ကမာ္ဘပေါ်တွင် ထူးဆန်းသော သတ္တဝါ new

moesatrainJune 4, 20101min1487

ဒီသတ္တဝါကိုကြည့်ပြီး ထင်မြင်ချက်ပေးဖို့ရာ ခက်ခဲလှပါတယ် ။ ကျွန်တော်တို့အတွက် တွေ့ဖူးသမျှ သတ္တဝါတွေ ထဲမှာ အဆန်းဆုံးလို့ ပြောရမှာ
ဖြစ်ပါတယ် ။ အရှင်းဆုံးပြောရရင်တော့ ဒီဟာ ဘာကောင်လဲဆိုတာ ခန့်မှန်းဖို့
ကျနော် မတွေးတတ်ပါဘူး ။ ဒီတော့ ဒီသတ္တဝါဟာ အဖြေတက် မေးခွန်းတွေ
ပိုများလာစေမယ့် သတ္တဝါပဲ ဖြစ်ပါ တယ် ။ ရရှိတဲ့နေရာကတော့ ထိုင်းနိုင်ငံ
ကျေးရွာလေးတစ်ရွာကလို့ သိရပါတယ် ။ ဒေသခံတွေကတော့ နတ်ရိုးရာ
ယုံကြည်မှုရှိသူတွေပီပီ ဒီသတ္တဝါကို လာဘ်လာဘတိုးပွားစေတဲ့အဆောင်အြ

ဖစ်
ပူဇော်ပသ နေကြ တာကို လည်း တွေ့မြင်နိုင်ပါတယ် ။

အသက်ရှိတဲ့ သက်ရှိသတ္တဝါလို့ ယူဆတဲ့အတွက် ပန်ကာ ဖွင့်ပေးထားပြီး အမျိုးမျိုးသော
ဆုတောင်းမှု တွေပြု လုပ်ကြတဲ့အတွက် လာရောက်လေ့လာသူတွေနဲ့
စည်ကားလျှက်ရှိတယ်လို့ သိရပါတယ် ။ (မေးလ်ရထားခြင်းဖြစ်ပါသည်။)

7 comments

  • khinmintatthu

    June 4, 2010 at 5:13 pm

    ပုံထဲကအတိုင်းဆိုရင် ဘယ်လိုပြောရမှန်း၊ ဘယ်လိုခေါ်ရမှန်း၊ ဘယ်လိုနားလည်ရမှန်း၊ ဘယ်လိုခန့်မှန်းရမှန်းမသိတဲ့ သတ္တဝါလေးပေါ့နော်…..

  • etone

    June 5, 2010 at 2:48 am

    ဘာကြီးမှန်းလည်းမသိဘူး။ ဘယ်လိုရတာလဲ အပင်ကလား ။ ဥကပေါက်တာလား ဘယ်မှာတွေ့တာလဲ … ။ သေချာလည်းမရေးထားဘူး ။ အသက်ရှင်တယ်ဆိုရင်ဘာစားလဲ ။

  • babyshan

    September 11, 2010 at 7:14 am

    ဂြိုလ်သားလေးလို ့ထင်တာပဲ ဒီအကောင်လေးကဘယ်လိုလေးလဲမသိဘူးဗျာ သူကိုပူဇော်ရင် လာဘ်လဘ တိုးပွားတာ တကယ်ဆိုရင်ကောင်းမှာပဲဗျာ……..

  • Mc_Cristy

    September 13, 2010 at 6:31 am

    Lu tway , Lu tway , taw taw khat tar pal …
    bar mhan nyar mhan ma thi pal pu zaw nay ya tal loh …

  • unclegyi1974

    October 3, 2010 at 6:00 am

    မြန်မာအခေါ်လူချောက်ကလေးလို့ထင်ပါတယ်
    ဒီကလေးမျိုးကမမွေးခင်ကတည်းကအိမ်မက်ပေးတတ်ပါတယ်
    မွေးပြီးရင်လဲအိပ်ရာနဲ့ ပုခက်နဲ့ထားရပါတယ်
    ထမင်းချိန်ဆိုထမင်းအနားမှာထားပေးရပါတယ်
    မွေးတဲ့မိသားစုအပေါ်စီးပွါးတက်အောင်အထူးကူညီစောင့်ရှောက်တယ်လို့အဆိုရှိပါတယ်
    လက်တွေ့လဲစီးပွါးဖြစ်တဲ့လူတွေရှိတယ်လို့သိရပါတယ်
    သူတို့ကဆက်သွယ်ချင်ရင်အိမ်မက်ပေးတယ်လို့ပြောပါတယ်

  • မန်း ရိပ်

    October 3, 2010 at 6:10 am

    လူချောက်မဟုတ်လောက်ဘူးနော်

  • snique

    October 11, 2010 at 2:56 pm

    ဟုတ် ပါ့ လူချောက်တော့ မဟုတ်လောက်ဘူး ကျွန်တော် သိဖူးကြားဖူးသမျှ လူခြောက်ဆိုတာ က သေးသေးလေး နော် ဒီ သတ္တဝါ ကနဲနဲ ကြီးနေတယ်

Leave a Reply