အမြင်နဲ့ အသိ

minn_annawarFebruary 16, 20121min893

အရီးလတ်ရဲ့ ဒါ့ပုံနဲ့  ပတ်သက်လို့   သတိရသွားတာလေးတစ်ခုပေါ်လာလို့ ပါ။

သမီးကြီးငယ်ငယ် က မြန်မာပြည်မှာ TV ပေါ်ကာစလေ၊ လူကြီးတွေ TVဖွင့်ရင် ကလေးတွေက ထိုင်ကြည့်ကြပေါ့၊

တစ်နေ့   မှာ  လူကြီးတစ်ယောက်က TV ဖွင့်နေတုံး အစဉ်မပြေဖြစ်နေတာနဲ့   သမီးကြီး က အော်ဖူးပါတယ်၊ “သဝေထိုးနှိပ်၊ သဝေထိုးနှိပ်’ တဲ့၊

သူနှိပ်စေချင်တာက Channel 6 လေ။  ဒါပေမဲ့ သူသိထားတာက “သဝေထိုး’ဖြစ်နေတာကိုး၊

နောက်တစ်ခါ သမီကြီးကမွေးတဲ့ မြေးမ

သူတို့ ခေတ်ကျတော. မူကြိုမှာထဲက English လိုသင်ပြီး English လိုအပြောများတဲ့ခေတ်၊

သူ့  အဖွား ကပိုက်ဆံလာတောင်းတော့  သူ့  မှာရှိတဲ့ သူ့   အဖေပေးထားတဲ့ ၁၀ဝတန်ငွေစက္ကူ ကိုထုတ်ပေးတယ်၊

သူ့  အဖွားနောက်ချင်တာနဲ့    အဲဒါဘာလဲ လို့  မေးလိုက်တော့ …

ပြောလိုက်တာက   ‘OOC” (အို  အို  စီ)တဲ့

အော်… ၁၀၀(တစ်ရာ)ဆိုတာ သူ့ အမြင်နဲ့ သူ့ အသိမှာ တော့ အို အို စီ လို့ ပြောင်းပြန်ကြည့်ပြီးမှတ်ထားတာကိုး။

 

3 comments

  • Thel Nu Aye

    February 16, 2012 at 1:53 pm

    ကလေးတွေရဲ့အတွေးကဖြူစင်တယ်လေ။ အဲတော့လဲသူတို့မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်ကြတာ ချစ်ဖို့ကောင်းပါတယ်။ ကျွန်မသားဆိုလဲတချိန်လုံးပေါက်ကရပြောနေတာ။ အမြဲစဉ်းစားပြီးမှ ဘာသာပြန်ပြီးရီနေရတယ်။ သူထင်တာမြင်တာပြောတော့တာပဲ။

  • aye.kk

    February 16, 2012 at 2:56 pm

    အသိ(၆)မျိုး
    ၁။ပစ္စက္ခသိ-အခုမှတ်၊အခုဟော၊အခုသိ
    ၂။သဒ္ဓါသိ-ယုံကြည်သိ
    ၃။အနုဿဝတိ-ရှေးလူကြီးတွေဆီကတစ်ဆင့်ကြားပြီးတစ်ဆင့်သိ
    ၄။ရုပ်သိ-ကိုယ့်ဉာဏ်နဲ့ကိုသိတယ်၊ကိုယ်ဟာနဲ့ကိုယ်နှစ်သက်နေတာ
    ၅။အာကာါရပရိဝိတဏ္ဍသိ-ထွေထွေရာရာကြံစည်ပြီးသိတာ
    ၆။ဒိဌိဇ္ဈာနခန္တီသိ-အမှားသိ။

  • manawphyulay

    February 16, 2012 at 3:07 pm

    ဒါကြောင့် ကလေးအတွေး ကလေးအရေးဆိုတာ ဖြစ်လာတာပေါ့နော်။ နောက် စကားပုံတောင် ကြားဖူးသေးတယ်။ သက်ငယ်စကား သက်ကြီးကြားဆိုတဲ့စကားကိုလည်း မှတ်သားဖူးပါသေးတယ်။ ကလေးစကားနဲ့ အရူးစကားမှန်တယ်လို့လည်း ရှေးလူကြီးတွေ ပြောခဲ့ကြဖူးပါတယ်။

Leave a Reply