ခေတ်ပျက်သူဌေးတွေ ဖျက်ဆီးလိုက်တဲ့ အမွေ

ဈေးကြီးကို အပြင်မှမြင်ရပုံ

 

 

 

 

 

 

 

 

 

 

အတွင်းက ကျွန်းတိုင်ကြီးတွေပေါ့

 

 

 

 

 

 

 

 

 

 

ဝိတိုရိယ ဘုရင်မကြီး သရဖူတံဆိပ်ပါတဲ့ လက်လုပ်အုတ်ချပ်ပေါ့

 

 

 

 

 

 

 

 

 

 

ပုံစံမတူတဲ့ အုတ်ချပ်တွေ

 

 

 

 

 

 

 

 

 

 

အနီးကပ်မြင်ရပုံ

 

 

 

 

 

 

 

 

 

 

Sandoway Jail(SJ)နဲ ့နေင်အသစ်ထပ်ဖြည့်သည့် M တံဆိပ်ပါအုတ်တွေ

 

 

 

 

 

 

 

 

 

 

ရှေးဟောင်းအမွေအနစ်မို ့ ထိန်းသိမ်းသင့်ပါတယ်

ပို ့စ်ကိုပြန်ကြည့်ပေးပါနော်။https://myanmargazette.net/101654/creative-writing

ရှေးဟောင်းအမွေအနစ်တစ်ခုဆိုတာ ကိုမပျောက်ပျက်ရလေအောင် ထိန်းသိမ်းရမယ့် တာဝန်ဟာ ကျနော်တို ့လူငယ်တွေ နဲ ့ရော လူကြီးတွေနဲ ့ပါဆိုင်ပါတယ်။သံတွဲမြို ့ဈေးကို တဈေးလုံးပြာကျစေခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ ့ လောင်ကျွမ်း  ခဲ့ သော  အမျိုးအမည်မသိရသောမီးလောင်ကျွမ်းမှုတွင်အဆောက်အအုံတစ်ခုကျန်ရှိနေခဲ့ပါတယ်။သမိုင်းကြောင်းက ကျနော်သိသလောက်ပြောပြမယ်ဗျာ။အင်္ဂလိပ်တွေ ရခိုင်နဲ ့တနင်္သာရီမှာ ခြေကုပ်ယူထားပြီးချိန်ဖြစ်တဲ့၁၈၂၄-၁၈၅ဝ ကြားမှာတည်ဆောက်ခဲ့တဲ့ အဆောက်အဦးဖြစ်ပါတယ်။မူလတည်ဆောက်ခဲ့စဉ်က အင်္ဂလိပ်တို ့ ၏အကျဉ်းထောင်ဖြစ်ပြီး ကျွန်ုပ် တို ့၏တိုင်းရင်းသားများကို နှိပ်စက်ခဲ့ရာနေရာဖြစ်၍ ရှေးဟောင်းအမွေအနစ်အဖြစ် ရခိုင်တမျိုးသားလုံးပိုင်(သို့ မ ဟုတ်) နိုင်ငံပိုင်အမွေအနစ်ဖြစ်ပါသည်။
၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလ၁၁ ရက်နေ ့မီးတွင်ယခုမြင်တွေ ့ နေရသောအဆောက်အအုံ တလုံးသာမီးထဲ မပါသွားဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကိုဈေးအဖြစ်သုံးလာရာနှစ်ပေါင်း၁၀ဝကျော်ရှိနေပြီဖြစ်ပြီး၊ယခု အဆောက်အဦးနှင့် ပုံစံတူ၊အရွယ်ငယ် (၄)လုံး အပါအဝင် ကြိုးတိုက်ပါ မီးထဲပါသွားခဲ့လေပြီ။ရန်ကုန်တက္ကသိုလ်ထက်ပင်ရှေး
ကျသော၊ရခိုင်အမျိုးသားတို ့၏သမိုင်းအမွေအနစ်ဖြစ်သော ဤအဆောက်အဦးကိုဖယ်ရှား၍ဈေးသစ်ဆောက်မည်ဆိုသည်မှာ  စဉ်းစားစရာဖြစ်ပါသည်။ယခုအဆောက်
အဦးမှာရှေးဟောင်းနိုင်ငံပိုင်ဖြစ်၍ နိုင်ငံခြားများကိုဆွဲဆောင်နိုင်သောအရာ၊လာလည်
သူနိုင်ငံခြားသားမှန်သမျှ အမြတ်တနိုးတန်ဖိုးထားဓါတ်ပုံရိုက်ယူသွားကြသည်။
“ရွာဘုရား ရွာသား မကြည်ညို”“ရွာနားမြက် ရွာနွားမစား”တော့မဖြစ်သင့်ပါဘူးဗျာ။
နောင်လဲရှိသင့်ပြီး အနာဂတ်သမိုင်းသက်သေ အဖြစ်ချန်ထားစေချင်တဲ့ အတွက် ကျနော်က

campaign တစ်ခုလုပ်ချင်မိတယ်။
ထို ့ကြောင့် ရှေးဟောင်းသုသေသနမှ(renovation) ပြန်လည်မွန်းမံ၍ အမှတ်တရ ပြည်သူများ

အတွက်အမှတ်သညာ ဖြစ်စေရန် ထိန်းသိမ်းသင့်ပါတယ်။
ယခုမူ ၎င်းကို ဖြိုဖျက်ရန် ကြိုးစားနေ၍ ရှေးဟောင်းအမွေအနစ်တစ်ခုဆုံးရှုံးတော့မည်
သက်ဆိုင်ရာဖြစ်တဲ့စည်ပင်အပါအဝင်၊ရှေးဟောင်းအမွေအနစ်ထိန်းသိမ်းစောင့်ရှော
က်ရေးအဖွဲ ့မှလဲစဉ်းစားပေးစေလိုပါတယ်။ပြည်နယ်အစိုးရအဖွဲမှစဉ်းစားစောင့်ရှောက်ပါ
ရန် တောင်းဆိုထားပါတယ်။ဒါပေမယ့်ဖြိုဖျက်နေကြပါပီ။မတတ်နိုင်တော့ပါဘူး။
ဖျက်စီးလိုက်တာ လွယ်သလောက် ပြန်လည်ရယူဖို ့ခက်သွားပါလိမ့်မယ်။ဖျက်စီးဝံ့တဲ့ ဉာဏ်နည်းတဲ့

အစိုးရအဖွဲ ့အပေါ်ယုံကြည်မှုလျော့ရဲလိုက်တာ။လေလံအောင်သွားသူကတော့ ကြံ့ဖွတ်ပါတီမှ ကိုဖိုးရီအောင်

ဖြစ်ပါတယ်။သိန် ၁၁ဝနဲ ့ရသွားတာပါ။ခုတော့ဖြိုနေလိုက်ကြတာ ရှေးဟောင်းကြွင်းကျန်အဆောက်အအုံကို

ဖျက်ဆီးတဲ့သမိုင်းလူဆိုးများအဖြစ်မှတ်တမ်းဝင်သွားခဲ့ပီပေါ့ဗျာ။

36 comments

  • မိမိ ပို ့စ်အောက်မှာ ကွန်မန် ့အရင်ဆုံးဝင်ပေးသွားပါတယ်။ခုလိုနောက်ကျပြီးမှတင်နိုင်တဲ့
    အင်မတန်မှကို ကောင်းလှသော Skynet MPS လိုင်းကိုလဲကျေးဇူးတင်ပါတယ်ဗျာ။

  • kyeemite

    February 17, 2012 at 1:43 pm

    ဖျက်ပီးသွားပီ ဆိုတော့လည်းဘာတတ်နိုင်မှာလဲ..ဒါမျိုးတွေကနိုင်ငံအနှံ့မှာဖြစ်နေတာဗျ…မဖျက်တောင်
    မှ မထိန်းသိမ်းတော့ဘဲပစ်ထားတာ ဒုနဲ့ဒေးပါ..

  • လင်းဝေ

    February 17, 2012 at 2:19 pm

    ဒီပို့စ်ကို အက်ဒမင်သူကြီး ဖွပေးပါ။
    ထိမ်းသိမ်းသင့်တဲ့ အဆောက်အဦးပါ။
    နားမလည်တဲ့သူတွေကို နားလည်သူများမှ တားပေးကြပါ။
    RNDP ကိုသွားပြောပေးကြပါ။

  • water-melon

    February 17, 2012 at 2:36 pm

    ဖျက်တော့လဲ ဘယ်တတ်နိုင်မလဲ အစ်ကိုနာဂရယ်
    ကျွန်တော်တို့က သူတို့လက်ထဲက ကြောင်ချီးလေ
    သူတို့စားချင်းစား လျက်ချင်လျက်ပေါ့ဗျာ။
    မသိနားမလည်တဲ့ လူတွေလက်ထဲ တိုင်းပြည်ရောက်နေတော့ ပြောင်ပြီပေါ့ဗျာ။

  • ကိုလင်းဝေရေ RNDP လဲဒီကိစ္စမှာငြိမ်နေတယ်ဗျာ။ဒီအလုပ်ကိုမလုပ်သင့်ဘူးလို ့ပြည်နယ်စည်ပင်ဝန်ကြီးကို
    လဲပြောပြထားတယ်လို ့ကြားရပေမယ့်၊ဒီအဆောက်အအုံအပေါ်မှာ နေရာမပေးလိုသူတွေရဲ ့စိတ်ဓာတ်ကတော့
    အောက်တန်းကျလွန်းနေတယ်ဗျာ။ကိုဖရဲပြောသလိုပါဘဲဗျာ တိုင်းပြည်ကတော့ နှိုင်းရရင်တော့ -ာလုပ်တဲ့ခေါင်း
    တွေလက်ထဲရောက်နေတဲ့-ာလို ဖြစ်နေပီ။

  • minyanag

    February 17, 2012 at 3:07 pm

    သုံးစားလို့မရတဲ့ – ာ လို့သာပြောလိုက်ပါတော့. ကိုနာဂရေ.. သိတဲ့အတိုင်းပါပဲ..
    လေကုန်တာပဲ အဖတ်.. အဲလေ လက်ညောင်းတာ နက်ဖိုးပေးရတာပဲ အဖတ်တင်ကျန်မှာ..

  • Khin Latt

    February 17, 2012 at 10:19 pm

    အဲဒီ ဓာတ်ပုံလေးတွေ ကြည့်ပြီး ရင်ထဲမှာ အတော်လေး ပြောမပြနိုင်အောင် ခံစားရပါတယ် မောင်နာဂ ရေ။ (ဘယ်သူ ခေါ်လိုက်တာလဲ တော့မသိ သဘောကျ၍ ကော်ပီကူး ပါသည်)
    ဒီလောက် ခေါင်းမရှိ တဲ့ အပြင် မျက်စိ ရော နားတွေ ပါ ကန်း နေတဲ့ လူတွေ ခေါင်းဆောင်လုပ်နေသမျှ အားလုံး ရေတိမ်နစ် နေရမှာဘဲ။
    ဒါမျိုး အဆောက်အဦ ဆိုတာ ဒီအတိုင်းထားပြီး ပြတိုက် လုပ်ထားရမှာ။
    တစ်ချို့ ဆို ဒီလို နေရာမျိုးတွေကို ရှာပြီး ကို တိုးရစ်လုပ်သွားကြတာ။
    ဟိုးပထမ Post မှာ မင်းတင်လိုက်ကထဲ က ရေးဖို့ ကနေ မရေးဖြစ်ခဲ့တာ။
    အခုတော့ တကယ် ဆုံးပြီပေါ့။
    ဒီလိုမျိုး လူမသိသူမသိ ဆုံးရှုံး ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် တွေ ဘယ်လောက်တောင်ရှိနေပြီလဲ
    တွေးလိုက်ရင် တကယ်ဘဲ အရိုင်းစိတ် ဝင်လာတယ်။ အကုသိုလ်ပွါးရတယ်။ 👿

    ဒီလို ညဏ်မရှိ တွေ လူတွေ ကို မဖယ်နိုင်လောက် အောင်ကို တို့တွေ ညံ့ရသလား လို့ ဘဲ ကိုယ့်ကိုယ်ကို မေးနေမိတာပါဘဲ။ 🙁

    ဒီလို သတင်းလေးတွေကို တခုတ်တရ တင်ပေးလို့ ကျေးဇူးပါမောင်နာဂရေ။

  • kai

    February 18, 2012 at 12:09 am

    အဲဒီက ကိုယ်ဆြာတို့ရေ.. အဲဒီအုပ်၏ချပ်တွေရသလောက်သာစုထားပေတော့…
    ရှယ်ယာထည့်ဆို..ထည့်ပါ့မယ်..။ 😆

  • ဟုတ်ကဲ့ပါ သူကြီးကိုခိုင်ရေ။
    စုထားသင့်သလောက်တော့ စုထားပါတယ်။ဒါပေမယ့် လက်ရှိဒီအဆောက်အအုံထဲက
    အုတ်ချပ်တွေကို လေလံရထားသူကဘယ်လိုအသုံးချမယ်ဆိုတာကိုမသိရသေးပေမယ့်
    လက်ရှိခွာယူနေချိန်ထိကို သပ်သပ်ရပ်ရပ်ခွာယူနေတာပါ။ရနိုင်သလောက်တော့စုထားပါမယ်။
    သူကြီးရေ ဒါကိုတန်ဖိုးထားလွဲပြောင်းလို ့ရနိုင်တယ်ပေါ့။တကယ်ရှယ်ယာထည့်မှာလား။
    ကျေးဇူးတင်ပါတယ် ကိုခိုင်ရေ။

  • windtalker

    February 18, 2012 at 10:54 am

    ရသလောက် ၊ နောက်ဆုံးအနေအထားလို ့ဘဲ ဆိုရမလားတော့မသိဘူး ။
    ခေတ်စနစ်ကြီး လုံးဝ မပြောင်းသေးခင်မှာတော့ ၊ ရသမျှ အခွင့်အရေး ဖြစ်သလို သုံးနေကြဦးမှာ အသေအချာပါဘဲ ။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:50 am

    ဪ..
    တန်ဘိုးနားမလည်တဲ့ ငဖွတ်ပါလားကွယ်..
    ခုတော့ မီးကလဲလောင်၊ဖျက်ကလဲ ဖျက်ကြနဲ ့ဆိုတော့ ကုန်ပါဘီတော့.ကုန်ပါဘီ
    နှမြောစရာ..

  • The Angry Man

    February 18, 2012 at 12:02 pm

    မလွယ်သေးဘူးဟေ့။ကုန်ပီ။
    မရပ်ရင် ချတော့ကွာ။ကုန် ချခိုင်းတာ။

  • maetu

    February 18, 2012 at 1:15 pm

    ခေတ်ပျက်နေတာတော့ သူတို ့အချင်းချင်း လုစား၊ရက်စားတွေမို ့တူတူတွေဘဲ။
    ဖျက်နေပီဆိုတော့လဲ ပြဿနာမသေးတော့ဘူး။အဲဒီမှာရှိတဲ့ သံတွဲသားတွေက
    အတင်းအဖျင်းပြောမယ်ဆိုရင် လူညီလိုက်တာ။ဒါမျိုးကြတော့ ဘယ်ပျောက်နေ
    ကြလဲဗျို ့။
    ဒါပေမယ့် လက်ရှိကြားနေရသလောက် ဒီဈေးဟာ စည်ပင်သာယာပိုင်ဈေးဖြစ်တယ်၊
    နောက်ပြီး မီးရှို ့တဲ့ တရားခံဟာလဲ စည်ပင်လို ့ဘဲကြားနေ၊မြင်နေရတယ်။အတည်ပြု
    ပေးနိုင်ပါသလား မိတ်ဆွေ။

    • အမလေးဗျ သူကြီးရေ…..ဒီမှာ တော့လေလံအောင်သူနဲ ့နီးစပ်အသိုင်းအဝိုင်းကအသံထွက်လာပီ။
      တချပ်ကို ၁၅၀ဝ ကျပ်ဆိုပါလား။အမလေး မလွယ်ဘူး။ရိုက်စားတွေပါလားနော်။ဒါနဲ ့ကိုဂျစ်ပစီရေ
      ဈေးကများလွန်းမနေဘူးလား။
      @maetu အကိုမေးတဲ့ မေးခွန်းအပေါ်မှာ ဘယ်သူ ့လက်ချက်ဆိုတာ အတိကျခုချိန်ထိ မသိရသေး
      တော့ အတည်မပြုနိုင်ပါ။တစ်ခုတော့ ရှိပါတယ်။ကျနော်တို ့ဆီက စုံစမ်းစစ်ဆေးထောက်လှမ်းရေးတွေ
      က ဗုံးမခွဲသူကိုခွဲတယ်၊မခိုးသူကို ခိုးတယ်ပြောအောင်တော့ စစ်ဆေးတတ်ပါရဲ ့။နောက် မဆီမဆိုင် ဆန္ဒ
      ပြတောင်းဆိုတဲ့ ရဟန်းသံဃာတွေကို ပစ်သတ်၊ရိုက်နှက်၊စစ်မေး၊ညှင်းဆဲတတ်တယ်။နိုင်ငံရေးသမား
      တွေ နယ်ဝေးပို ့၊နည်းမျိုးစုံနှိပ်ကွပ်တော့ တတ်တယ်ဗျာ။ဒီလိုအခြေအနေမျိုးကို အဖြေမရှာတတ်ဘူး။
      ဒါမှ ပြည်သူ ့ဘက်တော်သားတွေ။ခုဘဲ ကြည့်ပါဗျာ။နည်းတဲ့ မြေဧကမဟုတ်ဘူး။ဘယ်လိုဈေးသစ်
      တည်ပါစေ၊ဒါတစ်ခုကို ချွင်းချန်ဆောက်ဖို ့အဆင်ပြေပါတယ်။ပြတိုက်တစ်ခုလုပ်မယ်။နိုင်ငံခြားငွေ
      ရှာမယ်။ခုတော့ ဆုံးသွားပီ။

  • သမိုင်းဆက်တော့ ပြတ်သွားပီပေါ့ ကိုပေါက်ရေ။ဖျက်သူကဖျက်၊ခွာသူကခွာပါသနဲ ့မနည်းကုန်နေပီ။
    အထက်လူကြီးဆိုသူတွေလဲ နည်းနည်းလေးမှ စိတ်မပါလေဘူးလား မသိတော့ဘူးဗျာ။ဒီအဆောက်
    အအုံရဲ ့လက်လုပ်အုတ်ချပ်တွေကို ရသလောက် အုတ်ပုံတွေကြားထဲလိုက်စုခဲ့ကြသူတွေလဲရှိနေသလို၊
    သူ နဲ ့ကပ်လျှက် ကြိုးစင်မှ အုတ်ချပ်များကိုလက်ဝယ်စုဆောင်းထားမိသူများကလဲ တချပ်ကို ၄၀ဝနှုန်းပေး
    ဝယ်ထားကြပါတယ်။

  • ဘာဆို ဘာမှ မသိတဲ့ ဗာလ တွေပါလားဗျာ .. ။
    ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းမယ် မကြံဘူး။ ဖျက်ပစ်မယ် ဆိုတော့ …
    ဟိုလူကြီးကလည်း သူ့ဘက်သားမို့ ဒီတစ်ခါ ရူးချင်ယောင် ဆောင်နေတာများလား …..

  • Gipsy

    February 18, 2012 at 8:17 pm

    လက်ရှိ လေလံအောင်သူကို မေးကြည့်တော့ ကျောက်ပြားတချပ်ကို ၁၅၀ဝ ကျပ် နဲ့ရောင်းပါမယ်
    ပြောပါတယ် …၊ ရောင်းရန် ကျောက်ပြား အချပ်ပေါင်း တစ်သောင်းကျော်ရှိပါကြောင်း နဲ့အားလုံး
    ယူမယ်ဆို ညှိုနှိုင်းဈေး လုပ်ပေးနိုင်တဲ့အကြောင်း သိရပါတယ်ခင်ဗျ ….။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 18, 2012 at 10:38 pm

    ညှိပြီးများလုပ်စားကြသလားဗျာ အသုံးမကြမှန်းကမာ္ဘကသိသွားအောင် နောင်ကျင်သွားအောင် အယ်ဒီတာကြီးရေ ပို့စ်လုပ်ပေးလိုက်စမ်းပါဦးဗျာ။ ဒါတွေကိုထိန်းသိမ်းရမှန်းသိသွားအောင်။

  • အပြုသဘောဆောင် အားပေးသော ကွန်မန် ့လေးအတွက် ရှမ်းပြည်နယ်သားလေးရေ
    ကျေးဇူးတင်ပါတယ်။ကျနော်တို ့မိသားစုနဲ ့ရှမ်းတွေနဲ ့ရေစက်ပါတယ်ဗျ။ရှမ်းမျိုးဆက်သစ်
    လူငယ်များအဖွဲ ့က ဦးမြင့်သန်းနဲ ့ပတ်သက်မှုက ထဲထဲဝင်ဝင်ရှိပါတယ်။ကျနော့်ပို ့စ်တွေ
    ထဲက“ရှမ်းပြည်ကချယ်ရီ သံတွဲမှာကြွေရှာလေပြီ”မှာဖတ်ပေးလှည့်ပါဗျား။
    ကိုရှမ်းပြည်သားရေ……..ကျနော့်ပို ့စ်တွေထဲက စာမျက်နှာ(၄)မှာရှိပါတယ်။လင့်ခ်ပေးပါမယ်။
    http://myanmargazette.net/93718/creative-writingမှာဝင်ဖတ်ပေးပါနော်။

  • aye.kk

    February 19, 2012 at 5:15 am

    အသိမရှိ၊ထိန်းသိမ်းကောင်းရမှန်းနားမလည်၊အသိပညာနည်းပါးကြ
    သဖြင့်တိုင်းပြည်၏သမိုင်းအမွေအနှစ်(ရှေးဟောင်းအဆောက်အအုံ)
    တို့ပျက်စီးဆုံးရှုံးရလေသည်။
    အုပ်ချုပ်သူခေါင်းဆောင်ပိုင်းတာဝန်ရှိသူတို့သည်၊မိမိတို့အထဲမှ….
    တိုင်းပြည်၏အာဏာအားမမှန်မကန်၊မလျှော်မညီ၊အလွဲသုံးစားခါ….
    ကိုယ့်အကျိုးစီးပွားရှာ၍ကိုယ်ထင်ရာကိုယ်လုပ်နေသူတို့အား..
    (ဘယ်သူသေသေငတေမာရင်ပြီးရော)ဆိုတာ၊ပစ်ထားတာမျိုးမဖြစ်သင့်ပါကြောင်းအသိပေးချင်ပါသည်။

  • kai

    February 19, 2012 at 5:20 am

    တူတော့မတူဘူး.. ဈေးမှန်းလို့ရအောင်…
    ၁ဝပုံ၁ပုံထားပါစို့..။ ရဒေါ်လာတော့ ရောင်းရမလားပဲ..။
    နှစ်ရယ်.. သမိုင်းအထောက်အထားရယ်.. တိတိကျကျတော့လိုလိမ့်မယ်..။

    တခါတလေတော့လည်း.. ရှေးဟောင်းပစ္စည်းက.. ဘိုတွေလက်ထဲရှိတာ ပိုစိတ်ချရတယ်ပေါ့..။
    အဲဒီလိုထင်တာကြောင့်.. ဘာမှလုပ်မရတဲ့တူတူ..အဲဒီလို..ဝယ်သိမ်းထားဖို့.. ပြောပေးတာဖြစ်ပါကြောင်း..။

    Queen Victoria Staffordshire Blue Paving Brick RARE!!
    1837-1867 Diamond Jubilee
    Price = $71

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 3:02 pm

    ကိုသန်းထွဋ်ရေ အစ်ကိုပြောတာရှာမတွေ့ဘူးဗျ ဘယ်စာမျက်နှာမှာတုန်း။
    ကျွန်တော်တော့လိုက်ရှာတာနှံနေပြီ ခေါင်းသာမူးတယ် ဘယ်စာမျက်နှာ၊စာမျက်ခွက်မှာမှလည်းမတွေ့ဘူး။
    အားလားလား ခေါင်းကိုက်လိုက်တာနော်။

  • ဆူး

    February 19, 2012 at 3:21 pm

    ကွန်မန်းတွေပါ ဖတ်လိုက်မှပဲ ဇတ်ရည်လည်သွားတော့တယ်။
    အုတ်ခွာပြီး စီးပွားဖြစ် လုပ်စားနေတာပဲနော်.. အုတ်ချပ် တသောင်း ကို ၁၅၀ဝ ဆိုရင် ၁၅ဝလောက် ဖြစ်နေပြီ။ အပိုင်ပဲနော်..

  • မမဆူးရေ။ကွက်တိကို တွက်ပြီး လုပ်စားမယ့်ပုံတွေဗျ။ဒါကြောင့်မို ့ပေါ့ လေလံအောင်ပြီးနောက်နေ ့မနက်မှာဘဲ
    အဲဒီထဲမှာ တံခါးပိတ်ပြီး အသေအချာကိုစနစ်တကျခွာယူနေတာဗျာ။အလုပ်သမားစရိတ်တောင် မနည်းလှဘူး။
    လေလံအောင်သွားသူ က ကြိုတင်တွက်ချက်ထားပုံရတယ်ဗျ။

  • mg mg

    February 19, 2012 at 6:00 pm

    ဖြစ်ပြီးခဲ့တာတွေကတော့ သမိုင်းအဖြစ်ထားရစ်ခဲ့ရတော့မှာပေါ့၊
    ဒါပေမယ့် အဲဒီသမိုင်းကပြောတဲ့ ရှောင်ရန်/ဆောင်ရန်တွေတော့ ကျနော်တို့ ယူကြရမယ်မဟုတ်လား။
    အဲသလို အမွေအနှစ်တွေ မြန်မာပြည်အနှံ့များစွာရှိကြဦးမှာပါ၊ အဲဒါတွေအတွက် ဒီအဖြစ်အပျက်ကို
    ဇောင်းပေးပြောဆိုကြရင်း ကျနော်တို့ ကာကွယ်သင့်တယ်ထင်ပါတယ်။ ကျေးဇူးပါ

  • “”ဖြစ်ပြီးခဲ့တာတွေကတော့ သမိုင်းအဖြစ်ထားရစ်ခဲ့ရတော့မှာပေါ့၊
    ဒါပေမယ့် အဲဒီသမိုင်းကပြောတဲ့ ရှောင်ရန်/ဆောင်ရန်တွေတော့ ကျနော်တို့ ယူကြရမယ်မဟုတ်လား။
    အဲသလို အမွေအနှစ်တွေ မြန်မာပြည်အနှံ့များစွာရှိကြဦးမှာပါ၊ အဲဒါတွေအတွက် ဒီအဖြစ်အပျက်ကို
    ဇောင်းပေးပြောဆိုကြရင်း ကျနော်တို့ ကာကွယ်သင့်တယ်ထင်ပါတယ်။ ကျေးဇူးပါ””
    ခုလိုအပြုသဘောဆောင်တဲ ့ကွန်မန် ့ချီးမြှင့်တဲ ့မောင်မောင် ကိုကျေးဇူးပါနော်။

  • padonmar

    February 20, 2012 at 12:43 am

    ဒီတစ်ခု ပျက်စီးပေမယ့် နောင် ရှေးဟောင်းအဆောက်အဦတွေ ဖျက်ဆီးမခံရအောင် ခဲလေးတွေ ဆက်ပစ်ကြပါစို့။

  • မမPadonmar ရေ…ခုလိုလေး အားပေးဖော်ရှိတော့ အားတက်ရပါတယ်။ကွန်မန် ့ကောင်းလေးအတွက်
    နောင် ခဲပစ်ရမှာရလာမည့်အားများ အတွက်ကျေးဇူးပါဗျ။
    @ကိုရှမ်းပြည်သားဖတ်ချင်တဲ့ “ရှမ်းပြည်ကချယ်ရီ သံတွဲမှာကြွေရှာခဲ့လေပြီ….”ပို ့စ်ကိုဒီလင့်မှာဖတ်ပေးပါ။
    http://myanmargazette.net/93718/creative-writing

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 20, 2012 at 8:51 am

    ခဲပစ်ဖို့ဆို ကိုသန်းထွဋ်ရေ မြန်မာတစ်နိုင်ငံလုံးအတွက်နေရာက အားကြီးများတာရယ် ကျွန်တော်တောင်
    နောက်တစ်ရက်နှစ်ရက်ကြာရင် ရှမ်းပြည်နယ်ထဲက မြို့ရိုးဟောင်းကြီးတစ်ခုနဲ့ လူအများမေ့နေကြတဲ့
    တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အစပျိုးရာ ပင်လုံမြေအကြောင်းဓါတ်ပုံသတင်းလေးတင်ပေးဦးမယ်။
    ဖတ်ကြည့်လိုက်ပါဦး။ အဲဒါတွေလည်းထိန်းသိမ်းဖို့လိုတယ်ဗျ။

  • ကိုရှမ်းပြည်သားရေ……..သမိုင်းဝင်နေရာမို ့ကြည့်ချင်လိုက်တာဗျာ။
    အကိုကြည့်ချင်တဲ့ပို ့စ်ကို http://myanmargazette.net/93718/creative-writing
    မှာဝင်ကြည့်နိုင်ပါတယ်နော်။ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ ့ကဦးမြင့်သန်းရဲ ့ဘဝ
    တစေ့တစောင်းကဗျာလေးပါ။

  • ဘမျိုး ဘိုးတူ

    February 20, 2012 at 3:50 pm

    ဟုတ်သကွဲ့ အားပေးကြရမကွဲ့ ဘတို့က ထိမ်းသိမ်းချင်စိတ်လေးရှိပေမဲ့
    လောဘသား ငနာ အုပ်စုတွေ ကြီးစိုးနေသ၍တော့ ခက်နေဦးမှာပါကွယ်
    သူတို့ ကြီးပွါးချမ်းသာမှုကို မနာလိုဖြစ်တာတော့မဟုတ်ပါဘူး လွန်လွန်းနေသလားလို့ပါ ။

  • ဟုတ်ကဲ့ပါ ကိုဘမျိုးဘိုးတူခင်များ ……
    ခုလိုထိန်းသိမ်းစောင့်ရှောက်မယ်လို ့ကြားရလို ့ဝမ်းသာပီတိဖြစ်ရပါတယ်။
    အားလုံးသော သံတွဲက လူကြီး၊လူငယ်တွေ ညီညွတ်မယ်ဆိုရင် ဒီကိစ္စ
    အကောင်အထည်မပေါ်လောက်ပါဘူး။ခုတော့ အရိုးပြိုင်းပြိုင်းနဲ ့ပြိုလဲတော့
    မယ်ဗျာ။ရှားပါး သံတွဲသားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကို
    ဘမျိုးဘိုးတူ၏ ကွန်မန် ့လေးကို လေးစားမိပါကြောင်း။

Leave a Reply