှ အိုမင်းမသွားသောအရာဖြစ်သည်။ဆယ်စုနှစ်ပေါင်းများစွာပင် ငြိမ်သက် အောင့်အည်း ပြီး နောက် ရုတ်တရက် ငုပ်နေ ရာမှ ဗြုန်းခနဲပေါ်ပေါက်လာတတ်သည်။ သို့ဖြစ်ရာ စဉ်းစားတွေးခေါ်ခြင်းပညာသည် ဘယ်မှာလျှင် ပျင်းရိငြီးငွေ့ဖွယ်ရာဟူ၍ဆိုနိုင် ပါအံ့နည်း။