မှတ်သားဖွယ်ရာစကားလေးများ

moesatrainJune 4, 20101min390

ကိုယ့်ကိုကိုယ် ဒီကမာ္ဘပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့ ။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကား
လိုက်တာပါပဲ ။

ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး ။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့
ပြဿနာကို မပေးပါဘူး ။

သင်စိတ်ညစ်နေတဲ့အခါမှာ ဘဝက သင့်ကိုရယ်တယ် ။
သင်ပျော်ရွှင်နေတဲ့အခါမှာ ဘဝက သင့်ကို ပြုံးပြီးကြည့်တယ် ။ သင်သူများတွေကို
ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘဝက သင့်ကို အလေးပြုတယ် ။

အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့
ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ် ။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း
အောင်မြင်တဲ့ ဇာတ်သိမ်းတစ်ခု ရှိပါတယ် ။

လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ ။
ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ ။

ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို
ပြင်လို့မရပါဘူး ။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခု ချက်ချင်း စတင်
လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ် ။

ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင်
ဘာမှစိတ်ပူစရာ မလိုပါဘူး ။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း
စိတ်ပူနေလို့ ဘာများ ထူးမှာ မို့လို့လဲ ။

အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင်
သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့ ။ မျက်ရည်တွေက သင့်ရှေ့က
ပို ကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ် ။

မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ
ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး ။
ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်

သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့ ။
ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ ။

အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့
နာကျင်ပင်ပန်းစေပါတယ် ။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ
စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့်
“အတွေ့အကြုံ” ဆိုတာ ဖြစ်လာပါတယ် ။

ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ ။

အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ
ဖြစ်လာပါတယ် ။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေ ဟာ
ဝိုင်ယာကြိုးတွေ ဖြစ်လာပါတယ် ။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း
ရုပ်ထုတွေ ဖြစ်လာပါတယ် ။ ဒါကြောင့် သင့်ဘဝမှာ နာကျင်မှုခံစားရမှုတွေ များလာလေ
သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ ။
12-Inn Chi Ta Htal A Kyaung