KBZ လေယာဉ်အရေးပေါ်ဆင်းသက်(ဓါတ်ပုံ ရပီ)

ကွင်းဘေးထိုးကျနေပုံ

 

 

 

 

 

 

 

 

 

 

 

 

 

 

ခေါင်းစိုက်နေတာ

 

 

 

 

 

 

 

 

 

 

 

 

 

 

မီးသတ်ကားတွေက အဆင်သင့်ပါ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သံတွဲလေဆိပ်သို ့အဆင်း၊ယနေ ့ဖေဖော်ဝါရီလ ၁ရ ရက်နေ ့နေ ့လည် ၁၁နာရီတွင် မြက်ခင်းပြင်သို ့

ထိုးဆင်းခဲ့ရသည်။ဓါတ်ပုံကို တင်သွားပါမယ်။ခုမှဆိုတော့ လေဆိပ်ကို အရေးပေါ်လိုက်သွားပါတယ်။

လေယာဉ်ဝမ်းဗိုက်ပျက်စီး၊ဘီးများကျိုးသွားကြောင်း။ပို ့စ် ၃ခုဖြစ်သွားလို ့တောင်းပန်ပါတယ်။၆ မိုင်

ခရီးကိုသွားရတော့ ခုမှရလို ့ပါ။လေယာဉ်က k 7243 ပါ။အဆင်းမှာ ဘီးကျိုးပြီးပြေးလမ်းဘေးဆင်းသွားတာပါ။

မီးခိုးလုံးတွေထွက်လာပေမယ့် မီးမလောင်ခဲ့ပါ။အသေအပျောက်မရှိပေမယ့် ထိခိုက်ဒဏ်ရာရသူကို အတိအကျ

မသိရသေးပါ။

 

သဲပုံကိုတိုက်ပြီးရပ်သွားတာ

 

 

 

 

 

 

 

 

 

 

 

 

 

 

41 comments

  • pyinlepyaw

    February 17, 2012 at 11:25 am

    အောင်မလေး ကေဗီဇက် ရေ ၊ မသေမပျောက် ကံကောင်းလို့၊ လေယာဉ် အသစ်တွေဆို၊
    ဘယ်လိုဖြစ်တာတုန်း၊ ကြည့်လုပ်ကြပါကွယ်တို့၊

  • windtalker

    February 17, 2012 at 11:25 am

    အရမ်းလတ်ဆတ်တဲ့ သတင်းတစ်ပုဒ်ပါဘဲ ။ ပုံလေးတွေ ကို စောင့်နေတယ် ဗျို ့

  • စိန်ပေါက်ပေါက်

    February 17, 2012 at 11:39 am

    မြန်မြန်.တင်ပါဗျို ့

  • K@oru

    February 17, 2012 at 11:41 am

    ရပါတယ်အစ်မရယ်….
    😀
    ဒီနေ့ သများ ဘာမှ မတင်ဘဲ
    သများ ကိုတာ ထဲ ကခွဲပေးပါ့မယ် …
    သတင်း ထူး သတင်းဦး သတင်းမှန် ကအရေးကြီးပါတယ်…
    နော ..သဂျီး ..

  • htoosan

    February 17, 2012 at 12:46 pm

    ကိုသန်းထွဋ်ဦး ရေ ဆောရီးပါ ။ ကွန်းမကောင်းလို့ တင်ပြီးသူ ရှိမရှိ မစစ်မိလိုက်ဘဲ ကျွန်တော်လည်း တင်မိလိုက်ပါတယ် ။
    ကျွန်တော့် post ပြန်ဖျက်လိုက် မလို့ move to trash လုပ်တာ လုပ်လို့မရလို့ သူကြီးရေ ပြန်ဖျက်နိုင်ပါတယ် ခင်ဗျာ ။

  • ပုံတွေ မြင်ရပြီဗျို့ … ။
    တော်သေးတာပေါ့ ပေါက်ကွဲမသွားလို့။
    လေယာဉ်ကလည်း ဘီးကျိုး သွားရတယ်လို့ဗျာ … ။ သေသူမရှိတာတော့ ဝမ်းသာစရာပါပဲ။
    အခုလို လတ်ဆတ်တဲ့ သစ်သီး … အဲ … သတင်းအတွက် ရှဲရှဲ ပါဗျို့ … ။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 12:52 pm

    ကိုသော်ရေ
    အပ်ဒိတ်သတင်းအတွက် ကျေးဇူးပါဗျာ
    ဘယာကြော်လို ့ပြောခဲ့ပါရစေနော့

  • Diamond Key

    February 17, 2012 at 1:12 pm

    ကိုသန်းထွဋ်ဦး ရေ၊ လျှင်မြန်တဲ့ သတင်းနဲ့ သတင်းပုံတွေ သိခွင့်မြင်ခွင့်ရလို့ အချိန်ပေး သတင်းရယူကာ တင်ပေးနိုင်တာကို ဂုဏ်ယူ ကျေးဇူးတင်ပါတယ်ဗျာ 😀

  • nozomi

    February 17, 2012 at 1:15 pm

    သူကြီးရေ ဖြစ်ပြီးပြီးချင်း နာရီဝက်လောက်အတွင်းကို တက်လာတာ
    ဒီ ရွာသတင်းကတော့ အစောဆုံးဖြစ်မယ်ထင်တာပဲ
    ကိုသန်းထွဋ်ဦးရဲ့ ကြိုးစားမှုအတွက် ကျေးဇူးနော

  • blackchaw

    February 17, 2012 at 1:17 pm

    မောင်သန်းထွဋ်ဦး ရဲ့ သတင်းအတွက် ကြိုးစားမှုကို
    လေးစားမိပါကြောင်း ။
    မိုက်တယ်ဗျို့။

  • jujuma

    February 17, 2012 at 1:35 pm

    အယ်..ဖြစ်ရလေ
    ပြောတော့ အသစ်ဆို …

  • လင်းဝေ

    February 17, 2012 at 1:36 pm

    အခုဖြစ်သွားတဲ့ ပိုင်းလော့ က လေယာဉ်မှုးကြီးတက်ဖြစ်တာ ၃-၄လလောက်ပဲရှိသေးတယ်တဲ့။ လိုင်စင်ထုတ်ပေးတဲ့သူတွေကို ရိုက်ကွာ။ လိုင်စင်သက်တမ်းတိုးပေးတဲ့သူကိုလည်း ဆော်။
    အခု မြန်မာလေကြောင်းလိုင်းတွေမှာ လေတပ်ကပြောင်းလာပြီး အေတီအာ အတုကို ဘန်ကောက်မှာ သွားအစမ်းမောင်း၊ ပြီးတော့ မောင်းချင်သလိုဒီမှာပြန်လာမောင်း အဆင်းမှာ ကြမ်းတမ်းလွန်း တွေ့ရကြုံရ များလှပါပြီ။ လေယာဉ်က အဆင်းမှာ ခုန်တာတို့ ဆောင့်တာတို့က ဒီမှာ ပုံမှန်လိုဖြစ်နေပြီ။

    • အခုဖြစ်သွားတဲ့ ပိုင်းလော့ က လေယာဉ်မှုးကြီးတက်ဖြစ်တာ ၃-၄လလောက်ပဲရှိသေးတယ်တဲ့။
      လိုင်စင်ထုတ်ပေးတဲ့သူတွေကို ရိုက်ကွာ။ လိုင်စင်သက်တမ်းတိုးပေးတဲ့သူကိုလည်း ဆော်။
      အခု မြန်မာလေကြောင်းလိုင်းတွေမှာ လေတပ်ကပြောင်းလာပြီး အေတီအာ အတုကို ဘန်ကောက်မှာ
      သွားအစမ်းမောင်း၊ ပြီးတော့ မောင်းချင်သလိုဒီမှာပြန်လာမောင်း အဆင်းမှာ ကြမ်းတမ်းလွန်း တွေ့ရကြုံရ
      များလှပါပြီ။ လေယာဉ်က အဆင်းမှာ ခုန်တာတို့ ဆောင့်တာတို့က ဒီမှာ ပုံမှန်လိုဖြစ်နေပြီ။
      ဒါက ကိုလင်းဝေရဲ ့ထင်မြင်အသိပေးချက်လေးပါ။ဟုတ်ပါတယ် ကိုလင်းဝေခင်များ နောက်ဆုံးအနေနဲ ့
      လေဆိပ်စီမံကိန်းမှ ဝန်ထမ်းတွေရဲ ့ပြောကြားချက်အရဗျာ လေယာဉ်ဟာ ပြေးလမ်းပေါ်ဆင်းတော့ သုံးကြိမ်
      တောင်ဆောင့်သွားပါတယ်တဲ့ဗျာ။နောက်ပြီး နောက်ဘီးတွေကျိုးသွားပါတယ်။လေယာဉ်ပြေးလမ်းမှာ
      လဲပေါက်ထွက်သွားတဲ့ သတင်းကြားရပါတယ်။

  • kyeemite

    February 17, 2012 at 1:56 pm

    မောင်သန်းထွဋ်ဦး ရဲ့ သတင်းအတွက် ကြိုးစားမှုကို
    လေးစားမိပါကြောင်း ။

  • water-melon

    February 17, 2012 at 2:00 pm

    ကိုကြီးနာဂရေ
    ကျေးဇူးအထူးတင်ပါတယ်ဗျာ
    နောက်လဲအထူးအဆန်းလေးတွေ
    တင်ပေးပါအုန်းနော့
    ခင်တဲ့
    မမဖရဲ

  • Gipsy

    February 17, 2012 at 2:01 pm

    KBZ လေယာဉ် အသစ်တွေ မို့လို့ စိတ်ချရမလား စဉ်းစားနေတုန်း ….. တိန်…

  • အမလေးဗျာ လိုင်းကလဲမကောင်းဘူး၊ပို ့စ်မှာအားပေးကြတဲ့ ညီအကိုမောင်နှမတွေကို ပြန်ဖြေဖို ့ဝင်တိုင်းမှာ
    log out ဖြစ်ဖြစ်သွားလို ့စိတ်ညစ်နေလိုက်တာ။ခုမှရတယ်ဗျ။အားပေးဖော် ညီအကိုတွေနဲ ့ဆရာသမားများ
    အားလုံးကိုကျေးဇူးတင်ပါတယ်။
    ကျနော်တို ့က လေဆိပ်ပြင်ပကနေလှမ်းရိုက်ယူရတာကတစ်ကြောင်း၊အခွင့်မရှိမဝင်ရဆိုတော့လဲအထဲကို
    ဝင်ရောက်ပြီးမရိုက်နိုင်ပေမယ့် နိုင်သလောက်လေးအကျိုးထမ်းဆောင်ခဲ့ပါတယ်။သတင်းအတိအကျကိုပေးနိုင်
    အောင် လေဆိပ်တာဝန်ရှိသူတွေကိုမေးတဲ့ အခါ ဖုန်းချသွားပါတယ်။နောက်တစ်ကြိမ်ပြန်ခေါ်တော့ ဘာမှမဖြစ်
    ပါဘူးဘဲဖြေနေပါတယ်။
    ဒါနဲ ့ဗျ ကိုဖရဲတို ့စိန်ပေါက်ပေါက်တို ့ဘယ်နှယ့်လုပ်အသွင်ပြောင်းပြီး အမတွေဖြစ်သွားရတာပါလိမ့်ဗျ။

  • koaung

    February 17, 2012 at 2:37 pm

    ဘာဘဲပြောပြော ဒီလိုအခြေအနေတွေမှာ လေယဉ်မောင်းတဲ့လူတွေကိုလေးစားမိတယ် (မီးမလောင်တာကံကောင်း)

  • နွယ်ပင်

    February 17, 2012 at 2:40 pm

    သတင်းဦးလေး တစ်ပုဒ်ပါပဲ မောင်သန်းထွဋ်ဦး ရေ
    နောက်လဲ ဒီလို သတင်းဦး သတင်းထူးလေးတွေ ရေးတင်ပါဦးနော်

  • minyanag

    February 17, 2012 at 2:44 pm

    ကံကောင်းလို့ လေယာဉ်ပေါ်စီးနင်းလိုက်ပါတဲ့ သူတွေက နိုင်ဂျံဂါး သူားတွေ
    လေယာဉ်က အသစ်ဆိုတော့ မောင်းသူ ကြမ်းလို့ ဖြစ်မှာ
    ဒါမှ မဟုတ် တရုပ် နိုင်ငံလုပ် မို့လား ။

  • kai

    February 17, 2012 at 3:29 pm

    လူအသေအပျောက်မရှိရင်ပဲ.. ဝမ်းသာမိပါတယ်..။
    သဲပုံနဲ့တိုက်ပြီးရပ်တယ်ဆိုတေ့ာ …အရှိန်တေ့ာ တော်တော်ပြင်းမှာပဲ..
    မီးမလောင်တာ..ကံကောင်းတယ်..။

    သတင်းဓါတ်ပုံတွေအတွက်.. ကျေးဇူးပါဗျာ….။

  • aungnng87

    February 17, 2012 at 4:44 pm

    အော်…လေယာဉ်က ရန်ကုန်ကနေသံတွဲကိုမြက်သွားစားတာလားလို. သဲသွားရက်တာကိုး….

  • နတ်ဆိုးလေး

    February 17, 2012 at 5:58 pm

    သဲသွားရက်တာ မဟုတ်ပါဘူး ငှက်တွေလို သဲလူးပြီး ရေချိုးတာ ညစ်ပတ်လို့ တဲ့ သူကိုယ်သူ :mrgreen:

  • pazflor

    February 17, 2012 at 9:04 pm

    တရုတ် က ဝယ်ထား တဲ့ လေယာဉ်တွေလား ခင်ဗျာ???

  • we R one

    February 18, 2012 at 9:42 am

    အမလေး..ကြောက်ချာကြီး.. လူတွေ ဘာဖြစ်သွားတေးလဲ မတေကောင်းမပျောက်ကောင်း..
    ဒီနှစ်ရခိုင် ပြန်ရင် လေယာဉ်နဲ ပြန်မယ် စိတ်ကူးတွေတောင် ဘယ်ပျောက်တွားမှန် မတိတော့ဘူ..

  • nigimi77

    February 18, 2012 at 10:16 am

    အောက်ဆုံးပုံနဲ ့ အပေါ်ပုံတွေ နဲ ့က ဘာကွာလဲ မသိဘူး ။

    ဘယ်လိုကြည့်ကြည့် နားမလည်ဘူး ။

    အောက်ဆုံးပုံမှာ သဲပုံကြီး ခေါင်းထိုးပြီး ရပ်သွားတာ ဆိုရင် အပေါ်က ပုံတွေမှာ သဲကို တမှုံ မကျန်အောင်

    ရှင်းပစ်လိုက်တာတော့ မဟုတ်ဘူးထင်ပါတယ် ။

  • ကိုနီဂိမိရေ

    ကွင်းထဲဝင်ခွင့်မရလို ့၊ပင်လယ်ကမ်းနားဖက်အခြမ်းကနေ ရိုက်ယူထားတာမှာ
    ဒီဖက်ကကြည့်ရင်တော့ သဲပုံကိုမြင်ရပေမယ့်၊ဟိုဖက်ကကြည့်ရင်မမြင်ရပါဘူး။
    ဒါနဲ ့ဗျာ ကိုနိဂိမိက သံသယဖြစ်နေသလားလို ့ပါ။မဟုတ်ရင်လဲဒီလိုလေးလုပ်ပါ
    အကိုရေ။သံတွဲကို လေယာဉ်စီးလာခဲ့ပါလား။just kidding ပါနော်။
    အနှီကျနော်၏ပို ့စ်ကို ကြည့်မရ၍၊သော်လည်းကောင်း၊မနာလို၍သော်လည်း
    ကောင်း အနီတွေပေးနေလေတယ်ဗျ။အောက်တန်းကျလိုက်တာဗျာ။အပြုသဘော
    လေးတွေးစေချင်ပါရဲ ့ဗျာ။

    • windtalker

      February 18, 2012 at 10:52 am

      ဟုတ်ပ ထိပ်ဆုံးက ကျုပ် ကွန်မင့် က စပြီး နီတာပါ ခင်ဗျာ
      ကိုယ်မေကိုယ်ချစ် လက်ချက်ဘဲ

    • nigimi77

      February 18, 2012 at 3:41 pm

      ဟုတ်ပဗျာ ။မနက်က Offshore သွားရမှာမို ့လို ့ ရသလောက်ပဲ မန်းလိုက်တာ

      အနီရောင်တွေ ကိစ္စ မပြောလိုက်ရဘူး ။

      နည်းတာမဟုတ်ဘူး ရဲပလောင်းခတ်နေတာ ။

      ခုတော့လဲ စိမ်းနေတာပဲ ။

      ကိုသန်းထွဋ်ဦး တော့ သွားလေရာ ဒါး ဆောင်သွားနော် 🙂

      • ဟုတ်ပဗျာ ကိုနီဂိမိရေ။ခုတော့လဲ အမြဲစိမ်းသစ်တောထဲ
        ရောက်သွားတယ်ထင်ရတယ်။အနီပေးမှတ်ချက်ပြုသူတွေ
        ကတခြားသူတော့ ဟုတ်မယ်မထင်ပါ။KBZ ရဲ ့အကြောင်းကိုရေး
        တော့ သူတို ့နဲ ့ဆိုင်သူတွေဘဲနေမှာပေါ့ဗျာ။လူ ့အလကား၊
        ဇာတ်ပျက်တွေကြောင့် စာဖတ်သူ ကျနော့်အကိုမောင်နှမများကို
        စိတ်ပျက်စေတယ်။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 11:13 am

    ဘာပဲပြောပြော ဘယ်သူမှ ဘာမှဖြစ်တာ ကံကောင်းတာပဲဟေ့..
    နီချင်နီ ပြာချင်ပြာ သောက်ဂရုမစိုက်ဘူး.လခွီးပဲ

  • etone

    February 18, 2012 at 11:21 am

    လေယာဉ်တွေ … စိတ်ချလက်ချစီးနိုင်ဖို့ … အရေးပေါ် အခြေနေပြင်ဆင်မှုတွေ ရှိသင့်တယ် … ။
    အခုအဖြစ်ပဲကြည့် .. မီးထမလောင်တာ ကံကောင်းတယ် … ။
    ကုန်းလမ်း ရေလမ်းထက် …လေလမ်းက စိတ်ပူစရာအကောင်းဆုံး .. တစ်ခုခုဆို … လေထီးဘယ်လို ဝတ်ရမလဲဆိုတာ .. သိတဲ့ လူ ဘယ်နှစ်ယောက်ရှိမလဲ … ။ အရေတွက် အလွန်နည်းပါးပါတယ် … ။

    အရေးပေါ်ခုန်းဆင်းဖို့ ဗဟုသုတို့ … ၊ မီးလောင်တဲ့အခါ အရေးပေါ် ငြိမ်းသတ်ဖို့ ကိစ္စတွေ ၊ အသက်ရှုရပ်တန့်လျှင် အရေးပေါ်ကုသပုံတွေကို… တီဗွီကနေ .. ဗဟုသုတအနေနဲ့ ပြသင့်တယ် … ။ အခုတော့ .. ဘာမဟုတ်တဲ့ .. စလက်ဗရက်တီအိမ်တွေအကြောင်း မနက်မိုးလင်းလို့ .. မုန့်ဟင်းခါးစားတာက အစ … အိပ်ယာထဲ ပက်လက်လှန်တဲ့အထိပါပြ ၊ စတိုးဆိုင်တွေလျှောက်သွားပြီး .. ဟိုဟာဝယ်မလိုလို ၊ ဒီဟာဝယ်မလိုလို လုပ်ပြပြီး စပွန်ဆာလက်ဆောင်ရအောင် ကြော်ငြာပြ နဲ့ .. အချိန်တွေ အလကားသတ်သတ်ပဲ … ။ 👿

  • ဆူး

    February 18, 2012 at 11:29 am

    ဒီပိုစ်က သတင်းပိုစ် သတ်သတ်ပဲ.. ဘာများ နီစရာ ရှိလဲတော့ မပြောတတ်ဘူး။
    တခြား အကြောင်းတွေလည်း စဉ်းစားလို့ မရဘူး။

  • maetu

    February 18, 2012 at 1:08 pm

    အရေးပေါ်ဆိုရင် အလျော်ပေးရပီမလား။သွားရှာပီ တစ်စီးတော့။နာ့ဟာလေး ဝယ်ထားတာကြာသေးပု။
    ဟင့် ရွှတ် ဖတ်……..

  • manawphyulay

    February 18, 2012 at 5:02 pm

    အင်း ဒီလိုသတင်းတွေ တင်ပေးမှသာ ခရီးစဉ်သွားတဲ့သူတွေ သတိထားသွားရမှာဖြစ်တော့ တကယ့်သတင်းထူးပါပဲ။

  • မမမနောဖြူလေးရေ ကျေးဇူးတင်ပါတယ်ဗျာ။ဒီ KBZ လေကြောင်းလိုင်းက ငပလီကိုပြေးဆွဲတာ လပိုင်းဘဲရှိပါသေးတယ်။
    ခုလိုဖြစ်သွားတော့ သူတို ့ကုမ္ပဏီလဲ နစ်နာသလို၊နိုင်ငံခြားသားခရီးသွားတွေလဲ အထိတ်တလန် ့ဖြစ်သွားပါတယ်။

  • paukpauk

    February 18, 2012 at 9:27 pm

    Quote:
    (အခုဖြစ်သွားတဲ့ ပိုင်းလော့ က လေယာဉ်မှုးကြီးတက်ဖြစ်တာ ၃-၄လလောက်ပဲရှိသေးတယ်တဲ့။
    လိုင်စင်ထုတ်ပေးတဲ့သူတွေကို ရိုက်ကွာ။ လိုင်စင်သက်တမ်းတိုးပေးတဲ့သူကိုလည်း ဆော်။
    အခု မြန်မာလေကြောင်းလိုင်းတွေမှာ လေတပ်ကပြောင်းလာပြီး အေတီအာ အတုကို ဘန်ကောက်မှာ
    သွားအစမ်းမောင်း၊ ပြီးတော့ မောင်းချင်သလိုဒီမှာပြန်လာမောင်း အဆင်းမှာ ကြမ်းတမ်းလွန်း တွေ့ရကြုံရ
    များလှပါပြီ။ လေယာဉ်က အဆင်းမှာ ခုန်တာတို့ ဆောင့်တာတို့က ဒီမှာ ပုံမှန်လိုဖြစ်နေပြီ။
    ဒါက ကိုလင်းဝေရဲ ့ထင်မြင်အသိပေးချက်လေးပါ။ဟုတ်ပါတယ် ကိုလင်းဝေခင်များ နောက်ဆုံးအနေနဲ ့
    လေဆိပ်စီမံကိန်းမှ ဝန်ထမ်းတွေရဲ ့ပြောကြားချက်အရဗျာ လေယာဉ်ဟာ ပြေးလမ်းပေါ်ဆင်းတော့ သုံးကြိမ်
    တောင်ဆောင့်သွားပါတယ်တဲ့ဗျာ။နောက်ပြီး နောက်ဘီးတွေကျိုးသွားပါတယ်။လေယာဉ်ပြေးလမ်းမှာ
    လဲပေါက်ထွက်သွားတဲ့ သတင်းကြားရပါတယ်။)…

    သိပ်ဖြစ်နိုင်တာပေါ့..
    အခု တက်ဖြစ်နေတဲ့ ပို့ဆောင်ရေးဝန်ကြီးက လေတပ်ကပဲ။
    ဘယ်အရာမှထဲထဲဝင်ဝင်မသိဘဲ ဝန်ကြီးဖြစ်နေတာ အံ့ရောတဲ့ ။ သိတဲ့သူတွေပြောကြတယ်။

    သူကအတုအားပေးပုံကို သင်္ဘောလိုင်း company ကြီးက ကိုယ်စားလှယ်တစ်ယောက်က ပြန်ပြောပြတယ်။ ကဘာမှာ တစ်ဖြည်းဖြည်းနာမည်တက်လာတဲ့ မြန်မာ သင်္ဘော အရာရှိတွေရဲ့ အောင်မြင်မှုကို မျက်ကွယ်ပြုပြီး လက်မှတ်တုကိုင်ဆောင်ဘို့ ပြောင်သလိုချော်သလို အစည်းအဝေမှာပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

    သူပြောပြီးလို့ လအနည်းငယ်အတွင်းမှာ အခုဆိုရင် ကဘာမှာ မြန်မာ သင်္ဘောသားလက်မှတ်တု တွေ အများဆုံးဖြစ်နေပြီတဲ့။

    ဒီအကြောင်း အချိန်ရရင် post တင်ပေးပါဦးမယ်။

  • အခု တက်ဖြစ်နေတဲ့ ပို့ဆောင်ရေးဝန်ကြီးက လေတပ်ကပဲ။
    ဘယ်အရာမှထဲထဲဝင်ဝင်မသိဘဲ ဝန်ကြီးဖြစ်နေတာ အံ့ရောတဲ့ ။ သိတဲ့သူတွေပြောကြတယ်။
    သူကအတုအားပေးပုံကို သင်္ဘောလိုင်း company ကြီးက ကိုယ်စားလှယ်တစ်ယောက်က ပြန်ပြောပြတယ်။ ကဘာမှာ တစ်ဖြည်းဖြည်းနာမည်တက်လာတဲ့ မြန်မာ သင်္ဘော အရာရှိတွေရဲ့ အောင်မြင်မှုကို မျက်ကွယ်ပြုပြီး လက်မှတ်တုကိုင်ဆောင်ဘို့ ပြောင်သလိုချော်သလို အစည်းအဝေမှာပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။
    သူပြောပြီးလို့ လအနည်းငယ်အတွင်းမှာ အခုဆိုရင် ကဘာမှာ မြန်မာ သင်္ဘောသားလက်မှတ်တု တွေ အများဆုံးဖြစ်နေပြီတဲ့။
    ဒီအကြောင်း အချိန်ရရင် post တင်ပေးပါဦးမယ်။

    ပေါက်ပေါက်ရေ ပို ့စ်လေးကိုမျှော်နေမယ်ဗျာ။အမြန်ဆုံး ကြိုးစားပေးပါဗျ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 19, 2012 at 11:29 am

    တိတိကျကျတင်နိုင်တဲ့သတင်းပါပဲခင်ဗျာ ပိုင်းလေ့ာနာမည်ကကောဘယ်သူတဲ့တုန်း ကျွန်တော်တို့ရှမ်းပြည်သားတွေနာမည်တပ်တဲ့ လေကြောင်းလိုင်းကကော အခုမှဖွင့်တာမကြာသေးဘဲ အဲဒီလောက်စုတ်ချာရသလားဗျာ။ ယာဉ်ယန ္တရားစက်ပစ္စည်းဆိုတာက အမြဲစစ်ဆေးနေရတာ ဒါကိုလုပ်ဖို့မေ့နေကြပြီး ခေါက်ကြေးများများရဖို့ပဲစဉ်းစားတယ်ဆိုရင် ရန်ကုန် မ.ထ.သက ဒရိုင်ဘာပဲတက်မောင်းခိုင်းပြီး လေယာဉ်မယ်၊လေယာဉ်မောင်တွေအစား မ.ထ.သ စပယ်ယာတွေပဲလိုက်ခိုင်းလိုက်ပါတော့။

Leave a Reply