“ဂရုဏာရှင် လမ်းပြကြယ်စင်”

 တို့ဆရာကား တပည့်များကို မကောင်းမြစ်တာ ကောင်းရာညွှန်လတ် လုပ်ခဲ့တယ်။

တို့ဆရာကား တပည့်များကို ပဲ့ပြင်ဆုံးမ ကိလေသာမှ ဘေးရန်ဆီးကာ လုပ်ခဲ့တယ်။

တို့ဆရာကား တပည့်များကို သနားသည်းခံ ဝေဖန်ထောက်ရှု ပြုခဲ့တယ်။

ဒီဟာကို “စစ်”၊ ဒီဟာကို “ပစ်”၊ ဒီဟာ “တရား”၊ ဒီဟာ “အမှား” ပြတ်ပြတ်သားသား သိစေခဲ့တယ်။

“ဘယ်လိုပါလိမ့်” “ဟိုလိုလား” “သည်လိုလား” ဝေဝါးမရှိ။

ကိုယ်လုပ်တာ ကိုယ်သိ၊ ကိုယ် မလုပ်တာ ကိုယ်သိ။

“ပစ်စရာ” နဲ့ “အနှစ်ရတနာ” ပိုင်းခြားသိမြင်၊

လူ “စင်စင်”လေး၊ မေ မွေးရကျိုး နပ်ခဲ့ပြီ…..

အမှန်ချစ်သူဟာ အမှန်သိလျှင်

အမှန်အတိုင်းမြင်၊ အမှန်အတိုင်းတွေး

အမှန်အတိုင်းပြော၊ အမှန်အတိုင်းပြု

အမှန်အတိုင်းနေ၊ အမှန်အတိုင်းကြိုးစား

အမှန်အတိုင်း နိုးကြား၊ အမှန်အတိုင်း စိတ်ထား။

အမှန်တရားနဲ့ တစ်သားတည်းလေ….

အမှန်တရား ရောင်ခြည်က

အမှောင်ကို ထွင်းဖောက်၊ အလင်းရောက်ခဲ့ပြီ….

အလင်းထဲက လူဟာ ကိုယ့်လမ်းကိုယ်လျှောက် လမ်းမပျောက်ဘူး။

တို့တစ်တွေဟာ “ကျွမ်းကျင်တဲ့ သမားတော်ရဲ့”လက်ထဲမှာ

“သံသရာ” လူသတ်သမားလက်က လွတ်ခဲ့ပြီ….

“ရိုးသားတဲ့ ဆရာ”ရဲ့ သင်ပြမှုကြောင့်

“မျက်လှည့်ဆရာ ကိလေသာ”ရဲ့ လှည့်ကွက်ကိုလည်း မှန်းတတ်ခဲ့ပြီ…..

ဘယ်ဟာက “ကံ”၊ ဘယ်ဟာ “ကြိယာ”

အထိနာမှာလည်း တွက်တတ်ခဲ့ပြီ….

တို့ ဘုရားဟာ တို့ရဲ့ “နန်း”

တို့ တရားဟာ တို့ရဲ့ “လမ်း”

တို့ ဆရာဟာ တို့ရဲ့ “အား”

တုနှိုင်းမရ  တို့ “အဘ”

တို့ရဲ့ “မိဘ” – “အမတ”

တို့ ရင်ထဲမှာ “ထာဝရ”

ဘယ်တော့ (ဘယ်တော့)မှ မသေစေရ။

 

(10-2-2012) (၂၉)ကြိမ်မြောက် ဓမ္မဝိဟာရီပူဇော်ပွဲ တွင် ဖတ်ကြားခဲ့ပါသည်။

About nyanakyaw

has written 5 post in this Website..