မန္တလေးက ယာဉ်တိုက်မှု အများပြည်သူဂရုပြု

YE YINT THUFebruary 17, 20121min775

စိန်သော့ရဲ  ့သတင်းလေးကိုဖတ်ရလို ့သိထားသမျှ ဝေငှလိုက်တယ်ဗျာ။

ဒီခေတ်က ငွေများတရားနိုင်တဲ့ခေတ်လေ။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ သဘာဝမကျတာက နှစ်ဖက်စလုံးရဲ  ့အချင်းဖြစ် ယာဉ်တွေကို အမှုမပြီးမချင်း ရဲစခန်းမှာ ယာဉ်ထိန်းက သိမ်းဆည်း ထိန်းသိမ်း ထားရမှာပါ။ အမှားအမှန်ကို သက်ဆိုင်ရာတရားရုံးကသာ အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်တဲ့ ယာဉ်ကို ဥပဒေလက်တလုံးခြား လွှတ်ပေးထား တာကတော့  “ ဥပဒေ  အထက်မှာမည်သူမျှမရှိစေရ ” ဆိုတဲ့ စကားက မြန်မာပြည်မှာ အခုလောလောဆယ် အသက်မဝင်သေးပါဘူး လို ့မီးမောင်းထိုးပြနေသလိုပါဘဲ။

ဒါပေမယ့် ဒို ့မြန်မာလူမျိုးဆိုတာ မဟုတ်တာလုပ်ရင်နဲနဲမှ ခေါင်းငုံ ့ခံတတ်တဲ့လူစားမျိုးတွေ မဟုတ်ဘူး။ ဒို ့ဘိုးဘွားဘီဘင်အဆက်ဆက်ကမျိုးစေ့ချပေးခဲ့တာဘဲ။ သက်ဆိုင်တဲ့လူကြီးတွေသိအောင်နည်းလမ်းတကျတိုင် သင့်တယ် ။ သိခဲ့ရင်လဲ ဒီလိုမလျော်ကန်တဲ့ ကိစ္စမျိုးကို လက်ပိုက်ကြည့်နေတဲ့ခေတ်မဟုတ်တော့ ပါဘူး။

ဒီတော့ ဥပဒေလက်တစ်လုံးခြားလုပ်စားနေတဲ့ အခုဖြစ်စဉ်က ယာဉ်ထိန်းရဲရော။ ရာထူးအာဏာကို မလျော်ကန်တဲ့နည်းနဲ ့အသုံးချ လူတွင်ကျယ်လုပ်နေတဲ့စစ်တပ်က ဗိုလ်ကြီးဆိုသူရဲ ့ လုပ်ရပ်ကိုရော တာဝန်ရှိ  လူကြီးမင်းများသိအောင် အောက်ပါလိပ်စာများ အတိုင်း တိုင်ကြားဖို ့တော့လိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ။

တိုင်းတပ်ဖွဲ ့မှူး ( မြန်မာနိုင်ငံရဲတပ်ဖွဲ  ့) မန္တလေးတိုင်းဒေသကြီး။

ရဲချုပ်မြန်မာနိုင်ငံရဲတပ်ဖွဲ ့( နေပြည်တော် )

ပြည်ထဲရေးဝန်ကြီး ( နေပြည်တော် ရုံးအမှတ်-၁ဝ )

တိုင်းဒေသကြီးဝန်ကြီးချုပ် ( မန္တလေးတိုင်းဒေသကြီး )

ပြည်သူ ့လွှတ်တော် တရားစီ ရင်ရေး နှင့် ဥပဒေရေးရာကော်မတီ ( နေပြည်တော် )

“  မှန်ကန်ပါလျှက် အကတိလိုက်စား စီရင်ချက်  ချခံရလို ့ ” နစ်နာသူဖက်က ( ပြည်သူ ့လွှတ်တော် တရားစီ ရင်ရေး နှင့် ဥပဒေရေးရာကော်မတီ ) ထံတင်ပြတိုင်ကြားလို ့ပြန်လည်ကိုင်တွယ်ပေးဖို ့လက်ခံရရှိထားတဲ့ အမှုပေါင်း ၃၀ဝ ကျော်ရှိတယ်လို ့ယခုတစ်ပါတ်  Eleven Media site မှာဖတ်လိုက်ရတယ်။ အသေးစိတ်သိချင်ရင်တော့ အောက်ပါ link မှာဆက်လက်လေ့လာကြပါ သယ်ရင်းတို ့ရေ။

http://www.first-11.com/index.php?option=com_content&view=article&id=12315:2012-02-12-04-31-50&catid=42:2009-11-10-07-36-59&Itemid=112

 

 

 

5 comments

  • Diamond Key

    February 17, 2012 at 12:53 pm

    မြန်မာပြည်မှာ “ မှန်ကန်ပါလျှက် အကတိလိုက်စား စီရင်ချက် ချခံရလို ့ ” ဆိုတဲ့ အမှုမျိုးတွေ နောက်ထက် မကြားရပါစေနဲ့ လို့ပဲ ဆုတောင်းနေပါတယ် ကိုရဲရင့်သူရေ 😥

  • etone

    February 17, 2012 at 1:41 pm

    မှန်လျှက်နဲ့ … ခံလိုက်ရတာ … မိအေး နှစ်ခါ နာသလိုပါပဲ … ။
    အကတိ လိုက်စားမှုတွေ …. ပျောက်ကွယ်သင့်ပါပြီ .. ။ ဘယ်အမှုမဆို ငွေများ တရားနိုင်မဖြစ်စေပဲ … အမှန်တရားအတိုင်း ဖြစ်စေသင့်နေပြီ … ။ ကိုယ်ချင်းစာ စိတ်နဲ ့ အလုပ်လုပ်မှသာ လာဘ်ပေးလာဘ်ယူစနစ်ဆိုး ပျောက်ကွယ်သွားမှာပါ … ။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 2:52 pm

    ဥပဒေအထက်မှာ ဘယ်သူမှ မနေစေလိုပါဗျို ့
    ဥပဒေအတိုင်း ဆောင်ရွက်ကြစေလိုပါတယ်

  • water-melon

    February 17, 2012 at 3:11 pm

    ဥပဒေအထက်မှ ဘယ်သူမှမရှိစေရ
    ငါတို့ဘဲရှိရမည်။
    ပုံ/ အခြောက်ဗိုလ်ချုပ် မဖရဲ

    • Diamond Key

      February 17, 2012 at 3:36 pm

      ဖရဲမရေ၊
      ဥပဒေအထက်မှာ
      စီးပွားရေး ရယ်၊ မိုးလေဝသ လား ဘာလား ရှိသဟဲ့ မန္တလေးတက္ကသိုလ်က Depts တွေမှာ ပြောပါတယ် :mrgreen:

Leave a Reply