Simple Magic Spells for wish, for Love and for money

WowFebruary 16, 20121min19614

ဒီတစ်ခေါက်တော့ ကျောင်းသားဘဝထဲကဝါသနာကြီး မြစ်ကူးချောင်းဖျားသွားသွားပီး ဗေဒင်တွေမေးလွန်းလို့ အိမ်က မုန့်ဖိုးဖြတ်ခံထိခဲ့သူပီပီ လေ့လာမှတ်သားထားတဲ့ ချစ်စရာကောင်းတဲ့ Magic Spell လေးများကို မျှဝေပေးလိုက်ပါတယ်.

ဆြာမဂျီး Wow ၏အစွမ်းထက်မြက်သော ဂါထာမန္တယားများ (ဟီ ဟီ့ ယုံလွယ်သူများ လုပ်ကြည့်ကြပေါ့ 😀 )

လိုတရအစီအရင်ဂါထာ

တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတစ်စုံတစ်ရာဟာ လက်လှမ်းမမှီနိုင် မဖြစ်နိုင်ဘူးလို့ ခံစားနေရတဲ့အခါမှာ ဒီအစီအရင်လေးက အသုံးဝင်ပါလိမ့်မယ်.
ပြင်ဆင်ထားဖို့လိုမယ့် ပစ္စည်းလေးများကတော့…
-အပြာ (သို့) အဖြူရောင် ဖရောင်းတိုင်
-စာရွက်တစ်ရွက်
-ဘောပင်တစ်ချောင်း
-မိမိဆန္ဒဖြစ်လာရမယ်ဆိုတဲ့ယုံကြည်မျှော်လင့်ချက်တစ်ခုရယ်ပါ။

ဒါတွေပြင်ဆင်ပြီးရင်တော့ မိမိဖြစ်ချင်တဲ့ဆန္ဒကို စာရွက်ပေါ်မှာရေးပါ။ အောက်မှာ မိမိအမည်၊ မွေးသက္ကရာဇ်ကိုရေးပြီး အောက်ပါစာသားများကိုပါရေးပါ။

“မယုံကြည်မှုများ အဝေးသို့ လွင့်စင်သွားပြီးဖြစ်လို့ ကျွန်ုပ်၏လိုအင် ဖြစ်လာရမည်ကို အမြဲယုံကြည်ပါမည်ဟု ကတိပြုပါသည်။ ထို့ကြောင့် အကျွန်ုပ် ဆန္ဒပြင်းပြစွာတောင်းတအပ်သော လိုအင်ကို ပေးသနားပါ”

ထို့နောက်စာရွက်ကို ၃ခေါက်ခေါက်ပါ။ ဖရောင်းတိုင်မီးညှိပြီး အထက်ပါ Spell ကိုထပ်ခါ ထပ်ခါရွတ်ရင်း ၃ခေါက်ခေါက်ထားသောစာရွက်ကို မီးရှို့ပါ။ ဖရောင်းတိုင်ကုန်သွားတဲ့အထိ လောက်ကျွမ်းပါစေ။

မှတ်ချက်
မိမိဆန္ဒမှာ တစ်ပါးသူကိုမထိခိုက်သော white wish magic မဟုတ်လျှင်သော်လည်းကောင်း၊ ဝိဉာဉ်များမှ ထိုအရာမှာ မိမိအတွက် အမှန်တကယ်လိုအပ်သောအရာမဟုတ်ဟု ယူဆခဲ့လျှင်သော်လည်းကောင်း တစ်ခါတစ်ရံ မိမိဆန္ဒပြည့်ဝရန် အချိန်အတော်ကြာစောင့်ရလိမ့်မည်။

ငွေရဂါထာနှင့်အစီအရင်

ပြင်ဆင်ထားရမယ့်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်း…

ကမ္ဘာကြီးက မီး၊ရေ၊လေ၊မြေ ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတာမို့ အဲဒီ့ဓာတ်ကြီးလေးပါး ကိုယ်စားပြု ဖရောင်းတိုင်များလိုပါလိမ့်မယ်.

-အစိမ်းရောင်ဖရောင်းတိုင် ၁ တိုင် ( မြေ နှင့် ငွေ ကိုယ်စားပြု)
-အဖြူရောင်ဖရောင်းတိုင် ၁ တိုင် ( သန့်စင်မှု နှင့် ဝိဉာဉ် ကိုယ်စားပြု)
-အနီရောင်ဖရောင်းတိုင် ၁ တိုင် ( မီး ဓာတ် ကိုယ်စားပြု)
-အပြာရောင်ဖရောင်းတိုင် ၁ တိုင် ( ရေ ဓာတ် ကိုယ်စားပြု)
– အဝါ(သို့)ရွေရောင်ဖရောင်းတိုင် ၁ တိုင် ( လေ ဓာတ် ကိုယ်စားပြု)
-မိမိဆံပင်ဖြတ်စအနဲငယ်
-ပိတ်စနှင့်ချုပ်ထားသော အဝတ်အိပ်ငယ်တစ်ခု
-အခင်းတစ်ခု
-မိမိအစီအရင်အပေါ်ယုံကြည်သောစိတ်
-magic spell ကို အလွတ်ကျက်ထားရန်

အထက်ပါအချက်များပြည့်စုံလျှင် အခင်းကို သင့်တော်သောနေရာတစ်ခုတွင်ခင်းပြီး အဖြူရောင်ဖရောင်းတိုင်ကိုထိပ်ဆုံး နှင့် အခြား အရောင်ဖရောင်းတိုင်များကို ဆက်လက်ပြီး စက်ဝိုင်းပုံစံနေရာချပါ။ ထိုစက်ဝိုင်းအလယ်တွင် အဝတ်အိပ်ငယ်ကို အောက်ကခံပြီး မိမိဆံပင်စကလေးများကို အပေါ်တင်၍ နေရာချပါ။ ဖရောင်းတိုင်များကို မီးညှိပါ။ ပြီးလျှင် မိမိဆံစလေးများကို ကောက်ကိုင်ပြီး အစိမ်းရောင်ဖရောင်းတိုင်ကို စူးစိုက်စွာအာရုံပြုပြီး အောက်ပါ Spell ကို ရွတ်ဆိုပါ။

“မျှတသောတောင်းဆိုချက်ကြောင့် ဤဆံချည်မျှင်ဖြင့် ကျွန်ုပ်သည် ချမ်းသာလာအံ့။ သိကြားသော ဝိဉာဉ်များအား အလေးအနက်ပြောလိုခြင်းမှာ ကျွန်ုပ် ငွေလိုနေပါသည်။ အို အသင်တို့ ကျွန်ုပ် ယနေ့ပင် ငွေရလိုပါသည်။”

အစိမ်းရောင်ပြီးလျှင် အဖြူ၊အပြာ၊အနီ၊အဝါ(သို့)ရွေရောင် ဖရောင်းတိုင်များကို အစဉ်အတိုင်း စူးစိုက်အာရုံပြု ရွတ်ဆိုပါ။
အားလုံးပြီးသွားလျှင် ထိုဆံစလေးများကို အဝတ်အိမ်ငယ်အတွင်းသို့ထဲ့ပြီး အောက်ပါအတိုင်း ရွတ်ဆိုပါ။

“ငါချမ်းသာလာတော့မည်။ ငါကျမ်းမာလာတော့မည်။ ဤဆံချည်မျှင်ဖြင့် ငါငွေတွေရလာတော့မည်။ ဤကား ငါ၏ မျှတသောတောင်းဆိုချက်ဖြစ်သည်။”
ထိုဆံချည်မျှင်အဝတ်အိပ်ကို သင်သွားလေရာယူဆောင်သွားပါ။

တစ်နေ့တာ(၂၄နာရီ)ကံကောင်းစေသောဂါထာ

သင့်မျက်လုံးကိုမှိတ်လိုက်ပါ။ စိတ်အာရုံတွေကိုစုစည်းပြီး တည်ငြိမ်လာသည်အထိစောင့်ပါ။ ပြီးလျှင်အောက်ပါအတိုင်း ထပ်ခါထပ်ခါရွတ်ဆိုပါ…
“အို သန့်ရှင်းသောဝိဉာဉ်များ၊ မြေကမ္ဘာကြီး၊ လေဓာတ်၊ ရေဓာတ် နှင့် မီးဓာတ် စွမ်းအားများ ကျွန်ုပ်ထံသို့လာလော့… ကျွန်ုပ်လိုအင်များအား ဖြည့်ဆည်းလော့… ကံကောင်းချင်းများအား ကျွန်ုပ်ထံသယ်ဆောင် လာကြလော့… ကျွန်ုပ်လိုအင်များအား အခက်အခဲမရှိပြည့်စုံစွာ ဖြည့်ဆည်းလော့… ဤတန်ခိုးစွမ်းအားသည် ကျွန်ုပ်၏တစ်ကိုယ်လုံးအား တစ်နေ့တာလွမ်းခြုံစေ၍ သန်းခေါင်လွန်မြောက်မှ အဝေးသို့ထွက်ခွာစေသတည်း… ကျွန်ုပ်၏ ကံကောင်းခြင်းများ ယခုမှစတင် သက်ဝင်စေသတည်း…”

ပြီးရင်တော့ တစ်နေ့တာ ၂၄နာရီ ကံကောင်းပြီလုပ်ချင်တာလုပ်တော့။

ဟီး ဟီး မြှောက်တော့ပေးလိုက်ပီ။ အကြောင်းဆိုးရင်တော့ အပြစ်တင်ရဝူးနော်…. 😀

အချစ်ဂါထာ

ဒီ Spell ဟာ လပြည့်နေ့များမှာပိုမိုထိရောက်တတ်ပါတယ်။ သင်နှင့်သင့်ချစ်သူတို့၏ပုံများကို မျက်နှာချင်းဆိုင်ထပ်၍ စက္ကူကလစ်ဖြင့် တွဲညှပ်ပါ။
အနီရောင်ဖရောင်းတိုင် တစ်တိုင်ကိုထွန်းညှိပြီး သင်နှင့်သင့်ချစ်သူပုံတွဲချုပ်ထားသော ပုံလေးကို ဖန်တုံးတစ်တုံးဖြင့် ဖိပြီးချထားပါ။ ပြီးလျှင်အောက်ပါ Spell ကို ကိုးခေါက်တိတိ ရွတ်ဆိုပါ။

“ကျွန်ုပ်ထက်မြင့်မားသော တန်ခိုးစွမ်းအားများအား ပန်ကြားပါ၏
ကျွန်ုပ်၏ရင်တွင်းလွမ်းမိုးချုပ်ကိုင်ထားသော အိမ်မက်များအားနိုးထပါရန်
အဆိုပါဆက်သွယ်မှုသည် ကျွန်ုပ်လိုအင်ကိုသိပါသော်လည်း
ပြုစားသောအချစ်ကို အမြန်ဆုံးကျွန်ုပ်ထံရောက်ရှိရန် တောင်းဆိုပါ၏
ကျွန်ုပ်ယနေ့လိုအပ်နေသော အချစ်အတွက် အကောင်းမွန်ဆုံးနည်းအားဖြင့် ဆွဲဆောင်ခြင်းဖြစ်ပါစေသတည်း…
ကျွန်ုပ်အတွက် ပြည့်စုံသော အချစ်နှင့်ယုံကြည်မှုကို ပို့ဆောင်ပေးရန် တောင်းဆိုပါ၏
ကျွန်ုပ်၏မှန်ကန်သောတောင်းဆိုမှုကြောင့် နစ်နာခြင်းတစ်စုံတစ်ယောက်မှာမှ မရှိဘဲ အားလုံးကူညီထောက်မ ကြစေသတည်း”

အထက်ပါ Spell ကို ပြုလုပ်ပြီး မကြာခင် မိမိချစ်သူမှ မိမိကို စာရေးသားခြင်း၊ ဖုန်းခေါ်ခြင်း အားဖြင့် ပြန်လည် ဆက်သွယ်လာလိမ့်မည်ဖြစ်ကြောင်း ဂါထာရှင်မှ ပြောဆိုထားပါသည်။ (နာတော့ပြောဝူးနော် 😀 )

စိတ်ဝင်စားသူများစမ်းကြည့်ပြီး ဖြစ်ရင်လဲပြောပေါ့နော်…

14 comments

  • water-melon

    February 16, 2012 at 2:29 pm

    ဆာမကြီးက ဆာရီကြီးနဲ့
    စမ်းတော့စမ်းချင်ဘူးဗျ
    သူများတွေကိုဘဲ မျှဝေပေးလိုက်မယ်
    တေးဇူး တုလားမကြီး wow

    • Wow

      February 17, 2012 at 10:28 am

      ဟဲ့ ရီပလိုင်းလုပ်ဖို့ဟာကို ယောင်ပီး Best Comment ကို နှိပ်မိသွားပီ…
      သွားဘီ ဒီတစ်ပို့တော့ ဖရဲသီးအကောင်းဆုံးဖစ်သွားဘီ…

      အပေါ်ကအချစ်ဂါထာမှာ ရေးဖို့မေ့ကျန်ခဲ့တာ အဲဒီ့ Spell လုပ်ပြီးရင် ကိုယ့်ချစ်သူနဲ့ကိုယ့်ပုံ Paper Clip နဲ့ မျက်နှာချင်းဆိုင်တွဲထားတဲ့ပုံလေးကို ကိုယ့်ရဲ့ ဗီရိုရဲ့ အဝတ်အတွင်းခံတွေထဲ့တဲ့ အံဆွဲအောက်ဆုံးမှာထားပါတဲ့ ဟီး ဟီး 😀

      အာရေကန်ကလေး ကန်ကလေးနော် လက်တွေ့မှန်မှ ကလားမကြီးကို ကျေးဇူးတင်မယ်…
      😀

      • water-melon

        February 19, 2012 at 8:35 am

        မရဘူးမရဘူး ပေးပြီးစလစ် နံပါတ်တစ်ဘဲ
        အစ်မလေး ကုလားကိုလည်း လာဘ်ကောင်းအောင်လုပ်ပေးအုန်း
        ကုလား ဗယာကြော်မရောင်းရတာ တော်တော်ကြာပြီ။

        • Wow

          February 19, 2012 at 2:07 pm

          တစ်နေ့တာ ၂၄ နာရီကံကောင်းစေတဲ့ဂါထာစမ်းကြည့်ပါလား…. တစ်နေကုန်ကံကောင်းဘီ လုပ်ချင်တာတွေ အရင်ကမလုပ်ရဲတာတွေ အားလုံးသာလုပ်ပလိုက်
          ဟီ ဟီ့ မြင်ရောင်မိပါသေးတယ်
          😛

  • etone

    February 16, 2012 at 3:47 pm

    ငွေလိုချင်လို့ …. ဆြာမဂျီးပြောတဲ့ ငွေရဂါထာနဲ့ .. အစီရင်လုပ်ဖို့ …. ပိုက်ဆံခနချေးပါလား … ။
    ငွေဝင်လာရင် ပြန်ဆပ်မယ်လေ .. ဟဲဟဲ 😆

    • Wow

      February 17, 2012 at 10:18 am

      အီတုံးရယ် အချင်းချင်းတွေလေဟယ် ဒါမျိုးနောက်ရဝူး သွား လူဂျိုး….
      နဂိုထဲကဝမ်းတွင်းရူးမို့ အတည်အပေါက်ရေးလို့မရလို့ပါ ဒါပေမဲ့ အဲဒီထဲက တစ်ခုနှစ်ခုစမ်းဘူးတာတော့ မဆိုးဘူးလားလို့….
      ဘယ်တစ်ခုလဲတော့ ပြောပြဝူး..

      • water-melon

        February 19, 2012 at 8:32 am

        မWow စမ်းတာအချစ်ဂါထာ
        ဟုတ်တယ်ဟုတ်။

        • Wow

          February 19, 2012 at 2:11 pm

          အချစ်ကိုသိပ်တန်ဖိုုးထားတာ ညီမလေးကအချစ်ကိုကိုးကွယ်တယ်လေ
          ဟီး ဟီး ငွေရဂါထာကို အရင်ဆုံးပြေးစမ်းတာ

  • mg mg

    February 19, 2012 at 8:23 am

    ဗုဒ်ဓ ရဲ့ အဘိဓမ်မာထဲမှာ ဆန်ဒိဒ်ဓိပါဒ် နဲ့ စိတ်တိဒ်ဓိပါဒ်ဆိုတာရှိပါတယ်။ (ချင်)ဆိုတဲ့ ဆနဒ(ဖြစ်ချင်တယ်၊ ရချင်တယ်၊ လိုချင်တယ်-စသည်)အဲဒီဆနဒ ဟာ သိပ်ပြီးအားကြီးလာရင် အိဒ်ဓိပါဒ်(တန်ခိုး)ဖြစ်သွားတတ်ပါတယ်။ ထိုအတူပါပဲ မိမိစိတ်ဟာလဲ အကြောင်းအရာတစ်ခုခုကို စွဲစွဲမြဲမြဲဖြစ်လာရင် အဲဒီစိတ်ဟာလည်း အိဒ်ဓိပါဒ်(တန်ခိုး)ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် ယုံကြည်မှုနဲ့ စွဲမြဲမှုရှိရင်ဖြစ်နိုင်မယ်လို့ထင်ပါတယ်။ (သို့သော် ကောင်းတဲ့ တနည်း အပြစ်ကင်းတဲ့ အကြောင်းအရာတော့ ဖြစ်သင့်မယ်ထင်ပါတယ်)
    ကြားဘူးနားဝပြောပြခြင်းပါ။ တစ်ခါမှလည်းမရေးဖူးပါ။ အမှားပါရင်ခွင့်လွှတ်နိုင်ကြပါစေ။ကျေးဇူး

    • Wow

      February 19, 2012 at 2:22 pm

      အင်း ပါဌိတွေကို အတော်ဖတ်လိုက်ရတယ် 😀
      အားပေးတဲ့အတွက် ကျေးဇူးပါ

  • kotun winlatt

    February 19, 2012 at 8:45 am

    အင်းးးးးးးးးးးးးးးးးးးးး
    စမ်းးးးးးးးးးးးးးးကြည့်ဦးးးးးးးးးးးးးးးးးးးးးးမှဘဲ……
    ဗျို့ ….ကိုနေဝန်းးးးးနီရေ…( အဖော်ညှိတာ)
    ခီများးးးအတွက် အောက်ဆုံးးးးးဂါထာက သင့်တော်လိမ့်မယ်
    ထင်သဗျားးးးးးးးးးးးးးးးးးးးး

    • Wow

      February 19, 2012 at 2:17 pm

      ပြီးရင် ဒါ့ပုံနှစ်ပုံကို ဟိုဟာတွေ ထဲ့တဲ့အံဆွဲ အောက်ဆုံးမှာထဲ့ရမှာနော်…
      😛

      • K@oru

        February 19, 2012 at 6:21 pm

        အိခ်. …. ဂယ်လားဟင်င်င်င်င်
        အနံ့အသက်တော့ ဟီဟိ….

        ;D

  • Wow

    February 20, 2012 at 11:12 am

    လျော်ပီးသားအန်ဒါဝဲ ပရုပ်လုံးမွေးမွေးလေးတွေထဲ့ထား တဲ့ကြား အထဲ့ခံရ …. အဲလေ ထဲ့ရမှာ 😛

Leave a Reply