မင်းအုပ်စိုး သောင်းကျန်းနေတာပါတဲ့

လမ်းပေါ်ထွက်ပြီး တန်းလန်းကြီး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၅ရက်နေ့ကဆိုထားတာပဲ၊ (ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး အရက်သေစာမူးယစ်သောက်စားမှု
ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင်
၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွားခဲ့ . … ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆေ…ာင်
မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့
သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ်
ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ ရဲကား ရခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့်
ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့်
လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း
တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရှိရ)

Credit to facebook friend.Hlamoe Hlamoe Hlamoeaung

 

66 comments

  • အောင်မငီး …
    အောက်အဝတ်တောင် မကပ်နိုင်တော့ပါလား အရပ်ကတို့ရေ ….
    အဲလောက်တောင်ပါပဲလား …
    အမှု (၁၁) မှုတောင် ကျူးလွန်ထားတာဆိုတော့ အင်း … မပြောတော့ပါဘူးဗျာ။ သူ့ထိုက်နဲ့ သူ့ကံပေါ့။

    တိုတိုပေါက်ပေါက်ရေ … ဟောဒီမှာ ကြည့်ထားနော် …. သံဝေဂ ရအောင်လို့ …. 😀 😀

    • စိန်ပေါက်ပေါက်

      February 17, 2012 at 2:24 pm

      သံဝေဂရတယ်ဗျာ
      အဲတာကြောင့် ဘောင်းဘီ၊ခါးပတ် ပါမှသောက်တယ်
      ခွက်ပုန်းကစ်တယ်..
      မူးလာရင် ကိုယ့်ဟာကို ကြော်ငြာခဲ့ပေမဲ့ ပါးစပ်နဲ ့ပဲ ကြော်ငြာခဲ့တာဗျာ
      လက်တွေ ့တော့ ကြော်ငြာရဲဘူး…မီး..မီး..ရှက်..ရှက်..

      စကားမစပ်
      ကိုသော်ရေ
      အဲဒီဆရာသများ ဒုံးကျည်ကို တစ်ခုခုနဲ ့ ကာထားပေးလိုက်ပါဗျာ
      မတော် လာမှန်မှ ဒုက္ခ 😆
      ကျနော့်ဆီမှာ ဒုံးကာတပ်ပေးထားတဲ့ပုံရှိတယ်ဗျာ..
      http://myanmargazette.net/wp-content/uploads/2012/02/mos2.jpg
      လူမြင်မကောင်းလို ့.ကာယကံရှင်လဲ သနားတဲ့အနေနဲ ့ ဒုံးကာတပ်ပေးစေလိုပါတယ်

  • windtalker

    February 17, 2012 at 11:28 am

    ရေပြွတ်လေးနဲ ့ဗျာ ။ မင်းအုပ်စိုး အားပေးတဲ့ အမျိုးသမီးပရိသတ်ထုကြီးအတွက်တော့ အားရစရာဘဲ ။ ဟီဟိ

  • စိန်ပေါက်ပေါက်

    February 17, 2012 at 11:38 am

    ဟယ်..
    တော်တော်နောက်တဲ့ ကိုသော်ရေ
    တွေ ့တတ်ပါပေ့
    အပေါ်က ၂ ယောက် ကွန်းမန် ့နဲ ့ ပုံနဲ ့ ကြည့်ပြီး
    ကျုပ်ဖြင့် ရီရတာ အူတောင်နာလာပြီ ပတ်ဝန်းကျင်အားနာလို ့ ဘရိတ်အုပ်ထားရတယ်ဗျို ့

  • K@oru

    February 17, 2012 at 11:39 am

    အစ်မရယ် …မြန်ထှာ ကွယ်..
    😀
    အဂ္ဂမဟာ ဖေ့စဘုတ် တော်ဂျီးမှာ တွေ့လိုက်တာ …အစောလေးကမှ…
    အင်း …တိုးတက်လာဂျတာ ကိုးတက်လာဂျဒါ…

    ထွီ…
    ချဉ်ပါတယ်တော်…

    😀

  • ကြောင်ကြီး

    February 17, 2012 at 12:21 pm

    ရေဖြန်းရင် အေးချမ်းပါတယ်။။။ အန်အယ်ဒီနဲ့ ၈၈မျိုးဆက်တော့ မဖြစ်စေနဲ့ပေါ့ကွာ..ဒါဆိုရင်တော့ လွယ်ဘူး…။ 🙄
    မင်းအုပ်စိုးဆိုတာ ဘယ်သူဘယ်ဝှာဆိုတာ ပိုပြည့်စုံအောင် ရေးနိုင်ရင် ကောင်းမယ်..။

  • kanjosan

    February 17, 2012 at 12:23 pm

    ရုပ်ရှင်သရုပ်ဆောင်မင်အုပ်စိုးရဲအကိုဟာ13.2.2012နေ ့က တာမွေမြိုနယ်ရှိကန်တော်ကြီးပတ်လမ်းနားက ဟိုတယ်တခုမှာ အမျိုးသမီး တယောက်နဲပျော်ပါးရင် သေဆုံးသွားခဲ့တာကြောင့် မင်းအုပ်စိုးခများမှာလမ်းလည်ခေါင်တက်ပြီးကြေကွဲ( ရဲတွေဘယ်ရော်နေလည်းတာမွေမြိုနယ်မှုး နဲနယ်ထိန်းခေါင်ဆောင်ကြောက်လို ထွက်ပြေး …..)

    အရှက်မရှိ သရက်စိဆိုတာဒါလား တိုတိုပေါက်… Facebook မှာလည်း သူပုံတွေပလူပျံနေပြီ….

    • စိန်ပေါက်ပေါက်

      February 17, 2012 at 12:34 pm

      သရက်စိတော့ မဟုတ်လောက်ဘူးဗျ
      😆

  • htoosan

    February 17, 2012 at 12:55 pm

    ဒါမျိုူးတော့ ဆင်ဆာ ပါသင့်တယ် ထင်ပါတယ်..

    • windtalker

      February 17, 2012 at 1:03 pm

      ဆင်ဆာတော့ မသိဘူး
      ဆင်နှာမောင်းတော့ တွေ ့နေရသလိုဘဲ
      မာမီပု တစ်ယောက်များ တွေ ့ရင် ဝမ်းသာရှာမယ်ထင်ပါရဲ ့

      • စိန်ပေါက်ပေါက်

        February 17, 2012 at 1:13 pm

        သာဓုပါတော်…

      • nigimi77

        February 17, 2012 at 10:16 pm

        ဟဲ့ ငပေ

        အဲသဟာ

        မိုးတွင်း ခရု အာရုံခံ အတက် ဟဲ့

  • မောင်ဘလိူင်

    February 17, 2012 at 1:06 pm

    တော်တော်ဆိုးတဲ့ လူ…လူကြည့်တော့ လက်တောက်လောက်နဲ့..
    လက်တောက်ကြည့်တော့လဲ အင်း..လက်တောက်လောက်..

  • kyeemite

    February 17, 2012 at 1:09 pm

    ဘယ်လိုဒွေဖစ်ကုံတာပါလိမ့ ်
    ဘယ်လိုမန့်ရမှန်းတောင်မသိတော့ပါဘူးဂျာ..

    • ဘီလို မန့်ရမှန်း မသိပါဘဲ
      မန့်သွားပါသော
      ဒေါ်ကြီးမိုက်အား
      ဟိုကောင်ကြီးရဲ့ အလယ်က ကောင်က အမောက်ထောင်ပြကာ
      မြင်သလို မန့်ပါဟု ပြောနေပါဂျောင်း ………… ။

  • blackchaw

    February 17, 2012 at 1:33 pm

    ဒီပုံကြီးကတော့ ရိုင်းတာထက်
    ကြက်သရေမရှိပဲ
    ရွာထဲက ရွာသူတွေကိုပါ ဆော်ကားသလိုဖြစ်နေတဲ့အတွက်
    မောင်သန်းထွဋ်ဦးရေ
    တို့ရွာထဲမှာ ဒီလိုကောင်မျိုးပုံ မရှိသင့်ပါဘူး ဟူးဟူးဟူး။

    • ကိုဘလက်ချောရေ အကိုတို ့သဘောမကျရင် ဖျက်ပေးပေါ့မယ်ဗျ။ဒါပေမယ့်
      သူကြီးကို ကူခိုင်းရပါမယ်။မဖျက်တတ်ဘူးဗျ။ဟီးးးးစတွေ ့တော့ အားလုံးသိအောင်
      ဆိုပြီး ကူးယူတင်ပေးလိုက်တာပါ။ဒီနေ ့ပို ့စ်သုံးခုတင်တဲ့ကိစ္စ သူကြိီးအရေးယူတော့
      မယ်ထင်တယ်ဗျာ။သူကြီးရေ ဖျက်မယ်ဆိုရင်တော့လဲ မတတ်နိုင်ပေဘူးပေါ့။ဖြစ်နိုင်ရင်
      တော့ထားပေးပါဗျာ။ပွိုင့်မပေးနဲ ့နော်။

  • Thel Nu Aye

    February 17, 2012 at 1:42 pm

    ဒါနဲ့များအကယ်ဒမီလိုချင်သေးတယ်။ ဒီလိုအဆင့်မရှိတဲ့လူကအနုပညာသမားတဲ့လား။ ရွှံထာ။

  • တညင်သား

    February 17, 2012 at 1:48 pm

    ပို့စ်တင်သူခင်ဗျား အများသူငှာ အရွယ်စုံ ဖတ်သော ဆင်ဆာ မလွတ်ခြင်းကိုရှောင်ရှား တင်စေချင်ပါသည်….

    • ဟုတ်ပါတယ် ကိုတညင်သားရေ။ကျနော်ကို အများသူငါသိစေချင်လို ့
      မြန်မြန်ကူးတင်လိုက်ရာမှာ ခုလိုမျိုးမစဉ်းစားမိခဲ့လို ့တောင်းပန်ပါရစေနော်။ကိုစိန်ပေါက်ပေါက်ဆီမှာ
      တော့ ဆင်ဆာလွတ်ပုံရှိတယ်ပြောပါတယ်။

  • တညင်သား

    February 17, 2012 at 1:51 pm

    မြန်လိုက်တာ ကွန်နရှင်ကလဲ မြန်လိုက်တာ…… ပို့စ်တင်သူခင်ဗျား အများသူငှာ အရွယ်စုံ ဖတ်သော နေရာဖြစ်သောကြောင့် ဆင်ဆာ မလွတ်ခြင်းကိုရှောင်ရှား တင်စေချင်ပါသည်….

  • nozomi

    February 17, 2012 at 1:57 pm

    ဘုရား ဘုရား
    ဝတ်မှုန်လေးတို့ သက်မွန်မြင့်လေးတို့ပါ အားကျပြီး
    ဒီလို လိုက်လုပ်ကုန်မှ ဖြင့်
    မကြည့် ဝံ့စရာတွေ ဖြစ်ကုန်တော့မှာပဲ

    • Davit

      February 17, 2012 at 2:18 pm

      အာ…………….သူတို့လေးတွေလုပ်မယ်ဆိုရင်တော့…………………..လုပ်……………………ပေ့……………………..စေ……………………………………လုပ်……………ပေ့…………….စေ…………………. 😛

  • Gipsy

    February 17, 2012 at 2:08 pm

    ဘီလိုဒွေဂ ဘီလိုဒွေ ဖစ်ပီး ဘီလိုဒွေ ဆက်ပီး ဘီလိုဒွေ ဖစ်ဦးမလဲ ..လွှတ်ခ..လွှတ်ခ…
    စာကလေးပုံ ကြည့်ပီး ယျှက်ထှာ…..

  • water-melon

    February 17, 2012 at 2:12 pm

    အမလေး
    မြန်မာနိုင်ငံက မင်းသားက ပစ္စတိုကြီးနဲ့ပါလား
    လက်နက်ကိုင်ဆောင်မှုနဲ့ရော ဖမ်းလေ 😀
    ရှက်စရာကြီးဗျာ
    မင်းသားလုပ်နေပြီး စိတ်ဓာတ်တွေက လမ်းဘေးက ခွေးသူတောင်းစားထက်တောင် ညံတယ်။

    • စိန်ပေါက်ပေါက်

      February 17, 2012 at 2:41 pm

      တယ်..
      လွှတ်ပြောမနေနဲ ့ဟ
      ပစ္စတိုက ကျည်ထည့်ပြီးသားဆို ဒိုင်းခနဲ လာမှန်နေဦးမယ်

  • koaung

    February 17, 2012 at 2:20 pm

    ဆေးမင်ကြောင်ထိုးပြီး မူးရင်ရမ်းတတ်တာတွေ တွေ့ဘူးတယ်နိုင်ငံတိုင်းမှာ(ပေါတောတောတွေ) 😀

  • thet pying phyo

    February 17, 2012 at 2:21 pm

    I can’t believe it, because perhaps the man who was shot by camera can be similar with actor Min Oak Soe. And then, image is not clear to see. I know well actor Min Oak Soe. So i wanna request that please try again to make sure.

  • သူကြီးခင်များ ပို ့စ်သုံးခုအတွက် အရေးယူပေးပါနော်။အလျင်းသင့်သလို ဖြေရှင်းပေးစေလိုပါတယ်ဗျ။
    ကျနော်ကလဲ အများသူငါ မေင်ကြီးနှမ၊သားနဲ ့အမိမကြည့်သင့်သောပုံကိုမှရွေး၍တင်မိသွားတာနော်။
    တောင်းပန်ပါတယ်ခင်မျာ။ရုပ်ရှင်သဘင်အနုပညာသည် အသိုင်းအဝိုင်းထဲကလူတစ်ယောက်ခုလိုမျိုး
    မြင်ရတော့ စိတ်မကောင်းဖြစ်မိတာရယ်ကြောင့်သက်သက်သာဖြစ်ပါတယ်။

  • sealion

    February 17, 2012 at 5:31 pm

    ဒီလောက်တောင်ဆိုး သလားဗျာ နေခင်းကြောင်တောင် ဒုတ်ပြခဲပြနဲ ့ မိုးဟေကိုလေး ကမှတော်သေး အခန်းထဲမှာ ပြလို ့…လှူဒါန်းတတ်ကြပါစေ ဆိုသလိုပဲ သူလဲ လှူဒါန်းချင်လို ့နဲ ့တူပါတယ် sperm ပြောပါတယ် ပြချင်ရင်လည်း နိုင်ငံခြား က အပြာမင်းသားတွေလို ့ ပြောင်းဖူးလောက်ဆိုတော်ပါသေးဗျာ…အကို အစ်မများ ညီမလေးများ မိုက်ရိုင်းသွားရင် ခွင့်လွတ်ပါဗျာ

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    February 17, 2012 at 6:24 pm

    (လှူဒါန်းတတ်ကြပါစေ (မင်းအုပ်စိုး၊ သရပါ မဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၂)

    ဒီစာကိုရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ရပါတယ်။ မရေးတော့ဘူးလို့လည်း ခဏခဏဆုံးဖြတ်ခဲ့ပါတယ်။
    မရေးဖြစ်အောင်လည်းကိုယ့်စိတ်ကို ထိန်းထား ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ထိန်းထိန်း
    ကျွန်တော့်ရဲ့ သန္ဓေဗီဇကိုက မကောင်းတဲ့အတွက် ဘယ်လို မှ ထိန်းမရတော့ဘဲ ဒီစာကို ရေးဖြစ်သွားတာပါ။ ဒီစာကိုရေးဖြစ်တဲ့အတွက် ရှိပြီးသားမိတ်ဆွေတွေ ဆုံးရှုံးကုန်မှာဖြစ်သလို မိတ်ဆွေအဖြစ် မရှိသေးတဲ့ သူတွေလည်း ရန်သူအဖြစ်ရောက်သွားမှာသေချာပါတယ်။ နဂိုကတည်းက ကျွန်တော့်
    အပေါ် ခါးခါး သီးသီးမုန်း နေတဲ့လူတွေကတော့ မျက်နှာကို မကြည့်ချင်လောက်အောင် အသံကိုမကြားချင် လောက်အောင် ရွံရှာစက်ဆုပ်သွားမှာ သေချာပါတယ်။

    ဘာအကြောင်းကြောင့် အဲ့ဒီလိုဖြစ်သွားရမှာလဲလို့ မေးခဲ့ရင်ကျွန်တော်ရေးမယ့်အကြောင်း က မြန်မာတစ်ပြည်လုံးက ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေကြတဲ့ အားပေးနေကြတဲ့ နိုင်ငံ ကျော်အနုပညာ
    ရှင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ အကြောင်းပါ။ အထူးသဖြင့် ပြေတီဦးပညာရေးဖောင်ဒေးရှင်းအကြောင်းပါ။

    ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ တော်တော်များများက ကျွန်တော့်အပေါ် မှတ်ချက်ချကြပါ လိမ့်မယ်။
    ပြေတီဦးရဲ့ အောင်မြင်ကျော်ကြားမှုကို ကျွန်တော် က မနာလိုလိ်ု့ မရှုစိမ့်လို့ မုဒိတာမပွားနိုင်လို့
    ဒီလိုမျိုးရေးတာလို့ သတ်မှတ်မှာ သေချာ ပါတယ်။ သူတို့ဇနီးမောင်နှံအပေါ်မှာအချစ်ကြီး ချစ်နေတဲ့ပရိသတ် တွေလည်း ကျွန်တော့်အပေါ် အမုန်းကြီးမုန်းသွားမှာ သေချာပါတယ်။

    တကယ်တော့ ပြေတီဦးနဲ့ကျွန်တော်ဟာ အင်မတန်မှ ချစ်ခင်ရင်နှီးတဲ့သူငယ်ချင်းအရင်း ကြီးတွေပါပဲ။
    သုညအောက် ရောက်နေတဲ့ ဘဝတွေကိုအတူတူဖြတ်သန်းရင်း လည်ပင်းဖက် ပေါင်းလာကြတဲ့
    ညီအစ်ကို သူငယ်ချင်းတွေပါ။ အခုအချိန်ထိလည်း သူနဲ့ကျွန်တော်နဲ့ကြားမှာ အမုန်း ပွားစရာတစ်စက်မှမရှိသလို ပြဿနာလည်း နည်းနည်းလေးတောင် မရှိပါဘူး။ ဒါဆိုရင် ဒီစာမရေးဘဲ မင်းတို့သူငယ်ချင်း
    အချင်းချင်း လူချင်းတွေ့ပြီးပြောလိုက်ပါလားလို့ စာဖတ် ပရိသတ်ကြီးကပြောချင်ကောင်းပြောချင်ကြပါ
    လိမ့်မယ်။ ဒါပေမယ့် ဘာကြောင့် ကျွန်တော်ဒီစာကို ရေးရသလဲ ဆိုရင်…

    ဒီစာထဲမှာပါတဲ့အကြောင်းအရာဟာ ပြေတီဦးတစ်ယောက်တည်းနဲ့ ပတ်သက်နေတာ မဟုတ်ပါဘူး။
    မြန်မာနိုင်ငံ ရဲ့ စာနယ်ဇင်းလောကမှာ အင်မတန်မှကိုထိပ်ဆုံးရောက်နေတဲ့ ဆရာ ဦးဝင်းငြိမ်းနဲ့ ဆရာဦးမြတ်ခိုင် တို့ နှစ်ယောက်လည်း ပါဝင်ပတ်သက်နေလို့ပါ။

    သူတို့နှစ်ယောက်တင်မကသေးပါဘူး။ ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ အင်မတန်မှကို အောင်မြင်ကျော်ကြားပြီး
    ဇာတ်ကားကောင်း ပေါင်းများစွာ တပည့်တပန်း ပေါင်းများစွာကိုရိုက်ကူးမွေးထုတ်ခဲ့တဲ့ နိုင်ငံကျော်စူပါ
    ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) လည်း ပါနေလို့ပါ။

    ဒါတင်မကသေးပါဘူး။ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်သူလောကမှာ အင်မတန်မှ လုပ်သက်ရှည်တဲ့အတွေ့အကြုံ
    ပေါင်း မြောက်များစွာ ရှိတဲ့ မင်းသားပေါင်းများစွာနဲ့အလုပ်လုပ်ခဲ့တဲ့ ထုတ်လုပ်သူ ကိုဝင်းကြည်လည်း ပါဝင်နေလို့ပါ။

    အဲဒီတော့ ဒီအကြောင်းအရာတွေကို စာတစ်စောင်ပေတစ်ဖွဲ့ မရေးဘဲသူတို့တစ်ယောက် ချင်းစီကို သွားပြီး စကားတွေပြောဆွေးနွေးငြင်းခုံနေကြမယ်ဆိုရင် သူတို့ရောကျွန်တော်ပါ အချိန် ကုန်အလုပ်ပျက် ပါတယ်။
    အဲဒါကြောင့် ဒီစာစုကို မိတ်ဆွေအပျက်ခံ ရန်သူအပွားခံပြီး ကျွန်တော်ရေးလိုက်တာပါ။

    ဒီစာစုကို ရေးဖြစ်စေတဲ့ နောက်တစ်ချက်ကတော့ အခုအချိန်မှာကျွန်တော်တို့ တိုင်းပြည် ဟာ အပြောင်းအလဲ
    တွေများစွာနဲ့ အကောင်းဘတ်ကိုဦးတည်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ အဖွဲ့အစည်း တွေ၊ ပါတီတွေ၊ ဖောင်ဒေးရှင်းတွေကို ဖွဲ့စည်းတည်ထောင်ခွင့်ပေးနေတဲ့ အချိန်လည်း ဖြစ် ပါတယ်။ အဲဒီတော့ ဖောင်ဒေးရှင်းတွေဆို
    တာ သိပ်မကြာခင်ကာလမှာ တစ်ခုပြီးတစ်ခုထပ်ပေါ် လာတော့မှာပါ။

    အဲဒီ ပေါ်လာတဲ့ ဖောင်ဒေးရှင်းတွေက နိုင်ငံတော်ရဲ့မျိုးဆက်လူငယ်တွေရဲ့ ဘဝ ကို မြှင့်တင်ပေးဖို့ ဆိုတဲ့စိတ်
    နဲ့ ဖွဲ့စည်းတည်ထောင်လို့ အခုပြေတီဦး ဦးဆောင်ပြီး နိုင်ငံကျော် စာနယ်ဇင်းဆရာကြီးများ ဒါရိုက်တာကြီးများ လုပ်ကြတဲ့ပွဲမျိုးကိုအမှန်လို့ထင်ပြီး ဆက်လုပ်နေကြမယ်ဆို ရင်….

    ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်လောင်းတွေဟာမျက်လွှာလေးချ ခေါင်း လေးငုံ့ပြီး ဘယ်သူ
    က များ ဘယ်အချိန်မှာဘယ်လိုပြောလိုက်လေမလဲဆိုတဲ့စိတ်နဲ့ တထိတ်ထိတ် နေရမှာ သေချာပါတယ်။
    ကျွန်တော် ရေးချင်တဲ့ ပြောချင်တဲ့ အဓိကအကြောင်းကို သွားပါတော့မယ်။

    ဘယ်လူမျိုး ဘယ်တိုင်းပြည်မှာမဆို လှူတာတန်းတာ ပေးတာကမ်းတာထောက်ပံ့တာဟာ ကောင်းမွန် တဲ့
    အလုပ် လို့ သတ်မှတ်ထားကြတာပါ။ ဘာသာမရွေးလူမျိုးမရွေးပေါ့။

    ကျွန်တော့်သူငယ်ချင်း ပြေတီဦးလုပ်တဲ့ ပြေတီဦးဖောင်ဒေးရှင်းဆိုတဲ့အလုပ်ဟာလည်း အင်မတန်မှ သန့်စင်မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှု အလုပ်တစ်ခုပါ။ ဒါပေမယ့် တစ်ခုပါပဲ။

    တစ်ခုလို့သာဆိုပေမယ့် အဲဒီတစ်ခုက တော်တော်အရေးကြီးတဲ့ တစ်ခုပါ။

    အဲဒီတစ်ခု ကြောင့် ကျွန်တော် ဒီစာစုကို ရေးဖြစ်တာပါ။ အဲဒီတစ်ခုက ဘာလဲဆိုရင် ပြေတီဦးဖောင်ဒေးရှင်းရဲ့
    အလှူငွေပေးအပ်တဲ့နေရာမှာ ကလေးတွေနဲ့ ပတ်သက်ပြီး ပြုမူလုပ်ဆောင်ခဲ့ကြတဲ့ ပုံသဏ္ဍာန်ပါပဲ။

    ပြေတီဦးဖောင်ဒေးရှင်းက ကူ ညီထောက်ပံ့ပြီး ပညာဒါန ပေးနေတဲ့ ကလေးတွေဟာနောင်တစ်ချိန်မှာ သမား
    ဂိုဏ်းဝင် ဆရာဝန် ဖြစ်လာမယ့် လူတွေပါ။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ဆရာ၊ ဆရာမအခေါ်ခံရမယ့်လူတွေ
    ပါ။ သာမန် ကျောင်းသူ၊ကျောင်းသားတွေ မဟုတ်ကြပါဘူး။ တကယ်လို့ သာမန်ကျောင်းသူ၊ကျောင်းသားတွေ
    ဖြစ်ခဲ့မယ်ဆိုရင်လည်းကျွန်တောကတော့ ဒီစာ ကို ရေးမှာပါ။

    ဆရာဝန်လောင်းပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာလောင်းပဲဖြစ်ဖြစ်၊ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ရေ လှည်းသမား ပဲဖြစ်ဖြစ်
    အုတ်ရွက်တဲ့လူပဲဖြစ်ဖြစ်၊ ဂျာနယ်ရောင်းတဲ့ သူပဲဖြစ်ဖြစ်၊ အသက်ဆယ့်ရှစ်နှစ် မပြည့်မချင်း လူငယ် တွေပါပဲ။
    အဲဒီလူငယ်တွေဟာ လက်ရှိအချိန်မှာ ဘာပဲဖြစ်နေဖြစ်နေ သူတို့မှာတောက်ပတဲ့ အနာ ဂတ်တွေ ကိုယ်စီ ရှိ်ကြ
    ပါတယ်။ လှပတဲ့ အိပ်မက်တွေလည်းကိုယ်စီကိုယ်ငှ ရှိနေတတ်ကြပါတယ်။

    သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့အိပ်မက်ဟာ သူတို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာနိုင်ဘူး လို့ ဘယ်သူ ကမှ
    ပြောလို့မရနိုင်ပါဘူး။ တောက်ပ တဲ့ အနာဂတ်၊ လှပတဲ့အိပ်မက်၊ တက်ကြွတဲ့ခြေလှမ်းတွေကိုယ်စီကိုယ်စီ ရှိနေ
    ကြတဲ့ လူငယ် တွေရဲ့ဘဝကို အားငယ်စိတ်ဝင်အောင်၊သိမ်ငယ်စိတ်ဝင်အောင်၊ အညွှန့်ချိုးခံရတဲ့ စိတ်မျိုး ဝင်လာအောင်၊လုပ်တဲ့အပြုအမူမှန်သမျှ လုပ်တဲ့သူမှန်သမျှကို ကျွန်တော်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်
    ရှုတ်ချပါတယ်။ လူငယ်ဆိုတာ တိုင်းပြည်တစ်ခုရဲ့အနာဂတ်အတွက် အရေးပါတဲ့ သူတွေပါ။

    အဲဒါကြောင့်လည်း ဒီစာကိုရေးတာပါ။ ဇာတ်လမ်းစပါပြီ။ အဓိကပြောချင်တဲ့အကြောင်းပေါ့။

    ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက တစ်နှစ်ပြည့်တဲ့ အခမ်းအနားကိုကန်တော်ကြီးဝန်း အတွင်းရှုှိ ကရဝိတ်
    ဟိုတယ် မှာ (၃၀.၁၁.၂၀၁၁)နေ့ကခမ်းခမ်းနားနား ကျင်းပသွားပါတယ်။ ဂုဏ်သရေရှိ လူကြီး လူကောင်းပေါင်း
    များစွာလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။

    ပြေတီဦးက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အလှူငွေပေးအပ်နေတဲ့ဓါတ်ပုံတွေ၊ ဆင်းရဲ နွမ်းပါးတဲ့ ကလေးတွေ
    က သူတို့ရထားတဲ့ထောက်ပံ့ကြေးလေးတွေကို ကိုင်ပြီး ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကို အလယ်မှာထားပြီး ရိုက်
    ထားတဲ့ ဓါတ်ပုံတွေ။ ဆရာဝန်မလောင်းတွေက ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်၊ဆရာဝန်လောင်းလေးတွေက
    ကုလားထိုင် တွေရဲ့နောက်မှာ မတ်တပ်ရပ် အလယ်ကကုလားထိုင်တွေပေါ်မှာတော့ ပြေတီဦးရယ်၊ အိန္ဒြာကျော်
    ဇင် ရယ် ၊ စာနယ်ဇင်းဆရာနှစ်ဦးဖြစ်တဲ့ ဆရာမြတ်ခိုင်နဲ့ ဆရာဦးဝင်းငြိမ်းရယ်၊ဒါရိုက်တာ ကြီးဖြစ်တဲ့ ဒါရိုက်တာ
    မောင်မျိုးမင်း ရယ်၊စီးပွားရေးသမားဖြစ်တဲ့ ထုတ်လုပ်သူ ကိုဝင်းကြည်ရယ် ခုံတွေပေါ်မှာခန့်ခန့်ကြီး ထိုင်လို့ပေါ့။
    ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက် ကိုတော့ ကျွန်တော် မသိပါဘူး။

    နောက်တစ်ပုံကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ခုံပေါ်မှာထိုင်ပြီးဆရာဝန်လောင်း ငယ်ကလေး တွေက
    လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးနေတဲ့ဓါတ်ပုံပါ။ ပေါ်ပြူလာဂျာနယ်မှာ ပါပါ တယ်။ ဂျာနယ်တွေမှာ ပါတဲ့ အဲဒီ
    ဓါတ်ပုံတွေကို ကျွန်တော်သေသေချာချာ ကြည့်ပါတယ်။ ကြည့်တာ မှ နှစ်ရက်သုံးရက်ကို ကြည့်တာပါ။
    အဲဒီလိုကြည့်ရင်း ကြည့်ရင်းကနေ ဒီစာရေးဖို့ဖြစ်လာတာပါ။

    အဲဒီဓါတ်ပုံတွေမှာပါတဲ့ လူငယ်တွေ အားလုံး လှိုက်လှိုက်လှဲလှဲ ဟက်ဟက်ပက်ပက်ဝမ်းပမ်းတသာ ဘယ်သူ
    မှပြုံးမနေကြ ပါဘူး။ အခြေအနေ နဲ့ သူတို့ပြုမူဆက်ဆံခံရတာကလည်း ပြုံးချင်စရာမကောင်းသလို၊

    ပျော်ဖို့လည်း ကောင်းမ ှမကောင်းတာ။ ဂျာနယ်တွေမှာ ဖော်ပြတဲ့ဓါတ်ပုံတွေကို စာဖတ်ပရိတ်သတ်ကြီး
    သိအောင် ကျွန်တော်ကူးယူဖော်ပြပေးလိုက်ပါတယ်။

    ဒါပေမယ့် သူတို့လိုတော့ မဟုတ်ပါဘူး။ ကလေးတွေရဲ့ မျက်နှာလေးတွေကိုဖျက်ထားပါ တယ်။ အပေါ်မှာ
    ရေးခဲ့သလိုပေါ့ လှူတယ် တန်းတယ် ပေးတယ် ကမ်းတယ်ဆိုတာဟာအင်မတန် ကောင်းမွန်တဲ့ ကိစ္စ တစ်ခုပါ။
    လှူဒါန်းထောက်ပံ့တတ်ဖို့တော့ လိုတာပေါ့။ ဒီလိုလေး စဉ်းစားကြည့်ကြရအောင်။

    ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက ထောက်ပံ့တဲ့ ကလေးတွေကို ပညာသင်ကြေးပေးတဲ့ အခါမှာ သူတို့
    ကော်မတီဝင် တွေစုပြီး တစ်ယောက်ယောက်ရဲ့ အိမ်မှာပေးလို့ရော မရနိုင်ဘူး လား။ ဒါမှမဟုတ်ရင်လည်း
    လူတွေအများကြီးမရှိတဲ့နေရာ ဓါတ်ပုံကင်မရာတွေမရှိတဲ့နေရာ၊ ရုပ်သံလိုင်း တွေရဲ့ ကင်မရာတွေမရှိတဲ့ နေရာ
    မှာ ပေးရင်ကောမဖြစ်နိုင်တော့ဘူးလား။ ပေးလို့ မရဘူးလား။ ကလေးတွေ နဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး
    ဆက်ဆံချင်တယ်ဆိုရင်လည်းအဲဒီတစ် နှစ်ပြည့် အခမ်းအနားမှာ ကလေးတွေကို ဖိတ်ပြီး သီးသန့်ဝိုင်းနှစ်ဝိုင်း
    ပေးထားလိုက်ရင် ရပါပြီ။ ရောက်လာကြတဲ့မင်းသား မင်းသမီးတွေကို သူတို့ကြည့်ပြီး လွတ်လွတ်လပ်လပ်
    ပေါ့ပေါ့ပါးပါးပျော်နိုင်ကြမှာပေါ့။

    ခုတော့ ပြေတီဦးနဲ့ သူတို့ရဲ့ ကော်မတီဝင်တွေ ဦးဆောင်ပြီးစီစဉ်လိုက်တဲ့ အစီအစဉ်တွေ ကြောင့် ကလေး
    တွေရဲ့ ရင်ထဲမှာအပျော်တွေခမ်းခြောက်ကုန်ပါတယ်။ သူတို့တွေရဲ့ တောက်ပတဲ့ အနာဂတ် ဟာလည်း ခေါင်
    ညွှန့်အချိုးခံလိုက်ရသလိုပါပဲ။

    ခံစားချက်ကလေးနှစ်ခုကို ယှဉ်ကြည့်ရအောင်ပါ။

    ကရဝိတ်ခန်းမပေါ်သို့ ပြေတီဦးလှမ်းတက်လာတဲ့ခံစားချက်ဟာအောင်မြင်မှုတွေ၊ ယုံ ကြည်မှုတွေ၊ ကျေနပ်မှု
    တွေ၊ပျော်ရွင်မှုတွေ၊အားရမှုတွေပါ။

    ဘာကြောင့်လဲ ဆိုတော့ ပြည်သူချစ်တဲ့နိုင်ငံကျော်မင်းသား တစ်ယောက်ကမရှိနွမ်းပါးတဲ့ ကလေး တွေကို
    ထောက်ပံ့ငွေ ပေးအပ်ရမှာလေ။ ကင်မရာမီးတွေကတစ်ဖျပ်ဖျပ်၊ ရုပ်သံကင်မရှုာ တွေက တလှုပ်လှုပ်၊ ဂုဏ်
    သရေရှိလူကြီးလူကောင်းတွေကလည်း တစ်ပြုံးပြုံးပေါ့။

    တစ်ဖက်က ထောက်ပံ့ကြေးယူမယ့်ကလေးရဲ့ နေရာကနေ ဝင်ပြီး ကျွန်တော်တို့ခံစား ကြည့်ကြ ရအောင်ပါ။
    စင်ပေါ် ကို တက်လာတဲ့ သူ့ရဲ့ရင်ထဲမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ရှက်စိတ်၊ ကြောက် ရွံ့စိတ် တွေ နဲ့ ပါ။ ဘယ်လူငယ်တစ်ယောက်ကမှအဲဒီလိုတက်ယူရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် ပျော်ရွင်ခြင်း ဖြစ်မှာ မဟုတ်
    ဘူးဆိ်ုတာ သေချာပါတယ်။

    ဘာကြောင့်လဲဆိုရင် လူတွေအများကြီးရဲ့ကြားထဲမှာ ပွဲကိုလာတဲ့လူတွေအားလုံး ဝိုင်း ကြည့်နေတဲ့
    မျက်လုံးတွေရဲ့ရှေ့မှာ ပြေတီဦးကမ်းပေးတဲ့လက်ထဲက သူယူရမယ့်အရာဟာ သူ့ကိုဂုဏ်ပြုတဲ့ ချီးမြင့်တဲ့
    ဆုကြေးငွေ မဟုတ်ဘဲသူ့မိဘတွေက ဆင်းရဲလွန်းလို့ သူ့ကို ကျောင်းဆက်ထားမပေးနိုင်တဲ့အတွက်
    ထောက်ပံ့ကြေး ကို သူယူနေရတာပါ။

    သူယူရတဲ့နေရာ က ကင်မရာမီးတွေ တစ်ဖျပ်ဖျပ်၊ ရုပ်သံကင်မရာတွေတစ်လှုပ်လှုပ် ၊ ဂုဏ် သရေရှိ လူကြီး
    လူကောင်းတွေကလည်း တစ်ပြုံးပြုံးနဲ့နေရာလေ။ ကျွန်တော်ကျွန်မတို့ ဆင်းရဲပါတယ်။ ကျွန်တော်ကျွန်မတို့နွမ်းပါးပါတယ်။
    ကျွန်တော် ကျွန်မတို့ဟာ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ကထောက်ပံ့တဲ့ငွေနဲ့ ကျောင်း တက်နေရတဲ့သူတွေပါဆိုတာကို လူတွေသိသွားအောင်လူတွေမြင်သွားအောင် အလုပ်ခံလိုက်ရ တာနဲ့ အတူတူပါပဲ၊
    တက္ကသိုလ် ဝင်တန်းမအောင်ခင်တစ်ချိန်လုံး သူတို့တွေဟာ သူတို့တက်ရောက် ပညာသင်ကြားရတဲ့ စာသင်ခန်း ရဲ့ကျောင်းထဲမှာ ပညာဂုဏ်နဲ့ လင်းလက်ခဲ့တဲ့ လူတွေချည်းပါပဲ။
    အဲဒီအခမ်းအနား မှာ အဲဒီလိုပေးပြီး ပေးတဲ့ပုံတွေကို ဂျာနယ်ရဲ့စာမျက်နှာထဲမှာ ပုံအကြီးကြီး နဲ့ထပ်ပြီးဖော်ပြလိုက်တာဟာသူတို့လေးတွေရဲ့ အနာဂတ် ညှိုးနွမ်းသွားအောင် သူတ်ို့လေး တွေရဲ့ရင်ထဲမှာ သိမ်ငယ်စိတ်
    တွေ ဝင်သွားအောင်လုပ်လိုက်သလိုပါပဲ။

    ဒီလုပ်ရပ် ဟာ ကျွန်တော်ရေးပြတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သွားတယ်ဆိုတာ ပြေတီဦးက မသိဘူး ဆိုရင်
    တောင်မှ သူ့ရဲ့ဖောင်ဒေးရှင်းကော်မတီမှာပါတဲ့အဖွဲ့ဝင်တွေ သိသင့်ပါတယ်။ သိဖို့ လည်း ကောင်းပါတယ်။
    သားသမီးချင်းလည်း စာနာကြည့်သင့်ပါတယ်။

    တကယ်ဆိုရင် ထောက်ပံ့ကြေးထူရတယ်ဆိုကတည်းက အဲဒီကလေးနဲ့ အဲဒီကလေးရဲ့မိဘတွေဟာ အင်မတန်
    မှကို ဆင်းရဲနွမ်းပါးလွန်းလို့ဆိုတာ သေချာပါတယ်။ ဆင်းရဲနွမ်းပါတဲ့ကြားက သူတို့ရဲ့ရင်သွေး သားသမီးလေးတွေ
    ကိုမရှိ ရှိတဲ့ကြားက ဆယ် တန်းအောင်တဲ့ အထိ ကြိုးစားရုန်းကန်ပြီးထားပေးခဲ့ကြရတာပါ။

    ဆေးကျောင်းဆက်မထားနိုင်လို့ အားငယ်နေကြတဲ့အချိန်နဲ့ ပြေတီဦးပညာဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ မှုကြောင့်
    သူတို့သားသမီးလေးတွေ ဆေးကျောင်းဆက်တက်ခွင့် ရပြီလို့ သိတဲ့အချိန်မှာ သူတို့တွေရင်ထဲ အရမ်းပျော်သွားမှာ
    သေချာပါတယ်။

    ဒါပေမယ့် နှစ်ပတ်လည်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပွဲရဲ့ အစီအစဉ်တွေကို ဂျာနယ်တွေထဲမှာ ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ
    ဖော်ပြလိုက်လို့ သူတ်ို့နေတဲ့မြို့နယ်တွေအထိ ရောက်သွားပြီး သူတို့ များ ကြည့် လိုက်ရမယ် ဆိုရင်လူငယ်တွေရဲ့ မိဘတွေ ပျော်နိုင်ပါ့မလား။

    သူတို့ သားသမီးပုံပါတဲ့ ဂျာနယ်ကြီးကို လက်ကကိုင်ပြီး ဟောဒါ ငါ့သားကွ၊ ဟောဒါ ငါ့သမီးလေးကွလို့ ပြုံးပျော်
    ကြည်နူးပြီး ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို လိုက်ပြနိုင်ပါ့မလား။

    ကျွန်တော်ရေးပြတာတွေကို စာဖတ်သူ သေသေချာချာ စဉ်းစားကြည့်ပါ။ စာဖတ်သူကိုယ်တိုင် အဲဒီကလေးရဲ့
    နေရာအဲဒီကလေးတွေရဲ့ မိဘနေရာမှာ ဝင်ခံစားကြည့်လိုက်ပါ။ အဖြေက ရှင်းရှင်းလေးပါပဲ။

    လှူတာတန်းတာ ပေးတာကမ်းတာ ထောက်ပံ့တာဟာ အင်မတန်မှ ကောင်းပါတယ်လို့ကျွန်တော် ရေးခဲ့ပါတယ်။ ကျွန်တော်သူ့ငယ်ချင်း ပြေတီဦးရဲ့ရည်ရွယ်ချက်ကလည်း အင်မတန်မှ ကို မွန်မြတ်ပါတယ်။

    ဒါပေမယ့် သူနဲ့ သူ့ကော်မတီရဲ့ လုပ်ဆောင်ချက်ကတော့ သူတို့ထောက်ပံ့ပေးတဲ့ ကလေး တွေရဲ့ အနာဂတ် နဲ့
    အညွန့်တွေကို ဆုပ်နယ်ချေမွ ဖျက်ဆီးပစ်နေသလိုပါပဲ။

    လူငယ်ဆိုတာ အညွန့်တစ်လူလူနဲ့ အရွယ်ပါ။ ပိုပြီးဆိုးတာက ကိုယ့်ရဲ့အားနည်းချက်၊ ကိုယ့်ရဲ့သိမ်ငယ်တဲ့ အချက်၊
    ကိုယ့်ရဲ့ညံ့တဲ့အချက် ကို တခြားသူ သိမှာ အင်မတန်မှ စိုးရိမ်ပါတယ်။

    အဲဒီနေ့က ထောက်ပံ့ကြေးလက်ခံရယူသွားတဲ့ ကလေးတွေဟာ သူတို့ပုံပါတဲ့ဂျာနယ် ကြီးကို လက်ကကိုင်ပြီး
    သူတို့တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းမှာသူတို့သူငယ်ချင်း တွေရဲ့ကြားမှာ ဒါ ငါ့ပုံလေ ဒါ ငါ့ပုံလေလို့
    ဝမ်းသာပျော်မြူးပြီး လိုက်ပြနေလိမ့်မယ်လို့ စာဖတ်ပရိတ်သတ်ထင်ပါသ လား။ ကျွန်တော် ကတော့ လိုက်ပြမယ်
    မဟုတ်ဘူး ဆိုတာတစ်ထစ်ချယုံကြည်ပါတယ်။

    ကူညီထောက်ပံ့တဲ့နေရာမှာ စေတနာရှင်းရှင်းနဲ့ ထောက်ပံ့ကူညီပေးအပ်လိုက်ပါ။ လူသိဖို့ မသိဖို့က အဓိက မကျ
    ပါဘူး။ကိုယ့်ရဲ့ထောက်ပံ့မှုကို ကိုယ်ကလူတွေကို သိစေချင်ပေမယ့် အထောက်အပံ့ခံရတဲ့ ကလေးတွေက လူတွေ
    ကို သိစေချင်သလား၊ မသိစေချင်ဘူးလား ဆိုတာ မသေချာသလို သူတို့ ရဲ့မျက်နှာလေးတွေကို လူတွေ မြင်စေချင်
    သလား၊ မမြင်စေချင်ဘူးလားဆိုတာလည်း ထောက်ပံ့သူ တွေ မသိနိုင်ပါဘူး။

    ကိုယ့်ရဲ့ထောက်ပံ့မှုကို လူတွေသိစေဖို့အတွက် စီစဉ်ဖန်တီးလိုက်တဲ့အခမ်းအနား တစ်ခု ဟာ လင်းလက် တောက်ပ
    တဲ့ အနာဂတ်တွေ ကိုယ်စီရှိနေတဲ့ လူငယ်တွေကို သိမ်ငယ်စိတ်ဝင် အောင် လုပ်ပစ် လိုက်တာမျိုး ညစ်နွမ်းသွား
    စေတာမျိုး မဖြစ်ရင် ပိုကောင်းတာပေါ့။

    ဆရာဦးမြတ်ခိုင်တို့ ဆရာဦးဝင်းငြိမ်းတို့ဆိုတာ မြန်မာနိုင်ငံမှာတော့ တကယ့်ကို နာမည် ကျော် စာနယ်ဇင်း ဆရာတွေ
    ပါ။ စာနယ်ဇင်းကျင့်ဝတ် က်ို သူတို့ကောင်းကောင်း သိကြတာပေါ့။ စာနယ်ဇင်းတစ်ခုခုရဲ့ စာမျက်နှာပေါ်မှာ သတင်း
    ဓါတ်ပုံတစ်ခုခု ကိုဖော်ပြတော့မယ်ဆိုရင် အဲဒီသတင်းဓါတ်ပုံဟာ ကာ ယကံရှင်ကို ကောင်းကျိုးဖြစ်စေသလား၊ ဆိုးကျိုး
    ဖြစ်စေသလားဆိုတာ အရင်ဆုံး စဉ်းစာရမှာပါ။

    သူတို့ထည့်လို်က်တဲ့ ဓါတ်ပုံထဲမှာ ကာယကံရှင်ပေါင်း ၃၂ ယောက်ပါပါတယ်။ အဲဒီ ၃၂ ယောက် ထဲမှာမှသူတို့ ထည့်
    လိုက်တဲ့ ဓါတ်ပုံကြောင့် အကျိုးရှိစေတာ၂ ယောက်တည်းပါ။

    ဘယ်သူတွေလဲ ဆိုတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ပါ။

    သူတို့ရဲ့ အလှူဒါနကို သူတို့ကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်ကြီး မြင်ခွင့်ရတဲ့အတွက် သူတို့ နှစ်ယောက် အတွက်
    အကျိုးရှိတာပေါ့။ ဒါပေမယ့် ဒီဘက်က အယောက်သုံးဆယ်နေရာမှာ ဝင်ပြီး စဉ်းစားကြည့်ကြရအောင်ပါ။ အဲ ဒီသတင်း
    ဓါတ်ပုံပါသွားတဲ့အတွက် အဲဒီလူငယ် အယောက်သုံးဆယ်ရယ်၊ အဲဒီ အယောက်သုံးဆယ့် ရဲ့ ညီအစ်ကို မောင်နှစ်မ
    မိဘဆွေမျိုး အသိုင်းအဝိုင်းတွေရယ်ဟာ ဂုဏ်တက်သွားမလား၊ စိတ်ချမ်းသာသွားမလား ဆိုတာ လူသားချင်း ကိုယ်ချင်း
    စာနာတတ်တဲ့ စိတ်ရှိမယ်ဆိုရင် အလွယ်တကူနဲ့ စဉ်းစာကြည့်ပြီး အဖြေကို သိနိုင် ပါတယ်။

    ဒါရိုက်တာမောင်မျိုးမင်းဆိုရင်လည်း လူတွေရဲ့စိတ်ကို ပေါ်လွင်အောင် ရိုက်တဲ့နေရာမှာ အင်မတန်မှကို တော်တဲ့ တတ်
    တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့မှာလည်း သားသမီးသုံးဦးရှိပါတယ်။ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့အတွက် ကလေးတွေရဲ့စိတ်၊
    လူငယ်တွေရဲ့စိတ်ကို ပိုသိတာပေါ့။

    ကိုဝင်းကြည်ကိုတော့ထားလိုက်ပါ။ သူကတော့ စီးပွားရေးလောက်ပဲသိတာလေ။ လှူဒါန်းထောက်ပံ့ပေးအပ်တဲ့ ဒီလိုပွဲမျိုး
    ကို ဒီလိုပုံသဏ္ဍာန်မျိုးနဲ့ ပေးအပ်ထောက်ပံ့လိုက်ရင် အထောက်အပံ့ခံ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်သွားနိုင်တယ်
    ဆိုတာ ပြေတီဦးရယ်၊ စာနယ်ဇင်း ဆရာနှစ်ယောက်ရယ် ဒါရိုက်တာတို့ရယ်ဟာ ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့ ဘက်ပြောင်း
    စဉ်းစားကြည့်မယ် ဆိုရင် အလွယ်တကူ သိနိုင်ပါလိမ့်မယ်။
    အစပိုင်းမှာ ရေးခဲ့သလိုပါပဲ။ ဒီစာကို မရေးရရင် မနေနိုင်လွန်းလို့ကို ရေးတာပါ။

    မိုက်မဲလွန်းလို့ရေးတာလို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် ရေးသင့်တယ်ထင်လို့ ကျွန်တော် ရေးတာပါ။ လာကြဦး
    မှာပါ။လူငယ်တွေနဲ့ ပတ်သက်တဲ့ ဖောင်ဒေးရှင်းတွေ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီး တစ်ခု၊ မိ်ုးဦးကျမှာ ပေါက်လာတဲ့ မှိုပွင့်တွေလိုပေါ့။ အဲဒီဖောင်ဒေးရှင်း တွေအကုန်လုံးဟာ ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေကို ပညာသင်ကြား ဖို့ ထောက်ပံ့ ငွေတွေပေးမယ်။

    ထောက်ပံ့ငွေပေးတဲ့ အခမ်းအနားကိုလည်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်မယ်။ ပြီးတော့ ဓါတ်ပုံတွေရိုက်မယ်၊
    ရိုက်ထားတဲ့ သတင်းဓါတ်ပုံတွေကို စာနယ်ဇင်းဆရာများက ဂျာနယ် စာမျက်နှာတွေပေါ်မှာ ဝေဝေဆာဆာနဲ့ ဖော်ပြကြ
    ဦးမယ်ဆိုရင် ထောက်ပံ့ကြေးကို လက်လံ ရယူရမယ့် ကလေး တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို စာဖတ်သူမှန်း ကြည့်လို့ရပါတယ်။

    တစ်စုံတစ်ယောက်ကပြောလို့ ဒီစာစုကို ပြေတီဦး သော်လည်းကောင်း၊ ဦးမြတ်ခိုင် သော်လည်းကောင်း၊ ဦးဝင်းငြိမ်း
    သော်လည်းကောင်း၊ ဦးမျိုးမင်း သော်လည်းကောင်း ဖတ်မိခဲ့ရင် ကျွန်တော် အပေါ်မှာ ပြောစရာတွေ ရေးစရာတွေ
    ချေပစရာတွေ ရှိလာကြမှာပါ။

    ဖုန်မထပါဘူး၊ မလိုအပ်ပါဘူး၊ ပွဲဆူအောင် သက်သက်လုပ်တာလို့ ယူဆပြီး ဘာမှမပြော ကြ၊ မရေးကြ ရင်တော့
    သူတို့ရော ကျွန်တော်ရော အလုပ်မပိုတော့ဘူးပေါ့။

    တကယ်ပြောတာပါ။ ဘယ်သူ့ကိုမှ အမုန်းပွားပြီး ဒီစာစုကို ကျွန်တော်ရေးတာမဟုတ်ပါဘူး။ လူငယ်တွေကို တကယ်
    ချစ်တယ်ဆိုရင် လူငယ်တွေရဲ့ အနာဂတ်လှပအောင် ထောက်ပံ့ကူညီပေးချင်တယ်ဆိုရင် သူတို့ရဲ့ နှလုံးသား တွေကို
    မြင်အောင်ကြည့် တတ်ကြဖို့ သူတို့နေရာက နေဝင်ပြီးတော့ သူတို့ရဲ့ခံစားချက် ကို ခံစား နားလည် တတ်အောင်လို့
    ကျွန်တော်ရေးတာပါ။

    ဖောင်ဒေးရှင်းမလုပ်ဘဲ အသင်းအဖွဲ့မထောင်ဘဲ ဂျာနယ်တွေထဲကိုမထည့်ဘဲ လူငယ်တွေ ကို လူကြီး တွေကိုရော
    လုပ်ဖော်ကိုင်ဖက်တွေကိုရော ထောက်ပံ့ကူညီ စောင့်ရှောက်ပေးနေတဲ့ သူတွေ ကျွန်တော် တို့ရဲ့လူမှုပတ်ဝန်းကျင်
    အသိုင်းအဝိုင်းမှာအများကြီးရှိပါတယ်။ ထောက်ပံ့တယ်၊ လှူတယ်ဆိုတာ ကောင်းပါတယ်။ အထူးသဖြင့် တောက်ပတဲ့
    အနာဂတ်ကိုယ်စီရှိတဲ့လူငယ်တွေကို လှူဒါန်းထောက်ပံ့တာ ဟာ အင်မတန် ကောင်းမွန် တဲ့ အစီအစဉ်ပါ။
    ဒါပေမယ့် လှူတတ်ဖို့တော့ လိုတာပေါ့။

    ဒီစာစုနဲ့ ပတ်သက်ပြီး ရေးသားခဲ့သမျှ အစကနေအဆုံးအထိက ကျွန်တော့်ရင်ထဲကဆန္ဒ အမှန်ပါ။
    ဒီစာစု ကိုဖတ်ပြီး စိတ်ထဲမှာ တစ်ခုခုခံစားသွားရလို့ ကျွန်တော့ဘက်ကိုတုန့်ပြန်ချင်တဲ့ ဆန္ဒရှိတဲ့ ဘယ်လို လူမျိုးမဆို
    ကျွန်တော့်ကို တုန့်ပြန်ဖြေရှင်းလို့ ရပါတယ်။ ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ပဲ တုန့်ပြန်တုန့်ပြန်၊ ဖြေရှင်းဖြေရှင်း ကျွန်တော့်
    ဘက်ကတော့ အားလုံးအတွက် အဆင်သင့် ပါပဲ။
    လှူဒါန်းတတ်ကြပါစေ (မင်းအုပ်စိုး၊ သရပါ မဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၂)
    ***********************************************************
    ပို့ပေးသူက မူရင်းစာရေးသူ၏အဘော်ဖြစ်သောဓါတ်ပုံကျန်ခဲ့တာကြောင့်
    အဆိုပါဆောင်းပါနှင့်ကိုက်ညီမည်ဖြစ်သော် ပုံကို ကျွန်တော်တို ့မှ အသုံးပြုလိုက်ပါသည်
    ပို ့ပေးသူသည်လည်းနောင်အခါများတွင်ဓါတ်ပုံပါသေချာစွာထည့်ပေးရန် မေတ္တာရပ်ခံပြီး
    မူရင်းစာရေးသူအားလည်း ကျွန်တော် မောင်ကျောက်ခဲ နှုင့် မောင်မောင်ဒိန် မှ တောင်း
    ပန်လိုက်ပါသည်။)

    လို့ဆိုပါတယ်
    http://www.mgkyautkhae.com
    ကရတာပါ
    အင်း ခက်တာပဲ ဘာပြောရမှန်းတောင်မသိတော့ပါ။
    အရက်သမားမင်းအုပ်စိုးလည်းလူပါပဲ အရက်သမားဆိုက်ကားသမားလည်းလူပါပဲ
    အသေထွက်နဲ့ အရှင်ထွက်ကွာကြသလိုပဲ
    သူတို့လောကမှာ ထွက်ကြတဲ့လူတွေများပြောပါတယ်

    • etone

      February 18, 2012 at 10:46 am

      ဘရာဗိုပါဗျို့ …. ။ 🙂 ဒီနေရာမှာ ကျွန်မနဲ့ … အတွေးလေး လာတူနေတယ် … ။
      အဲ့ဒါပြောတာ … ဆင်းရဲတဲ့ လူက ဆင်းရဲမှန်း သိတယ် …. သို့သော် .. သူ့ဆင်းရဲတဲ့အကြောင်း တူးဆွလျှင် ခံပြင်း တတ်ကြတယ် … ။ တကယ်စေတနာရှိရိုးမှန်လျှင် … ဆင်းရဲတဲ့ လူကို ကိုယ်ချင်းစာလျှင် .. .. ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး ….. သူ့တို့ စိတ်အနာတရဖြစ်စေမယ့် … စကားမျိုး၊ အပြုမူ အပြောဆိုမျိုး ၊ လုပ်ရပ်မျိုးနဲ့ … မထိုးဆွသင့်ဘူး …….. ။

  • “””နောက်တစ်ပုံကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ခုံပေါ်မှာထိုင်ပြီးဆရာဝန်လောင်း ငယ်ကလေး တွေက
    လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးနေတဲ့ဓါတ်ပုံပါ။ ပေါ်ပြူလာဂျာနယ်မှာ ပါပါ တယ်။ ဂျာနယ်တွေမှာ ပါတဲ့ အဲဒီ
    ဓါတ်ပုံတွေကို ကျွန်တော်သေသေချာချာ ကြည့်ပါတယ်။ ကြည့်တာ မှ နှစ်ရက်သုံးရက်ကို ကြည့်တာပါ။
    အဲဒီလိုကြည့်ရင်း ကြည့်ရင်းကနေ ဒီစာရေးဖို့ဖြစ်လာတာပါ။
    အဲဒီဓါတ်ပုံတွေမှာပါတဲ့ လူငယ်တွေ အားလုံး လှိုက်လှိုက်လှဲလှဲ ဟက်ဟက်ပက်ပက်ဝမ်းပမ်းတသာ ဘယ်သူ
    မှပြုံးမနေကြ ပါဘူး။ အခြေအနေ နဲ့ သူတို့ပြုမူဆက်ဆံခံရတာကလည်း ပြုံးချင်စရာမကောင်းသလို၊
    ပျော်ဖို့လည်း ကောင်းမ ှမကောင်းတာ။ ဂျာနယ်တွေမှာ ဖော်ပြတဲ့ဓါတ်ပုံတွေကို စာဖတ်ပရိတ်သတ်ကြီး
    သိအောင် ကျွန်တော်ကူးယူဖော်ပြပေးလိုက်ပါတယ်။”””
    ဒီစာစုလေးထဲကနေ ကိုမင်းအုပ်စိုးထောက်ပြပေးထားတာကိုတော့ လက်သင့်ခံပါတယ်ဗျာ။ယခုပို ့စ်မှာ
    သူ ့ပုံကိုတင်ရတော့ သူ ့ရဲ ့ဂုဏ်ကိုထိခိုက်စေလိုခြင်းမရှိရပါ။

    • ကြောင်ကြီး

      February 17, 2012 at 6:56 pm

      ကျနော်လည်း အဲသလို မကြာခဏ တွေးမိပါတယ်။ အထူးသဖြင့် ဆိုက်တွေမှာ ဓာတ်ပုံများနဲ့ ပေးကမ်းနေပုံတွေ မြင်ရတဲ့အခါမှာပါ။ တဖက်သားကို နိမ့်ကျစေတယ်လို့ မြင်ပါတယ်။ တဲ့တဲ့ပြောရရင် အလှူရှင်တဦးဖြစ်တဲ့ ဦးကျော်သူတို့ နာရေးကူညီမှုအသင်း သတိထားသင့်တယ်။ အထူးသဖြင့် ငွေသားပေးတဲ့အခါမျိုး ဖြစ်ပါတယ်။ အထောက်အထားအနေနဲ့ ပစ္စည်များ စုပုံထားတာ၊ လက်ခံရရှိသူများ နောက်ကျောပိုင်းပုံများဆိုရင် လုံလောက်ပါတယ်။
      တခုတော့ရှိတယ် မားကက်တင်း သဘောပိုင်းပါမယ်ဆိုရင် အလှူရှင်များ သနားစိတ်ဝင်အောင်လည် ဆွဲဆောင်ရသေးတယ်။ အလှူခံပုဂ္ဂိုလ်က ဘုန်းကြီးမဟုတ်ဘူးလေ။ ကျားသနားမှ နွားချမ်းသာမယ် မဟုတ်လား။ ဒါကြောင့် ကမာ္ဘ့လူမှုကယ်ဆယ်ရေးအဖွဲ့ ကြော်ငြာများမှာတောင် မသန်မစွမ်းသူပုံ၊ ကယ်ရာမဲ့ခလေးသူငယ်ပုံများ အသုံးပြုရသေးတယ်။ ဒီတော့ ပြောချင်တာ ပေးကမ်းစွန့်ကြဲနေတဲ့ပုံထက် ပေးသူယူသူနှစ်ဦးနှစ်ဖက် အကျိုးရှိပုံ၊ ပျော်ရွှင်ပုံ စတာတွေကို အသားပေးပြသင့်တယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းအုပ်စိုးရေးတဲ့ အကြောင်းအရာကို အလေးအနက် စဉ်းစားသင့်ပါကြောင်း အပြာကားရိုက်ရန် မင်းသားရှာနေသူ ဒါရိုက်တာ ထုတ်လုပ်သူ ကြောင်ပြာကြီးမှ တိုက်တွန်းလိုက်သည်။

  • ကြောင်ကြီး

    February 17, 2012 at 6:59 pm

    သဂျီးနဲ့ မင်းအုပ်စိုး ဘယ်သူပိုကြီးလည်း မသိဘူးနော်…။ 🙄

  • zar ni

    February 17, 2012 at 7:14 pm

    အဲ့ယူကြီးတော်တော်မိုက်ရိုင်းဒယ်

  • venus lay

    February 17, 2012 at 7:27 pm

    ဘာတေမှန်းရဲတိဘူး..ကြည့်ရဲဘူး..ရှက်ရှက်….

  • venus lay

    February 17, 2012 at 7:30 pm

    အနုပညာလောကသားတစ်ယောက်ကအဲ့လိုလုပ်တာဟာ သူကိုယ်တိုင်ကမရှက်ပေမယ့် ကျန်တဲ့
    အနုပညာလောကသားတွေကိုတော့အားနာသင့်တယ်ထင်ပါတယ်…”ငခုံးမတစ်ကောင်ကြောင့်
    တစ်လှေလုံးပုပ်”ဆိုသလိုတော့မဖြစ်စေချင်ပါဘူး..ဆင်ခြင်သင့်ကြပါတယ်

  • နတ်ဆိုးလေး

    February 17, 2012 at 7:53 pm

    ဟေ့ကောင် ငါ့ကိုကြည့်မနေနဲ့ ” ဇ ” ရှိရင်လာခဲ့ ဟား….ဟား….ဟား…. မင်းအုပ်စိုး ပုဆိုး ချွတ်တာ……………………………..

  • zar ni

    February 17, 2012 at 8:12 pm

    သဂျီးကပိုကြီးတယ်ထင်တယ်(ပညာကိုပြောတာ)စိတ်ဆိုးနဲ့နော်

  • ရွှေဘိုသား

    February 17, 2012 at 10:36 pm

    အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး says:

    (လှူဒါန်းတတ်ကြပါစေ (မင်းအုပ်စိုး၊ သရပါ မဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၂)

    အဲဒီ ကွန်မန့်လေးကိုဖတ်ပြီး အကျိုးရှိသွားတယ် မင်းအုပ်စိုး ပုဆိုးကျွတ်နေတာတော့ သိပ်စိတ်မဝင်စားဘူး မိန်းကလေးမှမဟုတ်တာဗျာ

  • ရောင်နီ ဦး

    February 18, 2012 at 10:29 am

    အမလေးကျက်သီးထလိုက်တာဗျာ။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 10:59 am

    ဟမငေး..
    ခုမှပဲ စိတ်ချလက်ချ ကြည့်ရဲတော့တယ်..
    ဟူး…
    😆

  • kaung kg16

    February 18, 2012 at 12:15 pm

    လမ်းလယ်ခေါင်ကြီးမှာ ဗျာဒါကိုမင်းသားတဲ့နော် …ဇာတ်ကားရိုက်နေတာလားဟင်…..ဘယ်ဒါရိုက်တာရိုက်တာလဲနော်…..ပြောကြပါအုံး…..:P

  • koaung

    February 18, 2012 at 1:20 pm

    သူကြီးကအိုးထုက်လေးတပ်ပေးလိုက်တာကိုး စိန်ပေါက်ပေါက်အဲလိုအိုးထုက်လေးယူမလား သူကြီးကတသိန်းနဲ့လဲမယ်တဲ့ 😀

    • စိန်ပေါက်ပေါက်

      February 18, 2012 at 2:17 pm

      တော်တေးတာပေါ့ တဂျီးရယ်
      များက ရင်တွေခုန်ပြီး တစ်ညလုံး အိပ်လို ့တောင်ရတာဟုတ်ဘူး
      ခုမှ.
      ဝှူး…အမြင်အေးသွားပါတော့တယ် အရပ်ကတို ့ရယ်
      😀

  • ကိုစိန်ပေါက်ပေါက်ရေ ကျနော်လဲ အားနာလျှက်နဲ ့ထားတော့ သူကြီးက ခေါင်းပေါင်းအနီလေးတပ်ပေးသွားမှ။
    ဟီး မနည်းမနောကြီးဗျ။ယူမှာလား ဦးထုပ်တဲ့ မေးနေတယ်။ဈေးကလဲ မသေးပါလား တသိန်းတဲ့။ဟိ ဟိ

  • the best

    February 19, 2012 at 9:52 am

    ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက ကလေးတွေကို ပညာသင်ကြေးပေးတဲ့ အခါမှာ
    မရှိနွမ်းပါးတဲ့ ကလေး တွေကို ထောက်ပံ့ငွေ ပေးအပ်တယ်လို့ မပြောပဲ

    ပညာထူးချွန်ထက်မြတ် တဲ့ ကလေးတွေကို ဆေးကျောင်းတက်ခွင့်
    ဂုဏ် ပြုတယ်လို့ ခေါင်းစဉ် ပြောင်း သင့်ကြပါတယ်။

    ရွာထဲက သူတွေ ဘယ်လို ခေါင်းစဉ် ပြောင်းသင့်တယ်… ဆိုတာ တင်ပြစေချင်ပါသည်….
    အခြားသောဖောင်ဒေးရှင်း တွေကို ခုလိုမျိုးမ ဖြစ်စေချင် လို့ ပါ်။

  • တစ်ချို ့သူတွေ ပညာရေးအတွက်လှူတဲ့ငွေတွေအပေါ် တလွဲနေရာတွေမှာ
    အသုံးချတဲ့ ကျောင်းသားတွေ တွေ ့ဖူးပါတယ်။သူတို ့ကိုတွေ ့တော့ စိတ်မကောင်း
    ဖြစ်မိတယ်ဗျာ။တစ်ချို ့ကအရက်သောက်၊ဖဲရိုက်၊မိန်းမလိုက်ပေါ့။အထူးထူးတွေ။
    ကျနော်က သူတို ့ကိုနားဝင်အောင်ပြောပြပါတယ်။အလှူငွေတွေကို တလွဲမသုံး
    ပါနဲ ့ပေါ့။တကယ်ဆင်းရဲချို ့တဲ့ပြီး ကျောင်းဆက်မတက်နိုင်တော့တဲ့ ကလေးတွေ
    မှာလဲ ထောက်ပံ့ချိီးမြှင့်ငွေကလဲ လိုအပ်နေမှာအမှန်ပါဘဲ။

  • koaung

    February 19, 2012 at 1:04 pm

    ရိုးရိုးလေးလှူလို့ရပါတယ်ဗျာ ကန်ဒေါ့ခံပြီးမှပေးတာကဒေါ့ ဝေဖန်ရရင် ကျော်ကြားချင်လို့လား ပေါ်စားချင်လို့လား အတော်ကြွားချင်လို့လား တခုခု ဖြစ်မှာပေါ့ဗျာ

Leave a Reply