အပြုံး……..

လှပသော အပြုံး …….

ကြည်လင်သော အပြုံး …….

နှစ်လိုသော အပြုံး…………

အေးမြသော အပြုံး………..

တည်ငြိမ်သော အပြုံး…….

 

 

 

 

ကျေနပ်သော အပြုံး…..

ရက်စက်သော အပြုံး ……….

ဟန်ဆောင်သော အပြုံး ……..

လှောင် ပြုံး………

မချိပြုံး ……..

မဲ့ ပြုံး……….

……………ပြုံး

……………ပြုံး …………..စသည် စသည့် အပြုံးများရဲ့ နောက် ကွယ်မှာ

လူတွေ၇ဲ့ စိတ်သဘော အမျိုးမျိုး ကို ကျွန်မငယ်စဉ်က မခွဲခြားတတ်သေးပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကလေးဘ၀က လူကြီးတွေထံမှ ပြုံးပြုံးရွှင်ရွှင် ဆက် ဆံခံ၇သောအခါ

ကိုယ့် ကို တကယ်ချစ်ခင် နှစ်သက်လို့ ဘဲ လို့ ထင်ပြီး ကျွန်မကလည်း လှိုက် လှဲဖော်ရွှေသော အပြုံးဖြင့် 

လူ တိုင်းကို တလေးတစားဆက်ဆံ တတ်ခဲ့ သည်ပင်။

ဒီလို နဲ့ တဖြည်းဖြည်း ဆယ်ကျော်သက် အရွယ်ေ၇ာက်လာတော

အပြုံးများဧ။် အဓိပ္ပါယ် အတိမ် အနက်ကို ကျွန်မ နားလည်ခံစားတတ်လာခဲ့ ပါပြီ။

ဒါပေမယ့် ကျွန်မကိုယ်တိုင် ကတော့ လူ တိုင်းကို ကိုယ်တတ်နိုင် တာဆို လှိုက် လှိုက် လှဲလှဲ ကူညီတတ်စမြဲ ပင်။

အဖြူေ၇ာင် အပြုံးများဖြင့် တုံ့ ပြန် မြဲ ပင်။

နှစ်တွေကြာ ညောင်း၍လူ လတ်ပိုင်း အရွယ်ေ၇ာကလာပြန်တော

ကျွန်မထိတွေ့ ဆက်ဆံမိတဲ့ လူ တွေက လုပ်ငန်းနယ်ပယ် အလျှောက် အမျိုးမျိုး ပင်။

တချို့ ကတော့ အပြုံးတု များကို ဖော ဖော သုံးကာ သူတို့ ကိုကူညီဖို့ အားကိုးတကြီး အပူကပ်ကြပြီး

သူတို့ လို တဲ့ အကူအညီ ၇သွားသည်နှင့်  လမ်းတွေ့ လို့တောင်

ပြုံးပြဖို့ နေနေသာသာ မသိသလို ဆက်ဆံတတ်ကြပြန်သည်။

အဲဒီအခါ ကျွန်မက …ပါးစပ် အဟောင်းသားနှင့် တအံ့ တသြငေး မောခဲ့ ၇သည်။

ကျွန်မကူညီမှုဖြင့်  အလုပ်အကိုင်၇ရှိသွားသော သူငယ်ချင်းတယောက်က

လုပ်ငန်းခွင်တွင်လုပ်ဖော်ကိုင်ဖက်ဖြစ်လာသော အခါမှာတော့ 

ကျွန်မကို ပြိုင်ဘက် သဖွယ်သဘောထားကာ ဆက်ဆံလာပါသည်။

ကျွန်မ မှာ အဆင်မပြေမှုတွေ ကြုံသောအခါကျွန်မေ၇ှ့ တွင်ပင် နှစ်ခြိုက်သော အ ပြုံး……

ကျေနပ်သော အပြုံး ……..ဖြင့် ပြုံးတတ်ပြီး

ကျွန်မအောင် မြင်မှုတွေကို ၇၇ှိလာသောအခါတွ င်တော့ 

ဟန်ဆောင် ကာပင် နှစ်လိုသောအပြုံး ဖြင့် ကျွန်မကို မပြုံးပြနိုင်ခဲ့ ပါ။

မိတ်ဆွေစစ်နှင့် မိတ်ဆွေတု ကို ထင်ထင်၇ှားရှား ဖုံးကွယ်၍မ၇သော အပြုံးဖြင့်  ကျွန်မ သရုပ်ခွဲခြားတတ်ခဲ့ ပြန်ပါသည်။

ထို အချိန်တွင် မိတ်ဆွေစစ်များးကတော့ ကျွန်မဧ။်အောင်မြင်မှုများကို

မုဒိတာပွားကာ လှိုက်လှဲစွာဖြင့်  ၀မ်းပမ်းတသာပြုံးနိုင် ကြပါသည်။

သူတို့ ဧ။် အပြုံးက နှစ်လို သော အပြုံး ……….။

ဝမ်းမြောက်သောအပြုံး……။

လောဘ၊ဒေါသ၊မောဟတို့ ဖြင့် ပြည့် နှက်နေသည့့်လူအချို့ မှာ မုဒိတာ တ၇ား အပြည့်အ၀ ရှိမရှိ

သရုပ်သကန်မှန်ကို သူတို့ ဧ။် မဖုံးကွယ်နိုင်သည့် အပြုံးဖြင့်  ခွဲခြားနားလည်သိရှိခဲ့ ပါသည်။

ထို အချိန်တွင် သူတို့ ပြုံးနိုင်က မဲ့ ပြုံး……….။ မချိပြုံး ……….။

 

 

 

 

 

 

 

 

 

 

ဘ၀မှာ အခါအခွင့်သင့် ခိုက် ခေတ္တခဏ တ၇ားရိပ်ကို ခို လှုံခွင့် ၇သောအခါမှာတော့ 

တွေ့ မြင်၇သောလူတွေဧ။် မေတ္တာတ၇ားကို ထိတွေ့ ခံစား၇သောအခါ

သူတို့ဧ။်အပြုံးကို ခံစားမိတာက

သူတပါးဧ။်စိတ်နှလုံးကို ငြိမ်းချမ်း စေတတ်သော

မေတ္တာပါသော အေးမြသော အပြုံး…….

ကြည်လင်သော အပြုံး ……။

လူအမျိုးမျိုးဧ။် အပြုံး များကို သရုပ်ခွဲ ပြီး သူတို့ ဧ။် အတွင်း စိတ်အမှန်ကို နားလည်လာ၇တာမို့

့ ကျွန်မ ကိုယ်တိုင် လည်း ဖြောင့် မတ် မှန်ကန်သော စိတ်နှလုံးဖြင့် 

အခြေအနေမေ၇ွး၊ အချိန်အခါ မရွေး

တစ်ပါးသူတို့ ဧ။် ကိုယ့် အပေါ် ကောင်းခြင်း၊ဆိုးခြင်းကို နှလုံးမသွင်းဘဲ

 

 

 

 

 

 

 

 

 

 

 

 

 

လူတိုင်းကို နှစ်နှစ်ခြိုက် ခြို က်မေတ္တာစိတ်ဖြင့် 

ပြုံး ပြနိုင် ဖို့ ၊

ပြုံးပြတတ်ဖို့ 

ကျွန်မ ကြိုးစား၇ပါဦးမည်။

About mandalarthu

mandalar thu has written 39 post in this Website..