လျှပ်စစ်မီတာခ. အကြွေးကျန်တာ ဘာကြောင့်လဲ(( မသိလို့မေးတာပါ))

 

လစဉ်ကောက်ခံလျှက်ရှိတဲ့ လျှစ်စစ်မီတာခ ဘီလ်များကိုလဲ မှန်မှန်ကန်ကန်ပေးဆောင်နေပါရက်နဲ့

အခု မီတာခ တွေ ဈေးတက်တော့ ယခင်  မီတာခ အကြွေးကျန် တဲ့ အတွက်ဆိုပြီး  1 သိန်းပါး  ကောက်ခံလာပါတယ်

ဘယ်လိုကြောင့် အကြွေးတင်သွားတယ်ဆိုတာ..သိတဲ့သူများရှင်းပြပါလားခင်ဗျာ

သုံးရင် သုံးသလောက် လစဉ် မှန်မှန် ဆောင်နေရတာ ပြသနာမရှိပါ

ဒီလိုကြီး  အကြွေးကျန်ပါတယ်ဆိုပြီး နင့်နေအောင် တစ်ခါတည်း ဆောင်ရတာတော့ သာမန်လူတန်းစားအတွက်  မလွယ်ပါဘူး

မီတာ မှန်မှန်ဖတ်ပြီး..မှန်မှန်လေးကျသင့်သလောက် တောင်းခံသင့်ပါတယ်.

 

7 comments

  • Thel Nu Aye

    February 16, 2012 at 11:13 am

    ပရောဂျက်ဖြင့်ရောနှက်ခြင်းဖြစ်ပါကြောင်း။

  • aungnng87

    February 16, 2012 at 12:19 pm

    ပို့စ်ရှင်ရေ…များလည်းဂလိုဘဲခံစားခဲ့ရတယ်ကွယ်။ ပို့စ်ရှင်ကမှကြွေးကျန်ဆိုတဲ့ ခေါင်းစဉ်နဲ့လာသေးတယ်။ များတို့ကတော့ ဘာမှန်းညာမှန်းမသိဘဲ ခါတိုင်းဆောင်နေကြရဲ့လ တွေထက် ၄ ဆလောက်ပိုပြီးဆောင်ခဲ့ရတယ်။ မီတာဘေဆောင်တဲ့နေရာတွေကိုဘာဖြစ်လို့ဒီလိုဖြစ်တာလဲမေးတော့လည်း ရုံးချုပ်ကိုသွားမေးပါလုပ်တယ်။ ရုံးခုျုပ်သွားမေးရင်လည်းအလုပ်ကခွင့်ယူရဦးမယ်။ ကိုယ်လည်းမသွားတတ်တော့ ၂ယောက်သွားရဦးမယ်။ နောက်လကျတော့ မီတာဘေက ပုံမှန်နီးပါးပြန်ဖြစ်သွားတယ်။ လွန်ခဲ့တဲ့တနှစ်လောက်ကစပြီးဆောင်ထားတဲ့မီတာယူနစ်တွေ လတိုင်းကိုပြန်စစ်ကြည့်တော့လည်းမီတာယူနစ်တွေမကွာဘူး။ အဲဒီလတလဘဲအရမ်းမြင့်တက်သွားတာ။ ကိုယ်တွေဘက်လည်းထူးခြားပြီသုံးစရာဘာမှမရှိဘူး။ ဟင်းလည်းလျှပ်စစ်နဲ့မချက်ဘူး။ ဒါကမလေးရှားမှာဖြစ်တာ။ ဒါကြောင့်မလေးရှားလည်းဗမာပြည်နဲ့ဘာမှမထူးဘူး။

  • jujuma

    February 16, 2012 at 12:20 pm

    တချို့ ရပ်ကွက်တွေမှာဆို မီတာ ဖတ်တဲ့သူတွေက လာမဖတ်ပဲနဲ့ မှန်းပီး ယူနစ်တင်တာတွေရှိပါတယ်..
    အဲလိုတင်ပီး တကယ်စာရင်း လိုက်ကောက်တဲ့အခါကြတော့ ယူနစ်တွေလွဲနေတော့တာပေါ့..
    အဲအခါကျမှ ကြွေးကျန်ဆိုပီးတင်ကောက်တာတွေလဲရှိပါတယ်..
    အဲလိုတွေမဖြစ်အောင် အိမ်ပိုင်ရှုင်တွေက ကိုယ့်မီတာမှာ တစ်လကို ယူနစ်ဘယ်လောက်တတ်နိုင်လဲ ဆိုတာကို လစဉ် မီတာမှာစစ်ဆေးကြည့်သင့်ပါတယ်…
    များသောအားဖြစ် အဲလိုဖြစ်စဉ်တွေဖြစ်တတ်ပါတယ် ။

  • htoosan

    February 16, 2012 at 12:50 pm

    သိတာလေးမျှရုံမက ကြုံဘူးတာလေး ကော..
    မီတာမှန်မှန် အမှန်တစ်ကယ်လာဖတ်တာ နဲတယ်လို့ထင်ပါတယ် …အများအားဖြင့် ဒီအိမ် ဘယ်လောက်ကျလေ့ ရှိတယ်ဆိုပြီး ရမ်းရေးကြပါတယ် ။ အဲသုံးလေးလ လောက်မှ တစ်ခါ ဖတ်ပြီး ကွာ တာတွေ ပြန်ညှိတတ်ကြပါတယ် ။
    ကျွန်တော် တစ်ခါဖြစ်တာတော့ ကိုယ်ဟာကိုယ် မီတာ ဖတ်ကြည့်လိုက်တော့ သူတို့ဖတ်ထားတာနဲ့ အများကြီး ကွာနေပါတယ် ။ တစ်သိန်းကျော်ပိုတောင်းခံရတာပါ ။ ဒါနဲ့ မြိုနယ်လျှပ်စစ် (ဗိုလ်တစ်ထောင်မြို့နယ်) က သွားပြောတော့ Bill ထုတ်ပြီးပြီမို့ အဲ့ဒီ အတိုင်းဆောင်ပါ ။ ပြန်မပြင်ပေးနိုင်ပါတဲ့။ နောက်လ များမှာ လျှော့ဖတ်ပြီးပြန်ညှိပေးသွားပါမယ်တဲ့ ။ လက်မခံနိုင်ဘူး ပြောတော့ သတ်မှတ်ရက်အတွင်းလာမဆောင်ရင် မီးဖြတ်မှာဘဲတဲ့ ။။ အကျယ် အကျယ် မဆက်ခြင်တော့တာ နဲ့ ဆောင်လိုက်ရတယ် ။

    • ကိုထူးဆန်းမှာ လဲမလွယ်တဲ့အခက်အခဲပါလား။နောက်လတွေမှာ ညှိနှိုင်းပေးမယ်ဆိုတော့
      တော်ပါသေးတယ်။မီတာထိန်းသိမ်းခတို ့ဖုန်းထိန်းသိမ်းခတို ့ကိုနားမလည်နိုင်တော့ဘူးဗျာ။

  • Anaconda MMT

    February 16, 2012 at 12:56 pm

    ဘယ်လိုပဲဖြစ်ဖြစ် တိတိကျကျလေး လုပ်ပေးစေချင်ပါတယ်ဗျာ
    သုံးရင်သုံးသလောက်ဆောင်ရမှာကတော့ သုံးစွဲသူတွေရဲ့တာဝန်ပါ
    လျှပ်စစ်ဝန်ထမ်းများကိုလဲ လစဉ်ပုံမှန်လေးတော့အလုပ် လုပ်စေချင်ပါတယ်
    နောက်မှ ကျန်ပါတယ်ဆိုပြီး.စုတောင်းတော့ ပိုက်ဆံမရှိရင် ဘယ်လိုလုပ် ဆောင်ရတော့မှာလဲ
    လက်ကျန် ဘယ် နှစ်ယူနစ် ကျန်ပါတယ်ဆိုပြီး လာဖတ်တဲ့ အချိန် လက်မှတ်က ထိုးခိုင်းသေးတယ်ဗျာ.
    အပိုင်ကိုင်ပုံများပြောပါတယ်.

  • နေဝန်းနီ

    February 18, 2012 at 9:40 pm

    မီတာခ လာကောက်ကတည်းက မီတာပုံထဲက သုံးစွဲထားတဲ့ ယူနစ်နဲ့ ပြေစာပေါ်က ယူနစ် တိုက်ဆိုင်စစ်ဆေးထားသင့်တာပေါ့…။ အဲဒါဆို ဘာမှပြောလို့မရဘူး…။ ဒါပေမဲ့ သဒေါင်းစားတွေက မီတာပုံးကိုလတိုင်းမကြည့်ပဲ ရမ်းကောက်နေတာတွေများတယ်…။ မီတာခ သွားသွင်းတိုင်း လျော့ကောက် /ပိုကောက်တွေကို လတိုင်းလိုက်ပြောနေရတယ်…။

Leave a Reply