နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ကုသပေးမည့်အစီအစဉ်

လင်းဝေFebruary 16, 20121min1486

တစ်နေ့က ဖေ့စ်ဘွတ်ပေါ်မှာ တစ်ယောက်ကတင်ထားတဲ့ အာခေါင်ကွဲကလေးငယ်ကို ကူညီပေးပါဆိုတဲ့ပုံတွေ့မိတယ်။ အခြေအနေတော်တော်ဆိုးတဲ့ အာခေါင်ကွဲအမျိုးအစားပဲဗျာ။ အတော်သနားဖို့ကောင်းတဲ့ကလေး။ အဖေအမေ အစားအသောက်အနေအထိုင် လွဲမှားမှုကြောင့်ဖြစ်ရတယ်လို့ နားလည်ထားတာပဲ။ အဲဒီကလေး ဓါတ်ပုံမှာတော့ အမေက ဒီကလေးကို ထားပစ်ခဲ့ပြီး အဘွားလုပ်သူက ကြည့်ရှုနေရတဲ့အကြောင်း နဲ့ ကူညီပေးကြဖို့ ရေးထားတယ်။ ဘယ်ကို သွားကူညီရမယ်မှန်းလဲမသိပါဘူး။ စိတ်ထဲမကောင်းတော့ဖြစ်မိတယ်။ အဲဒါနဲ့ ခဏနေ အပြင်ထွက်လာတော့ ဟာမစ်တစ်မီးပွိုင့် မှာ မီးပွိုင့်မိနေတုန်း ကမာ္ဘအေးလမ်းပေါ်က ကြော်ငြာဘုတ်တွေကို ဖတ်မိတော့မှ အာခေါင်ကွဲကလေးတွေကို အခမဲ့ ခွဲစိတ်ပေးမယ်ဆိုတဲ့အကြောင်း မြန်မာဘီယာအုပ်စုက အသိပေးထားတဲ့ ဘုတ်ဖြစ်နေပါတယ်။ စောစောက ကလေးကို သတိရသွားပြီး ဖုန်းနံပါတ်ကို စိတ်နဲ့အမြန်မှတ်သော်လည်း ရွှေဂုံတိုင်မီးပွိုင့်မှာ ပွိုင့်ပြန်မိလို့ စိတ်ကပြန်ရွတ်ကြည့်တော့ သူ့ဟန်းဖုန်းနံပါတ်က ရလုံးပဲဖြစ်နေပါတယ်။ ဝ၉ ၄၃ဝ နဲ့စတာတွေက ၈လုံးဖြစ်ရမယ်လေ။ အဲဒါနဲ့ နောက်နေ့မှ ဖေ့စ်ဘွတ်ပေါ်မှာပြန်တင်ပေးမယ်လုပ်ပြီး မေ့ပါလေရော။ မနေ့ညက ရန်ကုန်တိုင်းမ်မှာလည်း အဲဒီသတင်းလေးပါတယ်။ စကာင်္ပူကနေပြီး ခွဲစိတ်ကုဆရာဝန်ကြီးတွေကို တကူးတက ခေါ်ပြီးခွဲစိတ်ပေးမှာတဲ့။ လူများများလာပြီး ကုသခံမယ်လို့ မျှော်လင့်ပြီး ပြင်ဆင်ထားပါတယ်တဲ့။ လာပြီးကုသခံကြဖို့၊ မန္တလေးမှာ ခွဲပေးမှာ ဆိုတော့ မန္တလေးကို လာဖို့ နေဖို့ စားဖို့ စားရိတ်မရှိရင်တောင် မှ အကြောင်းသာကြားလိုက် လာခေါ်မယ် စားရိတ်ခံမယ်လို့ ဆိုပါတယ်။ အလွန်ကောင်းမွန်တဲ့ သေရည်ကုမ္ပဏီရဲ့ အစီအစဉ် ကို အားလုံးသိအောင် ဖြန့်ပြီး ဆော်ဩပေးမယ် မသိတဲ့သူတွေ မရှိလိုက်ရအောင် လုပ်မယ် နောက်နေ့(ဒီနေ့) တင်ဖြစ်အောင်တင်မယ် လို့ ညဖက်စဉ်းစားပြီး အိပ်ပျော်သွားတယ်။
ဒီမနက်လည်း ဟိုလုပ်ဒီလုပ်နဲ့ မေ့ပြီး မတင်ဖြစ်ပါဘူး။ နေ့လည်ဖက် ရမိုင် ကို သွားတော့ အပြန် အဲဒီနားက မြန်မာဘီယာရုံးထင်တာပဲ အထဲက ဗီနိုင်းဘုတ်ကို လှမ်းမြင်ရတယ် F&N စာလုံးရယ် အာခေါင်ကွဲနဲ့ ကလေးပုံရယ်မြင်တော့ အဲဒီဘုတ်မှန်းသိလိုက်တာပါ။ ဒါနဲ့ အခုညနေ ရုံးမဆင်းခင် တင်ဖြစ်အောင် တင်ပေးလိုက်ပါတယ်။ သို့သော် ဆက်သွယ်ရမယ့် ဖုန်းကို သေချာထည့်မပေးနိုင်ဖြစ်ရတယ်။ ဒါပေမယ့် လွယ်ပါတယ် မြန်မာဘီယာ ကိုယ်စားလှယ်များ ရုံးခွဲများ ကို ဆက်သွယ်ရင် ရပါတယ်။

ဒါမှမဟုတ် ကွန်မန့်ပေးမယ့်သူများထဲက ဖုန်းနံပါတ်ကို သွားကြည့်ပြီးပဲဖြစ်ဖြစ် သိနေလို့ပဲဖြစ်ဖြစ် ထပ်မံဖြည့်စွက်ပြီး ရေးတင်ပေးကြပါ။

6 comments

  • စိန်ပေါက်ပေါက်

    February 16, 2012 at 6:04 pm

    တယ်ကောင်းတဲ့ မြန်မာဘီယာပါလား..
    မလာနိုင်ရင်တော့ လာခေါ်ပြီး ကုသပေးမယ်ဆိုတော့ ရောဂါသည်တွေကိုယ်စား ကျေးဇူးတင်သဗျား..
    လိပ်စာသိရင် ထပ်ပြီး သတင်းပို ့ပါဦးမယ်ဗျို ့..
    ဝမ်းသာပါတယ်

  • padonmar

    February 16, 2012 at 9:23 pm

    လှူမယ့်သူရော သတင်းပေးတဲ့သူရော သာဓုပါ
    ဝမးသာပါတယ်။

  • padonmar

    February 16, 2012 at 9:24 pm

    လှူမယ့်သူရော သတင်းပေးတဲ့သူရော သာဓုပါ
    ဝမ်းသာပါတယ်။
    တွေ့မိရင် ဖုန်းလေးတင်ပေးပါမယ်။

  • Thel Nu Aye

    February 16, 2012 at 9:24 pm

    suggestion

    မြန်မာဘီယာရဲ့လိပ်စာနဲ့ဖုန်းနံပါတ်တွေကအောက်မှာပါ။ လိုအပ်ရင်ဆက်သွယ်လိုက်ပါ။
    Myanmar Brewery Ltd.
    No.45, No 3 Trunk Road,
    Pyinmabin Industrial Complex,
    Mingaladon Township, Yangon, P.O.Box: 603
    Myanmar
    Tel: (95-1) 244877, 638 149, 638 150, 638 154, 638 156, 638 181,
    638 186, 638 187, 638 214
    Fax: (95-1) 638 189, 638 136
    E-Mail: enquiries@mbl.com.mm

    • စိန်ပေါက်ပေါက်

      February 17, 2012 at 10:43 am

      ကိုသဲကွ
      ဘယာကြော်

      • Thel Nu Aye

        February 17, 2012 at 1:29 pm

        ဒေါ်ချိန်ပေါက် တွ။ အာလူးကြော်။

Leave a Reply