သင့်အတွက် တိုက်ဆိုင်တဲ့ တစ်ကြောင်းတော့ရှိလိမ့်မယ်ထင်ပါတယ်

moesatrainJune 4, 20101min802

၁။ မင်းငါ့ရင်ထဲကို ဝင်ကြည့်လို့ရမယ် ဆိုရင် မင်းငိုမယ် ဘာလို့လဲဆိုတော့ ငါရင်ထဲမှာ မင်းနဲ့ ပြည့်ကြပ်နေလို့။ ငါမင်းရင်ထဲကို ဝင်ကြည့်လို့ရမယ် ဆိုရင် ငါငိုမယ် ဘာလို့လဲဆို မင်းရင်ထဲမှာ ငါမရှိလို့။

၂။ တရက် ငါတို့တွေ မထင်မှတ်ပဲ ဆုံကြရင် ငါ့ခြေလှမ်းတွေကို ရပ်လိုက်မယ်။ တဖြေးဖြေး ဝေးသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ငါကိုယ့်ကို ပြောမယ် “အဲဒီလူကို ငါချစ်ခဲ့ဖူးတယ်” လို့။

၃။ ဘာလို့ ဒီလောက် အေးစက်ရတာလဲလို့ ငါခံစားနေရတယ်။ ငါနွေးထွေးဖူးတော့ ဒီအအေးဓါတ်ကို မခံနိုင်တာ။

၄။ မင်းငါ့ကို ခွဲခွါမယ်ဆိုရင်လဲ ငါမတားပါဘူး မင်းမှာမင်းရဲ့အကြောင်းတွေရှိလို့နေမှာပေါ့။ မင်းငါကို ချစ်နေသေးတယ်လို့ပြောရင် ငါမင်းကိုပြောမယ် ငါအခုထိစောင့်နေသေးတယ်။

၅။ မပြောရင် ပြောင်းလဲသွားမှာမဟုတ်လို့ ထာဝရမပြောရင် ထာဝရပြောင်းလဲမှာမဟုတ်ဘူး။

၆။ မင်းဒီလောကကိုရောက်လာတုန်းက ငိုတယ် မင်းငိုတာကိုကြည့်ပြီး အားလုံးပြုံးကြတယ်။ မင်းဒီလောကကနေထွက်သွားတော့ မင်းပြုံးတယ် အားလုံးငိုကြတယ်။

၇။ မင်းကို ငိုစေတဲ့ အကြောင်း တစ်သောင်းလောက်ရှိမယ်ဆိုရင် မင်းကို ရီစေတဲ့ အကြောင်း တစ်သောင်းနဲ့ တစ်ခု ရှိမယ်။

၈။ ကြံ့ခိုင်အောင်လုပ်တယ်ဆိုတာက ကိုယ့်ကို လိမ်နေတာမဟုတ်ပါဘူး။ လိမ်ခံရတာကို ခံနိုင်ရည်ရှိအောင်လုပ်တာပါ။

၉။ ဘာလို့ ငါ့အချစ်တွေကို ပေးနေတဲ့အချိန်မှာ ငါချစ်တာမှားသွားပြီး။ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့သူနဲ့ မတွေ့တာဘာကြောင့်လဲ။

၁၀။ လေတံခွန်လွတ်တာ ချစ်နေရတဲ့ခံစားချက်ပါပဲ။ ဘယ်လိုဝေးကွာနေပါစေ လွယ်လွယ်နဲ့ မပြောင်းလဲဘူး။ ဘာလို့လဲဆိုတော့ မင်းလက်ထဲက ကြိုးကိုမင်းကိုင်ထားလို့ မင်းတို့ရဲ့ သံယောဇဉ်ကြိုးလေးပါ။

၁၁။ လူတွေအကြားမှာ ငါကဘယ်သူလဲ။ ငါဘယ်ဘက်ကိုသွားလိုက် ညာဘက်ကိုသွားလိုက်နဲ့။ ငါမျက်စိတွေလည်နေတယ်။ မိုးရွာတယ်။ ကောင်းကင်ကြီးငိုနေပြီ လို့ ငါပြောတယ်။

၁၂။ Believe ဆိုတဲ့ စကားလုံးမှာတောင် lie လေးကပါနေတယ်။ lie နေရင်တောင် ငါယုံပါ့မယ်။

၁၃။ မင်းငါ့ကို ထွက်သွားတော့လို့ပြောတယ်။ ငါထွက်သွားခဲ့ပါတယ်။ ငါထွက်သွားပြီးတော့ မင်းက ငါ့ကို ပြန်လာဖို့ တောင်းပန်တယ်။ sorry ပါ ငါထွက်သွားတာ အဝေးတနေရာကိုရောက်နေပြီ။

၁၄။ ချစ်တဲ့သူနဲ့ ရန်ဖြစ်ပြီး သူစိမ်းလူတယောက်ကို ငါရင်ဖွင့်နေရတယ်။

၁၅။ မင်းရဲ့ ဂရုစိုက်တာတွေကို ငါမျှော်ရင်း ငါကိုယ့်ကိုဂရုစိုက်တတ်လာပြီ။

၁၆။ မင်းထွက်သွားတဲ့ နေ့က ငါမျက်ရည်မကျဘူး ငါမျက်တောင်မခက်မိအောင်ငါကြိုးစားခဲ့တယ်။

၁၇။ အချစ်ဆိုတာ နာကျင်စေပါတယ်။ ရက်စက်တဲ့သူတွေကတော့ သူ့ချစ်သူကို နာကျင်စေတယ်။ သဘောထားပြည့်ပြီးမြတ်နိုးတဲ့သူတွေကတော့ သူတို့ကိုသူတို့ နာကျင်စေတယ်။

၁၈။ နှမျောဖို့ကောင်းတာကတော့ လက်မလွတ်ရမှာကို လွယ်လွယ်နဲ့ လက်လွတ်ပြီး ခေါင်းမမာသင့်တဲ့ နေရာမှာ ခေါင်းမာနေကြတယ်။

၁၉။ လူတစ်ယောက်ကိုလွမ်းတာ ရေအေးတစ်ခွက်သောက်ရသလိုပဲ ကြာရင် မျက်ရည်ဖြစ်သွားတယ်။

၂၀။ မသိလိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်။ တားဆီးလို့မရတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။

၂၁။ စောင့်မျှော်တယ်….မလွယ်ကူပါဘူး။ နာကျင်စေတယ်…..မသိလိုက်တဲ့အချိန်မှာတောင်နာကျင်စေခဲ့ပါတယ်။

2 comments

  • yannaingech

    June 4, 2010 at 12:07 pm

    “ဇာတ်ပေါင်းသော် မင်းသားနှင့် မင်းသမီး ညားကြလေသတည်း” တွေအတွက် တစ်ကြောင်းမှမပါသလိုပဲ…

  • etone

    June 5, 2010 at 3:57 am

    အင်း ……….။ ဟုတ်ပါ့ လွမ်းဆွေးကြေကွဲနာကျင်ရတာတွေချည်းပဲ ။

Leave a Reply