လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေခြင်း တဲ့ဗျိုး………

ဘာသာပြန်အပိုင်းအစများ
လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့

ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။ လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ် ။

ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက်ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။ လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်းညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။ ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက်တိုင်အောင်ရှိနေဆဲပါပဲ ။
by- သက်တန့်ချို

http://api.ning.com/files/OARW3Refn0hOjwaUz-ygi6u14tvrOm3luaAzSO5G0WTH8ClbgukZQuwQHu0Qp7IsTFGlQCuSXQ6zseP3VMh9WefKchmMweCR/424958_349525488402741_270534842968473_1134240_1537453286_n.jpg

ထူးဆန်းတယ်ဗျို့
ဓတ်ပုံတင်တာ တင်လို့မရလို့ သူ့လင့်ကိုပဲတင်လိုက်တယ်ခမျှ
အင်ဒိုမှာလို့တော့ပြောတာပဲ
ကျုပ်တော့ အဲဒီပညာ ရရင် စစ်ရေးအတွက်ပဲ အသုံးပြုမလား သယ်ယူပို့ဆောင်ရေးအတွက်ပဲအသုံးပြုမလား
လားထားပဲ သုံးတတ်ရင်သုံးတတ်သလိုပဲ
အဟေး…

25 comments

  • စိန်ပေါက်ပေါက်

    February 16, 2012 at 11:59 am

    http://api.ning.com/files/OARW3Refn0hOjwaUz-ygi6u14tvrOm3luaAzSO5G0WTH8ClbgukZQuwQHu0Qp7IsTFGlQCuSXQ6zseP3VMh9WefKchmMweCR/424958_349525488402741_270534842968473_1134240_1537453286_n.jpg

    မောင်ပေ့ ဆော်က မိုက်တယ်ဟ 😆

    ဖွားဆူးပြောလို ့ အစောကြီးထဲက ကြည့်ပြီးသား ဖြစ်ပါကြောင်း
    သူ ့မူရင်း ဝဘ်ဆိုဒ်က ဒီမှာ ပိတ်ထားပါကြောင်း
    တင်ထားတာလဲ အတော်ကြာပြီဖြစ်ပါကြောင်း
    မြန်မာပြည်မှာလဲ အထက်လမ်းဆရာအတုတွေ အပင်းသွင်းတာကို ကုတယ်ဆိုပြီး ကျောက်ခဲတွေ လန်ကြုတ်အန်ထုတ်ခိုင်းတဲ့
    ခွေထွက်နေပါကြောင်း
    ဖောရှောတွေဖြစ်ပါကြောင်း

    • စိန်ပေါက်ပေါက်

      February 16, 2012 at 12:16 pm

      ဖုတ်ကောင်မကြီးက ဘာပြုလို ့ရှက်နေတာလဲဟင် 🙄

      • char too lan

        February 16, 2012 at 12:23 pm

        တိုင်းမူးက မေတ္တာအရည်ရွှမ်းဒဲ့ မျက်စိဂျီးနဲ့ စိုက်ကြည့်နေလို့ပါဒဲ့ 😀

        • စိန်ပေါက်ပေါက်

          February 16, 2012 at 12:35 pm

          အရမ်းမကြည့်ကြနဲ ့
          ရှက်နေဦးမယ်တော့

      • နွယ်ပင်

        February 16, 2012 at 12:46 pm

        အဲတာ ရှက်တာမဟုတ်ဘူး စတိုင်ထုတ်နေတာ ပဲများနေတာ 😀

    • စိန်ပေါက်ပေါက်

      February 16, 2012 at 12:24 pm

      နင်မယူရင် ငါ့ကိုလွှဲပေးဟေ့

  • kai

    February 16, 2012 at 12:52 pm

    ယူအက်စ်က..ဆရာတွေက.. ဒီနှစ်ပိုင်းအဲဒီလူသေကောင်တွေဖုတ်သွင်းပြီး လမ်းလျှောက်ခိုင်းနေတာ တော်တော်အောင်မြင်တယ်ပြောပါတယ်..။
    သတင်းတွေဖတ်ရန်…
    http://www.boston.com/ae/movies/gallery/bestzombiemovies/

    မီလီယန်မဟုတ်ပဲ.. ဘီလီယန်ဘစ်ဇနက်ဖြစ်နေပြီး.. ယူအက်စ်အာမီကလည်း.. ဝယ်ဖို့ ဈေးမတတ်နိုင်… လက်တွန့်နေပါတယ်..။ 😕

    အဲဒီလူသေကောင်တွေဟာ.. ဖုတ်သွင်းပြီးရင်.. လမ်းလျှောက်ယုံမက.. လူကောင်းတွေလိုက်ရန်ရှာတတ်တာမို့.. အန္တရယ်ရှိပါတယ်..။ (ပုံကြည့်ပါ)
    ဒါကြောင့်..
    မတော်လို့များ.. တွေ့မိရင်.. ဘေးဘီဝေးဝေးမှာ.. ခုံနဲ့ခန့်ခန့်ကြီးထိုင်နေသူကိုရှာရမယ်ဖြစ်ကြောင်းနဲ့.. အဲဒီသူဟာ..ဖုတ်သွင်းနေသူအောက်လမ်းဆရာဖြစ်တဲ့အတွက်.. ခေါင်းကို ကြီး၃ကြီးဘုရားရှေ့မှာရှိတဲ့.. အင်္ဂါနံရှိတဲ့..သစ်ကိုင်းနဲ့ ၅ချက်(ငါးပါးသီလ)ရိုက်မှ.. ဖုတ်သွင်းခံရသူတွေ.. ကောင်းရာသုဂတိရောက်မျာဖြစ်တာမို့..

    ဖူး…
    တော်ပြီ….
    အဆင်ပြေသလိုဆက်စဉ်းစားကြ…
    ဇတ်ကောင်းရင်.. ဝယ်မယ်..။ :mrgreen:

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 16, 2012 at 1:01 pm

    ဟား…ဟားးးးး..ဟားးးးး
    ဟီးး…ဟီး….ဟီး…
    အဟွတ်..အဟွတ်…
    ဘွပ်။

  • laypai

    February 16, 2012 at 1:17 pm

    ယုံ ရမှာလား၊ ယုံ မရဘူးလား။

  • kyeemite

    February 16, 2012 at 1:45 pm

    …………..မှာ မပြောလိုပါ မပြောလိုပါ…

  • aungnng87

    February 16, 2012 at 2:11 pm

    ပုံထဲက ဟာတွေက သရဲတွေလား။ ထူးဆန်းလိုက်တာ… လူတွေကမကြောက်ကြဘူလား။

  • ကိုရင်မောင်

    February 16, 2012 at 2:42 pm

    ဒီလိုအယူမျိုး ရှေ့ခေတ်ကကျနော်တို့နိုင်ငံမှာလဲရှိခဲ့ဘူးပါတယ်
    ခြံသည်းရိုးတွေမှာပေါက်နေတဲ့ ခေါင်ရန်းပန်းဟာမသာတွေမှာသာပန်တဲ့ပန်းပါ
    နောက် မြန်မာတွေပြောတဲ့စကားတခွန်းလဲရှိခဲ့ဘူးပါတယ်
    ဖုတ်သွင်းသင်းဂြိုလ်တယ် ဆိုတဲ့စကား
    လွန်ခဲ့တဲ့အနှစ်၃ဝကျော်လောက်ကမြန်မာတွေအသုဘချယင်ဆိုင်းဝိုင်းပါကြတာ
    တွေ့ခဲ့ဘူးပါတယ်
    လူကြီးတချို့ပြောပြခဲ့ဘူးတာကတော့
    တို့မြန်မာတွေအယင်ကလူသေသွားယင်ခေါင်ရမ်းပန်းကိုမသာခေါင်းမှာပန်ပြီးဖုတ်သွင်းလိုက်တယ်
    နောက် ဆိုင်းဝိုင်းနဲ့မြေမြုတ်မဲ့နေရာကိုခေါ်သွားတာ
    ဖုတ်သွားထားတဲ့မသာက ကပြီးလိုက်သွားတယ်လိုကြားခဲ့ဘူးပါတယ်……

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 16, 2012 at 3:00 pm

    သဟာဆိုရင် ပျော်စရာကြီးနေမှာဗျ
    ကိုရင်မောင်ကြီးရ
    အသုဘ ကို အိုးစည်ဒိုးပတ်နဲ့ချ(ဗာရှင်းပြောင်းပြီးတော့ပေါ့လေ)
    မသာကြီးကလည်းထကလို့
    အလောင်းဆော့မယ်သူတွေကလည်း မူးပြီးဝင်ကပေါ့ဗျာ
    အမယ် အသုဘရှင်တွေလည်း ရီရမလိုငိုရမလို သေသွားတဲ့မသာကြီးကို ပဲပြေးဖက်ပြီးငိုရမလို
    ဝေး..ဟေးးးးးး
    ဖုတ်ဖုတ်ဖုတ်…ဖုတ်လိုက်..ဖုတ်လိုက်
    ဖုတ်ဖုတ်ဖုတ်…ဖုတ်လိုက်..ဖုတ်လိုက်
    အို..ဘာတဲ့ဟ~~~~
    ဖုတ်ဖုတ်ဖုတ်…ဖုတ်လိုက်..ဖုတ်လိုက်
    ဖုတ်ဖုတ်ဖုတ်…ဖုတ်လိုက်..ဖုတ်လိုက်
    ဟေလာမောင်ရို့ဝါးးးးးးးးးးးးးးးးးး

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 16, 2012 at 3:15 pm

    ဖုတ်ကျင်းသင်းဂြိုလ်

  • မိုက်ကယ်ဂျော်နီငပွ

    February 16, 2012 at 3:59 pm

    အဖုတ်စားခြင်သူများ ဆက်သွယ်ပါ အွန်လိုင်းစနစ်ဖြင့်ရောင်းချနေပါသည်
    အဖုတ် မန်နယူး
    ………………..
    ပျောင်းဖူးဖုတ်
    ကဇွန်းဥဖုတ်
    အမဲခြောက်ဖုတ်
    ဆိတ်သားခြောက်ဖုတ်
    ငါးခြောက်ဖုတ်
    ဘာဖုတ်
    ညာဖုတ်
    ဖုတ်
    ဖုတ်
    ဖုတ်
    ပုံ
    မန်နေဂျာ
    အင်တာနေရှင်နယ် ဖုတ်ကုမ္ပဏီလီမိတက်
    မိုက်ကယ်ဂျော်နီငပိဖုတ်

    • windtalker

      February 16, 2012 at 8:18 pm

      ဖုတ် ဘဲ လား
      အာပုံ တို ့စမူစာ တို ့ကော မရောင်းဘူးတဲ့လား

  • cobra

    February 16, 2012 at 7:00 pm

    ဖုတ်ကြိုက်သူ
    ဖုတ်ချစ်သူများအတွက်
    ဖုတ်မျိုးစုံရှိသည်။

  • စိန်ပေါက်ပေါက်

    February 16, 2012 at 7:24 pm

    အရေးထဲ ဖုတ်ပွဲစားတွေက တစ်မှောင့် 😆

  • အဟဲ … ဒီပညာမျိုးက စစ်ရေးအတွက် သုံးလို့ ရမှာဟုတ်လောက်ဘူးဗျ။ သူက အသံတိတ်နေမှ အလုပ်လုပ်တာ မဟုတ်လား။
    ကြောက်တတ်တဲ့ ဖုတ်ကောင်ကို ခေါ်ပြီး ဆရာက ဝင်ပူးခိုင်းတဲ့ ပညာရပ် ဖြစ်မှာပါ။ ထူးဆန်းတဲ့ ပညာရပ် တစ်ခုပါပဲ။
    အဲဒီပညာကို ကျုပ်လည်း တတ်ချင်မိသား။ အဲဒီ ပညာတတ်လို့ကတော့ ဘာမှလုပ်နေဘူး။ ညကြီး သန်းခေါင် စိန်ပေါက်ပေါက်တို့၊ ဗြဲသီးတို့ အိပ်နေတဲ့အချိန် ဖုတ်ကောင်ကို ဝင်ပူးခိုင်းပြီး သူတို့ဆီ လွှတ်လိုက်မှာပဲ။
    😀 😀

  • နေဝန်းနီ

    February 16, 2012 at 10:41 pm

    ကျောင်းစြာကြီးပါလားဝေ့…။ နာတော့လာမခြောက်နဲ့ …။ ကပေဆီလွှတ်လိုက်…။

  • ကြောင်ကြီး

    February 17, 2012 at 12:52 pm

    ်ရှေးမြန်မာကြီးတွေ လူသေတဲ့အခါ ဖုတ်သွင်းပြီး တောနက် ချောက်ကမ်းဘားထဲသွားခိုင်းကြောင်း၊ သွားတဲ့အခါမှာလည်း လူရှင်နဲ့ကွဲအောင်း ခေါင်းမှာ ခေါင်ရမ်းပန်း (အနီဆိုလား) ထိုးပေးလိုက်ကြောင်း အင်တာနက်မှာ ဖတ်ရလို့ အသိ အမေရိကန်မတယောက်ကို ပြောပြဘူးတယ်။ သူက အတော် ကြောက်လန့်သွားပုံပေါ်လို့ မနည်းလျောချ လိုက်ရတယ်။ :mrgreen:

  • မိုက်ကယ်ဂျော်နီငပွ

    February 17, 2012 at 2:16 pm

    ဒီအကြောင်းတွေကို မပြောဘဲနေမလို့ဘဲ ဒါပေမယ့်ပြောရဦးမယ်
    ပြောမယ်ဆိုပေမယ့်လည်း မပြောခြင်ဘူး မပြောဘူးဆိုပေမယ့်ပြောမယ်ဗျာ
    နည်းနည်းလေးပြောလို့မရဘူး အများကြီးပြောရမှာ
    ပိုစ့်တစ်ပုဒ်များရေးလိုက်လို့ကတော့ ကော်မန့်တွေပါဝင်လာရင် ဘစ်ဇနစ်ဘဲ
    အများကြီးပြောဘို့ကတော့ အချိန်ကုန်ခံပြီးဒီလောက်ထိ ကျုပ်သဘောမကောင်းဘူး
    ရုပ်နာမ်တွေနဲ့ တွဲပြီးပြောရမှာ နည်းနည်းလေးပြောမယ်နော နည်းနည်းလေး
    ကျုပ်လည်း ကြုံရင်ကြုံသလို လိုက်မြှောက်ပေးတာဘဲ
    ပြဿနာက မသိတာလား မပြောခြင်ကြတာလားသိဘူးဗျ
    တစ်ကယ်တော့ အဲ့သည်အကြောင်းက ဒီနေ့ခေတ်စကားနဲ့နားလည်အောင်ပြောရရင်
    ဆရာဝန်တစ်ယောက်က သေပြီ လို့ အသိမှတ်ပြုတဲ့ မသာတစ်ယောက်ကို သွားလုပ်လို့မရဘူး
    အဲ့လိုလုပ်လို့ရရင်တော့ ဘုရားဟောတဲ့တရား ( အမှန်တရား ) နဲ့ ဘယ်လိုမှညှိလို့ကိုရတော့မှာမဟုတ်ဘူး
    ဒီအကြောင်းက ဖုတ်ထုတ်တဲ့ ပိုစ့်နဲ့ ဆက်နွယ်တယ်ဗျ
    အလွယ်ပြောရရင် သတ္တဝါတစ်ကောင်ရဲ့ အသက်ဇိဝန်ချုပ်သွားရင် ဒီလိုလုပ်လို့မရဘူး
    ကျုပ်လေ့လာနေဆဲဖြစ်တဲ့ တစ်ခုသောရုပ်မှာ ဒွန်တွဲပါ နာမ်အပြင် အခြားနာမ်တစ်ခုက ဝင်ပူးခြင်းဆိုတာပါ
    အလွယ်ထပ်ပြောရရင် အလွယ်ဆုံးပေါ့ဗျာ
    အင်အားချိနဲ့နေတဲ့သူတစ်ဦးကို အားကြီးသူက ဖေးကူပြီးလမ်းလျှောက်နေတဲ့သဘောလေးပေါ့
    ဒီအခါမှာ ဝင်ပူးတဲ့ ဖုတ် ( ဖုတ်ဆိုတာနဲ့ ရင်ထဲမှာ ဒိတ်ကနဲ့ဖတ်သွားတယ် ဂယ် )
    ဆိုတဲ့သတ္တဝါရဲ့ ကံအကြောင်းက လူတွေမမြင်နိုင်တဲ့ အကြောင်းဘဲ
    ကျုပ်အတည်မပြုနိုင်သေးတာက လူတို့မျက်စေ့နဲ့ မြင်ရတဲ့ ရုပ်က စားလိုက်တာကို
    လူတို့မျက်စေ့နဲ့မမြင်ရတဲ့ ဖုတ် ( လာပြန်ပြီ ) ဆိုတဲ့ကောင်က
    ဘယ့်နှယ်ကြောင့် ဗိုက်တင်းသွားတယ်ဆိုတာကိုပါ
    ဒီအကြောင်းကိုသဘောလောက်ပြောတာပါ
    သိရမှာက တစ်ဖက်ပို့စ်မှာရေးထားသလို လူနာတစ်ယောက်ကို ဖုတ်ကဝင်ပူနေတယ် ဆိုတဲ့အခါ
    ဆရာဆိုတဲ့သူက အဲ့သည်ဖုတ် ( အမလေး ) ကို ဆရာ့ ပညာနဲ့ သူ့ဖာသာ သင်္ချိုင်းကုန်းကို သွားစေတာပါ
    အကြောင်းက ဒီလိုမသာတွေက ချက်ခြင်းပုတ်ပွလာတတ်လို့ပါ
    ကျုပ်ဝါးတားတားဖြစ်သွားတာက ဘယ်ကောင်မြှောက်ပေးလို့ ဆိုင်းဝိုင်းကြီးပါသွားသလဲသိဘူး
    ပြေလို့သာပြောတာ
    ဖတ်တဲ့သူတော့ဘယ်လိုနေလည်းသိဘူး ရေးတဲ့ကျုပ်ကိုယ်တိုင်တောင် ဝါးတားတားဘဲ
    နေဦး
    တစ်နေ့ကျုပ် ရေချိန်ကိုက်တဲ့နေ့ အသံသွင်းပြီးပြောပြမယ်

Leave a Reply