တခါက အိမ်တအိမ်မှာ နတ်ပူဇော်ဖို့အတွက် ဌက်ပျောပွဲ၊အုန်းပွဲတွေနဲ့ အမြဲတန်း အလုပ်ရှုပ်နေတဲ့ အမျိုးသမီးအိမ်ထောင်သည် တစ်ဦးကို သူ့အမျိုးသားက အိမ်မှာ ရိုက်နက်ပြီး ရန်ဖြစ်နေတဲ့ အဖြစ်လေးကို .. သူ့သူငယ်ချင်းရောက်လာရာ….

 

လူကိုရိုက်နက်တဲ့ အပြင် ကျန်တဲ့ ဌက်ပျောပွဲ၊ အုန်းပွဲတွေကိုလည်း အကုန်ပစ်ချတော.  သူ့ရဲ့ သူငယ်ချင်းက.. မင်းဒါတွေ လုပ်နေလို့ဘာမှ မထူးဘူး ပစ်မဲ့ ပစ်ရင် သူ့ယုံကြည်ချက်ကို ထိအောင် ပစ်ရတယ်ကွ..

ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ ..သူတကယ်ပြောင်းလဲမှာ  မင်းသူ့ကို ရိုက်နက်ကန်ကြောက်တာ၊ ဌက်ပျောပွဲ၊အုန်းပွဲ တွေကို ပစ်ချတာတွေဟာ မင်းကိုကြောက်လို့ အသွင်သဏ္ဍာန်အရ သူပြောင်းလဲကောင်း ပြောင်းလဲ လိမ့်မယ်…

ဒါတကယ်စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်သေးဘူး…ဒါ အသွင်သဏ္ဍာန်အရ ပြောင်းလဲ တာဘဲရှိသေးတယ်…

သူ့ရဲ့ ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ… အစစ်အမှန် ပြောင်းလဲနိုင်တာ..ဒါကို အနှစ်သာရ ပြောင်းလဲ မှုလို့ခေါ်တယ်…

ပြောင်းလဲမှုတွေထဲမှာ… အသွင်သဏ္ဍာန်အရ ပြောင်းလဲတာဟာ ရေရှည် မငြိမ်းချမ်းနိုင်ဘူး..

 

အနှစ်သာရ ပိုင်းကို ပြောင်းလဲပေးနိုင်မှ… ရေရှည်ငြိမ်းချမ်းမှုရမှာ…

ကျွန်တော်တို့ စိတ်ရင်းမှန်မှန်၊ စေတနာမှန်မှန်၊ သဘောထားမှန်မှန်၊ ရိုးရိုးသားသားနဲ့ တကယ် ပဲ ပြောင်းလဲချင်ပြီလားဆိုတာ… တွေးရင်း….

About Ko out of...

Ko out of... has written 91 post in this Website..

   Send article as PDF