ညကပွဲ……………..

1 ရှော့မရှိ အပူူမရှိ ပျော်ရွှင်စွာသီချင်းဆိုခဲ့တဲ့ညကပွဲ
2 သီချင်းဆိုသူကတော့ အပီဆိုတာဘဲ
3 ပျော်ရွှင်စရာ ..........ပွဲလေးတစ်ခုရဲ့ပုံရိပ် မိသားစုဝင်တွေဘဲ နွဲကြတာပါ
4 ဝိုုးတဝါးပုံရိပ် ကပွဲ
5 ဆိုမယ်ကမယ် ပျော်ကြမယ်
6 နားတဲ့သူက နားနေတယ်လေ
7 အလင်းတန်းတွေတောင် မနေနိုင်လို့လိုက်က နေသလို
8 အစိမ်းရောင် အပျော်တွေစွန်းတဲ့ ညကပွဲ
9 မမ လှလှ ကက ညည

“ညကပွဲ”

တစ်ရက်က ကျနော်အလုပ်ကကောလေးတစ်ယောက်လက်ထပ်ပါတယ်။
ကျနော်တို့က မင်္ဂလာဆောင်ဝိုင်းကူရတာပေါ့။
အဲတော့သူကညကျတော့ ကျနော်တို့ကို ထမင်းကျွေးတာပေါ့။
ချာတိတ်တွေဆိုတော့ ဘီယာတွေ ဂျော်နီဒုတ်ထောက်တွေကိုင်တာပေါ့။
ကျနော်က အမြည်းစားတာပေါ့။
ဖြစ်ချင်တော့ကျနော်တို့ထမင်းသွားစားတဲ့ဆိုင်နားမှာ ကေတီဗွီအသစ်ဖွင့်ထားတယ်။
အခန်းအားလားသွားမေးတော့ ရတယ်တဲ့။
တစ်ဆက်ရှင် ခြောက်ထောင်ဆိုတော့ မိုက်မှမိုက်ပေါ့။
အဲဒါနဲ့ထမင်းစားသောက်ပြီးတော့ အဲဒီဘက်ကူးကြရော။
ဟိုရောက်တော့ အခန်းကပေါက်စန လူကဆယ်ယောက်။
အဲဒါနဲ့နည်းနည်းကျယ်တဲ့အခန်းအပေါ်ထပ်မှာရှိတယ်ဆိုလို့တက်ကြည့်။
အိုကေတယ် ဒါနဲ့ သီချင်းတွေဆိုကြ ကကြ။
စစခြင်း ပြည်တော်ဝင်နဲ့ဖွင့်တာပေါ့။
“အခါတော်ရောက်ချိန်နီးလို့လာပေ………..ဒေါါ်ဒေါ်မမ နှမတို့ရေ အသဲစွဲချစ်မိတ်ဆွေ……..”
လို့အားလုံးဝိုင်းအော်။
ပြီးတာနဲ့ကိုယ်ကြိုက်တဲ့သီချင်းကိုယ်ရွေး။
အဲလိုကေတီဗွီရောက်ရင် တစ်ခုတော့သတိပေးလိုက်ချင်ပါရဲ့။
ကိုယ်ဆိုချင်တဲ့သီချင်းကို ဆက်တိုက်ရွေးထား။
နို့မို့ရင် စက်ကိုင်တဲ့ချာတိတ်က ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန်အောင်လုပ်ရော။
အဲဒါ ကေတီဗွီဆိုင်တိုင်းရဲ့အကျင့်။
အရှိန်တွေရလာတော့ တစ်ယောက်ဆိုရင် ဝိုင်းအော်။
ကတဲ့လူက က။
ပျော်စရာကြီး……………………….
စိတ်ထဲမှာလွတ်လပ်ပေါ့ပါး။
ကျနော်က တော့ ညရဲ့ရောင်စုံမီးတွေကြားမှာအဆန်းထွင်ရိုက်ကြည့်လိုက်တယ် ။
လှလားတော့ မသိဘူး။
မြင်ရအောင်တင်ပေးလိုက်တယ်။
ကျနော်တို့အဖွဲ့ကတော့ သန့်တယ်။
အလုပ်ထဲက မိသားစုတွေချည်းဘဲ။
ပျော်စရာကောင်းတယ်။
စိတ်တွေတင်းနေရင်း သွားဆိုပြီးသွားအော်ကြည့်လိုက်။
ပေါ့ပါးသွားတာတော့အမှန်။
ကဲစမ်းကြည့်ပါအုံးလား…………………….

ကိုပေါက်လမ်းသလားရင်းလက်ဆော့ပြီးတော့ ပါးပါးလေးတွေးထားတာ။
(20-2-2012)

28 comments

  • water-melon

    February 22, 2012 at 8:14 am

    သိဘူး လေးပေါက်ကို ခေါ်တော့ဘူး
    သားသားကို KTV မခေါ်လို့
    ဒီလထဲ ကိုရွှေတိုက်လာရင် သွားမယ်ကွ
    ကမယ် ဆိုမယ် ဒူတန့်တန့် ရို့ ရို့

    • Shwe Tike Soe

      February 22, 2012 at 9:18 am

      ဟေ့ဖရဲ. တွေ.လား လေးပေါက်ကသတင်းပေးနေပြီ
      နင်ငါလာရင်တော့ တွေ.ကြသေးတာပေါ့ ဟဲဟဲဟဲ

  • ဖရဲမ ရဲ့ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေ။
    ညအပြင်မထွက်နဲ့
    ဘီယာမသောက်နဲ့
    ပေါင်တိုနဲ့လဲမနေနဲ့
    မိန်းကလေး မိန်းကလေးလိုနေတာမဟုတ်ဘူး လူကြီးတွေသွားတိုင်းပါချင်တာ.
    ရွှေတိုက်စိုးခေါ်ရာ လျှောက်လိုက်နော်
    နောက်မှ………………ငါ့လာအပူမကပ်နဲ့ ကြားလား

    • water-melon

      February 22, 2012 at 9:18 am

      ဟုတ် သမီးက အသားဖြူတော့ ပေါင်တိုဝတ်ရင် စွဲဆောင်အားကောင်းတယ်ဆိုလို့ပါ
      ဘီယာ ဆေးလိပ်တော့မသောက်ပါဘူးရှင့်
      အိမ်ကလည်းမကြိုက်လို့ပါ
      မမရွှေတိုက်ခေါ်ရာလည်း လိုက်တော့ဘူး
      ပြက္ခဒိန်ရိုက်လို့ မော်ဒယ်လိုရင် သမီးကိုဆက်သွယ်ပါရှင့်
      သမီးအကောင်းဆုံးပို့စ်လုပ်ပေးပါမယ်ရှင့်

    • Shwe Tike Soe

      February 22, 2012 at 9:19 am

      လေးပေါက် သားဖြင့်ဘယ်မှလဲ မသွားပါဘူး အိမ်တွင်းပုံးလေးကို အဟင့်……. 😛

  • နှူးဘာဂိုဏ်းချုပ်

    February 22, 2012 at 9:06 am

    အော်… ရယ် ….

    ပတောက် …. ပတောက်….
    (သွားရည်ကျသံ)
    😀

  • Thel Nu Aye

    February 22, 2012 at 9:08 am

    မော်ဒန် snap shot လားလေးပေါက်။ ဒါမှမဟုတ်လေးပေါက်ကရင်းရိုက်ထားတာလား။

  • Shwe Tike Soe

    February 22, 2012 at 9:23 am

    လေးပေါက် အဲဒီဆိုင် လိပ်စာလေးမှတ်ထားနော် ဟီဟီး တားတားတို. တွားကဲကြမယ်..
    လေးပေါက်က အမြည်းစား……နော်နော်… 😀

  • အမှန်ကတော့ ကရင်းခလုတ်တိုက်တုံးခလုပ်နှိပ်မိတာက ဘယ်နှစ်ခါမှန်းမသိ။.
    ကိုယ့်ကိုကိုယ် လူတတ်ကြီးလုပ်ပြီး ဖန်ရှင်တွေလျောက်ပြောင်း မျက်မှန်တတ်မထားတော့
    ဘာမှ မမြင်။
    ထွက်ချင်တဲ့ပုံထွက်ဆိုပြီးလျောက်နှိပ်။
    ကွန်ပြူတာထဲပြန်ထည့်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း ပုံတွေထွက်လာ.
    အဲဒီမှာ ခပ်တည်တည်နဲ့ရွှီးတာပေါ့ .
    ပုံစံအသစ်နဲ့ရိုက်ထားတဲ့ မော်ဒန်ဖိုင်းအတ်ပေါ့

    မသဲသဲရေ
    အမှန်က လက်ဆော့ထားထားပါကွဲ့ စနက်ရှော့ မဟုတ်ရပါ။

    • Thel Nu Aye

      February 22, 2012 at 9:42 am

      ပန်းချီကားသာဆိုပိုက်ပိုက်တွေအများကြီးရမှာလေးပေါက်ရဲ့။ ဘာလို့မှန်းမသိဘူးပန်းချီကလူနား မလည်လေဈေးပိုရလေပဲ။

  • ဆူး

    February 22, 2012 at 10:02 am

    ညက ပွဲ ကတော့ ဘာမှန်း ကို မသိလိုက်ဘူး။
    ပုံတွေ ကြည့်လိုက်တာ မီးရောင်စုံ ဝိုးတဝါး နဲ့ မဒမ်ပေါက် ဆီ တိုင်စာ ပို့လို့ မရဘူး ဖြစ်နေပြီ။ ဟိဟိ

  • စိန်ပေါက်ပေါက်

    February 22, 2012 at 10:22 am

    မိုက်ဒယ်တော့
    မော်ဒန်ဆိုတာ ဒါကိုပြောတာနေမှာ 😆
    အားကျလိုက်ပါဘိ..
    ဂွိ..ဂွိ…
    များတို ့ကိုကျတော့ ခေါ်ဘူး
    လူဂျိုး..တိပ်တိပ်ချိုး

  • blackchaw

    February 22, 2012 at 10:45 am

    ရောက်ဖူး ဘူးဗျာ။
    မန်းလေး ရောက်ရင်လိုက်ပို့။
    အဲဒါမှ ယုံမယ်။
    😆 😆 😆

  • ကိုရင်စည်သူ

    February 22, 2012 at 11:26 am

    ကျနော်သူငယ်ချင်းတစ်ယောက် မန်းလေး KTV သွားတာ
    နံဘေးမှာ စော်လာထိုင်တော့ တစ်ဆက်ရှင် နှစ်ထောင်ပေးရတယ်တဲ့
    သူက နှစ်ဆက်ရှင်ဆိုတော့ တစ်ယောက်ကို လေးထောင်ပေးလိုက်ရတယ်..
    ရန်ကုန်မှာတော့ အဲ့လိုမရှိဘူး… ဘယ်နှစ်ဆက်ရှင်ဆိုဆို အဲ့လိုဆက်ရှင်နဲ့
    မတောင်းဘူး… ဟုတ်ကြလား ရွာသားတို့ရေ…
    ကျနော်က အဲ့ဘက်အပိုင်းတွေ အားနည်းတယ်…
    နုံပ.. အိုင်ပီရေ.. 😉

    • စိန်ပေါက်ပေါက်

      February 22, 2012 at 11:37 am

      ဟုတ်တယ်
      စေတနှိုက်ကြေးပဲ ပေးရတာ

  • စေတနှိုက်ကြေးပဲ ပေးရတာ
    မန်းလေးမှာတော့ စေတနိုက်လို့မရဘူး ပါးပိတ်ရိုက်သွားလိမ့်မယ်

  • ခပ်ဝါးဝါးမှ နို့မို့ရင်အိမ်ကိုတိုင်စာရောက်သွားမှာပေါ့ ကိုထွဋ်ရယ်
    ကိုချော အတိအကျကိုလိုက်ပို့မှာပါ ဈေးလဲသိပ်မကြီး ဘူး cctv လဲတပ်မထားပါဘူးတဲ့။
    အဲတော့ ရှော့မရှိပေါ့။

    • လေးပေါက် တို့ကတော့ အတိအကျပါလား … ။
      ဦးချော သွားရင် လက်တို့ဦးနော် … ။
      လေးပေါက်က အတိအကျ လိုက်ပို့မှာဆိုလို့ … 😀

      • စိန်ပေါက်ပေါက်

        February 22, 2012 at 3:23 pm

        ဪ..
        တိကျဆို အတွေ ့အကြုံကလဲ မနဲတော့ဘူးလေ
        😀

  • Harumoto

    February 22, 2012 at 4:58 pm

    အဲဒါမျိုးက ဒဂယ်ရှိတာကိုး….
    စာထဲဘဲ တွေ့ဘူးဒါ
    ခုတော့ ဒဂယ်ဒဂယ်..
    အံ့ပါရဲ့တော်…

  • Diamond Key

    February 22, 2012 at 5:08 pm

    အမှန်မှာ လေးပေါက် အမြည်းသာစား ဟုဆိုပေမယ့် မည်သို့မည်ပုံ မူးသွားသည် မသိ ဖြစ်သွားလေရာ အမှန်အကန် အကောင်းစား KTV တွင် ရိုက်လာသော ပုံများအား မနက်မှ ကြည့်လိုက်ရာ ပုံများ အီသို့ ဖြစ်နေသည်ကို တွေ့ရသည့် အတူတူ မထူးဟုဆိုကာ ညကပွဲ ဟုခေါင်းစဉ်တပ်လိုက် သတည်း :mrgreen:

  • ကိုသော့ရယ်သောက်တာကတော့ ရေပါဘဲ။
    ဒါပေမယ့် ဘယ်လိုများအရောင်တွေပြောင်းပြောင်းသွားလဲမသိတာဗျ.။
    နောက်တော့ ဒီပုံတွေထွက်လာတာပါဘဲ
    ကိုကိုသော့ရေ နောက်ခါသွားရင်လိုက်ခဲ့
    ဘတ်ပိုက်ပိုက်တွေလဲများများထည့်ခဲ့

  • TTNU

    February 22, 2012 at 9:33 pm

    ကိုပေါက်ရေ…
    မင်းကချင်ရာက မူးချင်ရာမူးနေတာ ဝိဉာဉ်များနှင့်ကခုန်ခြင်းဖြစ်နေပြီ။
    မင်းပုံတွေကြည့်ပြီး မာမီ ခေါင်းမူးပြီ၊ ဆေးသောက်အိပ်တော့မယ်။

  • windtalker

    February 22, 2012 at 9:52 pm

    တည်တည်ကြည်ကြည်လေးတွေ ရှိသေးရင် လုပ်ပါဦး ဗျ

  • Mလုလင်

    February 23, 2012 at 2:28 pm

    ည ကပွဲ က အဲလို မျိုးလား … တစ်ခါမှ မြင်ဖူးဘူး ….. တစ်ခေါက်တစ်ခါ တော့ သွားကြည့်ချင်သား ဦးပေါက် ရာ .. အားကျလိုက်တာ ..

  • မင်းလာတုန်းက မဖွင့်သေးလို့ မောင်။
    ဖွင့်ရင်လိုက်ပို့မှာပေါ့။
    ဖေဖော်ဝါရီလဆန်းမှာမှဖွင့်တာလေ.

Leave a Reply