မြန်မာပြည်တွင်းက စကိုင်းနက်(အင်တာနက်လိုင်း) ခေတ်မပြောင်းသေးပါ..

winkyawaungFebruary 16, 20121min12611

မိတ်ဆွေများခင်ဗျာ..။

ကျွန်တော်တို့ မြန်မာပြည်တွင်းက ယခင် စစ်အစိုးရလက်ထက်မှ လုပ်ကိုင်ခွင့်ပြုထားခဲ့တဲ့ စကို်င်းနက်(အင်တာနက်လိုင်း) မှာ အများပြည်သူများထံမှ ဈေးနှုန်းများကိုလည်း အများဆုံးယူထားပါတယ်။ ဝန်ဆောင်မှုပေးတော့ ဘလော့ပို့စ်များနဲ့ အခြား သတင်းမီဒီယာလိုင်းများကို ပိတ်ထားဆဲဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး MPT ကတောင် ဘလော့ပို့စ်တွေ နိုင်ငံခြားသတင်းဌာန များ အားလုံးကိုဖွင့်ပေးနေပါပြီ..။ ယခုတော့ သူတို့က ဈေးကလဲ အများကြီးယူထားတယ်..။ ဝန်ဆောင်မှုကိုတော့ အင်တာနက်သုံးစွဲသူများ စိတ်ချမ်းသာအောင် ဆောင်ရွက်မပေးပါ။ ဒေါင်းလုပ်နေနေသာသာ အင်တာနက်လိုင်း အားလုံးလောက် ကို ဘန်းထားပါတယ်။ ယခုလို ခေတ်ပြောင်းနေတဲ့ အချိန်မှာ စကိုင်းနက် အင်တာနက်လိုင်းကို အသုံးပြုသူများ စိတ်ချမ်းသာအောင် သက်ဆိုင်ရာ ကုမ္ပဏီများက အလေးထားဆောင်ရွက်ပေးသင့်ပါပြီ..။
ယခု လာမည့် ၂၀၁၂/၂၀၁၃ ဘတ်ဂျက်အမှီ စကိုင်နက် အင်တာနက်လိုင်းကို ခေတ်နဲ့အညီ ပိတ်ထားတဲ့ ဝက်ဆိုက်များကို ဖွင့်ပေးပါရန် မန္တလေးဂေဇက် မှ တောင်းဆိုလိုက်ပါတယ်..။

11 comments

  • MTY

    February 16, 2012 at 10:14 pm

    တစ်ချို့သတင်းတွေလဲကြော်ငြာထိုးပြီးပိတ်တတ်သေး
    ပြောင်းလဲဖို့တော့သင့်ပြီ။

  • unclegyi1974

    February 16, 2012 at 10:27 pm

    ယုံပြီးဝယ်ယူသုံးတဲ့ပြည်သူတွေကိုကမှားတာ
    သူတို့ကမမှားဖူး

  • three colors

    February 16, 2012 at 11:10 pm

    သွားဝယ်သုံးတဲ့ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ၊

  • water-melon

    February 17, 2012 at 8:10 am

    ဒို့ကတော့မသုံးဘူးဟေ့
    မြန်မာနိုင်ငံမှာ ကွန်နက်ရှင်ကောင်းမှ တပ်မယ်အေ့။
    ဒါနဲ့ ဒို့ရွာမှာတော့ စကိုင်းနက်ဆိုလား ပလက်းနက်ဆိုတာ အဲဒါကြီးကတော့
    ဘောပွဲတွေရေလည်လာလို့ ကြိုက်တယ်အေ့။

    • student

      February 17, 2012 at 1:18 pm

      မြန်မာပြည်တွင်းက စကိုင်းနက်(အင်တာနက်လိုင်း) ခေတ်မပြောင်းသေးပါ
      ဟုတ်တယ်ဗျို. စကိုင်းနက်အင်တာနက်လိုင်းပိတ်ထားတာခပ်များများပါပဲ။
      ကွန်နက်ရှင်ကလဲချာတူးလန်နေတာပဲ။

  • san di

    February 17, 2012 at 3:39 pm

    လစဉ်ကြေးကိုကြိုပေးရတာကိုမပြောချင်ပေမယ့် connection က နေ့ခင်းပိုင်းဆိုရင် download ဖို့နေနေသာသာ g talk တောင် ကောင်းကောင်းဖွင့်မရပါ သုံးစွဲသူတွေကို နားလည်ပေးစေချင်ပါတယ်။

  • Wai Phyo

    February 17, 2012 at 3:47 pm

    ဘယ်တော့မှကောင်းမှာမဟုတ်ဘူး

  • Sky net MPS ကတော့ အမြဲတမ်းသောက်သုံးကိုမကျလေဘူး။
    ဒီတသက်အဆဲသာခံ။ဖုနမးဆက်မေးရင်လဲ ဖြေချင်သလိုလို၊မဖြေ
    ချင်သလိုလိုလုပ်ပြီး ဟောက်သေးသဗျ။စိတ်နာတယ်။

  • နေဝန်းနီ

    February 18, 2012 at 10:22 pm

    ခေတ်မပြောင်းသေးရင် မီးဒုတ်သမားခေါ်လိုက်လေ…………
    မီးဒုတ်မီးဒုတ် ………

  • kotun winlatt

    February 19, 2012 at 12:51 am

    ဟေးးးးးးးးစကိုင်းးးနက်…ကို
    အမှိုင်းးးးထွက်ပီးးးးး
    သိုင်းးးးးးကွက်နင်းးးပြလိုက်လေ….
    အဲ့..ထက်ဆိုးးးးတဲ့လိုင်းးးးက
    ကြိုးးးဖုန်းးကို (၁၅၊၃၀၊၉၀)နာရီစာတွေနဲ့
    သုံးရတဲ့လူတွေက ပိုဆိုးကြောင်းးးပါခင်ညာ…

  • winkyawaung

    February 27, 2012 at 4:38 pm

    မန္တလေး ဂေဇက်ကျေးဇူးကြောင့်လားတော့ မသိဘူးဗျ။ ယနေ့ စကိုင်းနက်က ဓာတ်ပုံတွေတော့ ပေါ်လာတယ်။ အိပ်မက် ပေးနေတာလား မသိပါ။ ဘလော့ http://www.blogger.com တွေကိုတော့ ပိတ်ထားဆဲပါ။ ပိတ်ထားတာတွေ အားလုံးပြန်ဖွင့်ပေးကြပါဗျာ..။

Leave a Reply