“အဓမ္မမှု ကာကွယ်ရေးနည်းလမ်း”

မည်သည့်နိုင်ငံမဆို အများဆုံးဖြစ်ပွားကြသော အမှုကြီးများတွင် အဓမ္မမှုလည်း တစ်ပါး အပါအဝင်ဖြစ်သည်။ ထိုသို့ဖြစ်ပွားရာ၌ နစ်နာကြသူများမှာ မိန်းကလေး အများစုပင်ဖြစ်သည်။ ဤကဲ့သို့ အဖြစ်မျိုး မဖြစ်စေရန် အဓမ္မမှု ကာကွယ်ရေးနည်းလမ်းများကို ကျွန်ုပ် ဉာဏ်မီသလောက် တင်ပြအပ်ပါသည်။

(၁) အဓမ္မမှု အများအပြားမှာ အဓမ္မကျင့်ခံရသူ၏ နေအိမ်တွေ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမည်ဝါ မသိဘဲ အိမ်ထဲသို့ ဝင်ခွင့် မပေးသင့်။ တံခါးကို ဖွင့်မပေးမီ မည်သူမည်ဝါဖြစ်ကြောင်း သိပါစေ။ ဧည်သည့်သည် မည်သူမည်ဝါဖြစ်ကြောင်းလည်း ထင်ထင်ရှားရှား ရှိပါစေ။

(၂) တချို့ အဓမ္မမှုများမှာ အယုံလွယ်ခြင်းကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် ဘိုးတော်လိမ်၊ ဗေဒင်လိမ်တို့မှ သိုက်ကြိုးဖြတ်ရန်၊ ယတြာချေရန် ဆိုပြီး လူပြတ်သောနေရာသို့ ညာခေါ်ကာ မုဒိမ်းကျင့်တတ်သည်။ ထို့ကြောင့် ဘယ်တော့မှ အယုံမလွယ်ပါနှင့်။

(၃) ဆယ်ကျော်သက် ကျောင်းသူများကို အဓမ္မမှု ကာကွယ်နည်း လမ်းညွှန်များ စနစ်တကျ သင်ကြားပေးသင့်သည်။ လျှပ်ပေါ်လော်လီ ကာမစိတ်နိုးကြွားစေတတ်သော အဝတ်အစားများအားလည်း မဝတ်ဆင်သင့်။ လုံခြုံစွာ ဝတ်စားဆင်ယင်သင့်သည်။ မိဘ(သို့) အုပ်ထိန်းသူ မရှိဘဲ မိမိတစ်ဦးတည်း ယောက်ျားလေး အပေါင်းအသင်းများကို ဧည့်ခံခြင်း မပြုသင့်။ အုပ်ထိန်းသူ လူကြီးမိဘများမှလည်း မျက်နှာစိမ်း အမျိုးသားဧည့်သည်များ အိမ်တွင်းသို့ အဝင်မခံဖို့ အရေးကြီးသည် ဆိုသည့်အချက်အား ရှင်းပြထားသင့်သည်။

(၄) မိမိ၌ သမီးပျိုများ ရှိပါကလည်း ဘယ်နေရာတွင် ဘယ်သူနဲ့ အတူ ရှိနေမည်ကို သိပါစေ။ အပေါင်းအသင်းများနှင့်သာ တစ်စုတစ်ဝေးတည်း သွားစေသင့်သည်။ တတ်နိုင်လျှင် လမ်းမထွက်ဘဲ အိမ်မှာသာနေဖို့ ဆုံးမသင့်သည်။

(၅) ညနက်လာလျှင်လည်း မိမိတစ်ဦးတည်း လမ်းမထွက်ပါနှင့်။ အကယ်၍ မထွက်မဖြစ် ထွက်ခဲ့ရလျှင်လည်း အိမ်တံခါးအနီး၊ ချုံပုတ် ချုံနွယ်များ၊ ရပ်ထားသော ကားအနီးမှ ကပ်မလျှောက်ပါနှင့်။

(၆) လမ်းသွားတုန်း နောက်မှ အမျိုးသားတစ်ဦးဦး နောက်ယောင်ခံ လိုက်နေပါက မိမိနေအိမ်သို့ ခုခံကာကွယ်မည့်သူ မရှိလျှင် တန်းမပြန်ပါနှင့်။ အခြားအကူအညီ ပေးနိုင်သည့်သူများကို သူများကို ရှာပါ။ အစွမ်းကုန်ပြေးခြင်း၊ အသံကုန်အော်ဟစ် အကူအညီတောင်းခြင်းသည်လည်း ထိရောက်သော ကာကွယ်နည်းပင်ဖြစ်သည်။

(၇) မိမိအား ကိုယ်ထိလက်ရောက် စော်ကားခံရလျှင်လည်း မိမိအား ကျူးလွန်သူ အမျိုးသဏ္ဍာန်ကို ချိင့်ချိန်နှိုင်းယှဉ်ကာ မိမိခုခံ၍ ရ၊မရ ချင့်ချိန်တွက်ဆပါ။ လက်နက်ပါသော အဓမ္မသမားများအား သာမန်အားဖြင့် ခုခံတိုက်ခိုက်ခြင်း မပြုလျှင် အန္တရာယ်အကင်းဆုံးဟု ဆိုစမှတ်ပြုကြသည်။ လက်နက်မပါသော အဓမ္မသမားကို ခုခံတိုက်ခိုက်လျှင်မှု လွတ်နိုင်မည့် အခွင့်အလမ်း သာပေလိမ့်မည်။ သို့သော် မိမိ ခုခံကာကွယ်သောလက်နက်ဖြင့် မိမိကို ပြန်လည်အသုံးချပြီး မိမိ အကျိုးယုတ်စေမည့် အချက်ကိုလည်း သတိပြုပါ။

(၈) လွတ်လမ်းမရှိ၍ ခုခံကာကွယ်ဖို့ မဖြစ်နိုင်ခဲ့လျှင် စကားပရိယာ သုံးခြင်းဖြင့် မိမိအား ကျူးလွန်းခံရမည့်အဖြစ်ကို ဖယ်ရှားနိုင်ပေသည်။ ထိုနည်းလမ်းဖြင့် လက်တွေ့အသုံးချ လွတ်မြောက်သွားသော မိန်းကလေးများစွာ ရှိပေသည်။ စကားပရိယာယ်ဖြင့် ထိုသူအား တစ်ခုခုခိုင်းပြီး ထိုသူ အပြင်ထွင်ချိန်၌ လွတ်မြောက်ကြောင်း နည်းလမ်းရှာနိုင်ပေသည်။

(၉) ထိုကြားထဲမှ မုဒိမ်းမှု ကျူးလွန်ခံရသော် ဆေးစစ်ချက် ခံယူပါ။ သက်ဆိုင်ရာတွင် တိုင်ချက်ဖွင့်၍ ဥပဒေအရ အရေးယူခိုင်းပါ။ ရှက်ကြောက်ခြင်းဖြင့် အမှုကို ဖုံးမထားပါနှင့်။ တရာခံက ပိုအတင့်ရဲကာ အခြားသူများလည်း သားကောင်ဖြစ်သွားစေနိုင်သည်။

ဤအချက် ကိုးချက်ပါသော ကာကွယ်ရေးနည်းလမ်းမှာ ကျွန်ုပ်ရှာဖွေ့တွေ့ရှိ မှတ်သားထားသမျှကို ဉာဏ်မီသလောက် ထပ်မံ ဖြည့်စွက်ရေးသားခြင်း ဖြစ်သည်။ ထိုနည်းလမ်းများမှာ အမျိုးသမီးအများစုအတွက် ရည်ရွယ်ပါသည်။

အမျိုးသမီးအားလုံး အဓမ္မမှုများမှ ကင်းဝေးကြပါစေဟု ဆုတောင်းရင်း…

စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • Moe Z

    February 17, 2012 at 10:19 am

    ဒေါ်စိန်ပေါက်တို့အတွက် အကျိုးရှိတဲ့ပို့စ်ပါပဲ
    အားပေးသွားပါတယ်

  • စိန်ပေါက်ပေါက်

    February 17, 2012 at 10:34 am

    ဟုတ်တယ်..ဟုတ်တယ်
    ခေတ်ကြီးကိုက မကောင်းတဲ့အထဲ များတို ့ကို မလှိမ့်တစ်ပတ်လုပ်ချင်တဲ့လူတွေကို
    အူးလေးပြောတဲ့ တိုက်ကွက်တွေ၊သိုင်းကျမ်းတွေသုံးပြီး ရှောင်နိုင်မှ တော်ကာကျမှာနော့
    များတို ့က အသဲနုတော့ အယုံလွယ်ပြီး နားယောင်မိတာ..သနားမိတာတွေဟာ များတို ့အားနည်းချက်ပါ
    ဘာပေါ်ဘာကျရင် ဘာဖြစ်တယ်ဆိုပြီး ဘာပေါ်ဘာထပ်ကျရင် ဘာပဲ ထပ်ဖြစ်တယ်ဆိုတဲ့ခေတ်ကြီးထဲ
    များတို ့ ဘယ်ပေါ်ကျကျ အကျမနာအောင် သတိဆောင်ရမယ်တော့
    အီးပါချင်လို ့ပြေးလိုက်ဦးမယ်..
    ဗျစ်..စ်..ဗစ်…ဘူ…ဂွမ်

    • water-melon

      February 17, 2012 at 5:54 pm

      ဒီတောင်မကတော့ အားအားရှိ အီးလောက်ပါနေတာဘဲ
      မနေနိုင်ရင်လဲ ပြောင်းဖူးရိုးစွတ်ထား
      သွား ရွာထိပ်က ဆရာဝန်ကိုကရေးဝေးဆီသွားပြလိုက်။
      ညည်းလားအသဲနုတာ မပြောချင်ပါဘူး
      သူကိုက ရွရွတက်ဖြစ်နေတာ

  • နှင်းဆီနက် (တိမ်လွှာ)

    February 17, 2012 at 5:46 pm

    ဟွန်း……ညစ်ပတ်တယ်….. ထိန်းမရတော့ရင် လွတ်ရာသွားပေါ့…ခုတော့ အသံကို စုံနေတာပဲ

    • စိန်ပေါက်ပေါက်

      February 17, 2012 at 5:56 pm

      ဗျစ်..ဗျစ်..ဗစ်..စ်..
      ဟိုက်စ်.
      တစ်ဂယ်ထွက်လာတယ်တော့ “ဘူ” တဲ့

  • (၃) ဆယ်ကျော်သက် ကျောင်းသူများကို အဓမ္မမှု ကာကွယ်နည်း လမ်းညွှန်များ စနစ်တကျ သင်ကြားပေးသင့်သည်။
    လျှပ်ပေါ်လော်လီ ကာမစိတ်နိုးကြွားစေတတ်သော အဝတ်အစားများအားလည်း မဝတ်ဆင်သင့်။ လုံခြုံစွာ ဝတ်စားဆင်
    ယင်သင့်သည်။ မိဘ(သို့) အုပ်ထိန်းသူ မရှိဘဲ မိမိတစ်ဦးတည်း ယောက်ျားလေး အပေါင်းအသင်းများကို ဧည့်ခံခြင်း
    မပြုသင့်။ အုပ်ထိန်းသူ လူကြီးမိဘများမှလည်း မျက်နှာစိမ်း အမျိုးသားဧည့်သည်များ အိမ်တွင်းသို့ အဝင်မခံဖို့ အရေးကြီးသည်
    ဆိုသည့်အချက်အား ရှင်းပြထားသင့်သည်။အကောင်းသော နည်းလမ်းလေးတွေကို ချပြသွားတာပေါ့။ကျေးဇူးပါဗျာ
    ညီမလေးတွေအတွက်ကောင်းတာပေါ့။သိသင့်တယ်လေ။

Leave a Reply