စိတ်မဝင်စားလဲ နေပေါ့

ဂ်စ္စူFebruary 16, 20121min38153

ကဲ..ကဲ.
စိန်မျောက်မျောက် သမဒ ဖြစ်ရင်-

ခလေးစီးယာဉ် တစ်လိုင်း (ကားပေါ်မှာခလေးထိန်းပါ ရှိမယ်)

လူကြီးစီး ယာဉ်လိုင်း (ကားပေါ်မှာ အီးပါသေးပေါက် ပြုစုပေးမဲ့ နာ့စ် ရှိမယ်)

အမျိုးသမီးစီးယာဉ်လိုင်း (မိန်းခလေးအချင်းချင်း လွတ်လွတ်လပ်လပ်စီးရမယ်.ပြောချင်တာပြော လုပ်ချင်တာလုပ်နိုင်မယ်)

အမျိုးသားစီးယာဉ်လိုင်း (အပေါ်ကလိုပဲ လုပ်ချင်ရာ လုပ်နိုင်မယ်)

အတွဲစီးယာဉ်လိုင်း (မွေ ့ယာ ဘညာ စမာကလာ ရေဘူး ခေါင်းအုံး အကုန်ပါမယ်)

သံဃာတော်များအတွက် တစ်လိုင်း ( ကားစီးရင် မိန်းခလေးတွေကို ရှောင်စရာမလိုတော့ဘူးလေ)

မယ်သီလရှင်များ တစ်လိုင်း (လိုင်းကားစီးရင်း ဝါသနာပါလို ့ အလှူခံရင် ရပ်စောင့်ပေးမယ်)

မိန်းမလျှာယာဉ်လိုင်း (ဘညာခရမ်းသီး အကုန်ပါမယ်)

ယောက်ျားလျှာ ယာဉ်လိုင်း (တောင်းဆိုတာ အကုန်စီစဉ်ပေးမယ် )

လိင်တူချစ်သူ ယာဉ်လိုင်း ( အိုဘားမားရဲ့ လိင်တူချစ်သူများအပေါ် အသိအမှတ်ပြုကြောင်းမှတ်တမ်းလွှာနှင့်တကွ
ယာဉ်ပေါ်မှာ အချုပ်ဆရာဝန်ပါ စီစဉ်ပေးထားမယ်)

လုပ်စရာအလုပ်မရှိလို့ ဘတ်စကားလျှောက်စီးနေသူများအတွက် တစ်လိုင်း {Credit this plan to Ko Pauk (MDY) }

ပိုက်ဆံမပေးဘဲဘတ်စကားစီချင်သူများအတွက် တစ်လိုင်း {Credit this plan to Ko Pauk (MDY) }

ယိမ်းအဖွဲ့တွေစီးရန် ယာဉ်လိုင်း (ဘီအီးသောက်ထားသဖြင့် ယိမ်းထိုးနေခြင်း)
(ကားပေါ်တွင် ဘီယာ၊ ဘီအီး၊ ဝီစကီ …စသည့် မူးစေမည့်အရာမှန်သမျှ အကုန်ပါမည်) {Credit this plan to မီးလေး }

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် တစ်လိုင်း (ယာဉ်ပေါ်မှာ အိုဂျီဆိုလားဘာလား၊စီးနေရင်း မတော်ထွက်ကျရင်မွေးပေးဖို ့ ဆရာဝန် အဆင်သင့်ပါမယ်  )

ထောက်လှမ်းရေးစီး သီးသန် ့ယာဉ်လိုင်း ( အချင်းချင်း အပြန်အလှန်ထောက်ကြရာမှ နားလည်မှုရ၍ ကိုယ်ချင်းစာတတ်စေရန် )

စသဖြင့် စိတ်ကူးပေါက်ရာ ယာဉ်လိုင်းများ တိုးချဲ ့ပြေးဆွဲမည်ဖြစ်ပြီး

လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြား အိမ်တိုင်ယာရောက် အလုပ်တိုင်ယာရောက် ပို ့ဆောင်ပေးမယ်။

၂၄ နာရီ နန်းစတော့ ထမင်းမစားကွမ်းမစား ပြေးဆွဲမယ်။

ပုံမှန်စီးနေကျလူကို ဒစ်စကောင့်ပေးမယ်။

လိုတာထက်ပိုစီးမဲ့လူကို အမေရီကန်ခရီးစဉ် တစ်လ ဖရီး ပေးလွှတ်မယ်။

ပိုးဆိုးပက်စက်စီးမဲ့လူကို ယာဉ်ပါ အလကား ပေးပစ်မယ်။

လိပ်စပိထက်သာတဲ့ အင်တာနက်ကွန်နက်ရှင် ထည့်ထားပေးမယ်။

ဖုန်းဆက်လှမ်းခေါ်ရင် အိမ်အထိ၊အခန်းထဲထိ လာကြိုပေးမယ်။

တောင်းဆိုမှုများရှိလာပါက ကေတီဗွီ၊မာဆတ်၊စင်တင်တေးဂီတများ ထည့်သွင်းပြီး အိမ်က မိန်းမ မမြင်အောင်ပါ
စတစ်ကာကပ်ပြီး ဝန်ဆောင်မှုပေးမယ်။

စိတ်ပါဝင်စားသူများ လာမဲ့ မိုးပြာသက္ကရာဇ် 99999 ခုနှစ်၊ ဂေါက်သီးလပြည့်နေ ့ ဆယ်ခုနစ်ရှစ်ရက်မှာ ကျင်းပမဲ့
ရွေးဂေါက်ပွဲမှာ စိန်မျောက်မျောက်ကို မဲထည့်ကြပါ။
ရှယ်ယာ ဝင်ချင်သူများ၊အကျိုးတူပူးပေါင်းလုပ်ကိုင်လိုသူများ လောလောဆယ် သများ ဒီညဘီယာသောက်ဖို ့ အတွက်
စရံသပ်တဲ့ အနေနဲ ့ ငါးထောင်လောက် ကြိုပေးထားကြပါ။အမြည်းကောင်းကောင်းပါစားစေချင်ရင် တစ်သောင်းလောက် ထုတ်ပေးပါ။ကုန်ကျစရိတ် ဘောက်ချာကို စကန်ဖတ်၍ ပြန်လည်ပို ့ပေးလိုက်ပါမည်။

 

စိတ်ဝင်စားမဲ့လူတွေတော့ လုံးဝဥသုံ ဒေါ်ဘုတ်ဆုံကို အကျိုးအမြတ်များမှာ မလွဲဧကန်ပင် ဖြစ်တော့သည်တစ်မုံ ့။

 

 

53 comments

  • စိန်ပေါက်ပေါက်

    February 16, 2012 at 4:44 pm

    ဒေါ်မနော်ဖြူရဲ့ အင်တာဗျူး အစပိုင်းလေးဖတ်မိပြီး ကွန်းမန် ့ပေးတာ နဲနဲရှည်သွားတာနဲ ့ပဲ
    မထူးပါဘူးဆိုပြီး သူ ့ကို ၃ ပွိုင့်မပေးပဲ ကိုယ့်ဘာသာ ပွိုင့် ၃ဝ ယူပလိုက်တယ်ဂျာ။
    အဲဒိ အပျိုဂျီး မကျေနပ်လဲ တတ်နိုင်ဘူး..သူကတစ်ပုံးတောင် ခိုင်ထားပြီးဘီ
    များက ခုမှ ပွိုင့်တစ်စိတ်လောက်ပဲရသေးလို ့ ကြိုးစားရဦးမယ် အရပ်ကတို ့ရေ့
    😆

    ဪ..
    ကြုံတုန်း တစ်ခါတည်းပြောရဦးမယ်ဗျာ
    ကျနော် လိုက်ပြောင်နေတာ ပွိုင့်လိုချင်လို ့မဟုတ်ပါဘူးနော့
    ချမ်းသာနေလို ့တော့ မဟုတ်ပါဘူး…ခင်ဗျားတို ့ထက်ဆင်းရဲတဲ့ ငမွဲတစ်ကောင်ပါ
    တစ်သိန်းပြည့်အောင် ရေးနိုင်ခဲ့ရင်တောင် လက်မခံပဲ သဂျီးဆီသာ ထားခဲ့မှာ ဖြစ်ပါကြောင်း
    အချင်းချင်းတွေက ပြဿနာမရှိပေမဲ့ တစ်ချို ့ မရင်းနှီးသေးတဲ့ လူတစ်ချို ့ အမြင်လွဲပြီး ပြစ်မှားမိမှာဆိုးလို ့ ကြိုပြောထားတာပါ။
    သူတော်ကောင်းဆိုတာ ဘယ်သူ ့ကိုမှ ငရဲမပေးပါဘူးဗျာ။ခွင့်လွှတ်ကြပါ။

    ဘီအီး ၂ခွက်လောက် သွားကစ်လိုက်ပါဦးမယ်။
    ဘိုင့်လဘိုင်………………..ချဲဒီးယို…………..

  • Moe Z

    February 16, 2012 at 4:48 pm

    အားပေးသွားပါတယ် ဒေါ်စိန်ပေါက်
    လာထား ၆ ကျပ် 😀

    • စိန်ပေါက်ပေါက်

      February 16, 2012 at 5:08 pm

      တစ်ဝက်ပြန်ပေးဟဲ့
      အဲတာ အောက်ဆိုဒ်

  • လင်းဝေ

    February 16, 2012 at 4:49 pm

    BE နှစ်ခွက်သွားကစ်ဖို့ ဘယ်လိုကားကိုစီးသွားမှာလဲ စိန်ပေါက်ပေါက်ရေ။
    လက်ထဲက ပုလင်းက အလွတ်ကြီးလား။

    • စိန်ပေါက်ပေါက်

      February 16, 2012 at 4:57 pm

      မဟုတ်ဘူးဗျ
      ဒစ္စကို အကလွန်၊ရမ်းတာလွန်ပြီး ဖိတ်ကုန်တာ

  • etone

    February 16, 2012 at 4:50 pm

    သူ့ယာဉ်စီးပြီး ….. Gay တွေ Lesbianတွေ ပေါလာမှတော့ မြင်ယောင်သေးတယ် ဒေါ်စိန်ပေါက်ရေ … ။ 😆

  • K@oru

    February 16, 2012 at 4:56 pm

    အော်….ရယ်…
    မိစိန်ပေါက်…
    အာဟာ့ အာဟာ့…

  • aye.kk

    February 16, 2012 at 4:58 pm

    အတော်နောက်တဲ့သူ..
    စီးရမယ့်လိုင်းတွေကြည့်ပြီး..
    ဘီအီးဒီစီမသောက်ပါဘဲ..
    တကယ်မူးသွားပြီ…
    ကွန်မင့်လေးပေးထားတာပေါင်းပြီးပေးလိုက်ပြီ…ကျေးဇူး။

  • amatmin

    February 16, 2012 at 5:00 pm

    ကပေါက်ဖော် နဲ့တော့ ရှယ်ယာမဝင်တော့ဘူး..ဘီအီးဖိုးထဲပါသွားမှာကြောက်တယ်..
    နင့်သီးသန့်လိုင်းတွေနဲ့အပြိုင်. စုံတွဲချည်းပဲသီးသန့်စီးဖို့အတွက် အောက်ဆိုဒ်ကားထောင်ပစ်လိုက်မယ်.. 😛 😛

  • nozomi

    February 16, 2012 at 5:01 pm

    ပြောတော့ ပွိုင့် ၁ သိန်းပြည့်မှ တောင်မလေးက အဖြေပေးမယ်ဆိုလို့
    ကွန်မန့်တွေ ခဏခဏ ပေးနေရတာပါဆို

    • စိန်ပေါက်ပေါက်

      February 16, 2012 at 5:06 pm

      ဟုတ်ပါဝူးဂျာ
      ရေးမှမရေးတတ်တာ သူများရေးတာပဲ လိုက်အားပေးနေရတာပေါ့
      မှိုလိုလို နိုလိုလိုနဲ ့ သိပ်မလုပ်နဲ ့ကျောပြင်ဗျောဆင်ခံရမှ ဆေးလူးနေရဦးမယ်
      😀

  • နွယ်ပင်

    February 16, 2012 at 5:06 pm

    ဒါမှ ညီမလေးစိန်ပေါက် …
    တော်တော်ကို အကွက်စေ့အောင် စီစဉ်ပေးထားတာပဲ ..
    ပြည်သူတွေအတွက်ကြည့်တယ်ဆိုတာ ဒါမျိုးနေမှာ … ဟီးးးးးးး ……… 😛 🙂

  • Khin Latt

    February 16, 2012 at 5:06 pm

    ဝေး ဒါမှ တို့ စိန်ပေါက် တွ
    ပုဇွန်ကြော်။ 😉 ခွိ ခွိ ခွိ ခွိ ခွိ ခွိ ခွိ ခွိ (ရီ၍မဆုံး)
    ခင်တဲ့ – ဦးရီး

  • မီးလေး

    February 16, 2012 at 5:17 pm

    ဒေါ်စိန်ပေါက်တို့လို ယိမ်းအဖွဲ့တွေစီးရန် ယာဉ်လိုင်း (ဘီအီးသောက်ထားသဖြင့် ယိမ်းထိုးနေခြင်း)
    (ကားပေါ်တွင် ဘီယာ၊ ဘီအီး၊ ဝီစကီ …စသည့် မူးစေမည့်အရာမှန်သမျှ အကုန်ပါမည်)
    အရေးကြီးတဲ့ ယာဉ်လိုင်းမပါလိုက်မှာဆိုးလို့ သတိပေးသွားပါသည် ….. 😀 😀 😀
    ပြောချင်တာပြောပြီး ….. ပြေးပြီဗျို့ …….

  • စိန်ပေါက်ပေါက်

    February 16, 2012 at 5:43 pm

    ထူးရှယ် Reply 😀

    ကိုမိုးဇက်ချင့် နောင်လဲ အားပေးပါဦး

    ကိုဝေကြီးချင့် ဘီအီး က ခုံအောက်မှာ ဖွက်ထားတာဖြစ်လို ့ သွားဝယ်စရာမလိုသေးပါ
    ခွက်ပုန်းဆိုတော့ ပုန်းနေတာဖြစ်လို ့ မမြင်ရတာဖြစ်ပါကြောင်း

    ကိုအီတုံးချင့် သူရို ့ဘာသာ လွတ်လွတ်လပ်လပ် ဂေါက်ရိုက်ကြပါစေချင့်

    ကိုဂျပန်ကြီးချင့် အဟာ့အဟာ့ ပါနော့

    အန်တီအေးရေ အတည်မရေးတတ်တာ မွေးရာပါ အားနည်းချက်ပါဗျာ

    ဒေါ်အမတ်ချင့် အဲလိုတော့ လုပ်ပါနဲ ့ချင့် ၊များက ယုံကြည်မှုကို အလွဲသုံးစား မလုပ်တတ်ပါဘူးချင့်
    အလွဲသုံးသောက်ပဲ လုပ်တာပါချင့် 😀

    ကိုမှိုု ရေ ကိုမှို ့ဆီက ကြပ်နည်း ချွန်နည်းလေးတွေ သင်ယူနေပါတယ်နော

    ကိုနွယ်ပင်ရေ ကြည့်တတ်ရင် မြင်ပါတယ်ဗျာ ကျနော်က မမြင်လဲ မြင်အောင် ချောင်း အဲလေ ကြည့်တတ်ပါတယ်

    ဦးရီးလတ်ရေ ဗရာဗို တော့ နာမည်ပျက်ရှာပြီနော့

    မီးလေးရေ အနုပညာ မျက်စိ..အဲလေ..အနုပညာ အမြင် ရှိလိုက်ပါပေ့
    ပြည်သူတွေအတွက် စဉ်းစားပေးရတာလွန်ပြီး ကိုယ့်အတွက် မေ့ခဲ့တယ်ဟေ့ ညည်းပြောမှ သတိရတာနဲ ့
    သွားကစ်လိုက်ဦးမယ် 😀

    ဗုဒ္ဓေါလေး သူများတွေ ကျေးဇူးတင် အကြောင်းပြန်တာလေး သဘောကျလို ့သူရို ့လို လိုက်ရေးပြီး
    ပြန်ဆွေးနွေးပေးတာ ဇက်ကြောတောင်တက်တယ်..မလွယ်ပါလားနော်..မာဆတ်လိက်ပို ့ကြပါဦးဟ

  • ထပ်ဖြည့်ချင်ပါတယ်။
    လုပ်စရာအလုပ်မရှိလို့ ဘတ်စကားလျှောက်စီးနေသူများအတွက် တစ်လိုင်း
    ပိုက်ဆံမပေးဘဲဘတ်စကားစီချင်သူများအတွက် တစ်လိုင်း
    ထပ်စီစဉ်ပါ စိန်ပေါက်ပေါက်ရေ.
    ဒါဆိုငါဘယ်လောက်ရသွားပြီလဲ မင်းကို မန်းပေလို့လေ ပေါက်ကျော်မ

    • စိန်ပေါက်ပေါက်

      February 16, 2012 at 6:30 pm

      စီစဉ်ပြီးပါပြီ ဘော့စ်

  • yoeyar may

    February 16, 2012 at 7:03 pm

    ရိုးရာတို့ကတော့အစတုန်းကထည့်ဦးမလို့ပါဘဲ
    ကောင်းလိုက်တဲ့အစီအစဉ်ပါပဲ စိန်ပေါက်ပေါက်
    ဟဲ ဘီအီးဖိုးထဲပါမှာကြောက်လို့စဉ်းစားလိုက်ဦးမယ်
    ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တစ်လိုင်းထပ်စီစဉ်ပေးလိုက်ပါဦး

    • စိန်ပေါက်ပေါက်

      February 16, 2012 at 7:20 pm

      တွမ်..!
      ရွာထဲ ကိုယ်ဝန်ဆောင်တွေလဲ ရှိတာပဲနော်..
      ဟုတ်ကဲ့.. ဟုတ်ကဲ့..

      ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် တစ်လိုင်း (ယာဉ်ပေါ်မှာ အိုဂျီဆိုလားဘာလား၊စီးနေရင်း မတော်ထွက်ကျရင်မွေးပေးဖို ့ ဆရာဝန် အဆင်သင့် )

  • koaung

    February 16, 2012 at 7:14 pm

    အစီအစဉ်ဘယ်လိုကောင်းလဲဒေါ့မသိဘူး ဖတ်ရင်းနဲ့ဂေါင်းတောင်မူ:သွားတယ်

    • စိန်ပေါက်ပေါက်

      February 16, 2012 at 7:33 pm

      များကို လာလွှဲချနေပြန်ပြီ ညက အရှိန်မပြေရင် မပြေသေးဘူးပြောပါ ဒေါ်အောင်

      ဟို
      အောက်ရပ်ကွက်က ကိုစေပိုင်ထွဋ် ရေ
      အမြဲဖတ်နေတဲ့လူတွေ သိပါတယ်ဗျာ
      ရင်းနီးလာတဲ့အခါ ပျော်လာမှာပါ.ဆက်ရေးနေပါ

  • စေပိုင်ထွဋ် (ပုသိမ်)

    February 16, 2012 at 7:15 pm

    သူတို့က ပွိုင့်များများနဲ့ ပိုက်ပိုက်ခိုင်ဖို့ အလားအလာ ရှိတဲ့သူချည်းပဲ
    အနော့်မှာသာ မန်ဘာသစ်မို့ ပွိုင့်လည်း အားနည်း
    လူမသိ သူမသိ
    ပုသိမ်သား ငတိ ဖြစ်နေတာ ဟိဟိ
    နာလည်း မန့်တယ်နော်
    ပွိုင်များများ တိုးပေးလော့ ခိခိ

  • ကျုပ်အထင်တော့ စိန်ပေါက်ပေါက်သာ ဒယ့် သမဒ ဖြစ်ရင် ယိမ်းအဖွဲ့ ယာဉ်လိုင်းကို စပါယ်ရှယ် ရွှိုင်းထားမယ် ထင်တယ် … 😀 😀
    သမဒ လောင်းလျာကြီးရေ … အဲဒီ ရွေးဂေါက်ပွဲကျရင် ကျုပ်လည်း မဲထည့်ပေးမယ်။ ဒါပေမယ့်လို့ စရံငွေကိုတော့ ပေးနိုင်သေးဘူး … ။ ဒီအတွက်ဒေါ့ ခွင့်လွတ်နော် …. ဟီဟိ ..
    😀 😀

  • windtalker

    February 16, 2012 at 8:06 pm

    ဆဲတစ်လီတစ်ဆဲ လေး လုပ်ချင်မိလာသလို

  • MaMa

    February 16, 2012 at 8:16 pm

    မာကက်တာ မောင်ဂီရဲ့ ဘော်ဘော်လို့ မပြောရဘူး။
    စားသုံးသူအတွက် ရွေးချယ်စရာတွေ ပေးထားလိုက်တာ။

    အခုလို ပြည်သူလူထုအတွက်-
    သေသေချာချာ
    ပြည့်ပြည့်စုံစုံ
    ကောင်းကောင်းမွန်မွန်
    စနစ်ကျကျ
    အဆင်ပြေပြေ
    စေတနာပြည့်ပြည်ဝဝနဲ့…….
    စီစဉ်ပေးထားတာမို့…….
    မဲပေးမယ်
    မဲပေးမယ်
    မဲပေးမယ်
    မဲပေးမယ် မယ် မယ် မယ် မယ် မယ် မယ် မယ်…. သမဒကြီးပေါက်ကို။

    ဒါ့ထက် ကိုယ်တိုင်ဆိုရင်ကော ဘယ်လိုင်းစီးမှာလဲ ဟင်……………. 😕

  • Thel Nu Aye

    February 16, 2012 at 9:08 pm

    စိတ်မဝင်စားပေါင်။ ဒေါ်စိန်ပေါက်ရယ်။ ရှင်သမဒ ဖြစ်ရင် တယောက်ကိုနောက်ဆုံးပေါ်ကိုယ်ပိုင်ကား တစ်စီးစီပေးမယ်ဆိုရင်တော့သများတို့အရမ်းအရမ်းစိတ်ဝင်စားပြီးရှေ့ဆုံးကတန်းစီမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက သောက်တော်ဗူးပါဆက်သမည်ဖြစ်ပါကြောင်း စာရင်းပေးအပ်ပါသည်ရှင့်။

  • alinsett

    February 16, 2012 at 9:10 pm

    ဒေါ်လေးစိန်ရေ…။ဖတ်လို ့ကောင်းလို ့ ဖတ်ရှု သွားပါတယ် ။

    ကျွန်တော် နဲ ့ဒေါ်လေး စိန်နဲ ့ ဘယ်လိုင်းမှာ စီးကြမလဲ…။

  • နေဝန်းနီ

    February 16, 2012 at 9:59 pm

    သမဒလုပ်မှာလား လိုင်းကားထောင်မှာလား ကွဲကွဲပြားပြားပြောပါ…။ ဟင်းးးးး နာလည်းလျှာရှည်မိပြန်ပြီ…။

  • surmi

    February 16, 2012 at 11:13 pm

    ဒရိုင်ဘာအဖြစ် လျောက်လွှာတင်ပါတယ်ဗျို.။
    ဈေးသယ်များစီးသောယဉ်လိုင်းမှာ ဂျလေဘီရောင်းရင်း မောင်းပေးပါ.မယ်———။

  • water-melon

    February 17, 2012 at 8:25 am

    ညည်း သမတ လုပ်ပါလား
    ညည်းလုပ်ရင် တိုးတက်လောက်တယ် အရက်ဆိုင်တွေ
    တောင်မ ညည်းကတောင် ပို့စ်တွေတင်နေပြီ
    နာလဲ ရေးအုန်းမယ်။

    • thuyazaw21451

      February 17, 2012 at 10:50 am

      ဖြဲ နင်လဲ အားကျမခံ ဆိုက္ကားထောင်ဟဲ့…… ပေါက်စိန်မတော့ လုပ်လိုက်ပြန်ပီ

  • kyeemite

    February 17, 2012 at 10:41 am

    မိစိန်ပေါက်..အော်..ငါကရှာလိုက်ရတာ..ကောင်မကဒီရောက်နေသဂိုး…ဟဲ့ကောင်မစုတ်..ညည်း..ဟို ဖြဲ..ဆိုတဲ့ကောင်မကို ငါ့အကြောင်းဘာတွေ ချွန်တွန်းသွားလုပ်ထားတာလဲ..ငါ့ဆီအကြွေးလာတောင်းနေလို့..

  • မောင်ဘလိူင်

    February 17, 2012 at 11:14 am

    ဘယ့်နှယ် ဒကာမကြီး ဒေါ်စိန်ပေါက်..
    ကျုပ်တို့ ဦးဇင်းတွေ နောက် ဖွားသီလရင်တွေ
    ဘယ်ကားစီးရပါ့..။လုပ်ပါဦး နောက်နှစ်လိုင်း
    လောက်…သာသနာ့ဝန်ထမ်းတွေ မဲမပေးနိုင်
    လို့ ချန်မထားနဲ့နော..အနာဂတ် သမဒမ လောင်းလျာ
    ကြီး ဒေါ်စိန်ပေါက်ရဲ့..

    • စိန်ပေါက်ပေါက်

      February 17, 2012 at 11:31 am

      ဟီးဟီး
      ဦးဘဇင်းသူကျွယ်သူဋ္ဌေးလောင်းကြီးအတွက်တစ်လိုင်း (အော်တို ဘာသာပြန်စက်ပါ ထည့်ထားပေးမယ်)

  • jujuma

    February 17, 2012 at 1:00 pm

    အဲ ကျန်တေးတယ်လေ….
    အပျိုကြီး လူပျိုကြီး စစ်စစ်တွေအတွက်တစ်လိုင်းထားပေးပါချင့်..
    (ကားပေါ်တွင် အောင်သွယ်တော်များထားပေးရပါမည်) …. ဟိဟိ

    • စိန်ပေါက်ပေါက်

      February 17, 2012 at 1:06 pm

      ဪ..
      အရေးထဲ ကြော်ငြာဝင်နေပြန်ပြီ
      ဒေါ်ရှူရှူးမတို ့လိုအပျိုဂျီး..လူပျိုဂျီးတွေအတွက် တစ်လိုင်း (မစွံရင် စွံလာအောင် ဓာတ်ရိုက်ဓာတ်ဆင်လုပ်နည်း အောင်သွယ်မလိုပဲ စွံနည်း စတဲ့ နည်းပညာတွေ လေ့လာနိုင်မယ်)

      • jujuma

        February 17, 2012 at 1:19 pm

        ကျေးကျူး..ကျေးကျူး…
        သ မ ဒ ဂျီးကို မဲးပေးလိုက်ပီနော်..
        အမှောင် တွင်းသို့ ရောက်စေသတည်းးးးးး

  • blackchaw

    February 17, 2012 at 1:27 pm

    ပေါက်ဖေါ် ရဲ့ ဆလပ်ကွက်တွေ ကတော့
    မိုက်တယ်ဗျာ။ မလိမ္မာဘူး။
    တစ်သိန်းပြည့်ရင် ယူဘူး ဆိုလို့ လေးစားသွားပါကြောင်းနဲ့
    ငါးသောင်းလောက်တော့ ယူပြီး ဘီဘီလေးဘာလေးတိုက် ဖို့
    အကြံပေးပါတယ်ခင်ဗျာ။

  • manawphyulay

    February 17, 2012 at 1:53 pm

    လိုင်းတွေများပြီး လိုင်းတွေပူးကုန်မယ်နော် သတိလည်းထားဦး စိန်ပေါက်ပေါက်ရေ…. စပယ်ယာမပါတဲ့ယာဉ်လိုင်းလည်း ထပ်ဖြည့်ပေးထားဦး.. ခေတ်မီအောင်လို့။ 😛

  • Shwe Tike Soe

    February 17, 2012 at 1:54 pm

    စီမံကိန်းကတော့အကြီးကြီးပါလားဗျာ…. မိုက်တယ်.. ဆက်လုပ် ချချ..
    ယိမ်းအဖွဲများ အတွက်ကားကို သဘောကျတယ်… ဒါနဲ.စကားမစပ် ကားပေါ်မှာ Tiger စည် စီစဉ်ပေးထားလာဟင်…
    ဒါဆို အဲကားပဲစီတော့မယ်.. ဟိဟိ

  • Uncle Lay

    February 17, 2012 at 1:59 pm

    မင်းအုပ်စိုးက လပေးစီးချင်လို့တဲ့…။

    • စိန်ပေါက်ပေါက်

      February 17, 2012 at 2:26 pm

      အလယ်
      ပစ္စတိုကြီးကို မြင်ခဲ့တယ်ထင်ပါ့
      😆

  • Khaing Khaing

    February 17, 2012 at 2:11 pm

    ဟိုး ရပ်ပါဦး..ဒီမှာကလေးတစ်ဖက် ဗိုက်တစ်လုံးနဲ့ဆွဲတင်ပေးပါဦး..

    • စိန်ပေါက်ပေါက်

      February 17, 2012 at 2:30 pm

      ဪ..
      အရေးထဲ ကြော်ငြာ ထပ်ဝင်ပဟ
      ကဲ..ကဲ.

      ခလေးအမေ.ဗိုက်တစ်လုံးဆွဲတွေအတွက် တစ်လိုင်း ( ကားပေါ်မှာ ဗိုက်မထိခိုက်အောင် ဗိုက်ကာပါမယ်…ခလေးမငိုအောင် မုန် ့ကျွေး.ချော့မဲ့ခလေးထိန်း ပါမယ်)

    • နေဝန်းနီ

      February 18, 2012 at 5:16 pm

      ဝယ်ပေးထားတဲ့ ကားက ဘယ်ရောက်သွားပြီလဲ ပဲကြီးလှော်နဲ့ လဲစားပစ်ပြီလား ?

  • aungnng87

    February 17, 2012 at 2:48 pm

    ပေါက်ဖော်ပြောတဲ့ မိုးပြာသက္ကရာဇ် ၉၉၉၉၉ ကြရင် လောကကြီးလည်း အဲဒီလိုမဖြစ်ဘူးလို့ မပြောနိုင်ဘူးနော်…အဲဒီအချိန်ကျရင် စိန်ပေါက်ပေါက်ကလည်းသေပြီးတော့ လူပြန်ဝင်စားပြီး သမတ လုပ်ချင်လုပ်နေဦးမှာ….ကိုယ်တွေလည်း အဲဒီအချိန်လူဖြစ်ခဲ့ရင် မဲပေးပါမယ်ကွယ်။

    • စိန်ပေါက်ပေါက်

      February 17, 2012 at 3:00 pm

      ဒါပေါ့အေ့
      😀

  • စိတ်ဝင်စားမဲ့လူတွေတော့ လုံးဝဥသုံ ဒေါ်ဘုတ်ဆုံကို အကျိုးအမြတ်များမှာ မလွဲဧကန်ပင် ဖြစ်တော့သည်တစ်မုံ ့။
     
    ဆိုတော့ သမ္မတမဖြစ်သေးဘူးနော် အာမခံချက်တွေလန်ထွက်နေတယ်ဗျာ။စိတ်ဝင်စားပါတယ်ဗျ။

    • စိန်ပေါက်ပေါက်

      February 17, 2012 at 5:52 pm

      ရှယ်ယာဝင်ချင်ဘူးလားဟင်

  • ကြောင်ကြီး

    February 18, 2012 at 12:02 pm

    ဘတ်စ်ကားပေါ်က အင်တာနက်မှာ ဒေါက်တာချက်ကြီးဆိုက် ပိတ်မထားရင် မဲပေးမယ်…။

    • စိန်ပေါက်ပေါက်

      February 18, 2012 at 12:13 pm

      ဒေါက်တာချက်ကြီးတို ့ မောင်စေတန်တို ့မပိတ်တဲ့ အိုဗာဆယ့်ရှစ်တွေအတွက် တစ်လိုင်း

  • kyawt kyawt

    February 18, 2012 at 3:54 pm

    စိန်ပေါက်ပေါက်ဆိုတဲ့အတိုင်း ကြံဖန်ပေါက်တာပဲနော်…
    ရီရပါတယ်..

    • Kyawt Kyawt ရေ …
      ကိုစိန်ပေါက်ပေါက် က အရမ်းခင်ဖို့ ကောင်းတဲ့ လူတစ်ယောက်ဗျ။
      သူ့ပို့စ်တွေ၊ သူ့ကွန်မန့်တွေ ဖတ်လိုက်တိုင်း အရမ်းလည်း ရီရသဗျ။
      ဗြဲသီးတို့၊ ကြီးမိုက်တို့ ဆိုတာလည်း ရှိသေးသဗျို့ … ။
      ဒီရွာထဲမှာ အနေများလာတာနဲ့အမျှ ဒီလူတွေနဲ့ ခင်လာပါလိမ့်မယ်ဗျာ …။

      အံစာတုံး

Leave a Reply