ယုံကြည်ချက် ထိအောင်ပစ်ရတယ်…

Ko out of...February 17, 20121min593

တခါက အိမ်တအိမ်မှာ နတ်ပူဇော်ဖို့အတွက် ဌက်ပျောပွဲ၊အုန်းပွဲတွေနဲ့ အမြဲတန်း အလုပ်ရှုပ်နေတဲ့ အမျိုးသမီးအိမ်ထောင်သည် တစ်ဦးကို သူ့အမျိုးသားက အိမ်မှာ ရိုက်နက်ပြီး ရန်ဖြစ်နေတဲ့ အဖြစ်လေးကို .. သူ့သူငယ်ချင်းရောက်လာရာ….

 

လူကိုရိုက်နက်တဲ့ အပြင် ကျန်တဲ့ ဌက်ပျောပွဲ၊ အုန်းပွဲတွေကိုလည်း အကုန်ပစ်ချတော.  သူ့ရဲ့ သူငယ်ချင်းက.. မင်းဒါတွေ လုပ်နေလို့ဘာမှ မထူးဘူး ပစ်မဲ့ ပစ်ရင် သူ့ယုံကြည်ချက်ကို ထိအောင် ပစ်ရတယ်ကွ..

ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ ..သူတကယ်ပြောင်းလဲမှာ  မင်းသူ့ကို ရိုက်နက်ကန်ကြောက်တာ၊ ဌက်ပျောပွဲ၊အုန်းပွဲ တွေကို ပစ်ချတာတွေဟာ မင်းကိုကြောက်လို့ အသွင်သဏ္ဍာန်အရ သူပြောင်းလဲကောင်း ပြောင်းလဲ လိမ့်မယ်…

ဒါတကယ်စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်သေးဘူး…ဒါ အသွင်သဏ္ဍာန်အရ ပြောင်းလဲ တာဘဲရှိသေးတယ်…

သူ့ရဲ့ ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ… အစစ်အမှန် ပြောင်းလဲနိုင်တာ..ဒါကို အနှစ်သာရ ပြောင်းလဲ မှုလို့ခေါ်တယ်…

ပြောင်းလဲမှုတွေထဲမှာ… အသွင်သဏ္ဍာန်အရ ပြောင်းလဲတာဟာ ရေရှည် မငြိမ်းချမ်းနိုင်ဘူး..

 

အနှစ်သာရ ပိုင်းကို ပြောင်းလဲပေးနိုင်မှ… ရေရှည်ငြိမ်းချမ်းမှုရမှာ…

ကျွန်တော်တို့ စိတ်ရင်းမှန်မှန်၊ စေတနာမှန်မှန်၊ သဘောထားမှန်မှန်၊ ရိုးရိုးသားသားနဲ့ တကယ် ပဲ ပြောင်းလဲချင်ပြီလားဆိုတာ… တွေးရင်း….

3 comments

  • pyaponthu

    February 17, 2012 at 12:02 pm

    လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုဘဲ

  • မိုးချမ်းမြေ့

    February 17, 2012 at 1:33 pm

    ယုံကြည်ချက်ကို ထိရောက်အောင်ပစ်နိုင်ဖို့လိုအပ်တယ်ဆိုတာက…
    “ဘာ့ကြောင့်”ဆိုတဲ့ အခြေအနေကို စဉ်းစားနိုင်ဖို့ရယ်..။ “ဘာတွေဖြစ်ထွန်းလာခဲ့သလဲ”ဆိုတဲ့
    အကျိုးရလာဒ်ရယ်…ဆိုတာကို သိဖို့က အဓိကကျလိမ့်မလားလို့ တွေးမိပါရဲ့..။ k.red ရဲ့
    ဆိုလိုချက်ကို သဘောရောက် သလောက်အတွေးဆန့်မိတာပါ…။
    “ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်”ဆိုတဲ့ pyaponthu ရဲ့ဆန္ဒကိုလည်း လက်ခံရမှာပါပဲ…။
    ကိုယ်ယုံကြည်ရာကို စဉ်းစားတဲ့အခါတိုင်းမှာသာ….ကိုယ့်ရဲ့အယုံကြည်ခံရသူနဲ့ပါတ်သက်ပြီး… အဂတိ..တရားလေးပါးလွတ်နေရင်…0k နိုင်မယ်လို့လည်း..ခံယူမိပါရဲ့…။

  • သူ ့ယုံကြည်မှုကိုထိအောင်ပစ်ရမှာလဲ မလွယ်ပါလား။တခါက ဆရာတော်ဦးသုမင်္ဂလရဲ ့တရားတော်မှာ
    ဦးရှင်ကြီးဆိုတာရေနစ်လို ့သေတဲ့ကောင်၊ကိုကြီးကျော်ဆိုတာ အရက်သမားဆိုပြီး ထိရောက်စွာဟော
    ထားသေးတယ်။ဒါလဲ မှတ်ကြဘူးဗျာ။

Leave a Reply